ကိုလေး ☆ အင်းတဲ

ကိုလေး ☆ အင်းတဲ
Than Tun Lay .INDE
Showing posts with label အတ္ထုပ္ပတ္တိ. Show all posts
Showing posts with label အတ္ထုပ္ပတ္တိ. Show all posts

Wednesday, October 16, 2024

ကွန်ပျူတာမှာ မြန်မာစာသုံးလို့ရအောင် ဖန်တီးခဲ့သူအကြောင်


 ကွန်ပျူတာမှာ မြန်မာစာသုံးလို့ရအောင် ဖန်တီးခဲ့သူအကြောင်း

.

သူ့အမည်အပြည့်အစုံက ဂျွန် ဝီလီယံ အယ်လန် အိုကယ် (John William Alan Okell)


"ဦးလှသိန်း" လို့ သူ့ကိုယ်သူအမည်ပေးထားပေမယ့်  

ရင်နှီးသူ မြန်မာအသိုင်းအဝိုင်းတွေကတော့ 

အိုကယ် (Okell) ဆိုတာကို ဗမာမှုပြုလို့ "ဆရာအုတ်ခဲ" လို့ခေါ်ကြတယ်ဗျ


Apple ကွန်ပျူတာတွေမှာ အသုံးပြုဖို့ 

အင်းဝ လေဆာဖောင့် (Ava Laser font)ကို ၁၉၈၉ ခုနှစ်မှာ ပြုစုပေးခဲ့ပါသည်။


ဆရာကြီးကို အင်္ဂလန်တောင်ပိုင်း၊ ဘရိုက်တန်မြို့၌ ၁၉၃၄ ခုနှစ်က မွေးဖွားခဲ့ပြီး 

အောက်စဖို့ဒ်တက္ကသိုလ် ဘုရင်မကောလိပ်တွင် ရောမနဲ့ ဂရိ ဂန္ထဝင်စာပေများ သင်ကြားခဲ့ပါသည်


ဘာသာဗေဒ နဲ့ သဒ္ဒဗေဒ (phonetics / phonology) တို့ကို ဆည်းပူးရင်း ထိုစဉ်က 

မြန်မာဌာန ပါမောက္ခဖြစ်တဲ့ ဒေါက်တာလှဖေ (Hla Pe) နဲ့  

ဆရာမ အန်နာ ဂျေ အယ်လော့ Anna J. Allott (ခေါ်) မြန်မာအမည် ဒေါ်ခင်ခင်ချောတို့ဆီမှာ 

မြန်မာစကား၊ မြန်မာစာပေကို သင်ယူခဲ့သည်


ထိုဆရာများနဲ့အတူ မြန်မာ- အင်္ဂလိပ် အဘိဓာန် ပြုစုရာမှာပါဝင်ခဲ့ပါတယ်


၁၉၆၀-၆၁ ခုနှစ်မှာ မြန်မာနိုင်ငံကို ပထမဦးဆုံးအကြိမ် လာရောက်၍

မြန်မာတို့ရဲ့လှုမှုဘဝနဲ့ မြန်မာစကားကို လေ့လာခဲ့ပါတယ်


သူကိုယ်တိုင်လည်း မြန်မာသဒ္ဒါကျမ်း ၊ မြန်မာစာပေ ၊ 

မြန်မာဂီတ ၊ မြန်မာ ဒေသိယဝေါဟာရနဲ့ ပတ်သက်တဲ့  

ဆောင်းပါးတွေ စာအုပ်တွေအများအပြား ရေးသားခဲ့ပါတယ်


လန်ဒန်တက္ကသိုလ် မြန်မာစာဌာနမှူးအဖြစ် ဆောင်ရွက်ရင်း

၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၃) ရက်နေ့ အသက် ၈၆ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်


ဗြိတိန်-မြန်မာ ဆက်ဆံရေးကောင်းမွန်အောင်ဆောင်ရွက်ခဲ့တဲ့အတွက်

ဗြိတိန်ဘုရင်မကြီးက OBE ဘွဲ့ တံဆိပ်ချီးမြှင့်ခဲ့သည်


ကိုး-fb&Wikipedia 

.

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

.

သန်းထွန်းလေး ☆ အင်းတဲရွာ


Thursday, October 19, 2023

ခင်ဝမ်း

 






ဒေါက်တာမောင်ဖြူး (ခ) တန်ဂွမ်လျောင် (၁၉၀၅-၁၉၇၀)

 


မင်္ဂလာပါ လို့ စတင်နှုတ်ခွန်းဆက်စေခဲ့သူ
♥♥♥♥♥♥♥♥♥♥♥





ဟုတ်ကဲ့ မင်္ဂလာပါဗျာ
ဒီစကားရဲ့အဓိပ္ပါယ်ကတော့



ကောင်းခြင်းအဖြာဖြာပြည့်စုံပါစေ
ကောင်းသောအခြင်းအရာများ ဖြစ်ပွားပါစေ 
ကောင်းသောဘဝပိုင်ဆိုင်နိုင်ပါစေကြောင်း နှုတ်ခွန်းဆက်တဲ့ စကားဖြစ်ပါတယ်



ဒီဝေါဟာရလေး အသုံးတွင်အောင် တိုက်တွန်းလှုံ့ဆော်ခဲ့သူက
ဆရာကြီး ဒေါက်တာမောင်ဖြူးပါ



တယောက်နဲ့တယောက် တွေ့ဆုံချိန် နှုတ်ခွန်းဆက်စကားဆိုရာမှာ 
တချိန်က မြန်မာဟာ ကိုယ်ပိုင်စကားမရှိသေးပဲ 


အင်္ဂလိပ်တို့ရဲ့ good morning ကိုယူပြီး 
ကောင်းသောနံနက်ခင်းပါ ဆိုပြီး သုံးနှုံးခဲ့ကြတယ်လို့ ဆိုပါတယ်



ကိုယ့်အနီးအနားတိုင်းပြည်တွေမှာလည်း နှုတ်ခွန်းဆက်စကားအသီးသီးရှိနေကြတယ်လေ



ထိုင်းဆိုရင် ဆဝတီခပ်

အိန္ဒိယဆိုရင် နာမစတေး

ကိုရီးယားဆိုရင် အညာဆေယော

ဂျပန်ဆိုရင် အရီဂတ်​တိုဂိုဇိုင်းမတ် စသည် စသည်ဖြင့်ပေါ့



ဒီတော့ မြန်မာကိုယ်စားပြုအနေနဲ့ 

ကိုယ်ပိုင်စကားတခုသုံးစွဲဖို့ ကြံဆခဲ့တယ်



ဒီလိုနဲ့ မင်္ဂလာပါဆိုတဲ့ နှုတ်ခွန်းဆက်စကား ဖြစ်ပေါ်လာရတာပါ 


♥♥♥♥♥♥♥♥♥♥♥♥♥♥♥





ဆရာကြီး၏ အတ္ထုပ္ပတ္တိအကျဥ်း
...................................

ဆရာကြီးကို ပဲခူးတိုင်း ပဲနွယ်ကုန်းမြို့အဘဦးအောင်ညွန့် အမိဒေါ်ချောတို့မှ



၁၉၀၅ခုနှစ်တွင်ဖွားမြင်သည်
ငယ်အမည်မှာ ''ဂွမ်လျောင်"ဖြစ်ပါတယ်




တရုတ်နွယ်ဖွားဖြစ်ပြီး မျိုးရိုးက တန် ဖြစ်ပါတယ်



ဒါကြောင့် "တန်ဂွမ်လျောင်" လို့ခေါ်ပါတယ်



မိဘများပြောင်းရွေ့အခြေချသည့် ငယ်ဘဝဖြတ်သန်းရာ 



ဖြူးမြို့ကိုအစွဲပြုပြီး ကလောင်အမည်ကို  



ဒေါက်တာမောင်ဖြူး လို့ မှည့်တွင်ခဲ့ပါတယ်



ငယ်စဥ်မှာပဲ ဖခင်ဆုံးပါးခဲ့သည်




ဦးပဲနွယ် အမည်ဖြင့်ကလောင်ယူလိုသော်လည်း အခေါ်ခက်မည်စိုး၍


ဦးပန်းနွယ် ဆိုသော ကလောင်အမည်ဖြင့်လည်း စာပေရေးသားခဲ့ပါတယ်






ကျွန်တော်တို့ငယ်ငယ်က အငယ်တန်းဖတ်စာမှာပါတဲ့


မောင်ရေခဲတို့ မရွှေဖဲတို့ ကဗျာတွေက ဆရာကြီးရေထားတာတွေပါ

၁၉၄၇ ခုနှစ်မှာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား တက္ကသိုလ်မှာ


ပါရဂူဘွဲ့ရတဲ့ ပထမဦးဆုံးသော မြန်မာနိုင်ငံသားဖြစ်ပါတယ်
----------------------------------------------


မူကွဲများ


....


အချို့ကလည်း မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သတဲ့ဓလေ့က 


ရှေးယခင်ကတည်းက ရှိနေပြီးသားဖြစ်ပြီး 


အသုံးမတွင်သေးတာ မကျယ်ပြန့်သေးတာပါလို့ ဆိုပါတယ်



အချို့ကလည်း ၁၉၄၇-၅၀ခုနှစ်တွင် ဆရာကြီးဟာ 



ရန်ကုန်ဆရာဖြစ်သင်တန်းကျောင်းမှာ မြန်မာစာကထိကအဖြစ်ဆောင်ရွက်စဉ် 



ဆရာနှင့်တပည့်များ မင်္ဂလာပါ ဟုနှုတ်ခွန်းဆက်ရန် တိုက်တွန်းခဲ့သူသာဖြစ်ပြီး 



အသစ်တီထွင်ဖန်တီးသူမဟုတ်ကြောင်းလည်း ဆိုပါတယ်


#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

Tuesday, January 24, 2023

ကောသလမဟာရာဂျာ နှင့် တွေ့ဆုံခြင်း

 
ကောသလမဟာရာဂျာ နှင့် တွေ့ဆုံခြင်း
=======================

ဇဗ္ဗူဒီပါ လက်ယာတောင်ကျွန်းမှာ အတုမရှိ
ဧကရာဂျာ ဖြစ်တော်မူသော ဘဝရှင် မင်းတြားကြီးအား ကျွန်ုပ် 
အနည်းငယ်မေးလျှောက်ထား ခေတ်အခေါ် အင်တာဗျူးချင်လို့ပါ ဖုရား

လုပ်မနေပါနဲ့ကွာ မင်းတို့ခေတ်ကောင်လေးတွေက တယ်မြှောက်သကိုးကွ 
ရှေ့မှာတစ်မျိုး နောက်ကွယ်မှာဆိုရင် မင်းတို့ပဲ ငါ့ကို 
အအိပ်မက်သူကြီး စဉ်းစားဉာဏ်မရှိသူကြီးနဲ့ 
ကင်မွန်းတပ်ကြတာ မသိတာမှတ်လို့

ပြီးတော့ မင်းတို့အင်တာဗျူးသမားတွေ မေးတာဖတ်ရသလောက် 
ဘယ်နေ့မှာ ဘာစားသလဲ အိပ်ရာထရင် ဘာလုပ်သလဲ  
ဘယ်အင်္ကျီဝတ်သလဲ ဆံပင်က ဘာ့ကြောင့်အရှည်ထားသလဲ 
ဘာအရောင်ကြိုက်သလဲ 

အဲ့ဒီကလေးကလား အရည်မရ အဖတ်အဖတ်မရ 
မေးခွန်းတွေ မဖြေချင်ဘူးကွာ ငါ့ဖာသာ မိုးအေးအေးနဲ့ 
ကွေးနေရတာမှ အိမ်မက်ထဲမှာ ဇိမ်ရှိအုံးမယ်

မအိပ်ပါနဲ့ ဘွရှင်ရယ် ဘွရှင်မက်တဲ့ အိမ်မက် ၁၆ ခုနဲ့တင်ကို 
ကျွန်ုပ်တို့ နောင်လောနောက်သားတွေမှာ နေစရာတောင်မရှိဘူး 

ကျွန်ုပ်မေးလိုတာကလည်း အဲ့ဒီမေးခွန်းတွေ မဟုတ်ပါဘူး 
ဘွရှင်ရဲ့ ဘဝ ဖြစ်စဉ်ကလေး နည်းနည်းလောက်ပါ

မေးကွာ

ဒီလိုပါ ဘွရှင် ဘွရှင်ရဲ့ နိုင်ငံနယ်နိမိတ်လေး သိချင်လို့

အေးကွ ငါ့ကိုမင်းတို့ မျိုးဆက်တွေက 
သာမန်ညောင်းညဘုရင်လို့ပဲထင်နေကြတာ ငါသိပါတယ်

တကယ်က ငါတို့မျိုးရိုးက ဧကရာဂျာမျိုးကွ  
သုံးလောကအရှင် မြတ်ဗုဒ္ဓရဲ့ ခမည်းတော် ဗိန္ဗိသာရ ရဲ့ တိုင်းပြည် 
ကပ္ပိလဝတ်ပြည်ဟာ ငါ့ရဲ့ အခွန်ဆက် လက်အောက်ခံတိုင်းပြည်ကွ 
ယသော်ဓရာ ဒေဝဒတ္တ တို့ရဲ့ တိုင်းပြည် ဒေဝဒဟ ရောပဲ

ခုခေတ်လိုမျိုးဆို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားတဲ့ နေရာတွေပေါ့

ဪ. မသိခဲ့ဖူးဗျ ဘုန်းတော်ကြီးလှချည်လား ဘွရှင်

သိပ်အထင်မကြီးပါနဲ့ကွာ ငါ့လက်ထက်မှ ဖြစ်တည်လာတာမဟုတ်ပါဘူး 
ခမည်းတော် ဘိုးတော်တို့ လက်ထက်ကတည်းက ငါက အမွေဆက်ခံယုံပါပဲ

ဒါနဲ့ ဗုဒ္ဓနဲ့ ဘွရှင် အသက်လယ်လောက်လောက်ကွာလဲဗျ

ဒီမေးခွန်းမေးကတည်းက မင်းအတော်စာဖတ်နည်းတယ် 
ဗဟုသုတ မပြည့်စုံဘူးဆိုတာ သိပ်သိသာတယ်

ငါ့ဘဝ နေဝင်ချိန်မှာ ငါ မြတ်ဗုဒ္ဓကို လျှောက်တင်တဲ့ 
စကားလေးရှိတယ်လေကွာ အရှင်ဘုရားလည်း သက်တော် ၆၀ 
တပည့်တော်လည်း အသက် ၆၀ ဆိုတာ 

ပြောလည်းခံရမှာပဲ ဘွရှင် ကျွန်ုပ်က ဘွရှင်ကို 
ဗုဒ္ဓထက် ကြီးတဲ့ အိုအိုမင်းမင်း ဘုရင်ကြီးလို့ထင်တာ 
အသက်တူတူပဲလို့ထင်ကိုမထင်တာ

ဗုဒ္ဓကြွလာလာချင်း ခရီးဦးကျို မပြုဘူးဆို ဘွရှင်က

မင်းကလည်း ပြန်ထဲ့ဖို့ပဲ မင်းအနေနဲ့ စဉ်းစားကြည့်ကွာ 
ကိုယ့်လက်အောက်ခံရဲ့သား ကိုယ်နဲ့ သက်တူရွယ်တူတစ်ယောက်ကို 
သာမန် ဓမ္မအသိ မရှိသူတွေအတွက် ဦးညွှတ်ဖို့ဆိုတာ မလွယ်ဘူးကွ 

ဟုတ်ပါတယ် နောက်ဆုံးမေးခွန်းအနေနဲ့ 
ဘွရှင်ရဲ့ နေဝင်ချိန်လေး သိပါရစေ..

မင်းသိလား ငါ့ဘွမှာ အကြီးအကျယ်စိတ်ထိခိုက်ရတဲ့အချိန် 
နှစ်ခါကြုံဖူးတယ် ပထမတစ်ခါ ငါ့ရဲ့ မိဖုရားခေါင်ကြီး 
ဆုံးပါးတုံးကပေါ့ ဒီအချိန်တုန်းက စိတ်ဓာတ်ရေးရာ ဖြစ်တဲ့အတွက် 
ဓမ္မနဲ့ ကုစားပေးတဲ့ မြတ်ဗုဒ္ဓ ရှိတဲ့အတွက် သက်သာရာ ရခဲ့တယ်

 ခု သားတော် ဝိဋဋူပ ရဲ့ အာဏာသိမ်းမှုမှာတော့ 
စစ်ရေး နိုင်ငံရေးလေကွာ လောကတဏှာပယ်စွန့်ပြီးသား 
မြတ်ဗုဒ္ဓ ကို အပူကပ်ဖို့မသင့်တာ ငါသိတယ်

လောဘကို ဒေါသနဲ့ ဖြေရှင်းချင်တာ 
ဒါ့ကြောင့် ငါ့နှမကြီး ဝေဒီဟီ က မွေးဖွားတဲ့ တူတော် 
အဇာတသတ္တုဘုရင်ရဲ့ အကူအညီယူပြီး ငါ့ထီးနန်းပြန်ယူဖို့ကွ 
ငါ့တူနဲ့သာ တိုက်ရိုက်တွေ့ခွင့်ရမယ်ဆိုရင် ငါယုံတယ် 
ငါ့ထီးနန်းဟာ ငါ့ဆီပြန်ကိုရောက်လာမှာ

ဒါပေမယ့်ကွာ မြို့စောင့်တံခါးမှူးက ငါပါလို့ပြောတာမယုံဘူး 
ငါလိုလူတစ်ယောက် ဒီလိုအချိန် ဒီလိုအခြေအနေမျိုးနဲ့ 
ရောက်ခါလေ့မရှိဘူးလို့ သူယူဆတယ် သူလျှို ဒလန် လို့ ယူဆတယ်

သူမှန်တယ်ကွ အခြေအနေ အချိန်အခါကို သူသုံးသပ်နိုင်တယ် 
ပြောတိုင်းမယုံဘူး သူထင်သလို အများကြီးဖြစ်နိုင်တာပဲ 
တကယ်လို့ ငါသာ ငါ့ထီးနန်းပြန်ရရင် 
သူလိုလူမျိုးကို အမတ်ချုပ်ရာထူးချီးမြှင့်ချင်တယ်

ဒါက အခုချိန်မှ ပေါ်လာတဲ့စိတ်ပါကွာ အဲ့ဒီတုံးက 
ဒေါသထွက်လိုက်တာမှ အသားပါတဆတ်ဆတ်တုန်တယ် 

ဒါနဲ့ မြို့ပြင်က ဇရပ်မှာပဲ အိပ်ဆက်ခဲ့ရတယ် ဒီဘဝဒီခန္ဓာအတွက်  
ထာဝရအိပ်ဆက်ခြင်းဖြစ်မယ်ဆိုတာသာ ကြိုသိခဲ့ရင် 
ရှင်တော်ဗုဒ္ဓထံပြန်ပြီး ဒေသနာ တစ်ပုဒ်လောက်နာယူခဲ့မိမှာကွ 

နောက်ဆုံးအနေနဲ့ နှုတ်ဆက်စကားလေး ပြောပေးပါလားဘွရှင်

အခွင့်အရေးဆိုတာ သိတဲ့သူမှ ရနိုင်တာမျိုးကွ 
အနီးကပ်ပေမယ့် မမြင်ရတာ မမြင်နိုင်တာတွေ ဖြစ်တတ်တယ် 
ဘာမှ ရေရေရာရာမရှိပဲ ဖြတ်သန်းခဲ့တဲ့ ဘဝရဲ့အချိန်တွေကို 
အားနာတယ်လို့ပဲ ပြောချင်တယ်ကွာ..

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

Saturday, February 12, 2022

ငတိုလှိုင်ရဲ့ အဆုံးသတ်


 (အဓိပ္ပါယ်နှစ်ခွထွက်တဲ့ စကားလံုံးတွေပါတာမို့ ကလေးများအတွက် မသင့်လျှော်ပါ)

Thursday, December 17, 2020

အလက်ဇန္ဒားဖလင်းမင်း Alexander Fleming



ဒီကနေ့ခေတ် ကပ်ရောဂါကြောင့် နိုင်ငံကြီးတစ်ချို့ ဆေးကုမ္မဏီအချို့ သူ့ထက်ငါအပြိုင်အဆိုင် ကာကွယ်‌ေဆးရဖို့ကျိုးစားကြသလို ဈေးကွက်ရဖို့ အလုအယက်လောဘတက်နေတာမြင်ရတော့  တစ်ချိန်က ဆေးပညာတွေ့ရှိမှုကြောင့် ဘီလီယံနာတစ်ယောက်ဖြစ်သွားနိုင်ပေမယ့် အဲ့ဒီ‌တွေ့ရှိမှုကို တစ်ကိုယ်စာလောဘမတက်ဘဲ အများပြည်သူ အလွယ်တကူ အသုံးပြုနိုင်ဖို့ ချပြလှူဒါန်းခဲ့သူတစ်ယောက်ကို သတိရမိတယ် အသုံးပြုကြပါ ပိုကောင်းမွန်လာအောင်လည်း ကြံဆကြပါလို့လည်းဆိုတယ်

သူကတော့
အလက်ဇန်းဒါး ဖလင်းမင်း Alexander Fleming

တစ်နေ့မှာ သူအမှတ်တမဲ့ထားခဲ့တဲ့ ပေါင်မုန့်မှာတက်နေတဲ့ မှိုကိုသတိပြုမိသွားပြီး ဆက်လက်လေ့လာရာမှထိုမှိုသည်ဘတ်တီးရီးယားကိုသတ်နိုင်တဲ့ ပနဆလီယမ်နိုတေတမ်အမျိုးအစားဖြစ်ကြောင်းတွေ့ရှိခဲ့တယ်

(သူ့ကို သိပ်အထင်မကြီးစေဖို့ ဖော့ပြောတာလည်းဖြစ်နိုင်ပါတယ်)

ယင်းနောက်ပညာရှင်များဆက်လက်သုတေသနလုပ်ကြရာမှယနေ့ခေတ်ပနဆလင်ဖြစ်လာခဲ့ပါတယ်

သူ့ဘဝ
.......
သူ့ရဲ့ဘဝကလည်း စိတ်ဝင်စားဖို့ကောင်းတယ် စိတ်ကောင်းစေတနာကောင်းက သူ့ဘဝကို ပြဒါန်းနေတယ်လို့လည်း ဆိုနိုင်တယ်

တစ်နေ့သောအခါမှာ စကော့တလန်  မှခြံစိုက်သမားတစ်ဦးဟာ ရွှံ့ဗွက်အိုင်မှာနစ်မြုပ်နေတဲ့ ကလေးငယ်လေးကို ကယ်ဆယ်ခဲ့တယ်

နောက်တစ်နေ့မနက်တွင် ခြံစိုက်သမားအိမ်ရှေ့သို့ အမျိုးကောင်းမြင်းတွေတပ်ဆင်ထားသော ရထားတစ်စီးဆိုက်ရောက်လာပြီး ၀တ်ကောင်းစားလှ၀တ်ဆင်ထားသော လူကြီးတစ်ယောက် ရောက်ရှိလာတယ် သူ့နာမည်ကတော့ ရမ်းဒေါ့ဖ်ချာချီ (Randolf Chuechil)

ခြံစိုက်သမားကိုတွေ့သောအခါ
“မနေ့ကသူ့သားကို ကယ်ခဲ့တာ ဒီကမိတ်ဆွေလားခင်ဗျာ”
“ဟုတ်ပါတယ် ကျွန်တော်ပါ”
ကျေးဇူးတင်သည့်အလျောက် ငွေကြေးထောက်ပံ့ပါရစေလို့ ကမ်းလှမ်းတယ် သူကလက်မခံပါဘူး အသက်တစ်ချောင်းမို့ ကယ်သင့်လို့ ကယ်တာသာဖြစ်ကြောင်း အကျိုးတစ်စုံတရာမမျှော်လင့်ကြောင်းဆိုတယ်

အဲ့ဒီအချိန်မှာ အနီးက ကလေးငယ်ကို သတိပြုမိပြီး ဒါခင်ဗျားသားလား သူ့ကို လန်ဒန်ခေါ်သွားပြီး ပညာတတ်တစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်ခွင့်ပေးပါလို့ ခွင့်တောင်းလာတယ် ခြံသမားကြီးက သဘောထူလိုက်တယ်

အဲ့ဒီကလေးငယ်ဟာ ဆရာဝန်တစ်ယောက်ဖြစ်လာရုံသာမကပင်နီစလင် ကိုပထမဆုံးတွေ့ရှိသူအဖြစ် သူနာမည်က ကမ္ဘာကျော်သွားခဲ့ပါတယ်

သူ့နာမည်က အလက်ဇန်းဒါး ဖလင်းမင်း Alexander Fleming
မွေးဖွားနှစ် ၁၈၈၁ အယ်ရ်မြို့  စကော့တလန်
ပနဆလင်တွေ့ရှိနှစ် ၁၉၂၉
နေရာ စိန့်မေရီဆေးရုံ ပယ်ဒင်တန်မြို့
ပထမဆုံးပနဆလင်သုံးကုသမှု ၂၀.၂.၁၉၄၁
အရပ်သားများစတင်အသုံးပြုမှု ၁၉၄၄
ဆာဘွဲ့ရနှစ် ၁၉၄၄
နိုဘယ်ဆုရနှစ် ၁၉၄၅
သေဆုံးနှစ် ၁၉၅၅(နှလုံးသွေးကြောပိတ်)

စစ်မဖြစ်ခင်လေးမှာ လန်ဒန်ကဆေးရုံကြီးတစ်ခုကို အဆုတ်အအေးမိတဲ့ရောဂါနဲ့ လူတစ်ယောက်ရောက်လာပါတယ် အဲ့ဒီတစ်ယောက်က စောစောကသူဌေးကြီးရဲ့သား။သူ့နာမည်က ၀င်စတန်ချာချီ (နောင် ဗြိတိသျှ၀န်ကြီးချုပ်ဖြစ်လာမည့်သူ)။ သူ့အသက်ကို ကယ်လိုက်တာကလည်း အလက်ဇန်းဒါးဖလင်းမင်းပါ

လူတစ်ယောက်တည်းရဲ့အသက်ကို သားအဖနှစ်ယောက်က ကယ်ဆယ်ပေးနိုင်ခဲ့တဲ့ အံ့ဖွယ်ဖြစ်ရပ်တစ်ခုလို့ ဆိုနိုင်သလို ဒီစိတ်ကောင်းစေတနာကောင်းရှိကြောင့်လည်း ဒီကနေ့ထက်တိုင် သူတို့ရဲ့အမည်က တွင်ကျန်နေတာလည်း ဖြစ်ပါတယ်

သန်းထွန်းလေး (အင်းတဲရွာ)
အောင်ညီကို ရွှေထည်စက်ဖြတ် နှင့် ရွှေပန်းထိမ် လုပ်ငန်း


Tuesday, August 11, 2020

အမ္ဗပါလီ

အမ္ဗ ဆိုတာကတော့ သရက်ပင်ကို ခေါ်ပါတယ်

ပါလီ ဆိုတာကတော့ ပါလ ပုဒ်နဲ့အတူတူပါပဲ ထိမ်းသိမ်းသူ စောင့်ရှောက်သူပေါ့

သူမရဲ့အမည်လိုပဲ သူမရဲ့ဖြစ်တည်မှု သူမရဲ့ဘဝဟာ စိတ်ဝင်စားဖို့ကောင်းတယ်

လောကမှာ သတ္တဝါရယ်လို့ဖြစ်လာရင် မွေးဖွားနည်းလေးခုကနေ မွေးဖွားတယ်လို့ မြတ်ဗုဒ္ဓဟော်တော်မူထားတယ်
၁ သားအိမ်မှာ သန္ဓေတည်ပြီးမွေးတယ် ဥပမာ ခွေး
၂ ဥ အတွင်းမှာ သန္ဓေတည်ပြီးမွေးတယ် ဥပမာ ကြက်
၃ အစိုဓာတ်ရှိရာမှာ ငြိကပ် သန္ဓေတည်ပြီးမွေးတယ် ဥပမာ ခြင်
၄ အထင်အရှား ဘွားကနဲ့ပေါ်လာပြီး မွေးတယ် ဥပမာ နတ်

လူရဲ့ထူးခြားချက်က အဆိုပါမွေးဖွားနည်း လေးခုလုံးနဲ့ မွေးဖွားနိုင်တယ်
ကမ္ဘာဦးလူသားတွေဟာ ၄ အနေနဲ့ မွေးဖွားလာတယ်လို့ အဂ္ဂညသုတ္တန်မှာ မိန့်ဆိုဖူးတယ်

ဒီတော့ သူမဟာ သရက်ပင်အောက်မှာ ၄အတိုင်း မွေးသူပေါ့ သို့တည်းမဟုတ် သရက်ပင်ရဲ့ အစောင့်အလျှောက်နဲ့ မွေးဖွားကြီးပြင်းလာသူပေါ့ ဒါကတော့ သူမရဲ့ စိတ်ဆန္ဒကြောင့် ဖြစ်တယ်ရတာပါ

သရက်ပင်က မွေးဖွားလာသူဆိုတော့ မယုံကြည်မှု ရှိကောင်းရှိနိုင်ပါတယ် ဒေသနာတော်တွေမှာ မကျဥ်းပင်က မွေးသူတို့ မြန်မာရာဇဝင်မှာ ဝါးပင်က မွေးသူတို့လည်း ရှိတယ်မဟုတ်လား

ထူးထူးခြားခြား မွေးဖွားလာသူဖြစ်သည့်အလျှောက် သူမရဲ့ ရုပ်ရည်အသွင်အပြင်ဟာလည်း တစ်မူထူးခြားတယ် ပစ်မျိုးမှည့်မထင် လှပသူလို့ဆိုတယ်

​ရှေးခေတ်အန္ဒိယမှာ ဒီလှပမှုကပဲ သူတို့အတွက် ကျိန်စာတစ်ခုလိုပါပဲ ဒါကြောင့်ပဲ ထင်ရှားပြီးလှပသူအချို့ဟာ စောစောစီးစီး အိမ်ထောင်ပြုကြတာ မိဘက အိမ်ထောင်ပြုစေတာမျိုးဖြစ်လိမ့်မယ်ထင်တယ် ဥပမာ ဝိသာခါ ငယ်စဥ်ကတည်းက သောတပန်ဖြစ်ပေမယ့် အရွယ်ရောက်လာတော့ မိဘက ဘာသာခြားတစ်ဦးနဲ့ လက်ဆက်ပေးတာမျိုးပေါ့

ဆေးဆရာကြီးဇီဝကရဲ့ မိခင်နဲ့နှမဟာလည်း ဒီသဘောနဲ့ ပြည့်တန်ဆာဖြစ်ခဲ့ဟန်ရှိတယ်

သူမကတော့ သရက်ပင်က မွေးဖွားသည့်အ​လျှောက် ထိမ်းသိမ်းစောင့်ရှောက်မယ့် မိဘဆွေမျိုးအသိုင်းအဝိုင်း ရှိဟန်မတူဘူး ဒါကြောင့်ဘဲ ဒီဘဝကိုရောက်စေတာနေမှာပါ

လိုချင်သူတွေဝိုင်းဝိုင်းလည်နေသူတစ်ယောက်ကို တစ်ဦးတစ်ယောက်ရဲ့ ပိုင်ဆိုင်မှုထက် အများဆိုင်ဆိုတဲ့ ပုံစံမျိုးနဲ့ ဘုရင်က သတ်မှတ်ပေးတယ်

ပြည့်တန်ဆာပေါ့ ဒါပေမယ့် ဘုရင်ကိုယ်တိုင်ရဲ့ အဆုံးအဖြတ်ဖြစ်တဲ့အတွက် ဘုရင့်ရဲ့ အထောက်အပံ့များစွာ ရတာမျိုးတော့ရှိတယ် သတ်မှတ်နှုံးထား အဆောင်အယောင် အခြွေအရံစတာမျိုးတွေပေါ့

ဒါပေမယ့် သူမဟာ နိမ့်ကျတဲ့အခြေမနေမှာပဲ ကိုယ်စွမ်းဉာဏ်စွမ်းချို့တဲ့ပြီး ဆုပ်ယုတ်သွားမယ့်သူမျိုးမဟုတ်ပါဘူး ဘုရားရှင် ဝေသာလီပြည်ဖက်ကို ကြွလာတော်မူတုံးက ဘုရင် မင်းညီမင်းသားတို့ထက်အရင် ဘုရားကို ဆွမ်းကပ်နိုင်သူဖြစ်တယ်

တဖက်ပြည်က ဗိန္ဗိသာရမင်းနဲ့ရရှိခဲ့တဲ့ သားတော်ဟာလည်း ဝိမလကောဏ္ဍည ရန္တာတစ်ပါးအဖြစ် မြတ်ဗုဒ္ဓသာသနာမှာရှိပါတယ်

သူမကိုယ်တိုင်လည်း ဘဝနှောင်းပိုင်းမှာ သူမရဲ့ဘဝအစဥ်အလျှောက်ကို သတိသံဝေဂယူရင်း ရဟန္တာထေရီမအဖြစ် ဘဝဇာတ်သိမ်းသွားသူတစ်ယောက်ဖြစ်ပါတယ်

အတိတ်
.........

ဖုဿဘုရားရှင်လက်ထက်က နှမတော်တစ်ယောက်ဖြစ်ပြီး မောင်တော်မြတ်ဘုရားကို ကုသိုလ်ပြုဆုပန်ရာမှာ ဖြစ်ရာဘဝတိုင်း လှပသူတစ်ယောက်ဖြစ်ရပါလို၏တဲ့ မြင့်မြတ်တဲ့တရားအသိဉာဏ်ထက် သာမန်အလှအပရေးရာကို စိတ်ညွှတ်ဆုတောင်းခဲ့ခြင်းက သူမအဖို့ ဒုက္ခနဲ့သံသရာရှည်ဖို့ဖြစ်လာတယ်

ကဿဖဘုရားရှင်လက်ထက်မှာလည်း ထေရီမဖြစ် တရားကျင့်ကြံရင်း မိခင်ဝမ်းမှာ သန္ဓေတည်ရမှာကို ကြောက်ရွံ၍ ဆုတောင်းခဲ့သည့်အလျှောက် ဂေါတမဗုဒ္ဓလက်ထက်မှာ သရက်ပင်အောက်မှာ ကိုယ်ထင်ဖွားနည်းနဲ့ မွေးဖွားလာသူတစ်ယောက်ဖြစ်လာခဲ့တယ်

ဒီလိုထင်ရှားသူတစ်ယောက်ဟာ ထူးခြားတဲ့ အသိဉာဏ်ရှိလာမယ့် ဘဝမှာတောင် ဘာကြောင့် ပြည့်တန်ဆာဘဝနဲ့ ဖြတ်သန်းခဲ့ရလည်းဆိုတော့ သိခီမြတ်စွာဘုရားလက်ထက်မှာ သူမဟာ ထေရီတစ်ပါးပါပဲ ဘုရားရင်ပြင်မှာ တံတွေးထွေးလိုက်မိတဲ့ ရဟန္တာထေရီတစ်ပါးကို ပြည့်တန်ဆာမ အပျက်မလို့ နှုတ်ကဆဲရေးအပြစ်တင်မိလို့ပါ

သန်းထွန်း​လေး (အင်းတဲရွာ)
အောင်ညီကို ရွှေထည်စက်ဖြတ်နှင့်​ရွှေပန်းထိမ်လုပ်ငန်း
koloneypoe.blogspot.com

Wednesday, June 10, 2020

သျှိုင်းအောင် သို့မဟုတ် ဘုတလင်မြို့က သက်ရှိကြယ်တစ်စင်း

သျှိုင်းအောင် သို့မဟုတ် ဘုတလင်မြို့က သက်ရှိကြယ်တစ်စင်း
......................

အနုပညာရှင်ရဲ့ရင်တွင်း စိတ်ခံစားချက်တွေကို အခြေပြုပြီး လွင့်ပျံလာတဲ့ သံစဥ်လှိုင်းလေးတွေက
ကျွန်တော်တို့ရဲ့ ဘဝင်ကို လှိုက်ခတ် မိန်းမောသွားအောင် ဖမ်းစားစေနိုင်တယ်မဟုတ်လား

မင်း အနားကိုရောက်ရင် မကြည်သလိုနဲ့လှမ်းလို့ကြည့်တယ်
မင်း နောက်ကိုလိုက်ရင် ငြူစူပြီးမလိုက်နဲ့ပြောတယ်

မင်းသွားရာလမ်းလေးတိုင်းမှာ စောင့်နေမယ်
ပြောပြမယ် ချစ်တဲ့ခင်တဲ့တအကြောင်းကိုကွယ်

ချစ်ရတဲ့သူရယ် မျက်လုံးလေးများဝင့်ကာ
ခေါ်နေတာကို လှည့်ကြည့်ပါအုံး

ဒီသီချင်း​တွေကို  ခံစားနှစ်သက်ခဲ့ဖူးသူဖြစ်ပေမယ့် ဒီသီချင်းလေးကို ဖန်တီးမွေးထုတ်ပေးခဲ့တဲ့ ပညာရှင်ကိုမသိခဲ့ရိုးအမှန်ပါ

သူ့အကြောင်းကတော့
1963 ခုမှာ မုံရွာမြို့ ဦးခင်မောင်+ဒေါ်ခင်မြအေး တို့မှ မွေးဖွားခဲ့ပါတယ်

မွေးချင်းတွေကတော့
မအေးမြင့်မြတ်
ကိုထွန်းလှအောင်(သျှိုင်းအောင်)
ကိုဝင်းကျော်အောင် တို့ဖြစ်ပါတယ်

သူနဲ့ ကိုယ်တိုင်းစကားပြောဖူးပါတယ် ဖော်ရွေသဘောကောင်းသူဖြစ်ပြီး
ယခုအခါ ဘုတလင်မြို့မှာ မိသားစုနဲ့အတူ ပျော်ရွှင်စွာနေထိုင်နေပါတယ်

တစ်ခါက အဖျားကြီးရင်း သတိလစ်သလိုဖြစ်ပြီး သူ့စိတ်အလျင်မှာတွေ့လိုက်ရတဲ့
"ဆံရှည်လေးနဲ့ ကောင်မလေး''  ကို သီချင်းတွေဆိုလာကြချိန်မှာ ဖွင့်ချသီကုံးလိုက်တဲ့ "ကောင်မလေး''ကို မြင်ယောင်းရင်း

သျှိုင်း​အောင် official fb account
https://www.facebook.com/profile.php?id=100009014781077

#သန်းထွန်းလေး အင်းတဲရွာ
အောင်ညီကို ရွှေထည်စက်ဖြတ်နှင့်ရွှေပန်းထိမ်လုပ်ငန်း

https://www.youtube.com/playlist?list=PL4y-MgGOyRIXT3eZypwnwk2QvDPA06Ngd


Wednesday, November 20, 2019

ကင်းဝန်မင်းကြီး ဦးကောင်း


အဖ အတွင်းခြောက်စု နတ်သျှင်ရွေးတပ်တွင် အမှုထမ်းသော သွေးသောက်ကြီး ဦးမှို ၊ အမိ ဒေါ်နှင်းဆီတို့မှ ၁၁၈၃ ခု ၊ တပို့တွဲလဆန်း (၁၂) ရက် တနင်္ဂနွေနေ့တွင် ဖွားမြင်သည်
ငယ်မည်မှာ မောင်ချင်းဖြစ်သည် မွေးချင်း ၇ ယောက်အနက် ဒုတိယသား ဖြစ်သည်

ဇာတိဒေသမှာ ယခု ပုလဲနှင့် ဆားလင်းကြီး မြို့နယ်များ ဖြစ်သော ဗန့်ကျီတိုက်နယ် ၊ဆင်ရှင်မြို့နယ် မုန်တိုင်ပင်ရွာဖြစ်သည်

ဇနီးသည်မှာ ပုဂံမင်း၏ မိဖုရား (ကိုယ်လုပ်တော်) တစ်ဦးဖြစ်သော ဆင်ကြန်သခင် ဖြစ်သည်

အဂ္ဂမဟာသေနာပတိ ဝန်ရှင်တော်မင်းကြီး” ဟူသော အမည်ဖြင့် ကျော်စော ထင်ရှားလာသောအခါ မင်းကြီးအား ဂုဏ်ပြုသောအားဖြင့် “မုန်တိုင်ပင်ရွာ” ကို “မင်းတိုင်ပင်ရွာ” ဟုပြောင်းလွဲ ခေါ်ဝေါ်ကြကုန်၏။

အသက် (၇) နှစ်တွင် ငှက်ပျောတော ကျောင်းထိုင်ပုဂ္ဂိုလ် ခင်ကြီးစံထံတွင် ပညာသင်ကြား၍ အသက် (၁၀) နှစ်တွင် ရှင်သာမဏေ ဖြစ်သည်။

ကိုရင်ရဟန်း
.................
ကိုရင် ဘဝနှင့် ရဟန်းဘဝတို့တွင် စာပေ ပရိယတ္တိတို့၌ လွန်စွာ စိတ်အား ထက်သန်၍ ရဟန်းခံပြီး မကြာမီအတွင်း အမရပူရမြို့ သာသနာပိုင် ဗားကရာ ဆရာတော်၏ ကျောင်းတိုက်တွင် သီတင်းသုံးခဲ့သည်။

ဘွဲ့တော်မှာ ဦးအာသဘ ဖြစ်သည်။

သက္ကရာဇ် ၁၁၉၈-ခုနှစ် အသက် ၁၅-နှစ်အရွယ်တွင် သျှင်အာသဘသည် ဆရာမိဘတို့ထဲမှ ခွင့်ပန်၍ စစ်ကုန်းရွာကျောင်း ဆရာ-ဘုန်းတော်ကြီး ဦးအာသဘထံ၌ အဘိဓာန်၊ဆန်း၊အလင်္ကာ ပါဌ်အနက်များကို ကြိုးစားအားထုတ် ကျက်မှတ် သင်ကြားသည်။

ထို့နောက်မှလည်း ပဒူးရွာကျောင်း ဘုန်းတော်ကြီး ဦးဥတ္တမထံ၌၎င်း၊ ငါးရံ့အို-မြစ်စုတ်ရွာကျောင်း ဘုန်းတော်ကြီး ဦးကျော်ခေါင်ထံ၌၎င်း၊ ပြောင်းရွှေ့နေထိုင်ပြီးသကာလ သင်ရိုး-ပိဋကတ်ကျမ်းဂန်များကို နှံ့စပ်အောင် အားထုတ်သင်ကြားသည်။

ဦးရန်ဝေးနှင့်
................
ပဒူးရွာကျောင်း ဘုန်းတော်ကြီး ဦးဥတ္တမကား နောင်သောအခါ ဦးရန်ဝေးဟု ထင်ရှား ကျော်စောလာသူ၏ ဦးရီးဖြစ်လေသည်။ထိုစဉ်အခါကလည်း ပဒူးရွာသား ဦးရန်ဝေးသည် ထိုပဒူးရွာကျောင်း၌ပင်လျှင် ဦးပဉ္စင်း ဦးသုဒ္ဓအဖြစ်နှင့် ရှိသောကြောင့် သျှင်အာသဘနှင့် လွန်စွာ ခင်မင်ရင်းနှီးသော ဆရာတပည့် အဖြစ်သို့ရောက်ခဲ့ သည်။

သက္ကရာဇ် ၁၂၀၉-ခုနှစ် အသက် ၂၉-နှစ် ရှိသောအခါ ဦးပဉ္စင်း ဦးအာသဘသည် ငါးရံ့အို-မြစ်စုတ်ရွာ ကျောင်းမှသည် အမရပူရမြို့ ဗားကရာတိုက်ကျောင်းတော်ကြီးသို့ ပြောင်းရွှေ့သီတင်းသုံးတော်မူလေသည်။

ထိုအခါ ပဒူးရွာ ဦးဥတ္တမကျောင်းတွင် နေခဲ့ကြစဉ်က ဆရာဖြစ်ခဲ့ဘူးသည့် လူမည်ဦးရန်ဝေး၊ ရဟန်းဘွဲ့ဦးဝိသုဒ္ဓအား ထိုဗားကရာတိုက်တော်ကြီးအတွင်း အနောက်ဖက် ရွှေရေးကျောင်းတွင် ကျောင်းထိုင် ပုဂ္ဂိုလ်အဖြစ်နှင့် ပြန်လည် တွေ့ရပြန်လေသည်။

မင်းမှုထမ်း
.............
အမရပူရ စတုတ္ထနန်းစံ “မဟာလောကရံသီ စေတီတော်၏ ဒါယကာ” ပုဂံမင်းတရားကြီးလက်ထက် မင်းတုန်းတောင်စဉ် ခုနစ်ခရိုင်ကို အသုံးကံကျွေးခံ လွှတ်တက်မင်းသားကြီးက ရွှေရေးကျောင်း ဘုန်းတော်ကြီး ဦးဝိသုဒ္ဓအား “ပညာဗဟုသုတအရာ လေ့လာရှာမှီးသူတို့ကို အလိုတော်မြတ်ရှိကြောင်း” နှင့် လျှောက်ထားလေသောကြောင့် ဦးဝိသုဒ္ဓက မိမိ၏တပည့်ရင်းဖြစ်သော ဦးအာသဘအား အကြောင်းကုန်ပြန်ကြား၍ လူဝတ်လဲစေပြီးနောက် မင်းတုန်းမင်း အပါးတော်တွင် မြဲစွဲထမ်းရွက်စေလေသည်။

မောင်ချင်းမှမောင်ကောင်းသို့
.........................................
ထိုအခါ မင်းတုန်းမင်းက “ငချင်း” ဟူသော အမည်မှာ မဖွယ်မရာ မလျောက်မပတ်၊ “ငါ၏ ဘီတော် အလောင်းမင်းတရားကြီးဘုရားလည်း ပြည်ထောင်ဘက် ကျေးကျွန်ကြီးဖြစ်သော သေနတ်ဝန် မောင်ကောင်းနှင့် တိုင်းပြည်နိုင်ငံ တည်ထောင်တော်မူသည်ဖြစ်ရာ ထိုသေနတ်ဝန်အမည်ကို ခံစေ”ဟု အမိန့်တော်မြတ် ချမှတ်တော်မူသည့်အတိုင်း ငယ်မည် “မောင်ချင်း”မှ “မောင်ကောင်း” အမည်သို့ ပြောင်းလဲစေပြီးလျှင် ၁၂၁၁-ခုနှစ်မှစ၍ မိမိ၏ မင်္ဂလာအိမ်တော်တွင် စွဲမြဲ ခယမ်းစေတော်မူသည်။

ကင်းဝန်မင်းကြီးအဖြစ်သို့
..........
၁၂၂၈-ခုနှစ်တွင် မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်း ပေါ်ပေါက်ခဲ့၍ အိမ်ရှေ့မင်း ကနောင်မင်းသား ကျဆုံးသဖြင့် မင်းတုန်းမင်းသည် အလုံဝန် ဦးကောင်းအား နေပြည်တော်သို့ ပြန်လည် ခေါ်ယူတော်မူပြီးလျှင် မင်းကြီး မဟာစည်သူ ဘွဲ့နှင့် ဝန်ထောက်တော် ရာထူးဖြင့် အပါးတော်၌ ခစားစေသည်။ အရေးတော် အေးငြိမ်းသွားသည့် အခါ၌ ကြည်းကင်း ၊ ရေကင်း စသည်တို့ကို အုပ်ချုပ်ရန် ဝန်ထောက် ကင်းဝန်ရာထူးသို့ တိုးမြှင့်ပေးခဲ့လေသည်။ ထိုအချိန်မှစ၍ ကင်းဝန်မင်းကြီးဦးကောင်းဟု ထင်ရှား ကျော်ကြားလာလေသည်။

ကင်းဝန်ဆိုသည်မှာ
.........................
နေပြည်တော် ၊ မြို့ကြီး ၊ ရွာကြီးများတွင် အကာအကွယ် ၊ အစောင့်အရှောက်ထားသော ကင်းစစ်သည်တို့ကို အုပ်ချုပ် ခန့်ခွဲရုံသာ မဟုတ်သေး ၊ နယ်စပ်ဒေသတို့တွင် ကူးလူးဆက်သွယ် ရောင်းဝယ်နေကြသော ကုန်သည် ၊ ခရီးလမ်းတို့ကိုပါ အုပ်ချုပ်၍ အကောက်ခွန်များ စည်းကြပ်ရသည့် တာဝန်လည်း ပါဝင်လေသည်။

နိုင်ငံတကာခရီးသွားသံအမတ်ကြီး
........................
ပထမအကြိမ် ၁၂၃၃ ခုနှစ် တပေါင်းလဆုတ် ၉ ရက်နေ့တွင် လန်ဒန်သို့ မင်းတုန်းမင်းတရားကြီး စေလွှတ်သောသံအဖွဲ့ကို ကင်းဝန်မင်းကြီး ဦးကောင်း ဦးဆောင်ခဲ့၏။

ထိုသံအဖွဲ့မှာ မြန်မာနိုင်ငံမှ ဥရောပနိုင်ငံများသို့ ပထမဦးဆုံး စေလွှတ်ခဲ့သော သံအဖွဲ့ဖြစ်သည်။

ဗြိတိန်၊ အိုင်ယာလန်၊ ပြင်သစ်၊ အီတလီနိုင်ငံသို့ သွားရောက်ကာ နိုင်ငံအစိုးရချင်း ဆက်သွယ်ရေး၊ ကုန်သည်ကြီးများ၊ ကုမ္ပဏီကြီးများနှင့် စီးပွားရေး ဆက်သွယ်မှုများကို ဆောင်ရွက်ခဲ့သည့်ပြင် ထိုနိုင်ငံတို့၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ကာကွယ်ရေးတပ်များဖွဲ့ပုံနှင့် ကာကွယ်ရေးစီမံမှုတို့ကို လေ့လာခဲ့၏။

သီဟိုဠ်ကျွန်း (ယခု သီရိလင်္ကာနိုင်ငံ) တွင် ဗုဒ္ဓမြတ်စွယ်တော်အား ဖူးမြော်ပြီး စွယ်တော်ပွားတစ်ဆူကိုလည်း ပင့်ဆောင်ခဲ့သည်။

အိန္ဒိယဘုရင်ခံထံသို့လည်း ဝင်ရောက်ခဲ့ပေ၏။ ရန်ကုန်သို့ ရောက်သောအခါ အသွားခရီးကဲ့သို့ပင် အင်္ဂလိပ်အရာရှိများ၏ နှောင့်ယှက်ရှာဖွေ စစ်ဆေးမှုများ ခံခဲ့ရပေသည်။

ဒုတိယအကြိမ် ၁၂၃၅ ခုနှစ်၊ တပေါင်းလဆုတ် ၁၂ ရက်နေ့တွင် ကင်းဝန်မင်းကြီးပင် ဦးဆောင်၍ ပြင်သစ်နိုင်ငံသို့ မြန်မာသံအဖွဲ့တစ်ဖွဲ့ ထပ်မံသွားရောက်ခဲ့ရာ ပြင်သစ်သံ ကောင်ဒီရော်ရွှပါ လိုက်ပါသွားခဲ့သည်။

ထိုအကြောင်းကို ကင်းဝန်မင်းကြီးရဲ့ လန်ဒန်သွားခရီးသွားမှတ်တမ်းနဲ့ ပဲရစ်သွားခရီးသွားမှတ်တမ်း ဖတ်ကြည့်ပါ အလွန်အင်မတန်ကို အသေးစိတ်လေ့လာခဲ့ကြောင်းတွေ့ရပါလိမ့်မည် နှစ်အုပ်စလုံး အိမ်မှာရှိပါတယ် ရွာကမိတ်ဆွေတွေ လာငှားနိုင်ပါတယ်

ကျွန်စနစ်ဖျက်သိမ်းဖို့
............
၁၂၄၅ ခုနှစ်တွင် သူ၏အစီအမံဖြင့် သူတစ်ပါးအိမ်တွင် ကြေးယူ၍ ကျွန်အဖြစ် အသက်မွေးနေကြသော လူကြီး ၂၄၀၊ ကလေးသူငယ် ၁၁၅၄ ယောက် ကို ငွေအမ်းရွေးယူပြီးလျှင် သူတို့ဆန္ဒအလျောက် သာသနာ့ဘောင်သို့ သွတ်သွင်းခဲ့၏။ ထိုအစီအမံတို့ကို အစိုးရအနေဖြင့် ဆောင်ရွက်ပေးခဲ့၏။

ရရှိခဲ့သည့် ဘွဲ့ထူးများ
................... .........
ကင်းဝန်မင်းကြီး နိုင်ငံခြားသို့ သံအဖြစ် မသွားမီ အဂ္ဂမဟာ သေနာပတိ ဝန်ကြီးအဖြစ် ခန့်အပ်ခြင်း ခံရသည်။ သီပေါမင်း လက်ထက်တွင် သက်တော်ရှည်ဘွဲ့ ၊ သုဓမ္မဘွဲ့တို့ ရရှိခဲ့သည်။ နိုင်ငံခြားသို့ သွားရောက်စဉ်တွင် ပြင်သစ်သမ္မတက တံဆိပ် တစ်ခုနှင့် အီတာလျံ ဘုရင်က ရင်သိုင်းနှင့် တံဆိပ် တစ်ခုကိုလည်းကောင်း ၊ ဝိတိုရိယ ဘုရင်မက CSI ဘွဲ့ထူးဖြင့်လည်းကောင်း ချီးမြှင့်ခြင်း ခံခဲ့ရသည်။

ရေးသားခဲ့သမျှ
.....................
ကင်းဝန်မင်းကြီး ပြုစုခဲ့သော ကျမ်းများမှာ မြန်မာ စာပေလောကတွင် များပြားလှသည်။ ကဗျာဘက်တွင် ရတု ၊ အိုင် ၊ ရကန် ၊ သဖြန် ၊ တေးထပ် ၊ ဧချင်း ၊ မော်ကွန်း ၊ လူးတား ၊ ပျို့ စသည်ဖြင့် မျိုးစုံကို ပြောင်မြောက်စွာ ရေးသားခဲ့သည်။ ထင်ပေါ်သော ကျမ်းများမှာ စကားပြေဖြင့် လန်ဒန်သွား ၊ ပြင်သစ်သွား နေ့စဉ် မှတ်တမ်းများ ၊ ဓမ္မသတ် (၃၆) စောင်ချုပ် ၊ အမွေမှု ဓမ္မသတ် ၊ အိမ်မှု ဓမ္မသတ် ကျမ်းနှင့် အခြား စာပေများ ဖြစ်သော တိဏ္ဍုကပျို့ ၊ ရတနာ နဒီ မော်ကွန်း ၊ ဓမ္မသတ် လင်္ကာများ ၊ အဍသံခေ ပဝဏ္ဏနာ ၊ ပကိဏ္ဏကဍ ဓမ္မသတ် လင်္ကာတို့ ပါဝင်သည်။ ဂီတဘက်တွင် ယိုးဒယား ၊ ပတ်ပျိုး ၊ ဟန်ချင်းများ ရေးဖွဲ့ခဲ့လေသည်။

ဘဝနိဂုံး
............
မြန်မာအစိုးရမင်းတို့ လက်ထက်တော်နှင့် အင်္ဂလိပ်အစိုးရမင်းတို့ လက်ထက် မင်းလေးဆက်တိုင် ရာထူးဌာနန္တရဘွဲ့ အမည်တံဆိပ်များနှင့်တကွ ချီးမြှောက်သူကောင်းပြုတော်မူသည်ကို ပါရမီဒဗ္ဗသန္ဘာရ သီလ သမာဓိ ပညာ ဗဟုသုတ ဒီဃာယုက ဟူသော ဂုဏ်ကျေးဇူးအပေါင်းနှင့် ပြည့်စုံသော ကင်းဝန်မင်းကြီး ဦးကောင်းသည် အသက် ၈၆ နှစ်၊ ၄ လ၊ ၂၂ ရက် အရွယ်တွင် သင်္ခါရသဘောကို မလွန်ဆန်နိုင်သည်ဖြစ်၍ မြန်မာသက္ကရာဇ် ၁၂၇၀ ပြည့်၊ ဝါဆိုလဆန်း ၃ ရက် (ခရစ် ၁၉၀၈ ခု၊ ဇွန်လ ၃၀ ရက်) အင်္ဂါနေ့ နံနက်ငါးနာရီတွင် ခန္ဓာပဉ္စကသမုတ္တိမရဏသဘောကို ရွေ့လျောကာ ကွယ်လွန်အနိစ္စ ရောက်ရလေသည်။

ကြွင်းကျန်ရစ်သော ရုပ်အလောင်းကို ရှေးမြန်မာမင်းတို့လက်ထက် အဂ္ဂမဟာသေနာပတိ ဝန်ရှင်တော်မင်းကြီး သက်တော်ရှည်အမတ်တို့ ကွယ်လွန်ရာ သင်္ဂြိုဟ်သည့် ဆောင်ရွက်မြဲဓလေ့ထုံးစံ အခမ်းအနားနှင့်အညီ တပ်မြို့တွင်း အိန္ဒိယ မဟာအတုလတာရာသဟာယ (C.S.I) စီအက်စ်အိုင်ဘွဲ့တံဆိပ်တို့ကို ချီးမြှင့်ခြင်း ခံခဲ့ရပေသည်။

ကိုး ဝိကိပိဒိယ

သန်းထွန်းလေး အင်းတဲရွာ
အောင်ညီကို ရွှေထည်စက်ဖြတ် ရွှေပန်းထိမ်နှင့် ရွှေအရောင်တင်လုပ်ငန်း


သန်းထွန်းလေး (အင်းတဲရွာ)

အငွေ့စားသူ ။။ ထေရီ(Htei Ri)

  "အငွေ့စားသူ" ................... ထေရီ(Htei Ri)   •သယ်...ဟယ်..ဟယ်.....   ငါကိုယ်တော်မြတ်   တစ်ဇတ်ဇတ်ကယ်တုန်   မိတ်ကပ်ရယ်အဖုံသားနဲ...

အထူး