ကိုလေး ☆ အင်းတဲ

ကိုလေး ☆ အင်းတဲ
Than Tun Lay .INDE
Showing posts with label သမိုင်းကြောင်းများ. Show all posts
Showing posts with label သမိုင်းကြောင်းများ. Show all posts

Monday, March 8, 2021

ကောင်းမှု​တော်​စေတီ



 ကျွန်တော့်ရဲ့ မွေးရပ်ဇာတိကနေ အသက်မွေးဝမ်းကြောင်း ပြုရာ ဒေသတွေကို လာတိုင်းလာတိုင်း ထုံးသင်္ကန်း ဖြူဖြူဖွေးဖွေးနဲ့ တည်ပုံစန်းကျယ်ပြီး မြင်လိုက် ဖူးလိုက်ရတာနဲ့တင် စိတ်နှလုံးမှာ အေးချမ်းစေတဲ့ ကောင်းမှုတော်စေတီကို အသေအချာ ကျကျနန မဖူးဘူးသေးပေမယ့် ခရီးသွားရင်း မကြာမကြာ မြင်တွေ့ ဖူးမျှော်ဖူးပါတယ်

ယခုထက်တိုင်ပေါ့


ကောင်းသည် ဆိုးသည်တော့ မဝေဖန်လိုပါဘူး ဒါပေမယ့် ကောင်းမှုတော်စေတီကို ထုံးသင်္ကန်းနဲ့ မဟုတ်ဘဲ ရွှေသင်္ကန်း ကပ်ထားတာတွေ့တော့ တစ်မျိုးကြီးဗျ


စေတီသမိုင်း

♕ ♕ ♕ ♕ 


စစ်ကိုင်းမြို့ မြောက်ဘက် ၆ မိုင်ခန့်အကွာ၌ တည်ရှိပြီး ဘွဲ့အမည်မှာ 

***ရာဇမဏိစူဠာ***

 ဖြစ်ပါတယ်


ဒါယကာမှာ 

***သာလွန်မင်းတရားကြီး*** 

ဖြစ်ပါတယ်


 မြန်မာသက္ကရာဇ် ၉၉၈ (၁၆၃၆)  တော်သလင်းလဆန်း ၁၀ ရက် တနင်္လာနေ့မှာ စေတီတော်ကို တည်ထားကိုးကွယ်ခဲ့ပါတယ်

စေတီတော် ပုံသဏ္ဍာန်

➳ ➳ ➳ ➳ ➳ ➳ ➳


  သီဟိုဠ်ဘုရင်ရဲ့ လက်ဆောင်ပဏာ ဖြစ်တဲ့ ဓာတ်တော်များကို စေတီတော် တည်ထားကိုးကွယ်ရာမှာ ဒါယကာတော် မင်းတရားကြီး အနေနဲ့ မည့်သည့်ပုံစံ တည်ထားကိုးကွယ်ရမှာကို မစဉ်းစားတတ်အောင် ဖြစ်နေခဲ့ပါတယ်


ဒါ့ကြောင့် ဓာတ်တော်များ သိုမှီထားအပ်ရာ ဆင်စွယ်ကြုပ်ကို မြင်ပြီ ဒီပုံသဏ္ဍာန် တည်ထားရင်ကောင်းမှာပဲဟု စိတ်ကူးကြံဆ အတွေးရခဲ့ပါတယ် 


စေတီတော်ကိုလည်း အများစေတီတော်တွေလို ရွှေသင်္ကန်း မဆက်ကပ်စေဘဲ ဆင်စွယ်ကြုပ်သဏ္ဍာန် ထုံးသင်္ကန်းသာ ကပ်လှူခဲ့ပါတယ်


စေတီတော်ဟာ ထုထည်ကြီးမားလွန်းတဲ့အတွက် တစ်ဖက်က ဆိုင်းသံကို တစ်ဖက်က မကြားနိုင်ဘူးရယ်လို့လည်း မှတ်သားဖူးပါတယ်


★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ 


စေတီတော်ကို ပစ္စယံ သုံးဆင့်ခံထား၍ သပိတ် မှောက်ထားသကဲ့သို့ တည်ထားပါတယ်


ဉာဏ်တော် ၁၀၁ တောင် 

လုံးပတ် ၅၀၂ တောင် ၂ မိုက် ၄ သစ်

ရှိပါတယ်


အုပ်ချပ်ရေပေါင်း ၁၀၁၂၆၅၅၂  ဖြင့် တည်ထားသည်ဟုလည်း သိရပါတယ်


စေတီတော်ကို ကျောက်ဆီမီးတိုင် ၈၀၂ တိုင်ဖြင့် ၀န်းရံထားပြီး 

မြန်မာ မွန် ရှမ်း အက္ခရာတို့ဖြင့် ဗုဒ္ဓဖြစ်တော်စဉ်များကို ရေးထွင်းပူဇော်ထားပါတယ်


♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ 


ဒီနေရာမှာ သာမန်အငြိမ့်လူပျက်တို့ရဲ့ ဟာသ စကားလေးတစ်ခွန်းက စေတီတော် ဖြစ်စဉ်သမိုင်းကို အနည်းငယ် ညစ်နွမ်းနေးစေတာ သတိချပ်စေလိုပါတယ် ပါးစပ်ရာဇဝင်တစ်ခု သာမန် ဟာသပျက်လုံးတစ်ခုဟာ စေတီသမိုင်း တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး နှောင်းလာနောက်သား ညီ ညီမငယ်တို့ အမှတ်မှား အသိမှားမှာ စိုးတဲ့အတွက် အဆိုပါ ပြက်လုံးကို သိရှိစေရန် ရေးသားပေးလိုက်ပါတယ် 


စေတီရဲ့ သမိုင်း အစစ်အမှန် မဟုတ်ပါ


✖✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖

  

 ပန်းရံဆရာက စေတီတော် တည်ရာမှာ ဘယ်ပုံသဏ္ဍာန် တည်ထားရမလည်းလို့ မင်းတရားကြီးကို လာလျှောက်တင်ရာမှာ မိဖုရား သွားမေးဆိုလို့ မိဖုရားကို သွားမေးရာ မိဖုရားက ကလေးနို့တိုက်နေချိန် ပန်ရံဆရာက လာမေးရာ စိတ်မရှည်တာနဲ့ ဒီပုံစံတည်လိုက် ဆိုပြီး ရင်သားကို လှန်ပြပါသတဲ့ .


✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ 

သန်းထွန်း​လေး (အင်းတဲရွာ)

အောင်ညီကို ရွှေထည်စက်ဖြတ် နှင့် ရွှေပန်းထိမ်လုပ်ငန်း

Wednesday, June 24, 2020

ညောင်ကန်မှ​ကြေးခေတ်သို့

ကြေးခေတ်ဆိုသည်မှာ ကြေးနီ၊ သံဖြူအပါအဝင် သတ္တုထည်များအား စနစ်တကျ ကျယ်ကျယ်ပျံ့ပျံ့ အသုံးပြုကြသည့် ခေတ်ကာလဟု ပညာရှင်များသုံသပ်သည်
လွန်ခဲ့​သောနှစ်​ပေါင်း ၄၅၀၀ မှ ၅၅၀၀ အတွင်းကာလာ
မြတ်ဗုဒ္ဓမ​မွေးဖွားမီ နှစ်ပေါင်း ၂၀၀၀ မှ ၃၀၀၀ အတွင်းကာလ
ခရစ်မပေါ်မီ နှစ် ၂၅၀၀ မှ ၃၅၀၀ အကြား ခေတ်ကာလဟု အပိုင်းအခြားပြုကြသည်

ထိုင်းနိုင်ငံ ဘန်ချိုင်းဒေသ၌ တူးဖော်တွေ့ရှိခဲ့သည့်  ကြေးခေတ်ဆိုင်ရာ အထောက်အထားများက ထိုင်းနိုင်ငံတွင် လွန်ခဲ့သော ဘီစီ ၄၀ဝ၀ ခန့်က ကြေးခေတ်  ပေါ်ထွန်းခဲ့သည်ဟု မှတ်ချက်ပြုကြပြီး နယ်မြေ ချင်းဆက်စပ်နေသည့် မြန်မာနိုင်ငံတွင်လည်း ကြေးခေတ်ထွန်းကားနိုင်ကြောင်း ကောက်ချက် ချခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ရှမ်းပြည် နယ်တောင်ပိုင်း၊ မြောက်ပိုင်းနှင့် မကွေးတိုင်း၌ ကြေးလက်နက် အသုံးအဆောင်များ တွေ့ရှိခဲ့၍ ဖြစ်သည်။

၁၉၉၈ ခုနှစ်သည် မြန်မာနိုင်ငံတွင် ကြေး ခေတ်ယဉ်ကျေးမှုထွန်းကားခဲ့ကြောင်း အခိုင် အမာတင်ပြနိုင်သောနှစ်ဖြစ်ခဲ့သည်။ စစ်ကိုင်း တိုင်းဒေသကြီး မုံရွာခရိုင်   ဘုတလင်မြို့နယ် ညောင်ကန်ရွာအနောက်ဘက်၌ ကြေးခေတ် ယဉ်ကျေးမှုဆိုင်ရာ အထောက်အထားများအား ခိုင်ခိုင်မာမာ တူးဖော်တွေ့ရှိခဲ့၍ဖြစ်ပါသည်။ အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ တက္ကသိုလ် များမှ ပညာရှင်များနှင့် နိုင်ငံတကာမှ ပညာ ရှင်များက လေ့လာသုံးသပ်ပြီး စည်းဝေးဆုံး ဖြတ်ချက်အရ တူးဖော်တွေ့ရှိရသော အထောက် အထားများမှာ မြန်မာနိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်း ၂၅၀ဝ မှ ၃၀ဝ၀ အတွင်း ကြေးခေတ် ယဉ်ကျေး မှုထွန်းကားခဲ့သည်ဟု  တရားဝင်ပြော ကြားခဲ့ပါသည်။

ညောင်ကန်
................

ညောင်ကန်ရွာသည် ဘုတလင်-ညောင်ကန်-ကန္နီကားလမ်းမပေါ်မှာရှိပြီး ဘုတလင်မှ ခုနစ် မိုင်ခန့်ဝေးသည်

ညောင်ကန်ရွာကြီး စတည်သောအခါ မဟာဗောဓိညောင်ပင်ကြီးနှင့် ရေကန်ကြီးကို တွေ့ရ၍ ညောင်ကန်ဟု အမည်တွင်ခဲ့ပါသည်

ထေရဝါဒဗုဒ္ဓသာသနာ၌ ဗုဓ်အစ၊ ဗုဓ် အလယ်၊ ဗုဓ်အဆုံးဟူ၍ ဗုဓ်သုံးဗုဓ်ရှိခဲ့ရာ

ဗုဓ်အစဆိုသည်မှာ ဗုဒ္ဓမြတ်စွာဘုရားရှင်
ဗုဓ် အလယ်ဆိုသည်မှာ အေဒီငါးရာစုအတွင်း အိန္ဒိယမှ သီဟိုဠ်ကျွန်းသြွို့ကချီပြီး အဋ္ဌကထာ များ ရေးသားခဲ့သော ရှင်မဟာဗုဒ္ဓဃောသ
ဗုဓ်အဆုံးမှာ ကုန်းဘောင်မင်းဆက် ဘကြီးတော် စစ်ကိုင်းမင်းလက်ထက် အဋ္ဌကထာကျမ်းပြု အကျော်
ဆရာတော်ဦးဗုဓ် မွေးဖွားခဲ့ရာဇာတိ ဖြစ်သည်

ကြေး​ခေတ်ရုပ်ကြွင်းများ
...............................

ရှင်မချောက်အနီးတွင် ရှေးဟောင်းသုတေသနဦးစီးဌာနမှ တူးဖော်ထိန်း သိမ်းစောင့်ရှောက်ထားသော မြန်မာ့ကြေး ခေတ်သင်္ချိုင်းဟောင်းနေရာရှိသည်

ကြေးခေတ်လူရုပ်ကြွင်းများ နှင့် မြေအိုးမြေခွက်တွေသာမက အရိုးစုများ၏နံဘေးတွင် ကြေးလှံသွား၊ ကြေးမြား၊ ကြေး ပုဆိန်များ၊ ကျောက်ကွင်း၊ ကျောက်လက်နက်၊ ကျောက်ပုတီးစေ့များကိုပါ တွေ့ရှိခဲ့သည်

လူ့အရိုးစုကြီးများသည် ကြီးမားရှည်လျားကာ မြောက်အရပ်သို့ ဦးခေါင်းပြုပြီး မြှုပ်နှံထား သည်ကိုတွေ့ရ၏။  တူးဖော်တွေ့ရှိရသည့် ငါးနေရာအား အဆောက်အအုံ ငါးလုံးဆောက် လုပ်ပြီး စည်းရိုးကာရံ၍ ထိန်းသိမ်းထားပါသည်။

နိုင်ငံခြားသားပညာရှင် အများအပြားလာရောက်  လေ့လာကြပြီး မြန်မာနိုင်ငံတွင် ကျောက်ခေတ် နှောင်းမှ ကြေးခေတ်သို့ ကူးပြောင်းရောက်ရှိ ခဲ့သည်ဟု အတည်ပြုခဲ့ပါသည်

သန်းထွန်း​လေး (အင်းတဲရွာ)
အောင်ညီကို ရွှေထည်စက်ဖြတ်နှင့်​ရွှေပန်းထိမ်လုပ်ငန်း




Monday, November 11, 2019

အမျိုးသားနေ့ (The National Day)

တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့သည် အမျိုးသားနေ့ဖြစ်ပါသည် ***

ငယ်ငယ်က ဘာမှ ရေရေရာရာ မသိချိန်ကတည်းကပဲ
ဆရာ ဆရာမတို့ ကျေးဇူးနဲ့ နှုတ်ထက်မှာ တတွတ်တွတ် ရွတ်ဆိုခဲ့ဖူးပါတယ်

အမျိုးသားနေ့ အကြောင်း တစ်စိတ်တစ်ဒေသ
❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆

ကောဇာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၁၀ ရက်
ခရစ်နှစ် ၁၉၂၀ ဒီဇင်ဘာလ ၅ ရက် တနင်္ဂနွေနေ့တွင် ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆန်( ယုဒသန်)ကောလိပ် ကျောင်းသားများက 
ဗြိတိသျှမင်းကြီး မတ်ဟန်းတား၏ University အက်ဥပဒေအရ  ဖွင့်လှစ်မည့်  ရန်ကုန်တက္ကသိုလ်က စတင်ကန့်ကွက် သပိတ်မှောက်ဆန္ဒပြခဲ့သောနေ့ဖြစ်ပါသည်

မတ်ဟန်းတား၏အက်ဥပဒေ
✖ ✖ ✖ ✖ ✖ ✖ ✖
  
၁ - မြန်မာနိုင်ငံ၌ တက္ကသိုလ် တစ်ခုတည်းသာ ရှိရမည်
တက္ကသိုလ်အောက်တွင် ကောလိပ် တစ်ကျောင်းသာ ရှိရမည်

၂ - ကောလိပ်ကျောင်း၌ ပညာသင်ကြားလိုသူများသည်  ကျောင်းအိပ်ကျောင်းစား  နေနိုင်သူများသာ ဖြစ်ရမည်

၃ - တက္ကသိုလ်ဝင်စာမေးပွဲ မထားရှိတော့ဘဲ အစိုးရကပြုလုပ်သော High School Final ခေါ် ဆယ်တန်းစာမေးပွဲကို အောင်ရမည်။English စာနှင့်အခြားဘာသာရပ်တစ်ခုခုကို  ထူးချွန်အောင်မြင်မှ အဆိုပါတက္ကသိုလ်ကို တက်ခွင့်ရမည်

၄ - ဂုဏ်ထူးနှင့် ဝိဇ္ဇာတန်းတွင် တစ်ခါဖြေဆို၍ မအောင်မြင်ပါက  နောက်နောင် ဖြေဆိုခွင့်မပြု

၅ - High School Final အောင်၍ တက္ကသိုလ်ဝင်ခွင့်ရသော်လည်း တက္ကသိုလ်ပညာရပ် ပြင်ဆင်မှုအတန်းတွင် တစ်နှစ်နေနိုင်ရမည်

၆ - ပြင်ဆင်မှုအတန်းတွင် တစ်နှစ်နေသော်လည်း နှစ်ကုန်တွင် တက္ကသိုလ်ပညာရပ်များကို လိုက်နာရန်
အရည်အချင်းမရှိသေးဟု သတ်မှတ်လျှင် တက္ကသိုလ်ပညာရပ်များကို  ဆက်လက်သင်ကြားခွင့်ရမည်မဟုတ်

အမျိုးမျိုးကန့်ကွက်နေသည့်  ကြားကပင် ၁၉၂၀ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင်
မြန်မာနိုင်ငံ၏ ဗြိတိသျှ ဒုတိယဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက်က ရန်ကုန်အက်ဥပဒေကို ထောက်ခံခဲ့သည်။တဖန် ရန်ကုန်တက္ကသိုလ်  အက်ဥပဒေကို အိန္ဒိယဘုရင်ခံ  ချမ်းစဖို့ဒ်က အတည်ပြုရန်  ထုတ်ပြန်ကြေညာခဲ့ပြန်သည်။

✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖

မြန်မာနိုင်ငံရဲ့ ပညာရေး အခြေအနေကို ရည်ရွယ်ချက် ရှိရှိ ထိန်းချုပ်ဖို့ရာ ကျိုးစားခဲ့တဲ့ အဆိုပါ အက်ဥပဒေကို
ဗုဒ္ဓကလျာဏယုဝ (YMBA) အသင်းကြီးက ဦးဆောင်ပြီး နယ်ချဲ့ဗြိတိသျှ အစိုရကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သပိတ်မှောက်ရန် ကြိုးစားခဲ့သည်

     သြဂုတ်လ ၁ ရက်နေ့တွင် ဗုဒ္ဓကလျာဏယုဝ အသင်းကြီးက  ကြီးမှူး၍ ဂျူဗလီဟောတွင်
ရန်ကုန်မြို့လုံးကျွတ် အစည်းအဝေးကြီးကို ကျင်းပကာ-
   
၁ - ရန်ကုန်တက္ကသိုလ် အက်ဥပဒေက်ို အများပြည်သူများ မကြိုက်ကြသောကြောင့်  ၁၉၂၀ သြဂုတ်လတွင်  ကျင်းပမည့် ဥပဒေပြုအဖွဲ့က ဒိုင်အာခီအုပ်ချုပ်ရေးစနစ် စတင်မည့် ၁၉၂၃ အထိ ဆိုင်းငံ့ထားရန်
      
၂ - နောင်အခါ ပညာတတ်များနည်းပါးစေရန်  ရည်စူးပြီး  ထိုဥပဒေကို ထုတ်ခဲ့သော ဗြိတိသျှမင်းကြီး  မတ်ဟန်းတားအား  မြန်မာနိုင်ငံမှာ  ပြောင်းရွေ့ပေးရန် တောင်းဆို ခဲ့ကြသည်
             
၁၉၂၀ပြည့်နှစ် ဒီဇင်ဘာ ၅ရက်တွင် တက္ကသိုလ်ကျောင်းသားကြီးများ  ဦးဆောင်သော  ပထမကျောင်းသားသပိတ်သည်  စတင်ခဲ့ရာ  မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်သို့  တစ်ဟုန်ထိုး ပျံ့နှံ့သွားခဲ့လေတော့သည်

ဝံသာနုအသင်းကြီး (GCBA)
❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆

၁၉၂၀ပြည့် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ဝံသာနုအသင်းကြီး (GCBA) ဖွဲ့စည်းကာ
အောက်ပါဆုံးဖြတ်ချက်များကို  ချမှတ်ခဲ့သည်

၁ - မြန်မာနိုင်ငံအရပ်ရပ် အမျိုးသားကျောင်းများ တည်ထောင်ဖွင့်လှစ်ရန်

၂ - ရန်ကုန်မြို့၌ အမျိုးသား တက္ကသိုလ် ကျောင်းကြီးတစ်ကျောင်း တည်ထောင်ဖွင့်လှစ်ရန်

၃ - အသင်းချုပ်ကြီးနှင့် ဆက်သွယ်ထားသော အသင်းခွဲများက တည်ထောင်ထားခဲ့သော ကျောင်းများကိုလည်း  အမျိုးသားကျောင်းများအဖြစ် ပြောင်းလဲရန်

၄ - အမျိုးသားကျောင်းများကို စုပေါင်းအုပ်ချုပ်ရန်၊လိုအပ်သော စီစဉ်ညွှန်ကြားချက်များကို ပြုလုပ်နိုင်ရေးအတွက် အမျိုးသားပညာရေးတစ်ခု ဖွဲ့စည်းထားရှိရန်
                
အထက်ပါဆုံးဖြတ်ချက်များကို ဦးမောင်ကြီး(M.A)ဥက္ကဋ္ဌအဖြစ်ပါဝင်ပြီး အမှုဆောင်အဖွဲ့ဝင် ၃၂ဦးတို့ဖြင့် ဖွဲ့စည်းလိုက်သည်

ဤသို့ဖြင့် ၁၉၂၁ခုနှစ် သြဂုတ်လ ၂၄ ရက်တွင် ရန်ကုန်မြို့ ဗဟန်းရပ် ရွှေကျင်ကျောင်းတိုက် ဦးအရိယကျောင်း၌ အမျိုးသားကောလိပ်ကို စတင်ဖွင့်လှစ်နိုင်ခဲ့ရာ များမကြာမီ နယ်မြို့ကြီးများတွင် အမျိုးသားကျောင်းများ  ဖွင့်လှစ်နိုင်ခဲ့ပါသည်

➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳

အမျိုးသားနေ့ကို သတ်မှတ်ရန် အတွက် .....

သီပေါမင်း ပါတော်မူသော တန်ဆောင်မုန်းလဆုတ် ၈ ရက်နေ့

ဦးဥတ္တမထောင်ကျခဲ့သော ၁၂၈၃ ခု နယုန်လကွယ်နေ့ 
တို့ကို အဆိုပြုကြရာ သပိတ်မှောက်ကောင်စီဝင် ဦးမြင့်က နန်းကျသောနေ့နှင့် ထောင်ကျသောနေ့သည် မင်္ဂလာမရှိ၍ နယ်ချဲ့ဗြိတိသျှအား ပထမဦးဆုံး ထိထိရောက်ရောက် သပိတ်မှောက်ခဲ့သော

*** တန်ဆောင်မုန်းလဆုတ် ၁၀ရက်နေ့ ***

ကိုသာ အမျိုးသားနေ့အဖြစ် သတ်မှတ်သင့်ကြောင်း အဆိုပြုကြရာ အားလုံးက သဘောတူလကိခံခဲ့ကြသည်

*** ထို့ကြောင့် တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့ကို   အမျိုးသားနေ့ဟု ခေါ်ပါသည် ***

☺ ☺ ☺ ☺ ☺ ☺ ☺ ☺ ☺ ☺ ☺ ☺ ☺

ကိုး -- Facebook - Google

သန်းထွန်းလေး
အင်းတဲရွာ
koloneypoe@gmail.com
koloneypoe.blogspot.com


Wednesday, November 6, 2019

ဂဠုန်ဦးစော၏ ဘဝကောက်ကြောင်း



....................................................
အချို့သောသမိုင်းတွေဟာ နိုင်သူတွေရေးတဲ့အတွက် မုချအမုန်ပါလို့ ဆိုနိုင်ပ့ါမလား
လူပုဂ္ဂိုလ်တစ်ယောက်ကို သုံးသပ်ရာမှာလည်း ရေးသူရဲ့ချစ်ခင်ရင်း မုန်းတီရင်း ကြည်ညိုခြင်း ဆက်စုပ်ခြင်းအားလျှော်စွာ အနည်းငယ်မျှတော့ မမျှတမှုလေး‌တွေ ရှိကောင်းရှိနိုင်ပါတယ်
သမိုင်းစာ‌တွေ ပါးစပ်ရာဇဝင်‌တွေတိုင်းမှာ ဦးစောအကြောင်း‌ပြောလိုက်တာနဲ့ နိုင်ငံတော်လုပ်ကြံသူ ဆက်စုပ်စရာ ရွံ့မုန်းစရာ ပုဂ္ဂိုလ်တစ်ဦးအဖြစ်သာ ‌တွေ့နိုင်ပါတယ် သူ့ရဲ့အခြားသော ဘဝအစိတ်အပိုင်း‌တွေကို မမြင်နိုင်တဲ့အထိ အမှားတစ်ခုက အရိပ်ထိုးသွားတယ်
သူဟာ ရုပ်ရှင်ထဲက လူဆိုးတွေလို ‌မွေးကတည်းက မကောင်းမှု‌တွေနဲ့သာ ‌မွေ့လျော်တတ်တဲ့ သူတစ်ယောက်မဟုတ်ပါဘူး သူလိုငါလို ဘဝကနေ နိုင်ငံရေးစင်မြင့်ထက်မှာ ထိပ်တန်းအဆင့်ရှိတဲ့ဘဝကို ကျိုးစားတည်ဆောက်ခဲ့သူတစ်ယောက်ဖြစ်တယ်
ကြီးမားလွန်းတဲ့အမှားအတွက် သူကိုယ်တိုင် ခက်ခက်ခဲခဲ ကျိုးစားတည်ဆောက်ခဲ့ရတဲ့ဘဝဟာ သူ့ရဲ့ ဘဝစာမျက်နှာထက်က ကွယ်‌ပြောက်သွားတယ် ဒါဟာ ကျွန်တော်အပါအဝင် လူသားတိုင်းသတိချပ်သင့်တဲ့ သင်ခန်းစာယူသင့်တဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်
ကျွန်တော်အတွက်တော့ ကိုယ်မသိမမီလိုက်တဲ့သူတစ်ယောက်ကို ချစ်ဖို့ မုန်းဖို့ဆိုတာ ခက်ပါတယ်
ထူးချွန်သူ‌တွေကိုလည်း သူတို့ရဲ့စွမ်းဆောင်ရည်အတွက်‌ လေးစားအားကျနေရုံနဲ့တော့ ပြီးမယ်လို့မထင်ဘူး အတုယူကျင့်သုံးပါမှ ကိုယ့်ဘဝအတွက် တိုးတက်မှာမဟုတ်လား ထို့အတူပဲ ဆိုးသွမ်းတဲ့သူ‌‌ေတွကိုလည်း မုန်းတီးရွံရှာနေရုံနဲ့တော့ ဒေါသဆိုတဲ့ အကုသိုလ်ကလွဲပြီး ဘာမှရလာမှာမဟုတ်ပါဘူး ဆင်ခြင်သုံးသပ်ပြီး ကိုယ်မှာလည်း အဲ့ဒီလိုအကျင့်မျိုးမရှိအောင် ဆင်ခြင်နေထိုင်ပါမှဆိုတဲ့သဘောနဲ့ သမိုင်းတွေ အတ္ထုပ္ပတ္တိတွေ ရုပ်ရှင်တွေ ဝတ္ထုဇာတ်လမ်းတွေကို ဖတ်မှတ်ကြည့်ရှုပါတယ်
‌ဘဝကောက်ကြောင်း
။။။။။။။။။။။။။။။။။
အုတ်ဖိုမြို့နယ် ကိုင်းကြီးရွာဇာတိဖြစ်၍
အဘမြေပိုင်ရှင် ဦးဖိုးကြူး၊ အမိ ဒေါ်ပန်းတို့မှ
၁၉၀၀ ပြည့်နှစ်၊ မတ်လ (၁၆)ရက် (မြန်မာ သက္ကရာဇ် ၁၂၆၂ ခု၊ ကဆုန်လပြည့်ကျော် (၄)ရက်) ဗုဒ္ဓဟူးနေ့ ည (၇)နာရီ (၃၀) မိနစ်တွင် ဖွားမြင်သည်။
မွေးချင်းလေးယောက်အနက် ဒုတိယမြောက်ဖြစ်သည်။
ကြို့ပင်ကောက်မြို့ ရိုမန်ကက်သလစ် သာသနာပြုကျောင်း၌ သတ္တမတန်းအောင်မြင်သည်အထိ ပညာသင်ကြားခဲ့သည်။ ထို့ပြင် အင်္ဂလိပ်စာကို ကာလကတ္တား (ယခု ကိုးလ်ကတ္တား) မြို့သို့ သွားရောက် သင်ကြားခဲ့သည်။ ၁၉၂၇ ခုနှစ်တွင် တတိယတန်းရှေ့နေ စာမေးပွဲ အောင်မြင်ကာ ရှေ့နေလိုက်ခဲ့သည်။
နိုင်ငံရေးသမား
။။။။။။။။။။။။
သာယာဝတီမြို့မ ဝံသာနုကောင်စီတွင် စက္ကရီတေရီ အဖြစ်ဆောင်ရွက်ခဲ့သည်။
၁၉၂၁ ခု ဂျီ၊ စီ၊ ဘီ၊ အေ အကွဲတွင် ဖခင် ဦးဖိုးကြူး နှင့်အတူ (၂၁)ဦးအဖွဲ့ ဘက်က ပါဝင်သည်။
၁၉၂၅ ခုပထမအကြိမ် ဒိုင်အာခီ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရာ ရှုံးနိမ့်ခဲ့သည်။ ၁၉၂၇ ခုနှစ်တွင်မူ ဒိုင်အာခီရွေးကောက်ပွဲတွင် သာယာဝတီတောင်ပိုင်း မဲဆန္ဒနယ်မှ မင်းတိုင်ပင် အမတ်အဖြစ် အရွေးခံရသည်။
၁၉၂၉ ခုနှစ်တွင် ဝါရင့်နိုင်ငံရေးသမား သာယာဝတီဦးပု ကို အနိုင်ရကာ လွှတ်တော်အမတ် အဖြစ်ဆက်လက် အရွေးခံရသည်။
၁၉၃၁ ခုနှစ် ဥပဒေပြုကောင်စီတွင် ဦးစောသည် ဂဠုန်ဆရာစံ၏ တောင်သူလယ်သမား တော်လှန်ရေးနှင့် ပတ်သက်ပြီး အင်္ဂလိပ်အစိုးရသည် ပုန်ကန်သူများအား ရက်ရက်ဆက်ဆက် နှိပ်ကွပ်ခဲ့ကြောင်း အစိုးရထံ အိတ်ဖွင့်ပေးစာ တစ်စောင် ရေးသားခဲ့သည်။
ထို့ပြင် အင်္ဂလိပ်ဘာသာဖြင့် မြန်မာပြည်အရေး စာအုပ်တစ်အုပ် ရေးသားကာ နိုင်ငံခြားသို့ တင်ပို့ရာ အင်္ဂလိပ်အစိုးရ၏ ပိတ်ပင်တားဆီးမှုခံရသည်။ သာယာဝတီ တောင်ပိုင်းအမတ် ဦးစောသည် “၁၉၃၀-၃၁ ခုနှစ်မြန်မာပြည်အရေး” စာအုပ်ကို ရေးသား ထုတ်ဝေရာ အစိုးရအား အကြည်ညိုပျက်စေသော စာသားများ ပါဝင်၍ ပုဒ်မ ၁၂၃ (က) အရ အပြစ်ပေးနိုင်ကြောင်း အထူးဂေဇက် အထုတ်ခံရသည်။
ဂဠုန်ဆိုတဲ့ အမည်
။။။။။။။။။။။။။။။
တောင်သူလယ်သမား တော်လှန်ရေး ခေါင်းဆောင်ကြီး ဂဠုန်ဆရာစံ၏ နောက်လိုက်များ အတွက် ရှေ့နေလိုက်ပေးခဲ့သည် ထိုစဉ်က မည်သည့်ရှေ့နေမှ ထိုအမှုအတွက် မလိုက်ရဲကြ မလိုက်လိုကြချေ
ဥပဒေပြုလွှတ်တော် အစည်းအဝေး တွင်လည်း ဆရာစံ တောင်သူလယ်သမား ပုန်ကန်မှုနှင့်ပတ်သက်၍ အင်္ဂလိပ်အစိုးရ၏ အရေးယူ ဆောင်ရွက်မှုများကို ပြင်းပြင်း ထန်ထန်ဝေဖန် ပြောကြားရာ ထိုစဉ်က ပြည်ထဲရေးအတွင်းဝန် “မစ္စတာ ဘုသ်ဂရေဗလီ (Mr. Booth Gravely) ကဦးစောအား “မောင်စော ဂဠုန်ဖြစ်လာပြီ”ဟု ပြောရာမှ “ဂဠုန်ဦးစော”ဟု အမည်တွင် လာသည်။
ကျိုးပမ်းမှုမျာ
။။။။။။။။။။။။
၁၉၃၂ ခုနှစ် ဒိုင်အာခီရွေးကောက်ပွဲတွင် သာယာဝတီတောင်ပိုင်း မဲဆန္ဒ နယ်မှ အရွေးခံရာ ရှုံးနိမ့်ခဲ့ပြန်သည်။ သို့သော် နောက်ဆယ်လကျော် အကြာ ကြားဖြတ် ရွေးကောက်ပွဲ၌ ဟင်္သာတ မြောက်ပိုင်း မဲဆန္ဒနယ်မှ အရွေးခံရသည်။
၁၉၃၄ ခုနှစ်တွင် ဦးစောသည် ရန်ကုန် မြူနီစီပယ်လူကြီးအဖြစ် ဝင်ရောက် ဆောင်ရွက်သည်။ ၁၉၃၅ ခုနှစ်၊ မေလ (၂၃) ရက်နေ့တွင် သူရိယသတင်းစာ ကိုယ်စားလှယ်အဖြစ် ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့သည်။ အပြန်တွင် ကိုးရီးယား၊ တရုတ်၊ ထိုင်း၊ ပသျှူးကျွန်းဆွယ် (မလေးကျွန်းဆွယ်) စသော နိုင်ငံများသို့ လှည့်လည်သွားရောက်ကာ အဆိုပါနိုင်ငံ၏ အဆာဟိရှင်ဘန်း သတင်းစာကိုလည်း လေ့လာခဲ့သည်။
ဂျပန်မှအပြန် ဦးစောသည် “ကိုယ်တွေ့ဂျပန်ပြည်”စာအုပ်ကိုရေးကာ သူရိယမှ ထုတ်ဝေခဲ့သည်။ ထို့နောက်သူရိယ သတင်းစာရှယ်ယာများ ထပ်မံဝယ်ယူပြီး ၁၉၃၆ ခုနှစ်တွင် သူရိယသတင်းစာ၏ ဒါရိုက်တာအဖွဲ့ဝင် ဖြစ်လာသည်။
၁၉၃၇ ခု၊ မေလ (၁၂) ရက်နေ့တွင် ဂဠုန်ဦးစောနှင့် ဇနီးဒေါ်သန်းတင်တို့က အိန္ဒိယ ခေါင်းဆောင် ပန်ဒစ်ဂျဝါဟလာနေရူးနှင့် သမီး အင်ဒီရာဒေဝီတို့အား ဧည့်ခံဂုဏ်ပြုခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် သူရိယသတင်းစာ အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်သည်။
ဂဠုန်စစ်သူကြီး
။။။။။။။။။။။။
၁၉၃၆ ခုတွင် ဂဠုန်စစ်သူကြီးဘွဲ့ခံကာ ဂဠုန်တပ်၏ ဗိုလ်ချုပ် အဖြစ်ဆောင်ရွက်သည်။ ၁၉၃၆ ခု ဒုတိယ ကျောင်းသား သပိတ်ကာလတွင် ကျောင်းသားများနှင့် ရင်းနှီးမှုရရန် ကြိုးစားခဲ့သည်။ ၁၉၃၈ ခု၊ မတ်လတွင် မျိုးချစ်ပါတီကို ဖွဲ့စည်းခဲ့သည်။
မျိုးချစ်ပါတီဌာနချုပ်ကို သူရိယသတင်းစာ တိုက်မျက်နှာချင်းဆိုင် နေရာနှင့် ဦးစော၏ မရမ်းကုန်းမြို့နယ်ရှိ အေဒီလမ်း (ယခု မေခလမ်း) အမှတ် (၄) နေအိမ်တွင်ထားရှိသည်။ မျိုးချစ်ပါတီတွင် ဝတ်လုံတော်ရ ဦးအေး၊ ဖျာပုံသူဌေး၊ ဦးအုန်းခင်၊ ဟင်္သာတဦးမြ၊ ပဲခူးဦးစိန်ဝင်းတို့ ခေါင်းဆောင်များ အဖြစ်ပါဝင်သည်။
၁၉၃၉ ခု၊ ဖေဖော်ဝါရီလ (၁၆)ရက်နေ့ လွှတ်တော်အစည်းအဝေးတွင် ဒေါက်တာဘမော် ဦးဆောင်သော ညွန့်ပေါင်း အစိုးရအား အယုံအကြည်မရှိအဆို ထပ်မံတင်သွင်းရာ (၇၀) မဲ၊ (၃၇) မဲဖြင့် အနိုင်ရသည်။ ၁၉၃၉ ခု၊ မေလ (၃၀) ရက်နေ့တွင် ရွှေကျင်ဦးပု ဦးဆောင်သည့် ညွန့်ပေါင်းအစိုးရအဖွဲ့၌ ဦးစောသည် လယ်ယာနှင့် သစ်တောရေးရာ ဝန်ကြီးဖြစ်လာသည်။
နန်းရင်းဝန်
။။။။။။။။။
၁၉၄၀ ပြည့်နှစ်၊ စက်တင်ဘာလ (၉)ရက်နေ့ လွှတ်တော်အစည်းအဝေးတွင် နန်းရင်းဝန် ရွှေကျင်ဦးပုအား အယုံအကြည်မရှိ အဆို ထပ်မံတင်သွင်းပြီး ရာထူးမှ ဖြုတ်ချကာ ဦးစောကိုယ်တိုင် နန်းရင်းဝန်အဖြစ် အစိုးရအဖွဲ့ကို ဦးဆောင်ခဲ့သည်။
နန်းရင်းဝန် (ဝန်ကြီးချုပ်) ဖြစ်စဉ်က ဦးစောသည် မြန်မာအမျိုးသမီးများကို စောင့်ရှောက်ရန် ဥပဒေတစ်ခု ပြဋ္ဌာန်းခဲ့သည်။ ယင်းဥပဒေမှာ “ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးများ ထိမ်းမြားလက်ထပ်ခြင်းဥပဒေ”ဖြစ်သည်။
၁၉၄၀ ပြည့်နှစ်တွင် ဗိုလ်မှူးကြီး စူဇူကီး (ဗိုလ်မိုးကြိုး)မြန်မာနိုင်ငံသို့ လာရောက်သောအခါ ဦးစောသည် ဗိုလ်မှူးကြီး စူဇူကီးအား ခေါ်ယူတွေ့ဆုံကာ မြန်မာ့လွတ်လပ်ရေးအတွက် ဂျပန်ထံမှ အကူအညီများ လိုချင်ကြောင်း ပြောကြားခဲ့သည်။
အဖမ်းခံရပြီ
။။။။။။။။။။
၁၉၄၁ ခု၊ အောက်တိုဘာလ (၈) ရက်နေ့တွင် နန်းရင်းဝန်ဦးစောသည် အိုင်စီအက်စ်ဝန်ထမ်း ဦးတင်ထွတ်ကို အကြံပေးအဖြစ် ခေါ်ဆောင်ပြီး နန်းရင်းဝန် အက်တလီနှင့် တွေ့ရန် အင်္ဂလန်သို့ သွားရောက်ခဲ့သည်။
အင်္ဂလန်တွင် နန်းရင်းဝန် အက်တလီနှင့် တွေ့ခွင့်ရသော်လည်း စစ်ပြီးလျှင် မြန်မာနိုင်ငံအား ဒိုမေနီယန် အုပ်ချုပ်ရေးပေးရန် တောင်းဆိုရာ အောင်မြင်မှု မရခဲ့ချေ။ အင်္ဂလန်မှအပြန် ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့အရောက် ဂျပန်ကောင်စစ်ဝန်ရုံးသို့သွားပြီး ပေါ်တူကီနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနှင့် တွေ့ဆုံကာ မြန်မာနိုင်ငံတွင်းသို့ ဂျပန်များ ဝင်ရောက်လာပါက ဗြိတိသျှတို့ကို တိုက်ခိုက်ရာတွင် ကူညီဦးမည်ဟု စကားကမ်းလှမ်းခဲ့သည်၊
ထို့အကြောင်းကို ဗြိတိသျှစုံထောက်များ သိရှိပြီး ဂျပန်သံရုံးနှင့် ဆက်သွယ်မှုဖြင့် ပါလက်စတိုင်း (အစ္စရေး) ပြည် ဟိုင်ဖာမြို့တွင် အင်္ဂလိပ်အစိုးရ၏ ထိန်းသိမ်း ထားခြင်းခံရသည်။
၁၉၄၂ ခု၊ ဇန်နဝါရီလ (၁၈) ရက်နေ့တွင် နန်းရင်းဝန်ဦးစောအား မြန်မာပြည်သို့ ပြန်ခွင့်မပြုဘဲ ဆက်လက်ထိန်းသိမ်းလိုက် ကြောင်း အင်္ဂလိပ်အစိုးရက ကြေညာခဲ့သည်။
တစ်နယ်တစ်ကျေးရောက် နိုင်ငံရေးအကျဉ်းသာ
။။။။။။။။။။။။။။။
ဦးစောအား ဒုတိယ ကမ္ဘာစစ်အတွင်း အာဖရိကတိုက် ယူဂန္ဒာနိုင်ငံ၏ အကျဉ်းချ အိုင်စီအက်စ် ဦးတင်ထွတ်အား အိန္ဒိယနိုင်ငံ ဆင်မလားသို့ပို့ပြီး မြန်မာပြည်စစ်ပြေးအစိုးရ၏ အကြံပေးအဖြစ် ဆောင်ရွက်စေခဲ့သည်။
ထို့နောက် ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၆ ခု၊ ဇန်နဝါရီလ (၂၇) ရက်နေ့တွင် နန်းရင်းဝန်ဟောင်း ဦးစောသည် ယုဂန္ဒာနိုင်ငံမှ မြန်မာပြည်သို့ ပြန်လည်ရောက်ရှိလာသည်။ မေလတွင် မျိုးချစ်ပါတီကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ ၁၉၄၆ ခု၊ စက်တင်ဘာလ (၁၂)ရက်နေ့တွင် မြန်မာပြည်ဘုရင်ခံ ဆာဟူးဘတ်ရန့် ခေါ်ယူတွေ့ဆုံခြင်းခံရသည်။
နာကျဉ်းချက်
။။။။။။ ။။။
ထိုနှစ် စက်တင်ဘာလ (၂၁)ရက်နေ့တွင် ရန်ကုန်မြို့ မြေနီကုန်း (အထက ၂ စမ်းချောင်းကျောင်းရှေ့) စိန့်ဖလိုမီနာကျောင်းရှေ့၌ သေနတ်ပစ်ခံရ၍ မျက်စိဒဏ်ရာရခဲ့သည်။
၎င်းလုပ်ကြံမှုအား ဗိုလ်ချုပ်အောင်ဆန်းက နောက်ကွယ်မှ စေခိုင်းခဲ့သည်ဟု ထင်မှတ်၍ အငြိုးအတေးထားခဲ့သည်။
ပညာရေးဝန်ကြီး
။။။။။။။။။။။။။
စက်တင်ဘာလ (၂၆) ရက်နေ့တွင် ဘုရင်ခံ၏ အမှုဆောင်ကောင်စီ၌ ပညာရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရသည်။ ၁၉၄၇ ခု၊ ဇန်နဝါရီလ(၉) ရက်နေ့တွင် ဗြိတိသျှအစိုးရ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ဆွေးနွေးရန် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်အဖြစ် အင်္ဂလန်သို့ သွားရောက်ခဲ့သည်။
ပြောင်းလည်းလာသောသဘောထားများ
။။။။။။။
ဇန်နဝါရီလ (၂၇) ရက်နေ့တွင် မြန်မာ့လွတ်လပ်ရေး အတွက် ချုပ်ဆိုသော အောင်ဆန်း-အက်တလီစာချုပ်ကို ထိုစဉ်ကအဖွဲ့ဝင်အဖြစ်လိုက်ပါသော သခင်ဗစိန်နှင့်အတူ လက်မှတ်ထိုးရန် ငြင်းဆိုပြီး စာချုပ်ကို ကန့်ကွက်ခဲ့သည်။
မြန်မာပြည်ပြန်ရောက်ပြီး ဖေဖော်ဝါရီလ (၁၉) ရက်နေ့တွင် သခင်ဗစိန်နှင့်အတူ ဝန်ကြီးအဖြစ်မှ နုတ်ထွက်ခဲ့သည်။ အစိုးရအဖွဲ့မှ နုတ်ထွက်ပြီးနောက် သခင်ဗစိန်၊ ဒေါက်တာဘမော်တို့နှင့်အတူ “မဟာဗမာ”အဖွဲ့ ဖွဲ့စည်း၍ ဖဆပလအတိုက်အခံအဖြစ် ဆောင်ရွက်သည်။ ထိုစဉ်က မဟာဗမာအဖွဲ့ကို စာနယ်ဇင်းများတွင် “စောစိန်မော်ဂိုဏ်း”ဟု ကင်ပွန်းတပ်ခံရသည်။
လုပ်ကြံမှု
။။။။။။။
ထို့နောက် ၁၉၄၇ ခု၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ဂဠုန်ဦးစောသည် သူ၏နောက်လိုက်များအား ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကို လုပ်ကြံရန် စေခိုင်းခဲ့သည်။
အဖမ်းခံရခြင်း
။။။။။။။။။။။
ဗိုလ်ချုပ်တို့ လုပ်ကြံခံရသည့်နေ့ ညနေပိုင်းမှာပင် ထိုလုပ်ကြံမှု၏ တရားခံ များဖြစ်သော ဦးစောနှင့် အပေါင်းအပါများအား ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဖွဲ့စည်းပေးထားသော သောင်းကျန်းမှု နှိမ်နင်းရေးတပ် တပ်ရင်းအမှတ် (၁)မှ တပ်ခွဲမှူး ဗိုလ်သိန်းဟန်နှင့် ရဲဘော်များသည် မရမ်းကုန်းမြို့နယ် အေဒီလမ်း (ယခု မေခလမ်း) အမှတ် (၄)ရှိ ဦးစောအိမ်သို့ဝိုင်းပြီး အိမ်တွင်းအိမ်ပြင် ရှာဖွေဖမ်းဆီးကာ စုံထောက် အင်စပိတ်တော် မစ္စတာဂျပ် ခေါင်းဆောင်သော ရဲအဖွဲ့လက်သို့ အပ်ခဲ့သည်။
ကြိုးပေးခံရခြင်း
။။။။။။။။။။။။။
ထို့နောက်ဦးစောနှင့် အပေါင်းအပါများအား ဦးကျော်မြင့်၊ ဦးအောင်သာကျော်နှင့် ဦးစီးဘူးတို့ ပါဝင်သော အထူးခုံရုံးမှ အချိန်ယူ စစ်ဆေးပြီး ပြစ်မှုထင်ရှားသဖြင့် ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် သေဒဏ်စီရင်ချက် ချမှတ်ခဲ့လေသည်။ တရားခံများက အဆင့်ဆင့်အယူခံ ဝင်ခဲ့သည်။
နောက်ဆုံး အယူခံလွှာကို ၁၉၄၈ ခု၊ ဧပြီလ (၂၀) ရက်နေ့တွင် တရားလွှတ်တော်ချုပ်မှ ပယ်ချလိုက်သည်။ ထို့နောက် သမ္မတထံ သနားခံလွှာ တင်သွင်းခဲ့ပြန်ရာ ခင်မောင်ရင်၊ သုခနှင့် မောင်နီတို့အပေါ်တွင် ချမှတ်ထားသော သေဒဏ်အမိန့်ကို ပယ်ဖျက်ပြီး တစ်သက်တစ်ကျွန်း ထောင်ဒဏ်သို့ လွှဲပြောင်းပေးခဲ့သည်။
ကျန်တရားခံများဖြစ်သော ဂဠုန်ဦးစော၊ သက်နှင်း၊ မောင်စိုးနှင့် မှုန်ကြီးတို့အား အင်းစိန်အကျဉ်းထောင်တွင် လည်းကောင်း၊ စိန်ကြီးနှင့် ရန်ကြီးအောင်တို့အား ရန်ကုန်အကျဉ်းထောင် (ယခု ရန်ကုန် အထွေထွေရောဂါ ကုဆေးရုံနေရာ)တွင်လည်းကောင်း၊ ၁၉၄၈ ခု၊ မေလ (၈) ရက်နေ့ အရုဏ်တက်ချိန်(၅)နာရီခွဲတွင် တစ်ချိန်တည်း ကြိုးဒဏ် စီရင်ခဲ့လေသည်
ဘဝနိဂုံး ပုံရိပ်များ
။။။။။။။။။။။။။။
ဦးစောသည် သူ့အားပေးသော နံနက်လက်ဖက်ရည်ကို အခန်း၌ ဆွမ်းတော်ကပ်၍ ဖယောင်းတိုင်သုံးတိုင် ထွန်းညှိပြီး ပူဇော်ခဲ့သည်။
ပြီးနောက် အကျဉ်းဌာန မင်းကြီးဦးဘမောင်၊ ဆရာဝန်၊ တရားသူကြီး၊ အင်းစိန်ခရိုင်ဝန်၊ ခရိုင်ရဲဝန်၊ ထောင်အာဏာပိုင်များ စသည်တို့ကို ပြုံးရွှင်စွာ နှုတ်ဆက်သည်။
ဦးစောသည် ရှမ်းဘောင်းဘီ အပြာရောင်ကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသည်။
ကြိုးစင်ရှိရာ ထွက်ခွာလာစဉ် အကျဉ်းထောင် အဆောင်များအလယ်ရှိ ဘုရားရုပ်ပွားတော်တစ်ဆူ ကိုးကွယ်ထားရာကို လွန်လာသဖြင့် ပြန်လှည့်၍ ဒူးတုပ်ဝပ်ချသည်။
ထို့နောက် ကြိုးစင်ဘက်သို့ ဆက်လက်ထွက်ခွာရာတွင် မြင်ရာလူကို လှမ်းပြီး နှုတ်ဆက်သည်။ အထူးခုံရုံး နာယက ဦးကျော်မြင့်နှင့်တကွ သူ့ကိုတာဝန်အရ ဆောင်ရွက်ရသည့် သူများအား မုန်းထားမှု မရှိပါဟု မှာကြားခဲ့သည်။ ထို့နောက် တည်တည် ငြိမ်ငြိမ်ပင် ကြိုးစင်ပေါ်သို့ တက်သွားလေသည်။
ကြွင်းကျန်သော ရုပ်ကလာပ်ကို အင်းစိန်ထောင်ကြီး အနီးရှိ ပေါက်တော သင်္ချိုင်းတွင်ပင် မြေမြှုပ်သင်္ဂြိုဟ်လိုက်သည်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဤသို့ဖြင့် ‌မြေပိုင်ရှင်ရဲ့သား အညတရ ရွာသားလေးဘဝမှ
သာယာဝတီမြို့မ ဝံသာနုကောင်စီတွင် စက္ကရီတေရီ
သာယာဝတီတောင်ပိုင်း မဲဆန္ဒနယ်မှ မင်းတိုင်ပင် အမတ် မှစ၍
ဂဠုန်စစ်သူကြီး နန်းရင်းဝန် ပညာဝန်တစ်ယောက်အဖြစ် ဘဝဇာတ်ခုံမှာ ဇာတ်ရုပ်အစုံကပြရင်း
နိုင်ငံတော်လုပ်ကြံသူတစ်ယောက်အဖြစ် ဘဝဇာတ်သိမ်းခဲ့သူတစ်ယောက်ရဲ့ ဘဝဖြစ်စဉ်အကျဉ်း ပြီးပါပြီ
ဆင်ခြင်သုံးသပ်ရင်း သင်ခန်းစာယူနိုင်ကြပါစေကြောင်း.....
သန်းထွန်းလေး အင်းတဲရွာ
အောင်ညီကိုရွှေထည်စက်ဖြတ်လုပ်ငန်း
ကိုး ဝိကိပိဒိယ

Tuesday, August 20, 2019

အလောင်းတော်ကဿပ

.......................

မုံရွာခရိုင်၊ ယင်းမာပင်မြို့နယ်တွင် တည်ရှိသည်
အနောက်တောင်ဘက်တွင် မဟူရာတောင်
အနောက်ဘက်နှင့် အနောက်မြောက်ဘက်တို့တွင် ပုံတောင် ပုံညာတောင်
မြောက်ဘက်တွင် ပုံတောင် ပုံညာတောင် အဆက် ခေါက်လောက်တောင်ရှိသည်

အချို့က  ဝေပုလ္လ၊ ဝေဘာရနှင့် ဂိဇ္ဈကုဋ်တောင်ဟု ဆိုသည်

မုံရွာမြို့၏ အနောက်မြောက်ဖက်တွင်ဖြစ်ပြီး မိုင် ၆၀ခန့် ကွာဝေးသည်
မုံရွာမှ ချင်းတွင်းမြစ်တစ်ဘက်သို့ ကူး၍ ယင်းမာပင်မြို့သွားလမ်းအတိုင်း သွားလျှင် မိုင်၄၀ခန့်အကွာတွင်  သလောက်ရွာရှိသည် သလောက်ရွာမှ အလောင်းတော်ကဿပသို့  ၁၇ မိုင်ခန့် ထပ်မံသွားရသည်

ကနီလမ်းမှလာလျှင် ညောင်ပင်လယ်ရွာသို့ မိုင် ၂ဝခန့် ဝေးပြီး ညောင်ပင်လယ်ရွာမှ ၁၇ မိုင်ကျော်ခန့် ဝေးသည်

ရင်ပြင်မှာ အလျားပေ ၁ဝဝ၊ အနံပေ ၆ဝခန့်ရှိပြီး နှစ်ဆောင်တွဲဖြစ်၍ အရှေ့မြောက်ဘက်အဆောင်တွင် အလောင်းတော် ရှိသည် အနောက်တောင်ဘက် အဆောင်သည် အာရုံခံဖြစ်သည်

တန်ဆောင်းနှစ်ဆောင်တွဲ၍ အလျားပေ ၃ဝ၊ အနံ ၄၂ ပေခန့် ရှိသည်။ အာရုံခံတန်ဆောင်းဘက်၌ ကြေးစည် ကြီးငယ်အလုံးပေါင်း ၈ဝ ဆွဲချိတ်ထား၍ တန်ဆောင်းအနီးတွင် ခေါင်းလောင်းကြီး သုံးလုံးနှင့် စေတီငယ် တစ်ဆူ ရှိသည် တန်ဆောင်းအတွင်းတွင် မထေရ်မြတ်ကြီးကိုရည်မှန်၍ အုပ်ရိုး အင်္ဂတေဖြင့် သွန်းထားသောပုံတော်ရှိသည် ရွှေချပူဇော်ထားသည်

ပုံတော်သဏ္ဍာန်
 ..............

အလောင်းတော်သည် လက်ယာနံတောင်းဖြင့် လျောင်း၍ လက်ယာလက်ကို ပက်လက်ဖြန့်ကာ ခေါင်းအုံးလျက် အနောက်မြောက်သို့ ဦးခေါင်းပြုထားပြီး ပရိနိဗ္ဗာန်စံတော်မူပုံ ဖြစ်သည်

အ​ဆောင်တော်အတွင်း အလောင်းတော်၏ ခေါင်းရင်းဘက် ရှေ့နားတွင် မတ်ရပ်တော် တစ်ဆူ ရှိ၏

အလောင်းတော်၏ အနောက်မြောက်ယွန်း အထက်စောင်းတန်း ကုန်းမြင့်ပေါ်တွင် ငါးတောင်ခန့်အနက်ရှိသော ရေတွင်းတစ်ခုရှိသည် မေတ္တာရေတွင်းဟု အမည်ရသည်

ပတ်ဝန်းကျင်အနေအထား
......................
မဟူတောင်တွင် လုံးပတ်အတောင် ၂ဝ ခန့်ရှိသော ကျွန်းပင်မောင်နှမ ရှိသည်ဟု ဆိုကြသည်

အလောင်းတော်တည်ရာ ကုန်းမြင့်အောက်သို့ တောင်ဘက်မှ ချောင်းမကြီးခေါ် တောင်ကြားချောင်းသည် စီးဝင်ငုပ်လျှိုးသွားပြီးလျှင် မြောက်ဘက်မှပြန်ထွက်၍ နောက်ဆုံး ချင်းတွင်းမြစ်သို့ စီးဝင်သည်

ထိုချောင်း ကုန်းပြင်အောက်ဝင်ရာ အဝ (တောင်ဘက်ပေါက်)ကို အထက်ရေစပြင် ဟုခေါ်၍ ထွက်ရာအဝ (မြောက်ဘက်ပေါက်)ကို အောက်ရေစပြင် ဟုခေါ်သည်။ ထိုအဝနှစ်ခု အကြား ချောင်းငုပ်နေသော အကွာကား ပေ ၁၅ဝ ကျော် ၂ဝဝ နီးပါး ရှိသည်။

ဘုရားဖူးများသည် အဓိဋ္ဌာန်၍ ဆွမ်းတော်ပွဲများကို အထက်ရေစပြင်မှ မျှောချလိုက်သောအခါ ဆွမ်းတော်ပွဲသည် ငုပ်သွားသောချောင်းထဲသို့ ရေစီးအလိုက်ပါသွားလေရာ အောက်ရေစပြင်မှ ထွက်လာသောအခါ ဆွမ်းများပါမလာဘဲ ခွက်ချည်း ထွက်လာသည်ဟုဆိုသည်

အတောင် ၂၀ ခန့် ဝင်မိလျှင် ကျောက်သားပိတ်၍ တွင်းခေါင်းဆုံးနေလေသည်။ ထိုပိတ်နေသော ကျောက်ခေါင်းထဲတွင် ကဿပအလောင်းတော်အစစ် ရှိသည်ဟု အယူရှိကြသည်


သမိုင်း
......

အလောင်းတော်ကဿပဟု ဆိုရာ၌ ဂေါတမမြတ်ဗုဒ္ဓ၏ ရှေ့​၌ ပွင့်တော်မှုပြီးသော ကဿပမြတ်စွာဘုရားမှ အစပြု၍ မြတ်ဗုဒ္ဓသာသနာမှာ ကဿပ ပေါင်းများစွာရှိပါတယ်
ဥရုဝေဠကဿပ၊ နဒီကဿပ၊ ဂယာကဿပ၊ ရှင်မဟာကဿပ ကုမာရ ကဿပ တို့အပြင် သာသနာနှောင်းပိုင်းမှာလည်း သီဟိုဠ်ကဿပ ကိဉ္စိပူရကဿပ တို့ရှိသည့်အပြင်
နရပတိစည်သူမင်းလက်ထက်တွင် ထင်ရှားသော ပေါင်းလောင်းရှင်ကဿပ ဟူ၍ ကဿပအမည်ဖြင့် ထင်ရှားသော ပုဂ္ဂိုလ်ထူး အများအပြားရှိပါတယ်

ထို့အပြင် မေဓာလင်္ကာရ ပရမသဒ္ဓမ္မ ရာဇိဓိရာဇာဂုရု တံဆိပ်တော်ရ ပြည်ဆရာတော်ကြီးက တောင်ကြားရွာသား ရှင်ကဿပဖြစ်သည်ဟု ဆိုသည်

ဒေသခံတို့ကတော့ မြတ်ဗုဒ္ဓရဲ့ တတိယ အဂ္ဂသာဝက ပထမသင်္ဂါယနာတင် ရှင်မဟာကဿပ ဟူ၍ လည်းကောင်း၊ ပေါင်းလောင်ရှင် ကဿပ ဟူ၍လည်းကောင်း ဝိဝါဒအနည်းငယ် ကွဲပြားကြပေမယ့် အများစုကတော့ တတိယအဂ္ဂသာဝက အရှင်မြတ်ကြီးလို့ပဲ ယုံကြည့်ကြပါတယ်

သို့ရာတွင် ရှင်မဟာကဿပကြီးသည် ရာဇဂြိုဟ်ပြည် ပထမသင်္ဂါယနာတင်ရာ ဝေဘာရတောင်၌ပင် ပရိနိဗ္ဗာန်ပြုသည်ဟု ကဿပ သံယုတ် အဋ္ဌကထာတွင် ဆိုခြင်းကြောင့် ကျမ်းဂမ်အရ ရှင်မဟာကဿပကြီး ဖြစ်နိုင်ရန် အလှမ်းဝေးကွာလွန်းနေပါတယ်

ပေါင်းလောင်းရှင်ကဿပ နှင့် တောင်ကြားရွာသား ရှင်ကဿပ  ဟုဆိုလျှင်တော့ ငြင်းနိုင်ဖွယ်သိပ်မရှိဘဲ ယုတ္တိနှင့်နီးစပ်နိုင်ပါတယ်

ပေါင်းလောင်းရှင်ကဿပ ထေရုပ္ပတ္တိ
...................................

နရပတိစည်သူမင်းလက်ထက် ထီးလင်းမြို့စီရင်စု ပေါင်းလောင်ရွာ ဇာတိဖြစ်၍ ပုဂံမြို့တောင်ဘက် ခရီးတစ်တိုင်ကျော်ကွာသော တောရကျောင်း၌ သီတင်းသုံးတော်မူသည်။

ဆရာတော်သည် သီဟိုဠ် အနှံအပြား ဘုရားဖူးကြွပြီးနောက် သီဟိုဠ်မှ ဓာတ်တော် ၃၇ ဆူနှင့် မေးရိုးတော်တစ်ဆူ ပင့်ခဲ့ပြီးလျှင် အထက်မြန်မာနိုင်ငံတစ်ခွင် ဘုရားများ အနှံအပြားတည်သည်။

ထိုဘုရားတည်ရာ အရပ်တို့ ၌လည်း လှည့်လည်၍ သီတင်းသုံးတော်မူသည်။ ယောနယ်ဘက်သို့လည်း သာသနာပြု ကြွတော်မူတတ်သည်။

မြင်းမူ တောရကျောင်းမှ အမြင့်တောကျောင်း၊ တုံတောကျောင်းမှဖြတ်၍ ယောနယ်ဘက်သို့ သာသနာပြုကြွအသွား ယခု ပုံညာတောင် နှင့် မဟူတောင်တို့ဆုံရာ အလောင်းတော်နေရာ၌ ပရိနိဗ္ဗာန်ပြုလေသည်။

ရွာသားများ ကိုးကွယ်သူ ဒါယကာများက ကောင်းစွာ သဂြိုဟ်ကြပြီးလျှင် အထိမ်းအမှတ်သဘောနှင့် ကိုယ်စားပုံတော် အလောင်းတော်သဏ္ဍန် တည်ထားကိုးကွယ်ရာမှ အလောင်းတော်ကဿပဟု ဝေးနီးအနှံ ကျော်စောလာသည်ဟု ဆိုကြသည်။


တောင်ကြားရွာသား ရှင်ကဿပ
.............................

သက္ကရာဇ် ၇၆၃ ခုနှစ် နန်းတက်သော ပထမမင်းခေါင် လက်ထက်က တောင်ကြားရွာမှ ရဟန်းဖြစ်သော ကဿပအမည်ရှိသော ရဟန်းတစ်ပါးသည် သီဟိုဠ်ကျွန်းသို့သွား၍ စာပေကျမ်းဂန် သင်ယူတတ်မြောက်သောအခါ ပြန်လာပြီးလျှင် မုံရွာမြို့တောင်ဘက် ချင်းတွင်းမြစ်၏ အရှေ့ဘက်ကမ်းတွင်ရှိသော အမြင့်မြို့အနီး ရွှေလှေအရပ်၌ တိုက်တာတည်လျက် တပည့်သံဃာများစွာတို့ဖြင့် စာပေကျမ်းဂန် ပို့ချ သင်ကြား၍ နေလေသည်။

လူထုပုရိတ်သတ်တို့နှင့် အစဥ်ထိတွေ့ဆက်ဆံနေရသည်ကို ငြီးငွေ့တော်မူပြန်သဖြင့် မုံရွာမြို့အနောက် ကျောက်မျက် အရပ်သို့ သွားရောက်နေတော်မူသည်။

ကျောက်မျက်အရပ်၌ နေတော်မူရာတွင် ဆေးအကြောင်း ကောင်းစွာ သိကျွမ်းတော်မူသည်ဟု ကျော်ကြားပြန်သဖြင့် ရှေးကထက် ပရိတ်သတ်များစွာ လာကြသောကြောင့် ကျောက်မျက်မှ ခရီးတစ်သောင်းငါးတိုင်ခန့် ဝေးသော တောင်ခြေရင်းတည်ရှိသော ငသလောက်ခေါင်းပြောင် အရပ်သို့ ကြွ၍ သီတင်းသုံးတော်မူသည်။

ငသလောက်ခေါင်းပြောင် အရပ်၌ နေရာတွင်လည်း လူတို့သည် သတင်းနားထောင်၍ ကြားရာအရပ်သို့လိုက်လျက် ဖူးမျှော်ဆည်း ကပ်ကြပြန်သဖြင့် နေ့မစဲ၊ ညဉ့်မစဲ၊ ပရိတ်သတ် တသဲသဲ ဆူညံနေကြသောကြောင့် ငြီးငွေ့စက်ဆုပ်တော်မူပြန်သဖြင့် ၂၅ ခုသော တောင်များကိုကျော်လွန်၍ သွားရသော ယခု အလောင်းတော် ကဿပခေါ်သော တောင်ကမ်းပါးယံအနီး၌ ဧကစာရ သီတင်းသုံး နေတော်မူသည်။

ထိုသို့ ခဲယဉ်းသော တောတောင်ကြား၌ နေတော်မူငြားလည်း ရှေးဘုန်းရှေးကံ ဖြည့်ဆည်းခဲ့ဖူးသော ပါရမီထူး ဝိသေသကြောင့် လူအများသည် သတင်းနားထောင် လိုက်လံရှာဖွေကြသောကြောင့် လူအများသိ၍ သွားပြန်သဖြင့် ထူခြားသော ပုဂ္ဂိုလ်ဟု ကြည်ညိုသူများ သဒ္ဓါပွားလျက် ထက်သန်သော စေတနာဖြင့် ဆည်းကပ်ပူဇော်ဖူးမျှော်ရန် လာကြပြန်သည်။

ရှင်မဟာကဿပသည် ထိုနေရာ၌ပင် အသက်ထက်ဆုံး သီတင်းသုံးနေထိုင်၍ ပျံလွန်တော်မူသည်

ထို ပျံလွန်တော်မူသော နေရာ၌ ဥဒ္ဓိဿ အလောင်းတော်သဏ္ဌာန် အင်္ဂတေဖြင့် ပြုလုပ်ထားကြသည်ဟု ဆိုလေသည်


......................


ကိုး ဂူးဂဲလ်

သန်းထွန်းလေး အင်းတဲရွာ
အောင်ညီကိုရွှေထည်စက်ဖြတ်လုပ်ငန်း

Sunday, February 17, 2019

The Hell-Hound at Large (ငရဲခွေးကြီး လွတ်နေသည်)

သန်းထွန်းလေး (အင်းတဲရွာ)
------------------

ငရဲခွေးကြီးလွတ်နေသည် ပေးစာက ၁၉၃၆ ခု၊ ဇန်နဝါရီလတွင် ထုတ်ဝေသည့် အိုးဝေမဂ္ဂဇင်း၊ အတွဲ ၅၊ အမှတ် ၁ ထဲမှာ ဖော်ပြပါရှိခဲ့တာ ဖြစ်ပါတယ်။

နယ်ချဲ့လက်ကိုင်တုတ်အဖြစ် အဝီစိသို့ ကျရောက်လာသော ခွေးနက်ကြီးတစ်ကောင် ငရဲပြည်မှ ထွက်ပြေးသွားသည်။ ယင်းကို သတိပြုကြပါ။ အထူးသဖြင့် တက္ကသိုလ်နယ်မြေတွင် သောင်းကျန်းနေသည်။ သူ့ကိုတွေ့လျှင် ငရဲပြည် ပြန်ပို့လိုက်ကြပါဟူ၍ ရေးသားဖော်ပြထားသည်

The Hell-Hound at Large

Escaped from Awizi, a devil in form of a black dog. Had been during his brief span on earth, Theft, Presumption, Intrigue, Pettifogging, Sadism, Churlishness, Vulgarity, etc. A pimping knave with avuncular pretensions to some cheap wiggling wenches from a well-known Hostel, he was also a hectic popularity-hunter, shamming interest in Games, Concerts, Associations etc., menacing the public places with his wanted presence though generally welcomed everywhere as small-pox. His only distinguishing marks have been the abominable V.D. ulcers on his neck and buboes due to copulation with his own wife.

Will finder please kick him back to Hell?

Yamamin

....


Saturday, November 17, 2018

တောင်ကြီးမြို့

🌴
~~~~~~~~
ပင်လယ်ရေမျက်နှာပြင်အထက် ၄၇၁၂ ပေ အမြင့်တွင်တည်ရှိပြီး အေးချမ်းသာယာ သန့်ရှင်းသည့် ဂုဏ်သတင်းကျော်သောမြို့ဖြစ်သည်

ရှမ်းပြည်တောင်ပိုင်း ရိုးတောင်တန်းပေါ်တွင်တည်ရှိပြီး ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်သည်

သမိုင်း
~~~~
အင်္ဂလိပ် အစိုးရလက်ထက် မြန်မာသက္ကရာဇ် ၁၂၅၃ ခု ခရစ်နှစ် ၁၈၉၀ ပြည့်နှစ်တွင် မြို့တည်ခဲ့ကြောင်း မှတ်သားရပါသည်
၁၈၉၃ ခုနှစ်တွင် မြို့တော်အဖြစ်သမုှတ်သည်

ယခင် တောင်ကြီးမြို့ဟူ၍ ဖြစ်တည်မလာမီက ဒုံတောင်တီရွာ ဝါ ဒုံတောင်ကျည်းရွာ ဟု အမည် ရသည်

တောင်တီကို ရှမ်းအမည်ဖြင့် တွမ်တီး ဟုခေါ်သည်
တည်ပင်ပေါက်ရာအရပ်ဟု ဆိုလိုသည်

ပအိုဝ့်ရွာလေးက စတင်ခဲ့တဲ့ ဒီမြို့ကြီးဟာ ဒီနေ့ဒီအချိန်မှာတော့ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံရဲ့ မှီတည်ရာအဖြစ် ခန့်ခန့်ထည်ထည်ရှိနေပါတယ်

မီးပုံးပျံပွဲ
•••••••••
မြန်မာ သက္ကရာဇ် ၁၃၀၃ တန်ဆောင်မုန်းလပြည့်ညတွင် မြို့မရပ်ကွက်ရှိ ကုန်းသာဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးစီး၍ ပိတ်သားဖြင့် ပြုလုပ်ထားသည့် မီးပုံးပျံတစ်ခုစတင် တင်လွှတ်ပူဇော်ရာမှ အစပြုတယ်လို့ မှတ်သားရပါတယ်

စဝ်စံထွန်းဆေးရုံ
•••••••••••••••••••

ရုရှားမှ ချစ်ကြည်ရေးအဖြစ် တည်ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်

၁၉၅၈ ခုနှစ် ဖေဖော်ဝါရီလတွင် အုတ်မြစ်ချခဲ့ကာ ၁၉၆ဝ ခုနှစ်၊ ဒီဇင် ဘာလတွင် ဆောက်လုပ်ပြီးစီးခဲ့သည်

၁၉၆၁ ခုနှစ်၊ ဇူလိုင်လတွင် ကုတင် ၂ဝဝ ဖြင့် လူနာများကို စတင်ကုသပေး ခဲ့ကြောင်း သိရသည်

ယခင်က ရုရှားဆေးရုံဟုလည်း ခေါ်ဝေါ် ကြပြီး လွတ်လပ်ရေးမရမီ ကာလ ကြားဖြတ်အစိုးရ လက်ထက် တောင် တန်းဒေသဆိုင်ရာ ဝန်ကြီးဖြစ်သည့် မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းကို ဂုဏ်ပြုသောအားဖြင့် စဝ်စံထွန်း ဆေးရုံကြီးဟု ခေါ်ဆိုခဲ့ခြင်းဖြစ်သည်

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ကိုး fb
သန်းထွန်းလေး အင်းတဲရွာ
အောင်ညီကိုရွှေထည်စက်ဖြတ်လုပ်ငန်း
Koloneypoe@gmail.com

ပင်းတယသမိုင်း

ရွှေဥမင်လှိုဏ်ဂူ
°°°°°°°°°°°°°°°°
ရှမ်​းပြည်​နယ်​​တောင်​ပိုင်​း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ပင်းတယမြို့၏ အနောက်တောင်ဘက် တစ်မိုင်ခန့်အကွာမှာ တည်ရှိသည် ပင်​းတယမြို့ကတော့ ရှမ်းပြည်နယ်တောင်ပိုင်းမြို့တော် တောင်ကြီးခရိုင်ထဲမှာ တည်ရှိပြီး တောင်ကြီးမြို့ရဲ့ အနောက်မြောက်ဘက် ၆၂ မိုင်ခန့် အောင်ပန်းမြို့ရဲ့မြောက်ဘက် မိုင် ၃၀ အကွာမှာ တည်ရှိပါတယ် ပင်လယ်ရေမျက်နှာပြင် အထက် ၃၈၈၀ ပေအမြင့့်မှာတည်ရှိတဲ့အတွက် အေးချမ်းသာယာတဲ့ မြို့ကလေးပါ ဓနု တိုင်းရင်းသားများ အများစုနေထိုင်ကြပြီး တောင်သူ၊ တောင်ရိုး၊ မနော၊ ရှမ်း၊မြန်မာ၊ အင်းသား၊ ပလောင် စတဲ့ တိုင်းရင်းသားများလည်း နေထိုင်ပါတယ် လှိုဏ်ဂူကြီးရဲ့ ပင်ကိုယ်သက်တန်းဟာ နှစ်သန်း ၂၀၀ လောက်ရှိပြီလို့ ပညာရှင်များ ခန့်မှန်းကြပါတယ် ထုံးကျောက်တောင်ဖြစ်ပြီး လှိုဏ်ဂူမှာ ပေပေါင်း​ ၄၉၀ ရှည်လျားပါတယ် ဂူပေါက် ၃ ခုရှိပြီး တောင်ဘက်အကျဆုံး နှင့် အမြင့်ဆုံးဂူပေါက်မှာ ပင်လယ်ရေမျက်နှာပြင်ထက် ပေပေါင်း ၄၉၇၀ ပေအမြင့်တွင် တည်ရှိပါတယ် ရွှေဥမင် လှိုဏ်ဂူတော်မှာ တပေါင်းလဆန်းမှ လပြည့်ကျော်၂ရက်အထိ ဘုရားပွဲတော် ကျင်းပလေ့ ရှိပါတယ် ရုပ်ပွားတော်များ °°°°°°°°°°°°°°°° ရွှေဥမင်စေတီ၊ တံခွန်တိုင် သမ္ဗုဒေ္ဓဘုရား၊ ချေွးထွက်ဘုရား၊ နှီးဘုရားသုံးဆူတို့ကတော့ ထူးခြားပါတယ် ဉာဏ်တော်(၇၅)ပေမြင့်တဲ့ ရွှေဥမင်စေတီကို ဂူအတွင်းသို့ ဝင်ဝင်ချင်းဖူးတွေ့ရမှာပါ။ တံခွန်တိုင်သမ္ဗုဒေ္ဓဘုရားကိုသစ်သားပြားရှည်ကြီးမှာ အဆူပေါင်း(၁၄၄၀)ရှိသည့်သမ္ဗုနေ္ဒဘုရားများထွင်းထုထားပါတယ် ထုံးကျောက်ဂူဖြစ်တာကြောင့် ဂူအတွင်းရှိ အပူငွေ့ကြောင့် သစ်စေးနဲ့ထုလုပ်ထားတဲ့ ရုပ်ပွားတော်မှာ ချေွးသီးချေွးပေါက်ကဲ့သို့ ရေများသီးနေသည်ကို အစွဲပြု၍ ချေွးထွက်ဘုရားဟု လူအများခေါ်တွင်တဲ့ ရုပ်ပွားတော်ကိုလည်း ဖူးမြော်နိုင်ပါတယ် နှီးဘုရားသုံးဆူကို မှန်သေတ္တာ အတွင်းတွင် ထည့်သွင်း ပူဇော်ထားပါတယ် ဘူမိဖဿမုဒြာ ရုပ်ပွားတော်တွေရဲ့ ထူးခြားချက်က လက်တော်ဟာ မြေကြီးနဲ့ ထိရမယ့်အစား ဇီးကွက်၊ ဆင်၊ကြွက်၊ ခြငေ်္သ့များကို ထိထားခြင်း ဖြစ်ပါတယ်။ အနီးတစ်ဝိုက်မှာ နောက်ထပ်ဖူးမျှော် လည်ပတ်စရာတွေကတော့ ပုန်းတလုတ်​ကန် ၊ ကုံလုံစေတီ ၊ ကုံလုံဘုန်းတော်​ကြီးကျောင်း၊ ငှက်ပျော်တောရွာ ၊ မြင်းမထိတောင်နဲ့ မြင်းမထိဂူ၊ ဝင်္ကဘာတို့ ရှိပါတယ် ဆရာတော်ဦးတေဇနိယ ခေါ် ကုံလုံဆရာတော်ရဲ့ မပုပ်မသိုးတဲ့ ရုပ်ကလပ်တော်ကို အရှိအတိုင်​း မှန်သားပြင်ခေါင်းဆက်ရာမှာ မြင်တွေ့ဖူးမျှော်နိုင်မှာပါ ကုံလုံကျောင်းသို့သွားသည်လမ်းမှာတော့ မြတ်​ဗုဒ္ဓ၏ဓမ္မခန္ဓာ ၈၄ဝဝဝ ကို ရည်စူးပြီး တည်ထားတဲ့ ၈၄ဝဝဝ ဘုရား ရှိပါတယ် အလယ်၌ တည်ထားကိုးကွယ် သော စေတီတော်ကို ကရင်မ ငွေခဲတောင် စေတီဟု အမည်တွင်ပါတယ် သမိုင်း °°°°°° ရှေးအခါက ညောင်ရွှေနယ် ဗာရာမင်းကြီးရဲ့သားတော် ကုမ္မာဘယမင်းသားလေးဟာ အရွယ်ရောက်လာတော့ ကြင်ရာတော်ရှာရန်အလို့ငှါ ခရီးထွက်လာတယ် သထုံပြည်ရောက်တော့ သထုံဘုရင်ရဲ့သမီးတော်နဲ့ ချစ်ကြိုးသွယ်ရာကနေ သားတော်လေးတစ်ပါး ဖွားမြင်တယ် ဒီတော့မိဖအရပ်ထံ ဆွေပြမျိုးပြသွားဖို့ ဇနီးကိုခေါ်တယ် သွေးနုသားနုမှာ မလိုက်လိုကြောင်းပြောတော့ တစ်ပါးတည်းပြန်လာခဲ့တယ် လမ်းခရီး နဂါးပတ်တောင်အရောက်တွင် ဂဠုန်​တစ်ကောင်က မြွေနဂါးကို သုတ်ချီဖို့ ကြိုးစားနေတာမြင်တော့ ပါလာတဲ့ လေးနဲ့ ဂဠုန်ကို ပစ်ခွင်းကာ မြွေနဂါးကြီးကို ကူညီခဲ့တယ် ဒီတော့ နဂါးကြီးက အသင်မင်းသား အလိုရှိချိန်မှာ မဟာပထဝီမြေကြီးကို သုံးချက်ပုတ်၍သာ ခေါ်လိုက်ပါ ကျွန်ုပ်အရောက်လာပြီး အရှင့်ကျေးဇူးဆပ်ပါ့မယ်လို့ဆိုပါတယ် ဂဠုန်ဟာ ထိုဘ၀မှလွန်သော် အနောက်ဘက် အောက်ကမ်းပါးယံရှိ ဥမင်သံခုတို့၏ အလယ်ဥမင်၌ ပင့်ကူကြီးဖြစ်ပါတယ် ဥမင်လိုဏ်ဂူသုံးလုံးရှိသော တောင်၏အရှေ့ဘက်၌ ပျော်ရွှင်ဖွယ်ကောင်းသော ရေကန်ကြီးရှိလေ၏ ပုန်းတလုတ်ကန် °°°°°°°°°°°°°°°°° ထိုရေကန်ကြီးကို ငွေတောင်ပြည်က နဂါးမင်းကြီးဟာ ထိုဒေသကိုရောက်စဉ် ရေရှားပါးသည့်အတွက် သားရဲတိရစာၦန် သေကြေပျက်စီးနေတာကို ကရုဏာဖြစ်ပြီး ပင်လယ်သမုဒ္ဒရာထဲကရေကို ခံတွင်းထဲငုံပြီး သွန်ချဖန်တီးပေးခဲ့ပါတယ် ကန်ရေရှည်တည်တံ့စေရန်နဲ့ သတ္တဝါတွေ မဖျက်စီးစေဖို့ ဤကန်၌ငါးဖမ်းခြင်း လှေလှော်ခြင်း ဖောင်စီးခြင်း တံတားထိုးခြင်းပြုလုပ်ပါက ရေများခမ်းခြောက်ပါစေသတည်းလို့အဓိဌာန်ပြုခဲ့ပါတယ် ရေကန်၏အမည်အပြည့်အစုံမှာ နာဂဓိဌာန်ပုန်းတလုတ်ရေကန် ဖြစ်ပါတယ် ဖခင်ဖန်တီးသော ရေကန်ဖြစ်သည့်အတွက် သမီးတော်ခုနှစ်ဖော်ဟာ အခါအားလျော်စွာရေကစား လာတတ်ကြပါတယ် တနေ့တော့ ရေကစားရင်း အချိန်နှောင်းသွားသည့်အတွက် ဂူအတွင်းမှာ ညအိပ်နားနေခဲ့ပါတယ် သူတို့ရဲ့အသံကိုကြားတော့ ပင့်ကူကြီးဟာ ဂူဝကို သူ့ရဲဲ့အမြှေးတွေနဲ့ ယှက်ထိုးပြီးပိတ်ကာ အစာအဖြစ်စားဖို့ကြံတယ် သူမတို့ရဲ့အော်သံကို အနီးအပါး၌ တောကစားထွက်လာတဲ့ မင်းသားလေး ကုမ္မာဘယကကြားတော့ ပင့်ကူကြီးကိုလေးနဲ့ခွင်းပြီး ကယ်တင်ခဲ့ပါတယ် မင်းသားလေးဟာ အပြင်းအထန်တိုက်ခိုက်ပြီး ဝမ်းသာအားရ ပင့်ကူရပြီ ပင့်ကူရပြီ ပင့်ကူရပြီလို့ ဟစ်ကြွေးခဲ့ပါတယ် နောင်အခါထိုဟစ်ကြွေးမှုကို အကြောင်းပြုပြီး ပင်းတယရယ်လို့ ဖြစ်လာတယ်လို့ ဆိုပါတယ် အသက်သခင်ကျေးဇူးရှင် မင်းသားလေးကို အထွေးဆုံးဖြစ်တဲ့ ရှင်မိယာခေါ်ဒွေးမယ်နော်နဲ့ လက်ဆက်ပေးခဲ့ပါတယ် °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°° မှတ်ချက် .. မူကွဲအနေနဲ့ အချို့ကတော့ သုဓနုမင်းသားလို့ ဆိုကြပါတယ် အထိမ်​းအမှတ်အနေနဲ့ ရွှေဥမင်ဂူဝမှာ မင်းသားလေးက ပင့်ကူကြီးကို လေးနဲ့ပစ်ခွင်းနေဟန် ရုပ်တုသွန်းလောင်းထားခြင်းဖြစ်ပါတယ် မှားယွင်းမှုရှိပါက ကျွန်တော့်ချို့ယွင်းမှုသာပါ ပြန်လည်အလင်းပြပေးဖို့ တောင်းဆိုပါတယ် သန်းထွန်းလေး အင်းတဲရွာ အောင်ညီကို ရွှေထည်စက်ဖြတ်လုပ်ငန်း Koloneypoe.blogspot.com

Tuesday, October 16, 2018

ဖိုလ်ဝင်တောင်တော်သမိုင်း

••••••••••••••••••••••••••••••••••••••••••••••••••••

သာသနာသက္ကရာဇ်​ ၁၅၉၃ ခုနှစ်​
မြန်​မာသက္ကရာဇ်​ ၄၁၁ ခုနှစ်​
ခရစ်​နှစ်​ ၁၀၃၁ ခုနှစ်​တွင်​ ဗန္ဓဝမင်​းတြားမှ တည်​ထားကိုးကွယ်​ခဲ့သည်​

စစ်​ကိုင်​းတိုင်​း မုံရွာမြို့ အ​နောက်​ဖက်​ ယင်းမာပင်​မြို့သို့ သွားသည်​့လမ်​းတွင်​ တည်​ရှိပြီး ပန်​းချီဝန်​ ဦး​ရွှေဘ ၏ လက်​ရာဖြစ်​​သော ကျောက်ဆိုင် ​ကျောက်​သားများဖြင်​့ ဘုရားဆင်​းတု​တော်​များ ပန်​းချီ အနုပညာများကို ပူ​ဇော်​ကြည်​ညိုနိုင်​ပါသည်​

​ကမ္ဗည်​းမှတ်​တမ်​းတင်​သည်​မှာ ရွှေလသာ ဝါဝါဝင်​း ဖိုလ်​ဝင်​​တောင်​ ဘုရားစာရင်​း (၄၄၆၄၄၄ ဆူ) ဟု မှတ်​သားမိသည်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

သမိုင်း
_____

​ကောဇာသက္ကရာဇ်​ ၃၇၉ ခုနှစ်​တွင်​ ​တ​ကောင်​းပြည်​ပျက်​ပြီး​နောက်​ ဧရာဝတီမြစ်​နှင်​့ သလ္လာဝတီမြစ်​ (ယခု ချင်​​​းတွင်​းမြစ်)​​ စုံရာတွင်​ မငြိမ်​မသက်​ဖြစ်​ခဲ့သည်​

အခြာ​းမင်းများ၏ ​ကျူး​ကျော်​သိမ်​းပိုက်​မှုကို ခုခံကာကွယ်​ရန်​အတွက်​ ​ဒေသခံများ၏ တင်​​မြှောက်​မှု​ကြောင်​့ ဗန္ဓဝမင်​း ​ပေါ်​ပေါက်​လာခဲ့သည်​

အဆိုပါအချိန်​သည်​ ​ပေါက္ကံပြည်​့ရှင်​ ပထမမြန်​မာနိုင်​ငံ စုစည်​​စေခဲ့​သော အ​နော်​ရထာမင်​း နန်​းတက်​ချိန်​နှင်​့ ​ခေတ်​ပြိုင်​ကာလဖြစ်​သည်​

အ​နော်​ရထာမင်​းသည်​ နှစ်​နိုင်​ငံချစ်​ကြည်​​ရေးအတွက်​်​ ဗန္ဓဝမင်​းအားဖိတ်​ကြားခဲ့သည်​

ဗန္ဓဝမင်​းသည်​ ​ပေါက္ကံပြည်​၌ ဗုဒ္ဓသာသနာ ဖွံ့ဖြိုးစည်​ပင်​​နေသည်​ကို အားကျ၍ မိမိ ဗန္ဓဝပြည်​ ပြန်​​ရောက်​​သော အချိန်​တွင်​ ​ပေါက္ကံပြည်​ကဲ့သို့ အုတ်​များဖြင့် စေတီးပုထိုးမတည်​ပဲ ​ကျောက်​သားများဖြင့် တည်​ထားကိုးကွယ်​ရန်​ ဆန္ဒရှိခဲ့သည်​

အမတ်​များကို အဖွဲ့ဖွဲ့ ခွဲ၍ အရပ်​​ဒေသများစွားသို့ ​ကျောက်​သား​တောင်​​တော်​များရှာရန်​​စေလွှတ်​ခဲ့သည်​

ပညာဗလအမတ်​က သလ္လာဝတီမြစ်​အ​နောက်​ဘက်​ကမ်​း လက်​ပန်​​တောင်​း​တောင်​မှ အစပြု၍ ​ကျေးစင်​​တောင်​ စံပယ်​​တောင်​ အစရှိသည်​့ ​တောင်​ ၃၃ လုံးကိုရှာရာ ​

ကျောက်​စိုင်​​ကျောက်​သားများဖြင်​့ ဖြစ်​တည်​​နေ​သော ပိန်​း​ကောမ​လှေ​မှောက်​ထားသည့်သဏ္႑ာန်​ (ဝိုင်​းဝန်​းသည်​) ေ​​တာင် ကို ​တွေ့ရှိရာ ရှင်ဘုရင်အား​​ေ​လျာက်ထားခဲ့သည်​​​

---------------------------------------------------------

အမည်​သမုတ်​ပုံ
************

ထို​ဒေသ​နေ ​ဒေသခံရွာသားများရဲ့ ဖိုးဖွားစဉ်​ဆက်​ ​ပြောစကားအရ အမည်​ဖြစ်​​ပေါ်လာခြင်​းအ​ကြောင်​း ၄ မျိုး ကွဲပြား​နေ​ပေမယ်​့ ကျွန်​​တော်​က​တော့ ​အောက်​ဆုံးတစ်​ခုကို ပိုပြီး သ​ဘောကျ နှစ်​သက်​မိတယ်​ ပိုပြီးလည်​း ရုပ်​တိရှိလိမ်​့မယ်​လို့ ယူဆမိတယ

် အယူအဆ​ေ​ကာ အဓိပ္ပါယ်​ပါ အခြားအ​ကြောင်​းအရာ​တွေထက်​ ပိုပြီး​လေးနက်​တယ်​လို့ ခံစားမိတာ​ကြောင်​့ပါ

​မှူးမတ်​ဗိုလ်​ပါများဝိုင်​းဝန်​းကူပြီး ရှာ​ဖွေခဲ့ရ​​သော​ေ​ကြာင့်

​ဗိုလ်​ဝိုင်​​​း​တောင်​

​ေ​တာင်​တော်​​ပေါ်တွင်​ ညအခါ၌ ပိုးစုန်​းကြူးများ များပြားစွာထွက်​ရှိလာတတ်​ခြင်​း​ကြောင်​့

 ပိုးဝင်​း​တောင်​

​တောနက်​သည်​့အတွက်​ ဝိဇ္ဇာ ​ဇော်​ဂျီတို့ ​​​နေထိုင်​ရာ ဖိုထိုးရာအရပ်​ဟု ယူဆ၍

 ဖိုဝင်​တောင်​

ဟု​ခေါ်ထိုက်​​ကြောင်​း ​လျှောက်​ထားကြရာ မင်​းတြားက မနှစ်​သက်​ခဲ့​ပေ

ဗန္ဓဝမင်​းသည်​ ဤ​တောင်​​တော်​၌ ဘုရားရှင်​ ဖလသမာပါတ် (ဖိုလ်)​​​​​ ဝင်​စားသည်​့ အိမ်​မက်​မြင်​မက်​​ကြောင်​း ပညာဗလအမတ်​အား​ မေးမြန်​းတိုင်​ပင်​ရာ ဘုရားရှင်​ ဖလသမာပတ်​ဝင်​စားသည်​ကို အစြွဲပု၍ ဖိုလ်​ဝင်​​တောင်​ ​ခေါ်ထိုက်​​ကြောင်​း ​လျှောက်​ထားခဲ့ရာ မင်​းတြား နှစ်​သက်​​တော်​မူ​​သော​​ကြောင့်

ဖိုလ်​ဝင်​​တောင်​

် ဟု ​ခေါ်တွင်​ သမုတ်​ခဲ့သည်​

••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

 အလျင်​ဦးစွာ ဖူးတွေ့ရ​သော ​နေရာကို လျင်​မြ​န်​​တောင်​​တော်​ ဟု​​​ခေါ်သည်
​​
​မြေ​နေရာ​ရွေး​ပေးပြီး​နောက်​ ​ခြောက်​ပါး​သော လိုဏ်​ဂူ ခုနှစ်​ဆ​ူ​သော ဘုရားတိ့ုအား အမြန်​တည်​​တော်​မူသည်​
်​

 ခုနှစ်​ဆူ​သောဘုရားတို့၏ ဘွဲ့​တော်​များ
------------------------------------------------

ပထမဆူကို ဆု​ပန်​တိုင်​းပြည်​့၍
ဆုတောင်းပြည်​့​

 ဒုတိယဆူကို ​တောင်​းတိုင်​းပြည်​့၍
တောင်းတိုင်းပြည်​့​

တတိယဆူကို ​တောင်​ရှာစဉ်​က ​တောင်​​တွေ့ရန်​ တ၍
တတိုင်​းပြည်​့

စတုတၳဆူကို မင်​းကြီးစိတ်​၌ ကြည်​ညိုစိတ်​ တင်​းတင်​းပြည်​့ပြည်​့ရှိသည်​့အတွက်​
တင်​းတင်​းပြည်​့​

 ပဉ္စမဆူကို ထင်​တိုင်​းပြည်​့၍
ထင်​ထင်​ပြည်​့

ဆဌမဆူကို မိဖုရား​ရောဂါ​ပျောက်​၍
သက်​​တော်​ရှည်​
 ​
သတ္တမဆူကို မိဖုရားကြီး အသက်​ပြန်​ရ​သော​ကြောင်​့
သက်​​တော်​ရ​

ဟု အမည်​သမုတ်​ခဲ့သည်

_________________________________________________________

ပထမအ​နေကဇာတင်​ပြီး​နောက်​ မိဖုရား​ခေါင်​ကြီးသည်​ ဂူတန်​းရှည်​ကြီး​ဖောက်​ထွင်​း၌ အထဲတွင်​ ​လျောင်​း​တော်​မူဆင်​းတု​​တော်​ကြီးတဆူကိုးကွယ်​ပြီး အိမ်​ပုံတည်​ထားပြီး အဝင်​ အထွက်​တံခါးရွက်​များတွင်​ နတ်​ဗြဟ္မာသိကြားပုံကျွန်​းရပ်​များရှိသည်​

 ညီ​တော်​မင်​းသားက ကွန်​းတိုင်​နှစ်​လုံးခံ ကြီးမား​သောအာရုံခံဇရပ်​တည်​​ဆောက်​ပြီး ကွန်​းဇင်​တိုင်​ဘုရား ​ခေါ်သည်​

 နှမ​တော်​ ကလည်​း ​တောင်​ ၃၀ ခန်​့ရှည်​ ​ကျောက်​လိုဏ်​အတွင်​း ​လျောင်​း​တော်​မူ ဆင်​းတု​တော်​တဆူ တည်​သည်​

 စစ်​ကဲ၊ စစ်​ကြပ်​၊တပ်​မှူး၊ ဗိုလ်​မှူးတို့ကလည်​း ​တောင်​ခပန်​းတွင်​ အသီးသီးလှိုဏ်​ထွင်​းပြီး ဘုရားများတည်​ကြသည်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မိဖုရား​ခေါင်​သည်​ ​နောင်​ပွင်​့​တော်​မူမည်​့ အရိ​​​မေတေ္တယျဘုရားအား ရည်​မှန်​း၍ ​ကျောင်​း​ဆောင်​ လက်​ဝတ်​ရတနာများ လှူဒါန်​းရာ မ​ပျောက်​ပျက်​​စေရန်​ အ​စောင်​့အ​လျှောက်​အဖြစ်​ ​ကျောက်​သား ဆင်​၊ဆိတ်​၊နွားထွင်​း၍ ​လောကီပညာဖြင်​့စီမံခဲ့သည်

​တောင်​​တော်​​ပေါ်က ဘုရား​မြေမှာ မရိုမ​သေမ​လေးမစားပြုလုပ်​သူ​တွေအတွက်​ သတိချပ်​​စေရန်​ ကျားစီးထား​သော ဖိုလ်​ဝင်​​တောင်​တော်​အရှင်​မ ပုံကို မြင်​​တွေ့နိုင်သည်​​​​

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဘုရား ပွဲတော်ကို နှစ်စဉ် တန်ဆောင်မုန်းလဆန်း ၈ ရက်နေ့မှ လပြည့်နေ့အထိ စည်ကား သိုက်မြိုက်စွာ ကျင်းပကြပါသည်

ဖိုလ်​ဝင်​​တောင်​လို့ ဆိုလိုက်​တာနဲ့ ​မျောက်​များ​နေထိုင်​ကျက်​စားရာအဖြစ်​ အားလုံးအသိထဲ ​ပြေးမြင်​မိလိမ်​့မယ်​ထင်​သည်​

 မိသားစုများအ​နေဖြင်​့ က​လေးများကို ​မျောက်​များပြသလိုလျှင်​​တော့ ဘုရားပွဲရက်​အတွင်​းက အဆင်​​ပြေမှာမဟုတ်​ပါဘူး ဘာ​ကြောင်​့လည်​းဆို​တော့ ဘုရားပွဲကာလအတွင်းမှာ မျောက်များဟာ လုံး၀ ပျောက်ကွယ် သွားတတ်ပြီး ဘုရားပွဲပြီးမှသာ ပြန်ပေါ်လာတတ်တာ​ကြောင်​့ဖြစ်​သည်​

​ဒေသခံများအဆိုအရ ဖိုလ်၀င်တောင်ရှင်မ က ဖွက်ထားသည်ဟုဆိုသည်​

​ေ​မျာက်များဟာ လ​ူ​ေ​တွ​စီက ပစ္စည်းများ လုယူတတ်သည့်အကျင့်ရှိတတ်သည့်အတွက် သတိ​​တော့ထား​​စေခြင်သည်​​​​​​​​​

တောင်ပေါ်မှာမျောက်များ ၄ အုပ်စုရှိပြီး အုပ်စုအလိုက်​ သီးခြားစီ နေထိုင်ကြပါသည်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရွှေဘတောင်
=================

ဖိုဝင်​​တောင်​ကို လာကြရင်ဖြင့် အနီးအနားမှာရှိသည်​ ​ရွှေ​​​ဘ​ေ​တာင်ရှိ ဂဝံ​ကျောက်​သားများဖြင်​့ ထွင်​းထုပူ​ဇော်​ထား​သော ​စေတီ ဆင်းတု​​တော်များနှင့် ​​​​ကျောက်ဆစ်လက်ရာများကိုလည်း ဖူး​ေ​မျှာ်​​လေ့လာနိုင်မည်ဖြစ်သည်

 ဆရာကြီး ဦးရွှေဘမှ ထွင်​းထုပူ​ဇော်​သည်​့အတွက်​ ​ရွှေဘ​တောင်​ဟု အမည်​တွင်​ခြင်​းဖြစ်​သည်​

​ရှေးဗမာများရဲ့ ရှင်​​တော်​ဗုဒ္ဓကို မည်​မျှကြည်​ညို သက်​ဝင်​​ကြောင်​းကို ပြသသည်​့ အ​ကောင်​းဆုံးသရုပ်​ဖြစ်​သည်​့အတွက်​ သွား​ရောက်​ ပူ​ဇော်​​လေ့လာ​စေလိုပါသည်​

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကိုယ်​တိုင်​ သွား​ရောက်​ဖူး​မျှော်​ခဲ့ဖူးခြင်​း မရှိ​သေးသည်​့အတွက်​ အချက်​အလက်​နှင်​့ အ​ကြောင်​းအရာများ မှားယွင်​းမှုရှိပါက သွန်​သင်​ ပြုပြင်​​ပေး​စေလိုပါသည်

*******************************************

သန်​းထွန်​း​လေး (အင်​းတဲရွာ)
​အောင်​ညီကို ​ရွှေထည်​စက်​ဖြတ်​လုက်​ငန်​း
Koloneypoe@gmail.comhttps://www.facebook.com/aungnyiko.goldsmith.960495596

Thursday, October 6, 2016

​ေ​ဗာဓိတစ်​​ထောင်​

           ဗောဓိတစ်ထောင် လေးကျွန်းစကြာ ရပ်တော်မူ ဘုရားကြီး
............................................................
      ဗောဓိတစ်ထောင် သာသနာ့နယ်မြေဟာ စစ်​ကိုင်​းတိုင်​း မုံရွာမြို့နယ် ခတက္ကန်(တောင်)ရွာမှာ တည်ရှိပြီး အရှေ့ဘက်မှာ ရှိတဲ့ ဖိုးခေါင်တောင်ကို မေးတင်ကာ ကြီးမားကျယ်ပြန့်များပြားလှတဲ့ စေတီ ပုထိုး ဘုရား ကျောင်းကန် သာသနိက အဆောက်အအုံများဖြင့် တင့်တယ် ခန့်ညား ထည်ဝါတဲ့ အေးချမ်းရိပ်ငြိမ် ရပ်ဝန်းတစ်ခုလို့ ဆိုရပေမည်။
        ပင်လယ်ရေ မျက်နှာပြင် အထက်ပေ ၁၁၅၀မြင့်ကာ ၂၄၃ ဒသမ ၈၁၇ ဧက ကျယ်ဝန်းတယ်လို့ သိရပါတယ် ။ ဗောဓိတစ်ထောင် သာသနာ့နယ်မြေ အတွင်းရှိ ဘုရား စေတီ များထဲတွင် လေးကျွန်းစကြာ ရပ်တော်မူဘုရားကြီးဟာ အဓိကထင်ရှားပြီး ရပ်တော်မူဘုရားကြီးကို ဆရာတော်ကြီး ခန္တာဝန်မချမီ နောက်ဆုံးတည်ထားခဲ့ပါတယ် ။ ဗောဓိတစ်ထောင် ဆရာတော်ကြီးဟာ ပြည်ပသာသနာပြု ခရီးစဉ်အဖြစ် ဂျပန်နိုင်ငံသို့ ကြွရောက်ခဲ့စဉ်က ဂျပန် မှာ ထင်ရှားတဲ့ ဘုရား ပုထိုး စေတီ များကို သွားရောက်ဖူးမျှော်ခဲ့ပါတယ် အဲ့ဒီလို လှည့်လည် ဖူးမျှော်တဲ့အခါမှာ တိုကျိုမြို့က ၃၉၄ပေ ဉာဏ်တော်အမြင့်ရှိတဲ့ ယူရှီကူအမိဒ ရပ်တော်မူဘုရားကြီး ကို ရောက်တဲ့အခါ ဆရာတော်ကြီးရဲ့ စိတ်အစဉ်မှာ အဲ့ဒီလို ဉာဏ်တော်အမြင့်ရှိတဲ့ ရပ်တော်မူဘုရားကြီး တစ်ဆူ ဗောဓိတစ်ထောင်မှာ တည်ထားကိုးကွယ်ဖို့ ဦးစွာ ပထမ အာရုံရခဲ့ပါတယ် ။
         မြန်မာနိုင်ငံကို ပြန်ရောက်တဲ့အခါ ဆရာတော်ကြီးဟာ ဇမ္ဗူတောင်(ဇီးဖြူတောင်)ထိပ်ကို လေးကျွန်းစကြာရပ်တော်မူဘုရားကြီး တည်မည့်နေရာအဖြစ်သတ်မှတ်၍ ၁၃၅၇ ခုနှစ် ကဆုန်လဆန်း ၁၀ရက် (8.5.1995) တနင်္လာနေ့ နံနက် ၉ နာရီ အချိန်မှာ ပန္နက်တော်တင်မင်္ဂလာ ပြုလုပ်ခဲ့ပါတယ် ။ ၁၃၆၉ ခုနှစ် တပိုတွဲလဆန်း ၁၄ရက် (20.2.2008) ဗုဒ္ဓဟူးနေ့ နံနက် ၇ နာရီအချိန်မှာ သံဃာတော် အပါး ၁၀၀၀ သီလရှင် အပါး ၁၀၀၀ တို့နဲ့ ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာ ပြုလုပ်ခဲ့ပါတယ် ။ အကြောင်းအမျိုးမျိုး ပြဿနာ အဖုံဖုံ မမျှော်လင့်သော အခက်အခဲ မျိုးစုံနဲ့ တည်ဆောက်မှုလုပ်ငန်းမှာ နှောင့်နှေးကြန့်ကြာမှု တွေရှိခဲ့ပြီး ၁၃ နှစ်နီးပါး ကြာခဲ့ပါတယ် ။ ဆရာတော်ကြီးဟာ ရပ်တော်မူဘုရားကြီး ရဲ့ ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာပွဲကို မမှီလိုက်ဘဲ ဖိုင်ဘာနဲ့ ပြုလုပ်ထားတဲ့ မျက်နှာတော် ကိုသာ ခန္တာဝန် မချမီ ဖူးမျှော်ကြည်ညိုခဲ့ရပါတယ် ။
    ရပ်တော်မူဘုရားကြီးဟာ ဉာဏ်တော်အမြင့် ၄၂၄ပေ အမြင့်ရှိပြီး အထပ်ပေါင်း ၃၃ ထပ် ရှိပါတယ် ။ အောက်ခြေ ပလ္လင် သုံးဆင့် ၄၄ပေ ရှိကာ ရုပ်ပွားတော်မြတ်ကြီးဟာ ၃၈၀ပေ ရှိပါတယ် ပလ္လင်တော်ကြီးမှာ အဋ္ဌဂံ (ရှစ်မြှောင့်) ပုံသဏ္႑ာန် ဖြစ်ပြီး အရှေ့နဲ့အနောက် ၄၃ပေ ၆ လက္မ ၊ တောင်မြောက် ၁၂၄ပေလ ၆ လက္မ အကျယ်အဝန်းရှိပါတယ် ။
  တောင်နဲ့မြောက်ဘက်တွေမှာ ဝင်ပေါက်ထားရှိထားပါတယ် ။ ကျယ်ပြန့်တဲ့ရင်ပြင်တော်ကို အဆင့်သုံးဆင့်နဲ့ တည်ဆောက်ထားတာပါ အဝင်ဝမှာတော့ ခြငေ်္သ့ကြီး နှစ်ကောင် ပထမအဆင့် ဝဲယာမှာ နဂါးကြီး နှစ်ကောင် ဒုတိယအဆင့်မှာ သရက်ကင်းလှေခါး ရှိပါတယ် ။ ရင်ပြင်တော် အရံအတားကိုတော့ စိန်တောင်များဖြင့် ပိုင်းခြားထားပါတယ် ။
     ပထမအဆင့် ရင်ပြင်တော်မှာ ရပ်တော်မူဘုရားကြီးရဲ့ သမိုင်းမော်ကွန်း ကို မြန်မာ အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးထိုးထားတဲ့ ကမ္ပည်းကျောက်စာတိုင် အင်ကြင်းကျောက် ဥယျာဉ် ခေါင်းလောင်းကြီး နှစ်လုံး နဲ့ ဆွမ်းသပိတ် ရေသပိတ် ကြီးနှစ်လုံးရှိပါတယ် ။
       ကယားပြည်နယ် လွိုင်ကော် ဒေသက သဘာဝ ကျောက်ပြားများနဲ့ ရင်ပြင်တော်ကို ခင်းထားပါတယ် ။ အတွင်းပိုင်းမှာတော့ ကျွန်းလှေခါးများတပ်ဆင်ထားပြီး တစ်ထပ်ချင်းစီရဲ့ အမြင့်ဟာ ၁၂ပေ ၁၃၁ပေ ၄၄ပေ အကျယ်ရှိပါတယ် ။ အလင်းရောင်နဲ့ လေဝင်လေထွက်ကောင်းမွန်စေဖို့ နံရံပါတ်လည်မှာ စနစ်တကျ အပေါက်များဖောက်ထားပါတယ် ။
  ၂၂ထပ်အရောက်မှာ သပိတ်ကျင်း ငလျင်လှုပ်တော့ မန္တလေး စစ်ကိုင်းတိုင်းတွေမှာ ပျက်စီးဆုံးရှုံးမှုများခဲ့ပေမယ့် ရပ်တော်မူဘုရားကြီးဟာ ရှေ့နောက်ယိမ်းနေတာ မြင်ခဲ့ရပေမယ့် ဘုန်းတော်ကြောင့် ဘာမှမဖြစ်ခဲပါဘူး ။ တပည့်တကာ တစ်ချို့က ဆရာတော်ကြီး ထိန်းမတ်ထားတယ်လို့တောင် ပြောကြတယ်လို့ နာယကဆရာတော် ဦးသြဘာသ မိန့်ကြားချက်အရ သိရပါတယ် ။
        ရပ်တော်မူဘုရားကြီးရဲ့ မျက်နှာတော်အတိုင်းအတာမှာ မေးတော်မှ ဦးခေါင်းတော်အထိ ၄၀ပေ မျက်နှာတော်အကျယ် ၃၈ပေ ၁၀ပေစီ အရှည်ရှိတဲ့ မျက်လုံးတော် ရှိပါတယ် ။ မျက်ခုံးတော်နှစ်ဖက်ကြား နဖူးပေါ်ရှိ ဥဏ္ဏလုံမွေတော်ရှင် ဟာ စတီးနဲ့ပြုလုပ်ထားကာ အမြင့် ၆ပေ ရှိပါတယ် ။ ကြေးဖြင့် သွန်းလောင်းထားပြီး ရွှေချထားတဲ့ သင်းကျစ်တော်ဟာလည်း အရှည် ၆ပေ ရှိပါတယ် ။ သျှောင်တော်အမြင့် ၁၃ပေ ဆံဝိုင်းတော်အမြင့် ၁၃ပေ လည်ပင်းတော် ၁၄ ၊ ၂၄ပေ နှုတ်ခမ်းတော်အကျယ် ၁၅ ၊ ၄ ပေ နားတော်အရှည် ၃၀ ၊ ၉ ပေ လက်နှစ်ဖက်တော် အကွာအဝေး ပေ ၄၀ နဲ့ အောက် သင်္ကန်​းစွန်းနှစ်ဖက်ဟာ ပေ ၁၆၀ အကွာအဝေး ရှိတယ်လို့ သိရပါတယ် ။
ရပ်တော်မူဘုရားကြီးကို ၁၀ထပ် အမြင့်ရောက်တဲ့အထိ အင်ဂျင်နီယာ ပညာရှင်များမပါဘဲ ချင်းတွင်းနယ်မြေထွက် မြန်မာ့ဝါးများကိုသာသုံးငြမ်းဆင်၍ မြန်မာ့နည်းမြန်မာ့ဟန်နဲ့ တည်ဆောက်ခဲ့ပါတယ် ။
         ဘုရားဖူး လာရောက်သူတို့ဟာ ၂၇ ထပ်အထိတက်ရောက်ဖူးမျှော်နိုင်ပါတယ် အထပ်တိုင်းမှာ မုဒြာမျိုးစုံနဲ့ ရုပ်ပွားတော် ၄ဆူ ပူဇော်ထားပါတယ် နံရံဆေးရေး ငရဲခန်းသရုပ်ဖော်ပန်းချီကို သံဝေဂယူဖွယ် ကြည့်ရှုနိုင်ပါတယ် ။
ရပ်တော်မူဘုရားကြီး၏ အတွင်းပိုင်းမှာ ၃၁ ဘုံ (လူ့ဘုံ နတ်ဘုံ ဗြဟ္မာဘုံ အပယ်ဘုံ) ကို ရည်ညွှန်းသရုပ်ဖော်ထားတဲ့ နံရံဆေးရေးပန်းချီ စာသားများကို သံဝေဂ ယူဖွယ် လက်ရာမြောက်စွာ လေ့လာနိုင်မှာပါ ။
  ပထမထပ်မှာတော့ ဘုရားကြီး တည်ဆောက်မှုမှတ်တမ်း ဓာတ်​ပုံများကိုပြသထားပြီး ၉ထပ်အထိကို ငရဲကြီး ၈ ထပ်နဲ့ အပယ် ၄ ဘုံဆေးရေးပန်ချီ ၁၀ ထပ်မှာတော့ လူ့ဘုံ ၁၁ထပ်မှ ၁၇ထပ်အထိ ကိုတော့ နတ်ပြည် ၆ ထပ် ၁၈ ထပ်မှ ၂၇ ထပ်အထိကိုတော့ ဗြဟ္မာ့ဘုံ ၂၀ ကို လပ်ရာမြောက်စွာ ရေးဆွဲထားပါတယ် ။ ထူးခြားမှုအနေနဲ့ ၇ ထပ်တွင် ကမေ္ဘာ်ဘဒီးယားနိုင်ငံမှ အလှူ့ရှင်များ၏ မေတ္တာရပ်ခံ လျှောက်ထားချက်အရ အန်ကောဝပ် ကျောင်းတော်အပါအဝင် ကမေ္ဘာဒီးယား နိုင်ငံရဲ့ သာသနိက အဆောက်အအုံများ ကို နံရံဆေးရေးပန်းချီအဖြစ် မှတ်တမ်းပြုရေးဆွဲထားသလို ကိုရီးယားနိုင်ငံမှ အလှူ့ရှင် များ၏ မေတ္တာရပ်ခံမှုကြောင့် ကိုးရီးယား နိုင်ငံရဲ့ ဗုဒ္ဓဘာသာဆိုင်ရာ အငွေ့အသက်များကိုလည်း ကြည်ညိုနှစ်သက်ဖွယ် ဖူးမျှော်ရမှာပါ ။
    ၃၁ ဘုံဆိုတာကတော့ ကာမဘုံ ၁၁ ဘုံ ရူပ ဗြဟ္မာ ၁၆ ဘုံ နဲ့ အရူပ ဗြဟ္မာ ၄ ဘုံ ကိုခေါ်ပါတယ် ။
         စာကိုး ..၂၅ ရက် ဖေဖော်ဝါရီ ၂၀၁၆ ရက်နေ့ထုတ် စံတော်ချိန်သတင်းစာပါ
   ဆရာ ..အသေမဦးခင်မြိတ်ဝင်းဇင်
ရဲ့ ဆောင်းပါးကို မှီညမ်းပြုပြီး ပြင်ဆင်ရေးသားထားခြင်းပါ ။
    အမှားအယွင်းတစ်စုံတရာ ရှိခဲ့ပါက ကျွန်တော့်တာဝန်သာပါ
  ဗောဓိတစ်ထောင် ဆရာတော်ကြီး ၏ ဘွဲ့တော်အမည်ကို ကျွန်တော်မသိပါဘူး ထို့ကြောင့် ဗောဓိတစ်ထောင်ဆရာတော်ကြီး ဟုသာ ရေးသားရခြင်းကို ဆရာတော်ကြီး ၏ တပည့် တကာ တကာမ တို့ ခွင့်လွှတ်ပါရန်တောင်းပန်၍ ပြန်လည် အလင်းပြခဲ့ဖို့လည်း တောင်းဆိုပါတယ်
...................................................................    
သန်းထွန်းလေး
စစ်​ကိုင်​းတိုင်​း ဘုတလင်မြို့နယ် အင်းတဲရွာ

Saturday, October 1, 2016

အလိုတော်ပေါက် စေတီ


••••••••••••••••••••••••
             အင်းဘုရား စေတီ
             ရတနာ စေတီ
             ဖလားမှောက် စေတီ
             အလိုတော်ပေါက် စေတီ  
ဟု လေးမည်ရ လိုတော်ပေါက်စေတီ၏ သမိုင်းကြောင်း အနည်းငယ်မျှ တင်ပြလိုပါသည်

       အလိုတော်ပေါက်စေတီ သည် ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေးကန် အတွင်းရှိ နမ့်ပန်း ကျေးရွာတွင် တည်ရှိသည်

တတိယ သံဃာယနာတင် မင်းတြားကြီး ဖြစ်တဲ့ သီရိဓမ္မာသောကမင်း (ဘီစီ ၂၇၂-၂၃၂) သည် အနာဂါတ်တွင် ဗုဒ္ဓသာသနာ ထွန်းကားရန်အလို့ငှာ နယ်ပါယ်ဒေသအနှံ့တွင် စေတီပေါင်း ၈၄,၀၀၀ တည်ထားခဲ့ရာ တစ်ဆူအပါအဝင် ဖြစ်သည့် အလိုတော်ပေါက်ဘုရားတွင် ဓာတ်တော်နှစ်ဆူကို ဌာပနာထားပြီး တည်ထားခဲ့သည်

စေတီ၏ မူလ နာမည်မှာ

** အင်းဘုရား **

ဟူ၍ ဘွဲတံဆိပ် ရှိခဲ့သည်

     မြန်မာ့ ပထမဆုံး နိုင်ငံတော် တည်ထောင်စိုးစံခဲ့တဲ့ တံပဒီပအရှင် အနော်ရထာမင်းတြား (ခရစ်နှစ် ၁၀၄၄-၁၀၇၇) သည် အင်းလေးဒေသသို့ တိုင်းခန်းလှည့်လည်လာစဉ် ချုံနွယ်များဖြင့် ရှုပ်ထွေးပြီး စေတီဖိနပ်တော်သာ ကျန်ရှိတော့သောကြောင့် ဓာတ်တော်ရှစ်ဆူကို ထပ်မံဌာပနာ၍ အင်းဘုရားကို ထပ်မံပြုပြင် မွန်းမံ ပူဇော်ခဲ့သည်

အလောင်းစည်သူမင်း (ခရစ်နှစ် ၁၁၁၃-၁၁၆၃) သည် တိုင်းခန်းလှည့်လည်ရင်း အင်းလေးဒေသရှိ မြစ်စုံဝ လိပ်ကုန်း၌ စခန်းချရပ်နားနေစဉ် ကုန်းသာယာလှသဖြင့် စေတီတည်လိုစိတ် ဖြစ်ပေါ်၍ စုံစမ်းရာ စေတီပေါင်း ၈၄,၀၀၀ အနွယ်ဝင်စေတီဟောင်းကို တွေ့ရှိရသဖြင့် ရတနာဆယ်ပါးစီထားသော ဖလားကိုမှောက်ပြီး အဓိဋ္ဌာန်ရာ ဖလားမှောက်ထဲတွင် ဓာတ်တော်များ ကိန်းဝပ်ပါတော့သည် ၄င်းဓာတ်တော်များအား ဌာပနာ၍ ထီးတော်အသစ်တင်ကာ

** ရတနာစေတီ **

ဟု ဘွဲ့တော်ဆပ်ကပ်သည်

ရတနာဆယ်ပါးစီထားသော ဖလားကိုမှောက်ပြီး အဓိဋ္ဌာန်ရာ ဖလားမှောက်ထဲတွင် ဓာတ်တော်များ ကိန်းဝပ်ပါလာသောကြောင့်လည်း

** ဖလားမှောက်စေတီ **

ဟုလည်း ခေါ်ဆိုကြသည်

နရပတိစည်သူမင်း (ခရစ်နှစ် ၁၁၆၈-၁၂၁၁) သည် ဖောင်စင်္ကြာလှည့်လည်ရင်း အင်းလေးဒေသရှိ ရတနာစေတီ ခေါ် ဖလားမှောက်စေတီအရောက်တွင် ဖောင်ရပ်တန့်သဖြင့် စုံစမ်းစေရာ စေတီဟောင်းအား တွေ့ရှိရသည်။ မင်းကြီးသည် အရပ်ရှစ်မျက်နှာမှ ကုသိုလ်ရှင်များကောင်းမှုဖြင့် စေတီကိုထပ်မံမွမ်းမံတည်ကာ

** လိုတော်ပေါက် **

ဟု ဘွဲ့တော်ကပ်ခဲ့ပြန်သည်

ပုဂံမင်းဆက်စောမွန်နစ်မင်း (ခရစ်နှစ် ၁၃၂၇-၁၃၆၈) သည် အလိုတော်ပေါက်စေတီကို ရွှေသင်္ကန်းကပ်လှူလေသည်

နောက်ပိုင်းတွင် စကား၊ ညောင်ရွှေ၊ နောင်မွန်၊ မိုးနဲ၊ မိုင်းကိုင်၊ ရပ်စောက်၊ လဲချား၊ တီကျစ်၊ သီပေါ စသည့် စော်ဘွား၊ မြို့စားများက ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံခဲ့ကြကြောင်း သိရှိရပါသည်

••••••••••••••••••••••••••••••••••••••••••••••••••••••••••

သန်းထွန်းလေး
အင်းတဲရွာ


Saturday, May 7, 2016

ကောင်းမှုတော်စေတီ

 
★ ★ ★ ★ ★ ★ ★

ကျွန်တော့်ရဲ့ မွေးရပ်ဇာတိကနေ အသက်မွေးဝမ်းကြောင်း ပြုရာ ဒေသတွေကို လာတိုင်းလာတိုင်း ထုံးသင်္ကန်း ဖြူဖြူ​ဖွေး​ဖွေးနဲ့ တည်ပုံစန်းကျယ်ပြီး မြင်လိုက် ဖူးလိုက်ရတာနဲ့တင် စိတ်နှလုံးမှာ အေးချမ်းစေတဲ့ ကောင်းမှုတော်စေတီကို အသေအချာ ကျကျနန မဖူးဘူးသေးပေမယ့် ခရီးသွားရင်း မကြာမကြာ မြင်တွေ့ ဖူးမျှော်ဖူးပါတယ်
ယခုထက်တိုင်ပေါ့

ကောင်းသည် ဆိုးသည်တော့ မဝေဖန်လိုပါဘူး ဒါပေမယ့် ကောင်းမှုတော်စေတီကို ထုံးသင်္ကန်းနဲ့ မဟုတ်ဘဲ ရွှေသင်္ကန်း ကပ်ထားတာတွေ့တော့ တစ်မျိုးကြီးဗျ

စေတီသမိုင်း
♕ ♕ ♕ ♕

စစ်ကိုင်းမြို့ မြောက်ဘက် ၆ မိုင်ခန့်အကွာ၌ တည်ရှိပြီး ဘွဲ့အမည်မှာ
***ရာဇမဏိစူဠာ***
 ဖြစ်ပါတယ်

ဒါယကာမှာ
***သာလွန်မင်းတရားကြီး***
ဖြစ်ပါတယ််

 မြန်မာသက္ကရာဇ် ၉၉၈ (၁၆၃၆) တော်သလင်းလဆန်း ၁၀ ရက် တနင်္လာနေ့မှာ စေတီတော်ကို တည်ထားကိုးကွယ်ခဲ့ပါတယ်

စေတီတော် ပုံသဏ္႑ာန်
➳ ➳ ➳ ➳ ➳ ➳ ➳

စေတီတော်ကို ပစ္စယံ သုံးဆင့်ခံထား၍ သပိတ် မှောက်ထားသကဲ့သို့ တည်ထားပါတယ်

ဉာဏ်တော် ၁၀၁ တောင်
လုံးပတ် ၅၀၂ တောင် ၂ မိုက် ၄ သစ်
ရှိပါတယ်

အုပ်ချပ်ရေပေါင်း ၁၀၁၂၆၅၅၂ ဖြင့် တည်ထားသည်ဟုလည်း သိရပါတယ်

စေတီတော်ကို ကျောက်ဆီမီးတိုင် ၈၀၂ တိုင်ဖြင့် ၀န်းရံထားပြီး
မြန်မာ မွန် ရှမ်း အက္ခရာတို့ဖြင့် ဗုဒ္ဓဖြစ်တော်စဉ်များကို ရေးထွင်းပူဇော်ထားပါတယ်

♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥

ဒီနေရာမှာ သာမန်အငြိမ့်လူပျက်တို့ရဲ့ ဟာသ စကားလေးတစ်ခွန်းက စေတီတော် ဖြစ်စဉ်သမိုင်းကို အနည်းငယ် ညစ်နွမ်းနေးစေတာ သတိချပ်စေလိုပါတယ် ပါးစပ်ရာဇဝင်တစ်ခု သာမန် ဟာသပျက်လုံးတစ်ခုဟာ စေတီသမိုင်း တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး နှောင်းလာနောက်သား ညီ ညီမငယ်တို့ အမှတ်မှား အသိမှားမှာ စိုးတဲ့အတွက် အဆိုပါ ပြက်လုံးကို သိရှိစေရန် ရေးသားပေးလိုက်ပါတယ်

စေတီရဲ့ သမိုင်း အစစ်အမှန် မဟုတ်ပါ
✖✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖
 ပန်းရံဆရာက စေတီတော် တည်ရာမှာ ဘယ်ပုံသဏ္႑ာန် တည်ထားရမလည်းလို့ မင်းတရားကြီးကို လာလျှောက်တင်ရာမှာ မိဖုရား သွားမေးဆိုလို့ မိဖုရားကို သွားမေးရာ မိဖုရားက ကလေးနို့တိုက်နေချိန် ပန်ရံဆရာက လာမေးရာ စိတ်မရှည်တာနဲ့ ဒီပုံစံတည်လိုက် ဆိုပြီး ရင်သားကို လှန်ပြပါသတဲ့ .
✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖

သန်းထွန်းလေး
အင်းတဲရွာ
koloneypoe@gmail.com
koloneypoe.blogspot.com

သန်းထွန်းလေး (အင်းတဲရွာ)

အငွေ့စားသူ ။။ ထေရီ(Htei Ri)

  "အငွေ့စားသူ" ................... ထေရီ(Htei Ri)   •သယ်...ဟယ်..ဟယ်.....   ငါကိုယ်တော်မြတ်   တစ်ဇတ်ဇတ်ကယ်တုန်   မိတ်ကပ်ရယ်အဖုံသားနဲ...

အထူး