ကိုလေး ☆ အင်းတဲ

ကိုလေး ☆ အင်းတဲ
Than Tun Lay .INDE
Showing posts with label အင်းတဲ-အနုပညာ. Show all posts
Showing posts with label အင်းတဲ-အနုပညာ. Show all posts

Friday, November 7, 2025

ဆိပ်ဖလူးပန်း -ရေး - ဝင်းဝင်းစီ

●ဆိပ်ဖလူးပန်း

....................

 တနေ့က အိမ်ဘေးက ကလေးလေးဆီမှာ ဒီပန်းလေးတွေကို တွေ့ရတယ်။ ဘုန်းကြီးကျောင်းက ကောက်လာပေးတာတဲ့။ ကျမတို့ ငယ်ငယ်ကဆို ဒီပန်းတွေကို ဆိတ်ဘီလူးပန်းလို့ နူတ်ထွက်ခေါ်ခဲ့တာ။ ခုမှ အဲ့လိုမဟုတ်ဘူး ဆိပ်ဖလူးပန်းလို့ သိရတယ်။ အရွက်အရင်းမှ ပြားဝိုင်းပြီး စိမ်းဖန့်ဖန့်လေးမှာ အနားအချွန်လိုင်းတွန့်လေးနဲ့ တောင့်တောင့်လေးရှိတဲ့အရွက်ပါ။ အပင်က အကိုင်းအခွ အကောက်အကွေ့နည်းပြီး အရိုးဖြောင့်ကိုင်းသာ အများစု တွေ့ရပါတယ်။ အပင်အလတ်မျိုးစားဖြစ်မယ်ထင်ပါတယ် ပင်စည်ကြီး အပင်ကြီးတွေမျိုး မတွေ့ဘူးပါဘူး။ 

ပန်းပွင့်ဖတ်ဖြူဖြူလေးနဲ့ အရိုးလိမ်မော်နီရောင်တို့က လိုက်ဖက်ပြီး ချစ်စရာကောင်းတဲ့ပန်းကလေးပါ။ ရနံ့လေးက ယဥ်ပြီးသင်းပျံ့စွာ မွှေးလွန်းတဲ့ပန်းကလေးလည်းဖြစ်တယ်။ ဖတ်ပြီးမှတ်မိနေတယ် ဆိပ်ဖလူးပန်းပွင့်လေးတွေက ကြွေကျမလာတဲ့ ကြယ်လေးတွေကို ငေးနေတာမျိုးဆိုပြီး ချစ်စရာကောင်းအောင် တင်စားရေးထားတာကို ပြီးတော့ ဒဏ္ဍာရီလေးတွေ ရှိတဲ့ပန်းကလေးတဲ့။

ပန်းပွင့်လေးတွေကို ပွင့်ဖတ်ဖက်ကနေ အရိုးဖက်ဆီ အပ်ထိုးသီပြီး မိန်းကလေးတွေ ခေါင်းပေါ်မှာတင် မြတ်မြတ်နိုးနိုး ပန်ဆင်ခဲ့ဖူး ကြတယ်။ ခေါင်းအပေါ်တင် ဝိုက်ကုံးပန်တာမျိုး နောက်ကျောဘက်က ဆံနွယ်တွေမှာ ပန်းကုံးလေးတွဲလျက်ချပန်တာမျိုးပန်ဆင်ခဲ့ကြတယ်။

ခုတော့ ဒီအပင်တွေ ရွာထဲမှာ ရှားသွားပြီ။ ငယ်ငယ်က ကျမတို့ သွားကောက်ဖူးတဲ့ အိမ်တွေမှာ ဒီပန်းပင်တွေ မရှိတော့ဘူး။ဆိတ်ဘီလူးပန်းဆိုတဲ့ နာမည်အခေါ်အဝေါ်ကြောင့်လည်း ဖြစ်မယ် ထင်ပါတယ်။ ကျမတို့ ကျေးလက်တောရွာတွေမှာ နာမည်က အတိတ်နိမိတ်မကောင်းဘူးဆိုပြီး ဟိုအပင်မစိုက်ရ ဒီအပင်မစိုက်ရ အစွဲရှိအယူသီးကြတယ်။

ဆိပ်ဖလူးပန်းကလေးတွေက သြဂုတ်လနဲ့ ဒီဇင်ဘာလကြားမှာ ပွင့်တတ်ကြတယ်တဲ့။ ငယ်ငယ်က ဆောင်းရာသီမှာ မက်မက်စက်စက် ကျမတို့ ကောက်ခဲ့ကြတဲ့ပန်းကလေးပေါ့။ အပင်တွေက အနီးနားက အိမ်သုံးအိမ်မှာ ရှိခဲ့ဘူးတယ်။ အဲ့အထဲမှာ မနက်ဆို အစောကြီးထပြီး အနီးဆုံးကနှစ်အိမ်သွားကောက်ခဲ့ဖူးတယ်။ ပန်းကောက်ဖို့တော့ ကျမတို့ ကလေးတွေအရမ်းဝီရိယကောင်းကြတယ်။ မနက်ဘုန်းကြီးကျောင်းက တုံးမောင်းခေါက်သံ နားထောင်ပြီး ထသွားကြတယ်။ အဲ့ဒီတုန်းက တိုင်ကပ်နာရီဆိုတာ ကျမတို့ ကျေးလက်တောရွာတွေမှာ မရှိသလောက်ရှားပါတယ်။

အမေတို့ ထမင်းချက် ထချိန်ပေါ့။ တောသူတောင်သားတွေမို့ မနက်လင်းတောသွားရအောင် ထမင်းစောစောထချက်ကြရတယ်။ 

ဘုရားပွဲကျောင်းပွဲ ရှိရင် ပန်းကောက်သူပေါလို့ သွားတာနောက်ကျ သွားရင် ပန်းမရတတ်ပါဘူး။ ညီမနှစ်ယောက် သွားတာရှိသလို တခါလေ တစ်ယောက်ထဲလည်း သွားတတ်ကြတယ်။ ပန်းပင်ရောက်မှ အဖော်တွေ့တာရှိသလို မရှိရင်လည်း တစ်ယောက်ထဲ မကောက်ရဲ့လို့ ပြန်လာရတာလည်းရှိတယ်။ ပန်းပင်ရောက်လို့ အဖော်လေးငါးယောက် ဆိုလည်း အတူတူပန်းပင်လှုပ်ပြီး အတူတူကောက် ခွဲယူကြတယ်။ မနက်အစောကြီးဆိုတော့ ပန်းတွေမကြွေကြသေးဘူး 

လှုပ်မှကြွေကျကြတယ်။

ကျမတို့ ရွာမှာကကြံ့လို့ခေါ်တဲ့ အသီးအနှံထားဖို့ သပ်သပ်ဆောက်တဲ့ အဆောက်အဦးပေါ့ အဲ့အိမ်ခေါင်မိုးကို ထိနေတဲ့ပန်းပင်ကို သွားကောက်တာများတယ် အနီးဆုံးအိမ်မို့။ အဲ့အိမ်ထဲမှာ အဖိုးအဖွားစုံတွဲအိပ်ကြတယ်ထင်ပ။ လသာသာရက်များသာ ပန်းကောက်ဖြစ်တာများတယ်။ ကလေးဆိုတော့လည်း ညမှာ ဟိုသည်တပွင့်စီ လရဲ့အရောင် စီးဖြန်းကျနေတဲ့ ဖွေးဖွေးလှုပ်ပွင့်နေပုံ ရနံ့အဆင်းအနှစ်ရသတွေကို ခံစားကြည့်ရှု့မနေမိပါဘူး။ ပန်းပွင့်ရချင်ဇောပဲရှိတယ်။

ကျမတို့ ပန်းကောက်ထွက်ဖို့ရာ အမေ့မီးဖိုချောင်ကို ချောင်းရပါတယ်။ အမေလစ်ပြီဆိုမှ လှစ်ကနဲ့ဝင်းတံခါးပေါက်ဆီ ပြေးပါတယ်။ အစောကြီးဆိုတော့ ပန်းကောက်သွားဖို့ရာ အမေက မလွတ်ချင်ပါဘူး။ မသိအောင်သွားတာဆိုတော့ တံခါးကဖွင့်မထားပါဘူး ဖွင့်လည်းမခိုင်းရဲဘူး။ ငုံ့လျိုးပေါက်ရှိရာ ရှာတိုးပြီး ထွက်ပါတယ်။ အဲ့အချိန်ခတ်ကာလက ကျမတို့ကျေးလက်တောရွာ တံခါးတွေက ဟိုဘက်သည်ဘက် ဆူးတွေကပ်ချည်ထားတဲ့ တံခါးမျိုးပါ ကိုယ့်တောကိုယ့်တောင်က ပင်စည်ကြီးကြီး မြင့်မြင့် ဖြောင့်ဖြောင့် သစ်တစ်ပင်ခုတ်ပြီး အကွက်ကြကြ အထက်အောက် အပေါက်ဖောက် ထားတယ်။ အဲ့ဒီအပေါက်တွေမှာ တောင်ပေါ်မျှစ်ချိုးရတဲ့ဝါးရုံပင်က အကိုင်းဖြောင့်အရိုးတုတ်တွေကို အထက်အောက်ထိုး ဘေးတိုက်တန်း အကွက်ချပြီး ထန်းလက်လျှော်နဲ့ချည်ထားတဲ့ တံခါးမျိုးပါ။ တဖက်တချက်မှာ ကလောင်ဆူး ရှားဆူး ဇီးဆူးတွေကို ထူထူကပ်ချည် ထားခြင်းဖြစ်ပါတယ်။

ဝင်းထရံကလည်း ဝါးရုံပင်က ဝါးချောင်းတွေကို ယက်လုပ်ထားခြင်း ဖြစ်ပါတယ်။ တံခါးကအသစ်စက်စက် လုပ်ထားတာမကြာသေးဘူးဆို ကြောင် ကြက်တောင် မတိုးသာပါဘူး။ ကြာပြီဆိုရင်တော့ ဆူးကိုင်းတွေ ခြောက်ပြီးတိုးရ လွယ်ပါတယ်။ တခါလေတော့ အမေမသိအောင် ကြုံတဲ့အခါ အဖေ့တံခါးဖွင့်ပေးခိုင်းပါတယ်။ မကြုံရင်တော့ ခွေးတိုးပေါက်လို့ ခေါ်တတ်တဲ့ လျိုပေါက် မလွယ် ပေါက်ကတိုးတတ်ပါတယ်။ ပထမကိုယ့်ကိုယ်လုံးနဲ့ဝင်ဆံ့မဲ့ အကွက်ကို လိုက်ရှာပါတယ်။ အောက်တန်းကျော်ပြီးအကွက်တွေ့ရင်လည်း ကျော်ပြီးတိုးပါတယ်။ အောက်ဆုံးတန်းမှာ အကွက်တွေ့ရင်လည်း မြေကြီးမှာ ပြားပြားဝပ်ပြီးတိုးထွက်ပါတယ်။ အိပ်ယာကတန်းထွက် လာတာဆိုတော့ ထိုးထိုးထောင်ထောင်ဆံပင်နဲ့ ဆူးနဲ့ညှိတဲ့အခါညှိ ဝတ်ထားတဲ့အိင်ကျီ ဆူးက ဆွဲလိုဆွဲ နာနာကြင်ကြင်စုတ်စုတ်ပြဲပြဲ ပန်းကောက်ရဖို့အရေး တိုးထွက်တာပါပဲ။ 

ပန်းပင်အောက် ပန်းကောက်သူအုပ်စု ကျမတို့ရောက်လာရင်ဖြင့် တိတ်ဆိတ်နေတဲ့ မနက်အစောကြီးမှာ အပင်ရဲ့ အကိုင်းစေ့ တစ်ယောက်တစ်ကိုင်း ဆွဲလှုပ်ကြတာပေါ့။ ပင်စည်ကိုတော့ တစ်ယောက်ကလှုပ်တယ်။ ပန်းပင်လှုပ်တဲ့အခါလည်း အိမ်ရှင်တွေ နိုးပြီး ဆူမှာစိုးလို့ တစ်ချက်လောက် ခပ်ပြင်ပြင်း လှုပ်ပြီး ခဏရပ်ကြတယ်။ အိမ်ရှင်မနိုးဘူးဆို ဆက်တိုက်လှုပ်ကြတယ်။ အပင်က အတော်အသင့်တော့ကြီးတယ် ပင်မလေးငါးကိုင်းပါမယ်။ ကိုင်းအဖျား အရင်း အခက်အလက် ပင်စည် တစ်ယောက်တလက် ဝိုင်းလှုပ်ကြတာပေါ့။ အပွင့်တွေလည်း တဖွဲဖွဲကြွေပေါ့။ ကြံ့အမိုးသွပ်နဲ့ပန်းကိုင်းတွေရဲ့ ထိသံ ခိုက်သံ ပွတ်ရှသံကလည်း တိတ်ဆိတ်ချိန်ဆိုတော့ တရှောရှော တရှဲရှဲ တကျွတ်ကျွတ် တကျွီကျွီ အရှိန်းပြင်းလျင်တဝုန်းဝုန်းပေါ့။ 

အဖိုးအဖွားတို့လည်း မနိုးချင်မှ ဘယ်နေမလည်း ဒီအသံတွေက ။ အဖိုးကမပြောပေမဲ့ အဖွားကြီးကတော့ ထအော်တော့တာပဲ။ ဟဲ့ကလေးတွေ စောစောစီးစီးအေ အသာလှုပ်ကြပါ့အေ..လို့ အိမ်ထဲကလှမ်းအော် တယ်။ တခြားမထသေးတဲ့အနီးအနားက အိမ်တွေလည်း အိပ်ပျက်မှာစိုးလို့ထင်တယ်။ အဖွားအော်လိုက်တာနဲ့တပြိုင်နက် လှုပ်ရမ်းနေတဲ့အကိုင်းတွေကို တန့်ကနဲ့ရပ်အောင် ထိန်းကိုင်လိုက်ကြပါတယ်။ လုပ်နေကြဆိုတော့ အထာလည်းသိနေပြီ အသံလုံးဝရပ် သွားပြီ။ လူအသံကတော့ အပင်အောက်ရောက်ကတည်းကတိုးတိုး တိုးတိုးနဲ့ အသံမကျယ်အောင် ပြောကြပါတယ်။ လှုပ်တာခဏရပ်ပြီး အပွင့်ကြွေလေးတွေကို ကောက်ကြတယ်။ 

ပန်းလိုသလောက်မရသေးရင် အကုန်မကြွေသေးရင် ထပ်လှုပ်ကြဖို့ အဖွားအသံ ပြန်နားစွံ့ကြပြီး အပင်အောက်မှာ အရမ်းအေးတဲ့ရာသီ ဆိုတော့ ပုဆစ်တုပ်ကျစ်ထုတ်လုံးနေအောင် သုံးနာမ်စပ်ဖျင်ထဘီနဲ့ ခြုံလုံပြီး ခဏထိုင်စောင့်ကြတယ်။ အဖွားပြန်အိပ်လောက်ပြီထင် ပြန်လှုပ်ကြတယ်။ အဖွားပြန်အိပ်ပျော်လား မပျော်လားမသိဘူး ကျမတို့လည်း ကျေနပ်လောက်အောင်ရမှ ပြန်ကြတယ်။ ကလေးသဘာဝ ကိုယ့်တကိုယ်စာ ပန်လောက်တာ မလောက်တာမတွေးဘူး ရသလောက်ကောက်ယူကြတယ်။ ပန်းသီပြီးပြီဆိုရင်ဖြင့် ကိုယ့်အတွက် တစ်ကုံးယူပြီး ကျန်တာတွေတခြားသူတွေကို ပေးပန်တတ်ကြပါတယ်။ တခါလေ ကျမတို့ပန်းကောက်အပြီး အဖွားလည်းအနားရောက်လာပြီး ပန်းက ရကြရဲ့လား ညည်းတို့ကဘယ်သူတွေတုန်းလို့ လာမေးစကားပြော တတ်ပါတယ်။ကျမတို့ ရောက်မလာတာကြာပြီဆိုရင်လည်း ပန်းကောက် မလာကြပဲလို့ မေးတတ်ပါတယ်။

ဆိပ်ဖလူးပန်းကို အဲ့ချိန်က ကျမတို့ကလေးတွေ အဲ့ပုံစံနဲ့ မက်မက်စက်စက်ကောက်ခဲ့ကြပါတယ်။ ခုချိန်တော့ တစ်ပင်တလေ တော့ရှိအုံးမယ် အရင်ကလိုအများကြီးတော့မရှိတော့ဘူး။ ခုရောကလေးတွေ အဲဒီလိုပန်းကို မြတ်မြတ်နိုးနိုးချစ်ကြအုံးမယ်လို့ ထင်ပါတယ်။ တခါတခါ ကလေးတွေခေါင်းမှာ ပန်းကလေးတွေ မြင်မိရင် သဘောကျမိတယ်။ 

ဆိပ်ဖလူးပန်းကလေးတွေက လူတွေနဲ့အနီးစပ်ဆုံး ပန်းကလေးတွေ မဟုတ်ကြဘူး။ ဇွန်၊ စံပါယ်၊ နှင်းဆီ၊ ခရေ အဲဒီပန်းတွေက ရပ်ကြီးမှာ ရော ကျေးလက်တွေမှာရော မြင်ရလွယ် တွေ့ရလွယ်တယ်။ ဆိပ်ဖလူး ပန်းလေးတွေကိုတော့ အညာ ကျေးလက်တွေမှာပဲတွေ့ဘူးတယ်။ အညာမြို့ဖြစ်တဲ့ မုံရွာမှာတောင် မတွေ့ဘူးပါဘူး။ တခုတ်တရလုပ်ပြီး

စာတွေကဗျာတွေထဲမှာရော ဒီပန်းလေးကို ထဲ့ဆိုတာ စပ်ဆိုတာမျိုး မဖတ်ဖူးပါဘူး။ ရွှေနဲ့လည်းမခိုင်းနှိုင်းထားဘူး တော်ဝင်တဲ့ပန်းလည်း မဟုတ်ဘူး။ ဒါပေမဲ့ ဒီပန်းလေးက နွမ်းသွားရင်တောင် အစွမ်းကုန် ရနံသင်းပျံ့ပေးပြီး ကျမတို့နှလုံးသားတွေကို ချိုမြိန်စေတယ်။ ကျမတို့ အညာကျေးလက်တောရွာတွေမှာ မိန်းကလေးတွေ မြတ်မြတ်နိုးနိုး ပန်ဆင်ကြသေးတယ်။ 

ပန်းတွေက အဆင်းရော ရနံ့ရောပေးပြီး ကျမတို့နှလုံးသားတွေကို လှပစေတယ် ကြံ့ခိုင်စေတယ် ကျန်းမာစေတယ် အသစ်သစ်တွေ ရှင်သန်စေတယ် အဟာရတွေဖြည့်တင်းပေးတယ်။ ပန်းတွေနဲ့ ထိတွေ့နေရတဲ့ အခိုက်ဟာ စိတ်ရဲ့အညစ်အကြေးတွေကို သန့်စင်စေပြီး စိတ်ကိုနူးညံ့ကြည်နူးမှုရစေပါတယ်။ အမျိုးသားတွေလည်း အပွင့်မခူးတောင်မှ ပန်းပင်ပျိုးတတ်ကြတဲ့သူတွေရှိပါတယ်။ ဒါကလည်း နှလုံးသားလှခြင်းတစ်မျိုးပါပဲ။ ရနံ့မရှိခဲ့ရင်တောင်မှ အဆင်းနဲ့ လောကပတ်ဝန်းကို အလှဆင်ပေးကြတဲ့ ပန်းတွေကိုမြတ်နိုး ယုယတတ်ကြပြီ။ ကျမတို့ အရွယ်သုံးပါးမရွေး ပန်းတွေနဲ့ ထိတွေ့နေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကျမတို့ ပန်းတွေနဲ့ မကြာမကြာ ထိတွေ့ပြီး အဟာရဖြည့်တင်းပေးရပါလိမ့်မယ်။

.............................................................................

ဆိပ်ဖလူးပန်းကလေးတွေက သြဂုတ်နဲ့ဒီဇင်ဘာကြားမှာ ပွင့်ကြပါတယ်။ (23/10/23)မှာစတွေ့ပြီး ဓာတ်ပုံရိုက်ယူ ထားတယ်။ နောက်များမှ ပန်းပွင့်လေးတွေကြည့်ပြီး ငယ်ငယ်က မက်မက်စက်ကောက်ခဲ့ရတဲ့ပန်းလို့ သတိတရစာရေးမိလိုက်တာ။ ငယ်ကအေးချမ်းမှုလေးကို ခံစားမျှဝေပြီးအဟာရဖြည့်တင်း ပေးခြင်းပါ။ နိုဝင်ဘာလကုန်မှာစရေးတာ စိတ်ပါလက်ပါရှိတဲ့အချိန်မှ အပြီးသတ်ရေးလိုက်တာ (10/12/23) ဒီဇင်ဘာလဘက် 

ရောက်လာပြီ ဆိပ်ဖလူးပန်းတွေကတော့ ပန်းပွင့်ရာသီကုန်ပြီ ထင်ပါရဲ့ မတွေ့မိတော့ဘူး။ ပန်းကလေးနဲ့တွေ့ဖို့ရာ နောက်လာမဲ့နှစ် ပြန်စောင့်ရဦးမယ်ပေါ့...

# (ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်း ဘေးကင်းကြပါစေ)

ဝင်းဝင်းစီ

 - 10:38PM - sun

Saturday, February 15, 2025

ထူး

ထူး

.

ထူးဆိုတာက သဲချောင်းတွေက ချိုင့်ကျင်းတွေမှာတင်ကျန်ခဲ့တဲ့ ရေအိုင်တွေပါ

ကိုယ်တွေငယ်ငယ်ကထင်ခဲ့ဘူးတယ် သဲချောင်းလို့ဘာ့ကြောင့်ထူးဆိုရမလဲ 

ချောင်းရှိရင်သဲရှိမှာပေါ့လို့

ဟုတ်တယ်လေ ရွာမှာက တကယ့်ချောင်းကြီးတွေမဆိုထားနဲ့ 

အိမ်ရှေ့က ရေလာရိုးလေးမှာတောင် သဲပွင့်ဖြူလွလွတွေတွေ့ရတာကို

ဒါပေမယ့်တောင်ပေါ်ဒေသရောက်မှသိတော့တယ်ရယ် 

ချောင်းဆိုတိုင်းသဲမရှိတာကိုပေါ့ 

ဒါကြောင့်အဲ့ဒီဒေသတွေမှာသဲကရတနာအလား ဈေးကြီးပေးဝယ်ရတာရယ်

ရွာကအမျိုးတွေပြောပြတော့ နောက်တယ်မှတ်လို့ ရယ်လိုက်တဲ့ဖြစ်ခြင်း

ထားပါတော့

ကျွန်တော်တို့ငယ်ငယ်က တောင်ရိုးသွားရင် အပြန်ကျထူးထဲမှာရေးချိုးပြီးမှပြန်တာများတယ်

ရေရှားပါးတာကိုး

ငယ်ငယ်ကတည်းကဆုံးပါးသွားတဲ့

အဖေနဲ့ပတ်သက်လို့ မှတ်မိနေတဲ့ပုံရိပ် သုံးခုထဲကတခုပေါ့

#ကျွန်တော်တို့ငယ်ငယ်က #စိုက်ပျိုးရေး

#ကျွန်တော်တို့ငယ်ငယ်က

#စိုက်ပျိုးရေး

၁၉၉၅ -၂၀၀၀ ကာလတွေပေါ့

ရွာရဲ့အဓိထွက်ကုန်က ဘာရယ်လို့ဆိုနိုင်စရာမရှိ သီးနှံအစုံကို နည်းနည်း နည်းနည်းခြင်းစီ

စိုက်ကြတာမျိုး

ပြောင်း ဝါ နှမ်း ပဲကြီး ပဲကြား ပဲလွန်း ပဲတီစိမ်း မတ်ပဲ ကုလားပဲ ပုစဥ်းငုံ 

စသည်ဖြင့် ကိုယ့်မြေအလိုက် တို့စိတို့စိ

လမ်းပမ်းဆက်သွယ်ရေး သယ်ယူပို့ဆောင်မှုမကောင်း

ရောင်းဝယ်မှုတွေက ဗဟိုချုပ်ကိုင်မှုအရိပ်အငွေ့မလွတ်သေးသည်မို့

ရာသီထွက်ကုန်တွေက ပေါ်ချိန်ကျဈေးမကောင်း 

ဒီတော့ ကိုယ့်ဒေသထွက်မဟုတ်ရင် ဝယ်ဖို့မလွယ် ရပြန်တော့ဈေးကြီး

ကိုယ့်ယာမြေမှာမှစိုက်ပျိုးမထားရင် ရှားရှားပါးပါးချို့ချို့တဲ့တဲ့

ဥပမာ

အထည်အလိပ်တွေ ဝယ်ဖို့ခက်တော့ ကိုယ့်ယာမှာဝါမှစိုက်မထားရင်

ဟောင်းလောင်းနေဖို့သာပြင်

ဒါကြောင့်ကျွန်တော်တို့ငယ်ငယ်က မိန်းကလေးတွေ ဗိုင်းငင် ရက်ကန်းရက်ပျင်းရင်

လူကြီးတွေပြောတာက နင်တို့ငါမရှိရင် ကျီးထိုးမယ်တဲ့

လူရွှင်တော်တွေစကားနဲ့ပြောရရင် အစိုးရမင်းများကလည်းတော်ရှာတယ်

ကုန်စည်စီးဆင်းမှုလွယ်ကူအောင် ပေါ်ပင်ကာလ ဝိသမလောဘသားတို့ရဲ့စျေးကစားမှုကိုသာ

မထိမ်းချုပ်နိုင်တာ လူထုကိုကျဂုတ်ခွတက်စီးလို့

#ဝါ

အဲ့သည်အချိန်က ချည်မျှင်ရှည်ှဝါစီမံကိန်းရယ်လို့ရှိဟန်တူရဲ့

တောင်သူတွေမှာ ကိုယ်ယာမြေကိုယ်စိတ်ကြိုက်လုပ်ခွင့်မရှိ 

သူတို့ဆီကို တအိမ်ထောင်လျှင် ဝါ'အချိန်ပိဿာမည်၍မည်မျှ မဖြစ်မနေသွင်းခိုင်းပါတယ်

အခွန်သဘောမျိုးပေါ့ အလကားစိုက်ပေးရတာထင်တယ် 

ဒါမှမဟုတ် သူတို့သတ်မှတ်ဈေးအတိုင်းဖြစ်နိုင်တယ် သူတို့ဖွင့်တဲ့ဈေးဆိုလည်းစဥ်းစားသာကြည့် 

ခုဒေါ်လာဈေးလိုပေါ့ ခေါက်ချိုးလောက်ကွာနေတတ်တာ

ဝါ'ဆိုတာကလည်းအခက်သား မြေတိုင်းဖြစ်တာမျိုးမဟုတ် 

မိုးများပြန်တော့မကြိုက် အသီးကနေပွင့်ထွက်လာတာမျိုးမို့ သူခိုးရန်ကပူ

ဒီတော့တဒီမြေမျိုး မပိုင်ဆိုင်ကြသူတွေအဖို့ အစိုးရမင်းများက သနားငဲ့ညှာစွာ

အမိန့်ထုတ်ပေးတယ် စိုက်မရ ဝယ်သွင်းပေါ့တဲ့

ကိုယ့်ဝတ်ဖို့ကဖြစ်သလိုလည်းရတယ် အစိုးရကိုသွင်းဖို့ကမပြည့်မီရင်

ဝယ်ဖို့ကငွေမရှိ ရှိပြန်တယ်ထားတော့ ပတ်ဝန်းကျင်မှာလည်းကိုယ့်လို့ 

အိမ်သုံးအဝတ်အထည်အတွက်နဲ့ မင်းခွန်သွင်းဖို့လောက်တာစိုက်ကြတာမို့

ပိုပိုလျှံလျှံမရှိ ဝယ်ဖို့ကမလွယ် 

အပူတွေတပွေ့တပိုက်နဲ့ကာလတွေပေါ့

.

.

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

.

.

သန်းထွန်းလေး ☆ အင်းတဲရွာ

 #ကျွန်တော်တို့ငယ်ငယ်က #စားရေး

 #ကျွန်တော်တို့ငယ်ငယ်က

#စားရေး

တကယ်တော့ စပါးတာတွေနဲ့ကိုယ်တွေဒေသက သိပ်ဝေးလှတယ်မဟုတ်

လမ်းပမ်းမသာလို့ ကုန်စည်စီးဆင်မှုကြန့်ကြာနေတာနဲ့ အာဏာရှိသူတွေနဲ့ လက်ဝေခံဒေသတွင်း

ခရိုနီတွေရယ်ကြောင့်ရှားပါးနေတာ

အဲ့ကာလများ ဆန်စားနိုင်ရင်အကောင်ပဲ

ဆန်ကျိုးလေးများစားနိုင်ရင်တောင် လူလတ်တန်းစားလို့ လက်မထောင်ခွင့်ရှိတယ်

ကိုယ်တွေကအောက်ဆုံးက ပြောင်းဆံစားတာ

ပြောင်းဆံဆိုတာက နွားကြွေးဖို့စိုက်တဲ့ ပြောင်းပင်ကထွက်လာတဲ့အနှံက အစေ့လုံးလုံးလေးတွေ

သူကတနှံမှာ အစေ့ပေါင်းများစွာပါတယ် ဒီတိုင်းတော့စားမရဘူး

အခွံမာလေးတွေပါတော့ မောင်းဆုံမှာထည့်လို့ဖွတ်ရ ချွတ်ရတယ်

အဲ့ကာလများ ရွာကမိန်းမတွေ ညနေထမင်းမချက်ခင် မောင်းအရင်ထောင်းလို့ ပြင်ဆင်ရတာပေါ့ 

ခုခေတ်လို ဆန်အိတ်ထဲကအသင့်ကော်ထည့်ချက်ရတာမျိုးမဟုတ်

ပြီးရင်တော့ ဆန်ထမင်းချက်သလို ချက်လိုက်ရုံပါပဲ

စားရင်တော့ လည်ချောင်းထဲထွန်မောင်းသလိုကြမ်းပါတယ်

ကိုယ်တွေများငယ်ဘဝက ပြောင်းဆန်စားရတာကို

သားသမီး၅ယောက်နဲ့ ကသီလင်တဖြစ်နေတဲ့ မုဆိုးမအမေ့အတွက်

သူ့မောင်နဲ့အစ်မက အရာရာတွဲလို့ကူပေးတယ် ဦးဆောင်လို့ဖြေရှင်းပေးတယ်

ဒါကြောင့်ပဲနောက်ပိုင်း ပြောင်းဆန်စားရာကတဆင့်တက်လို့ 

ဆန်ကျိုးလေးစားနိုင်လာတယ်

မှတ်မှတ်ထင်ထင်ရှိဖူးတာက ပြောင်းဖူးလည်းစားဖူးတယ်

ဆန်ကျိုးထဲမှာရောချက်တာပါ ဆန်ကနုတော့အစားမခံဘူးလေ 

ပြောင်းစားနေကြပါးစပ်ဆိုတော့ လှိမ့်ပိမ့်တွယ်တာကိုး ကြာတော့မခံနိုင်ဘူး

ဒီတော့အစားခံအောင် ပြောင်းဖူးနဲ့ထည့်ချက်တာ

ပြောင်ဆန်နဲ့ ဆန်က ရောချက်လို့ရဟန်မတူဘူး

ပြောင်းဆန်က အသားမာတော့ချက်ဖို့အချိန်အတော်ယူရဟန်ဘဲ

ဒီတော့သူ့ကျက်အောင်စောင့်နေရင် ဆန်ကပျော့ပြဲသွားမှာကိုး

တောအရပ်ဆိုတော့ စည်းရိုးနားစပ်က အသီးအရွက်လေးတွေမှအပ

ဟင်းလျာရယ်လို့ မယ်မယ်ရရမရှိ ကြက်ဝက်တို့လိုအိမ်မွေးတိရစ္ဆာန်တွေရှိလင့်ကစား

တမင်ဖော်စားတယ်ဆိုတာမရှိ ကြက်ဥကြပြန်တော့လည်း 

ဥစားမျိုးမဟုတ် အိမ်မွေးဆိုတော့ကား အမြဲမဥ

ဥပြန်တော့ အကောင်ပေါက်အောင်ထားတာမို့ မစားရ

ဒီထဲကမှ အမေ ၊ အစ်မ ၊ နှမတွေက တတ်နိုင်စွမ်းသမျှ  

ဖွယ်ရာအောင်ချက်ကြပြုတ်ကြရတာပဲ

ဘာကြောင့်လဲဆိုတော့ ကိုယ်တွေဆီမှာ မီးဖိုချောင်ကိစ္စဆိုတာ 

အမျိုးသမီးတိုတာဝန်ရယ်လို့မသတ်မုတ်သည့်တိုင် မိရိုးဖလာအစဥ်အလာလိုဖြစ်နေတာကိုး

.

.

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

.

သန်းထွန်းလေး ☆ အင်းတဲရွာ

မင်္ဂလာသုခရေကန်

 ရေကန်များ

.

ခုလို အဝီစိတွင်းတွေပေါပေါများများမရှိခင်ကာလ

ရွပ်ရွာနေသူတို့အတွက် အင်းတဲသားတို့အတွက်

စင်ကြယ်ခြင်း မွတ်သိပ်ခြင်း နဲ့ ဘဝအမောတွေပြေပြောက်စေအောင် 

အကျိုးပြုခဲ့တဲ့ ကန်တွေအကြောင်းမှတ်တမ်းပြုပါရစေ

ရေကန်အလှူဆိုတာ ပြုသူကွယ်လွန်ပြီးတောင်မှ မည်သူမည်ဝါမှန်းတောင်မသိသူတွေကိုပါ 

လူမျိုးဘာသာ အဆင့်အတန်းမခွဲခြား နှောင်းလူတို့အတွက် အကျိုးပြုနိုင်တာမို့ 

ထာဝရစင်ကြယ်စေတဲ့အလှူ

အေးမြစေတဲ့အလှူပါပဲ

.

သုံးရေကန်များ

.

သုံးရေကန်တွေအနေနဲ့ ဘုန်းကြီးကျောင်းကန် မြောက်ကန်ကလေး တောင်ကန်ကလေးရယ်လို့ 

သုံးကန်ရှိတယ်

ဘုန်းကြီးကျောင်းကန်

.

အခု အုတ်အင်္ကဋေတွေနဲ့ကျကျနနဖော်ထားတဲ့ မင်္ဂလာသုခကန်ကြီး' ရဲ့ 

တောင်ဘက်ကပ်ရက်လောက်မှာပေါ့ 

အဲ့ကန်ကြီးက ကန်ဟောင်းပေါ်ထပ်ဖော်ထားတာမျိုးမဟုတ်ဘဲ မြောက်ဖက်နည်းနည်းတိုးထားတာပါ

အရင်ကကန်ဟောင်းကြီးက တရွာလုံး အထူးသဖြင့် မြောက်ရပ်နဲ့အလယ်ပိုင်းသားတို့အတွက် 

အဓိကသုံးကန်ကြီးပေါ့

အထူးသဖြင့် မြောက်သူတို့အတွက် အဓိကမှီခိုရာပေါ့

မြောက်သူဆိုတာက တောင်ယာမလုပ် နွားရှဥ်းမရှိဘဲ 

ဈေးရောင်းဈေးဝယ်နဲ့အသက်မွေးကြသူတွေကိုပြောတာပါ

တောင်ယာလုပ်သူတွေကျ တောင်သူလို့ခေါ်တာမို့

အရပ်မျက်နှာ တောင်နဲ့မြောက်လို မတူတာကိုဆွဲယူလို့ မှည့်ခေါ်တဲ့ဒေသစကားပါ

မနက်ပိုင်း အထူးသဖြင့်ညနေပိုင်းတွေမှာ ရေအိုးကိုယ်စီရွက် ရေခပ်လာကြတဲ့ 

အမျိုးသမီးတွေအစီလို့ ရေခပ်ကြတာက မျဥ်းနန်းအိုးနဲ့ပါ 

မျဥ်းနန်အိုးဆိုတာက အခုဆီဆယ်ပိဿာဆန့် အဝါပုံးတွေရဲ့ သုံးပုံနှစ်ပုံဝန်းကျင်ဆန့်ပါတယ်

ယောက်ျားလေးတွေကတော့ ထမ်းပိုးထိုးလို့ထမ်းကြတာပေါ့

အဲ့ကာလတွေက တောထွက်တယ်ဆိုတာ အခုလိုမဟုတ်

မနက်အရုဏ်မတက်ခင်ကတည်းကနေ ညနေမှောင်ရီဖြိုးဖျအထိ လုပ်ကြကိုင်ကြရတာ

ဒီတော့အိမ်မှာကျန်ခဲ့မိန်းမပျိုက ထမင်းချက် အဝတ်လျှော် 

သုံးရေ သောက်ရေခပ်ထားပေါ့

အချို့များ ဆယ်ခေါက်ဆယ့်ငါးခေါက်

ရေတိုက်ဖို့ နွားရှဥ်းမရှိသူများတနေကုန်နီးပါး အခေါက်ခေါက်အခါခါ ခပ်ကြထမ်းကြရ

အဲ့ကန်ကြီးက ရပ်ရွာနေသူတွေအဖို့ စွမ်းစွမ်းတမံ 

ဒီလိုကျေးဇူးပြုခဲ့တာကိုမှတ်တမ်းပြုတဲ့သဘောပါ

နောက်ပြီးကန်ကြီးရဲ့ထူးခြားချက်က ရွှံ့ကောင်းတာပဲ စေးစေးထန်ထန်

သာမန်လောက်စလုံးလုံးရုံလောက်က ဘယ်ကန်ကရွှံ့ခူးပြီးလုပ်လုပ်ရပေမယ့်

အဆင်မြင့်ပညာ အနုပညာပါတဲ့ဖန်တီးမှုတွေဖြစ်တဲ့ ဆင်ရုပ်နွားရုပ်ခွေးရုပ်တို့လုပ်ဖို့က

ရွာနီးချုပ်စပ် ဒီကန်ကြီးအကောင်းဆုံး 

ခပ်စပ်စပ်လေး လေးငါးချက်လောက် ထုရိုက်နှပ်လိုက်ရင်ကို 

ကိုယ်ဖန်တီးလိုရာ ပြုနိုင်ဖို့ သုံးကောင်းတဲ့အဆင့်ဖြစ်ပြီ

.

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

.

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကန်သစ်ကြီး

ကန်သစ်ကြီး

.

ကျွန်တော်တို့ငယ်ငယ်က ရွာရဲ့အဓိကသောက်သုံးရေကန်ကြီးပေါ့

မိုးတွင်းကာလ ရေနဲ့အတူပါလာတဲ့ နုံးတွေကို 

နွေနေ့တွေများ ရွာလုံးကျွတ်တူကြဖော်ကြ ပြန်ဆယ်ကျတယ်

ငွေရေးကြေးရာ တတ်စွမ်းနိုင်သူတွေကလည်း ဆန်ပြုတ်တိုက် ထမင်းကြွေးစသည်ဖြင့်

လုပ်အားဒါနပြုသူတွေကို 

အမောပြေစေခဲ့တာ 

အပမ်းဖြေစေခဲ့တာ

အားသစ်တဖန်တိုးစေခဲ့တာ

ကန်သစ်ကြီးနဲ့ပတ်သက်လို့မှတ်မှတ်ရရက ကန်ကကျစ်မြေ ကျစ်ကုန်းမှာဆိုတော့

မြေ့အရောင်အတိုင် ရေကဝါတာတာ ညစ်ထေးထေး

အရပ်အခေါ် လက္ဖက်ရည်အရောင် ကော်ဖီအရောင်ရယ်

ပြီးတော့ရေတိုက်တယ်ဆိုတာကလည်း ရေစည်လှည်းကို ရေကန်အတွင်း

နွားရင်ဘတ်နားရေေရာက်သည်အထိ မောင်းဝင်းရင်းရေခပ်ထည့်တာကိုး

ဒီတော့ နွားကသောက်လည်းသောက် ပေါက်လည်းပေါက် ပါလည်းပါပေါ့

ဒီရေတွေချည်းသောက်လာတော့ နောက်ပိုင်းစက်တွင်း (အဝီစိတွင်း) ရေကျ 

ပေါ့သလိုလိုနဲ့ အသားမကျချင် 😄

ဒီစက်တွင်းတွေနဲ့ပတ်သက်လို့ ရွာက ဦးလေးပို'ပြောတာလေးကို

ကိုကြီး'ကပြန်ပြောပြဖူးတယ်

ရွာမှာ အဝီစိတွင်းတွေပေါ်လာမှ ခွဲရစိတ်ရရောဂါတွေများလာတယ်တဲ့

ဒီရေတွေကို စနစ်တကျဓါတ်ခွဲကြည့်ဖို့ကောင်းတယ်ရယ်လို့ ဆိုပါတယ်

ကိုယ်တွေက မြေကြီးထဲကလာတာ ဒီထက်သန့်တာရှိပါအုံးမလားလို့အထင်ရောက်နေချိန်

သူပြောပြမှ သတိကပ်လို့တွေးမိပြန်တယ် 

ဪ..ရွာ့လူကြီးတွေများ ဆင်ခြင်တွေးဆလို့ သုံးသပ်နိုင်စွမ်းမြင့်မားလွန်းလှပါသကောလို့

သဘောကျမိရင်းပေါ့

.

.

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

.

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

တောကန်များ - ဦးပိုးကြီးကန် ၊ ပလိပ်ကန် ၊ အနောက်စက်တွင်း

တောကန်များ

.

ဦးပိုးကြီးကန်

.

ရွာရဲ့အနောက်ဖက် တောင်ဖက်ယွန်းယွန်း ရွာအခေါ် ငှက်ကြီးအိုင်ဆိုတဲ့တောမှာရှိပါတယ်

ဦးပိုးကြီး'ဆိုတာဘယ်သူမှန်းမသိ ကိုယ်တွေရွာသားပဲလားမသေချာ 

(ရွာရောက်မှမေးကြည့်ရအုံးမယ်)

ဒါပေမယ့် ကိုယ်တွေရွာသား တောသူတောင်သားတို့အတွက် ဆိတ် နွား တိရစ္ဆာန်တို့အတွက်

အပူလမ်းမှာ ဝမ်းအေးစေသလို တောင်ယာခွင်မှာညစ်ထေးခဲ့သမျှ စင်ကြယ်စေပါပကော

ဪ ရေကန်အလှူဆိုတာ ပြုသူကွယ်လွန်ပြီးတောင်မှ 

မည်သူမည်ဝါမှန်းတောင်မသိသူတွေကိုပါ လူမျိုးဘာသာ အဆင့်အတန်းမခွဲခြား

နှောင်းလူတို့အတွက် အကျိုးပြုနိုင်တာမို့ 

ထာဝရစင်ကြယ်စေတဲ့အလှူ

အေးမြစေတဲ့အလှူပဲပေါ့

.

ပလိပ်ကန်

.

ရွာရဲ့အရှေ့စူးစူး ဆူးကျင်ထူးရွာသွားရာလမ်းပေါ်က တောင်ရိုးဆိုတဲ့ယာတောသွားသူတွေအဖို့

လုပ်ငန်းခွင်သိမ်းပြန်ချိန်ကျ ရေမိုးချိုးကြ နေပူစပ်ခါး မောကြီးပန်းကြီး သခင်နဲ့အတူ

ထွန်ယက်ခဲ့ကြတဲ့ နွားတို့အတွက် ရေကြည်သောက်လို့ အေးမြအပမ်းပြေစေရာပေါ့

ထူး

.

ထူးဆိုတာက သဲချောင်းတွေက ချိုင့်ကျင်းတွေမှာတင်ကျန်ခဲ့တဲ့ ရေအိုင်တွေပါ

ကိုယ်တွေငယ်ငယ်ကထင်ခဲ့ဘူးတယ် သဲချောင်းလို့ဘာ့ကြောင့်ထူးဆိုရမလဲ 

ချောင်းရှိရင်သဲရှိမှာပေါ့လို့

ဟုတ်တယ်လေ ရွာမှာက တကယ့်ချောင်းကြီးတွေမဆိုထားနဲ့ 

အိမ်ရှေ့က ရေလာရိုးလေးမှာတောင် သဲပွင့်ဖြူလွလွတွေတွေ့ရတာကို

ဒါပေမယ့်တောင်ပေါ်ဒေသရောက်မှသိတော့တယ်ရယ် 

ချောင်းဆိုတိုင်းသဲမရှိတာကိုပေါ့ 

ဒါကြောင့်အဲ့ဒီဒေသတွေမှာသဲကရတနာအလား ဈေးကြီးပေးဝယ်ရတာရယ်

ရွာကအမျိုးတွေပြောပြတော့ နောက်တယ်မှတ်လို့ ရယ်လိုက်တဲ့ဖြစ်ခြင်း

ထားပါတော့

ကျွန်တော်တို့ငယ်ငယ်က တောင်ရိုးသွားရင် အပြန်ကျထူးထဲမှာရေးချိုးပြီးမှပြန်တာများတယ်

ရေရှားပါးတာကိုး

ငယ်ငယ်ကတည်းကဆုံးပါးသွားတဲ့

အဖေနဲ့ပတ်သက်လို့ မှတ်မိနေတဲ့ပုံရိပ် သုံးခုထဲကတခုပေါ့

နွံသာတွင်း

.

ရွာဦးအင်းတောင်တန်းကြီးရဲ့ အရှေ့ဖက်ကပ်ရက်မှာရှိတဲ့ နွံသာချောင်းကြီးအတွင်း

တွင်းဆိုပေမယ့် အောက်ပြည်အောက်ရွာတွေလို ရေတရစပ်ထွက်နေတာမျိုးမဟုတ်

ချောင်းအတွင်းမှာ သဲတွေကိုယက်ထုတ်လို့တွင်းသဏ္ဍာန်လုပ်ထားတာ

ရေလာတိုက်သူများချိန်ကျ ယူလိုအားနဲ့ထွက်လိုအားမမျှ တန်းစီစောင့်ဆိုင်းရတာ

နေ့လည်ချိန်များ တခွက်တဖလားချင်းရေစည်ပြည့်အောင် စောင့်ခပ်ကြရတာ

ရေစည်ဆိုတာက မြို့ပြတွေကသံစည်ပိုင်း တခုခွဲစာကြီးပါတယ် စဥ်းစားကြည့်

ပြည့်အောင်ဘယ်လောက်ခပ်ရမလဲဆိုတာ တချို့များမိသားစုများလို့ ရေသုံးများရင်

တနေ့နှစ်ခေါက်သုံးခေါက်လောက် ရေလာတိုက်ရတာ

ဒီလိုဆိုလိုက်လို့ ရေသုံးကြမ်းတယ်မထင်နဲ့နော် 

လူတကိုယ်ချိုးစာက ခုဆယ်ပိဿာဆန့်ဆီပုံးအဝါ တပုံးခွဲစာပဲ

ဒါကြောင့်အဲ့ခေတ်ကနောက်ကြတာလေးတောင်ရှိတယ်

ဒီနေ့တော့နွားနားတယ်ကွာ နှောက်ချေးနှစ်ခေါက် ရေနှစ်ခေါက်တဲ့

သဘောက တောင်ယာမသွားနားပေသည့် တနေကိုကုန်ရောပေါ့ ပိုတောင်ဆိုးသေး

ကိုယ်တွေအိမ်မှာက မိသားစုခြောက်ယောက်ဆိုတော့ နှစ်ရက်ကို သုံးခေါက်ပုံမှန်တိုက်ရတယ်

တခါတခါများ တောင်ယာလုပ်ခွင်ပမ်းလို့ နေဝင်တာတောင်ပြန်မလာနိုင်ချိန်တွေကျ

ရေတိုက်ဖို့အချိန်မရလို့ ခြစ်ကုတ်သုံးကြရ

ရောက်ရာတောမှာရေကန်မရှိလို့ 

ချိုးမလာနိုင်ခဲ့ရင် အိမ်မှာကျ အဖေအောက်မှာသားဆင့်လို့ တခါတလေသုံးယောက်တွဲ

လေးယောက်တွဲ အဖေ့စီကကျလာတဲ့ရေကအစ်ကို့အပေါ် ထိုမှညီပေါ် ညီပေါ် အဆင့်ဆင့် ချိုးကြရတာ 

နောက်ဆုံးမြေပေါ်ကျရေက သွယ်ထားတဲ့မြောင်းကနေ သီးပင်စားပင်တွေဆီ

တခါတခါများ နကျင်းထဲ (နွားစာကျွေးဖို့ပြုလုပ်ထားတဲ့ လှေပုံစံ နွားစာခွက်)

သန့်ရှင်းလို့ရေထည့် ကလေးတသိုက်စုပြုံတက်ချိုးကြရတာရယ်

ကလေးဆိုတော့ဘာရယ်မဟုတ် ရေကူးရသလိုမို့ပျော်တာပေါ့

အမှန်က ချိုးပြီးသားရေက နွားကျွေးစရာရေအဖြစ် ပြန်အသုံးချလိုက်ရုံမို့

လူကြီးတွေက ရေသက်သာအောင်တမင်လုပ်ပေးတာပါ

ဒီလိုရေကို ခြိုးခြံသုံးစွဲရတာ

သွားချိန်က အသွားအပြန်တနာရီလောက်ကြာတတ်တာကို 

ရေစောင့်ခတ်ရတဲ့အချိန်မပါသေးဘူး

ဒီတော့တချို့လူရွယ်တွေကျ နေ့ခင်းဆိုရင်စောင့်ရတာရယ် 

တောင်ယာအလုပ်သွားရမှာရယ်တွေကြောင့် မနက်စောစော ရေသွားတိုက်ကြတယ်

ဘယ်နှနာရီထင်လဲ .

ည ၂ နာရီလောက်ဗျ အချို့များ ၁ နာရီ အချို့သန်းခေါင်ကတည်းက

အမျိုးသမီးတွေကတော့ အစောဆုံး မနက်လေးနာရီလောက်မှ

နီစပ်ရာနှစ်စီးသုံးစီးစုသွားကြတာ

ဒီမှာ ယောက်ျားချင်းအချိန်းအချက်ပြုလို့ အဖော်နဲ့သွားကြတာလည်းရှိသလို

တချို့ကတော့ ထွက်သွားလိုက်တာပဲ ဟိုရောက်တစီးမဟုတ်တစီးရှိတတ်တာပဲကိုး

ဒါပေမယ့် တခါတခါများကံဆိုးချင်တော့ တစီးမှမတွေ့ သွားရတဲ့လမ်းက တောင်ကိုဖြတ်

ချပ်အတွင်းချောင်းအတွင်းဆိုတော့ တော်ရုံမကြောက်တတ်ပါဘူးဆိုသူတောင်

ကျောစိမ့်ရတာပေါ့ အချိန်က စုန်းကဝေမြေဖုတ်သရဲ ထွက်ကြသွားကြ အချိန်မဟုတ်လား

ရွာမှာကိုယ့်ရေလှည်းနောက် ခွေးနက်ကြီးလိုက်လာတယ်ဆိုတဲ့အပြောက

တယောက်မဟုတ် နှစ်ယောက်မဟုတ် အတော်များများကြုံဖူးကြသည်ချည်း

အဲ့အချိန်က ရွာမှာကျောချမ်းစရာနှစ်နေရာရှိတယ် 

တခုက ရွာလယ်အိမ်ဝန်းလပ် နောက်တခုက ရွာဦးက ရှစ်မျက်နှာဘုရားရဲ့ဘေး

ဘောလုံးကွင်း ခုကျောင်းဝန်းစပ်က မန်ကျည်းပင်

အဲ့နားရောက်မှပြောက်သွားတာတို့ အဲ့ဒီနားကနေ ဘယ်အထိလိုက်လာတယ်ဆိုတာတို့က

ကြားနေကျ

ခုထိ ညအချိန် ဖြတ်သွားမိတိုင်း ကျောစိမ့်သည်အထိ 

ကိုယ်က အလွန်အမင်းမကြောက်တတ်သော်ငြား သတ္တိသိပ်ရှိလှတာမဟုတ်

ဒီတော့အဖေဆုံးချိန် မိသားစုကိုဦးဆောင်ဖို့ဖြစ်လာတဲ့ ဝတ္တရားအတွက်

ဆယ်နှစ် ဆယ်တနှစ်အရွယ် ငါးတန်းအောင်ပြီးကတည်းက မိသားစုစီးပွားရေးအတွက် 

ကျောင်းထွက်လို့ မမျှတဲ့အရွယ်နဲ့ထမ်းဆောင်ခဲ့ရတဲ့ အစ်ကို့ကို ခုကြီးလာမှမေးဖူးတယ်

အဲ့အချိန်က ရေတိုက်သွားတော့ ခြောက်တာမကြုံဘူးလား မကြောက်ဖူးလားပေါ့

ကြုံဖူးပါတယ်တဲ့ ငယ်သေးတော့လည်းကြောက်တာတော့ကြောက်တာပေါ့တဲ့

ဒါပေမယ့်ကြောက်လို့မသွားဘဲနေရင် တောင်ယာလုပ်ချိန်ကသီသွားမှာပေါ့တဲ့

ကိုယ်တို့အိမ်က သင်္ချိုင်းနဲ့ ယာသုံးခင်းအကွာ 

မိုးတို့ဆောင်းတို့မှာ သစ်ပင်အုံ့အုံ့ဆိုင်းဆိုင်းမို့ သိပ်ပြဿနာမရှိပေမယ့် 

နွေညများ လရောင်နဲ့လှမ်းကြည့်လိုက်ရင် အုတ်ဂူဖွေးဖွေးကအထင်းသား

ကိုယ့်အစ်ကိုက ငယ်ငယ်ကတည်းက အိမ်အပြင်မှာအိပ်တာ

ငါဖြင့်ဒီအရွယ်ထိ ခပ်လန့်လန့်ရယ် မင်းလိုသတ္တိမရှိပေါင်ကွာဆိုတော့

မင်းမှာရွေးချယ်ခွင့်ရှိတာကိုး ကြောက်ခွင့်ရှိတာကိုးတဲ့

တခါတခါကျ အကြောက်တရားကို ရင်ဆိုင်နိုင်တယ်ဆိုရာမှာ သတ္တိရှိလို့ချည်းရယ်မဟုတ်ပါဘူး

ရွေးချယ်ခွင့်မရှိလို့ ဇွတ်မှိတ်ရင်ဆိုင်ရင် အကြောက်တရားက အရှုံးပေးသွားတာပါတဲ့

ရွာမှာတော့ ဒီလိုရွေးချယ်ခွင့်မရှိလို့ ဇွတ်အတင်းရင်ဆိုင်ခဲ့ကြရတဲ့ လူများစွာရှိတယ်

ကိုယ့်အစ်ကိုတို့မျိုးဆက်ရဲ့ ရှေ့ပိုင်းအကုန်လုံးနီးပါးဆိုပါတော့

ကျွန်တော်တို့ခေတ်ကျ မြို့တက်အလုပ်လုပ်တာခေတ်စားလာတော့

အရင်လိုတောင်သူစာသီးသန့်မျှော်ကိုးနေရတာမဟုတ်တော့ဘဲ 

ဝင်ငွေလမ်းကြောင်းချဲ့ထွင်လာနိုင်ကြတာမို့ အိမ်တိုင်းနီးပါး စီးပွားရေးအဆင်ပြေလာ

အဝီစိတွင်းတွေတူးလာနိုင်ကြတော့ ရေအတွက်ဒုက္ခတွေကင်းဝေးသွားကြတာပေါ့

.

အနောက်စက်တွင်း

.

ဘယ်ခေတ်ကစတူးခဲ့လဲမသိ ကိုယ်တွေသိတတ်တဲ့အရွယ်ကြတော့ ရှိနှင့်နေပြီ

စက်နဲ့မောင်းရတာဆိုတော့ ငွေပေးဝယ်ရတာပေါ့

သိတဲ့အတိုင်း ရွာမှာက ငွေကရွှေလိုရှားတာမို့ နီးသည့်တိုင်

ပိုက်ဆံမပေးရတဲ့ ကန်ရေကိုပဲ အဓိကထိမ်းသိမ်းပြုပြင်လိုလို မှီခိုကြတာမို့ 

သွားကြသည့်တိုင် အစဥ်မဟုတ်တော့ စက်ပြုပြင်ဖို့ထိမ်းသိမ်းဖို့ခက်တယ်

သွားမတိုက်ကြဘူးရယ်တော့မဟုတ် မဖြစ်မနေမှပါ

.

မြို့သစ်ဆည်

.

နောက်ပိုင်းတော့ စစ်အာဏာရှင်ရဲ့ မတွက်မချက်မလေ့မလာနဲ့ အကျိုးရှိသူထက် 

ဒုက္ခရောက်သူပိုများပြီး စီးမံကိန်းပေါ်ရုံ ဘတ်ဂျက်ခိုးဖို့ ဇွတ်အတင်းဖော်ဆောင်ခဲ့တဲ့

' မြို့သစ်ဆည်' ဆိုတဲ့ နွံသာချောင်းကြီးကိုပိတ်ထားတဲ့ ရေလှောင်တမံကြီးပေါ်လာတယ်

စီမံကိန်းအတွင်းက မြေယာရှင်တွေလည်း ယာဆုံးမြေဆုံး အလျော်မရ 

ရွာအတွက်လည်း သုံးရေမှအပအကျိုးမဖြစ်နဲ့

မျက်ရည်ကြားကသည်းခံလို့ ဘာမှမတတ်နိုင် ငုံ့ခံရင်းနဲ့

မွေးရပ်မြေစွန့်လို့ တမြေရပ်ခြားစီးပွားထွက်ရှာရကြသည်အထိ

ဒီဆည်ကြီးဖွင့်လှစ်တာ

ကျွန်တော် ၅တန်းအရွယ်လောက်ထင်တာပဲ 

ယခင်ကျောင်းဟောင်းက ယခုစာကြည့်တိုက်နဲ့သစ်စက်နေရာပါ

အဲ့ဒီကနေယခုလက်ရှိကျောင်းကြီးကိုပြောင်းပြီးမှလို့ထင်တယ် သိပ်တော့မသေချာ

အဲ့သည်တုန်းက ဆည်ဖွင့်ပွဲဆိုတော့ ကျောင်းသားတွေကမဖြစ်မနေသွားရတယ်

မနက်အစောကြီးကတည်းကပါ နေမြင့်မှဖွင့်လှစ်ပေးမယ့်သူရောက်လာပါတယ်

ဟတ်စကီးနဲ့ထင်တာပဲ ဖွင့်ပေးသူက ဦးသိန်းစိန်'လိုလည်းထင်မိတယ် မသေချာ

ဟိုရောက်တော့ ပညာမဲ့အာဏာရှင်တို့ထုံးစံအတိုင်း ဓါတ်တွေနတ်တွေယတြာတွေနဲ့ကြွေးတာက 

ဘေးဘယာတွေကျော်လွှားပါစေကြောင်း အကြော်နဲ့ 

ပေါင်းစည်းနိုင်ပါစေကြောင်း ကောက်ညှင်းပေါင်းပါ

ဒီဆည်ကြီးက စိုက်ပျိုးမြေအကျိုးဖြစ်တာထက် ပျက်စီးတာပိုများလေးမလားမသိ

ရွာ့အနောက်ဖက်အထိရောက်တဲ့ စိုက်ပျိုးမြေအတွက်ရေလွှတ်မြောင်းတွေမှာတော့

ခုထိရေတစက်တောင်ရောက်သည်မတွေဖူး ခုတော့အဲ့မြောင်းလေးတွေလည်းကောနေပါပြီ

ဒါပေမယ့် မြေအောက်ရေအတွက်တော့ အကျိုးပြုလေသည်လားမသိ

ရွာမှာတော့ တူးသမျှအဝီစိတွင်းတိုင် ရေထွက်ကြသည်ချည်း အနည်းအများသာကွာတာ

ပြုပြင်ထိမ်းသိမ်းမှု မရှိကြတော့ပြီ

.

ဒီဆည်ကြီးပေါ်လာတော့ မူလကရေအရင်းအမြစ်အတွက်မှီတည်ရာ

ကန်သစ်ကြီးရဲ့ အခန်းကဏ္ဍက ချက်ချင်းယုတ်လျှော့မသွားသော်ငြား 

တဖြည်းဖြည်းနဲ့ မှေးမှိန်သွားရာက ခုအိမ်တိုင်းနီးပါး အဝီစိတွင်းတွေရှိလာချိန်မှာတော့

ကန်သစ်ကြီးသာမက ဘုန်းကြီးကျောင်းကန် မြောက်ကန်ကလေး တောင်ကန်ကလေး

စတဲ့သုံးရေကန်တွေကို မမှီခိုကြတော့ အနည်းငယ်သော ကုသိုလ်ပြုသူတွေမှအပ

ဖော်ဆောင်ထိမ်းသိမ်းပြုပြင်တာမျိုးက ယခင်လိုရွာလုံးကျွတ်မပါဝင်ကျတော့တာမို့

တိမ်ကောလာနေပါပြီ

တောကန်တွေဖြစ်တဲ့ ဦးပိုးကြီးကန် ပလိပ်ကန်တို့ကောပေါ့

ငယ်ငယ်ကအမြဲကူးခတ်ဆော့ကစားခဲ့တဲ့ အောင်မင်္ဂလာကန်လည်း 

ခုတခေါက်ရွာပြန်တုန်းကတွေ့တယ် တော်တော်ကြီးကိုကောနေပြီ

ကျောင်းဝန်းထဲကချိုးကန်ကတော့ မင်္ဂလာသုခကန်သစ်ကြီးတူးရာကမြေတွေဖို့လိုက်လို့

လုံးဝကွယ်ပြောက်သွားပါပြီ ခုလျှော်ဖြူစိုက်ထားဟန်တူရဲ့

မင်္ဂလာသုခကန်ပြီးကလည်း အမည်နာမခန့်ခန့်ထည်ထည်

အုတ်အင်္ဂဋေတို့နဲ့ခန့်ခန့်ညားညား 

ကန်ဦးနဂါးရုံဘုရားနဲ့ တွေ့ရမြင်ရကြည်နူးနှစ်သက်စရာ ထည်ထည်ဝါဝါဆိုပေမယ့်

ယခင်ကန်ဟောင်းလောက်တော့ ရွာသူရွာသားတို့အတွက် အကျိုးမပြုနိုင်တော့ပြီ

သူကစွမ်းပေမယ့် လူတွေကကိုမလိုတော့တာပါ

တန်ဖိုးဆိုတာ အသုံးဝင်မှုအပေါ်မှာ မှီတည်တွက်ချက်တာဆိုတဲ့ 

ပညာရှင်တို့အဆိုအရ ခန့်ညားထယ်ဝါလှပလို့ ဂုဏ်ယူဝင့်ကြွာကြသည့်တိုင်

ယခင်ကန်ဟောင်းကြီးလောက် အမှန်တန်ဖိုးထားကြပါ့မလားမသိ

အင်းမထဲကတော့ ယခုတိုင် မိုးတွင်းအခါတိုင်း 

ကြာဖြူကြာနီတို့လှိုင်လှိုင်ပွင့်နေအုံးမယ်ထင်ပါရဲ့

Tuesday, October 31, 2023

ပတ်စပိုး - ဦးစိန်ဝင်း

ဖိတ်ခေါ်ပါသည် - သန်းမြတ်စိုး

အဝေးကလွမ်းနေ အညာမုံရွာမြေ - ဇွဲမာန်ဟိန်း

 အဝေးကလွမ်းနေအညာမုံရွာမြေ

တေးရေး✏️ဒို့ရှိုင်းအောင်

တေးဆို🎤ဇွဲမာန်ဟိန်း

အသံဖမ်း🎙️ZMB studio

စီစဉ်သူ-KBနိုင်လင်းထွန်း

တည်းဖြတ်-Bo Myint Khaing

Mixing-KB Zin Min Bo

တတိယမြောက်သီချင်းလေးကိုလည်း အားပေးကြပါအုံး

နော် နောက်သီချင်းတွေလည်း ဒီ့ထက်ပိုကောင်းအောင်ကြိုး

စားသွားပါ့မယ် အားနည်းချက်တွေကိုလည်း ထောက်ပြ

ဝေဖန်ပေးကြပါအုံးနော်

သန်းထွန်းလေး (အင်းတဲရွာ)

အငွေ့စားသူ ။။ ထေရီ(Htei Ri)

  "အငွေ့စားသူ" ................... ထေရီ(Htei Ri)   •သယ်...ဟယ်..ဟယ်.....   ငါကိုယ်တော်မြတ်   တစ်ဇတ်ဇတ်ကယ်တုန်   မိတ်ကပ်ရယ်အဖုံသားနဲ...

အထူး