သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Saturday, February 15, 2025

#ကျွန်တော်တို့ငယ်ငယ်က #စိုက်ပျိုးရေး


  

#ကျွန်တော်တို့ငယ်ငယ်က

#စိုက်ပျိုးရေး


၁၉၉၅ -၂၀၀၀ ကာလတွေပေါ့


ရွာရဲ့အဓိထွက်ကုန်က ဘာရယ်လို့ဆိုနိုင်စရာမရှိ သီးနှံအစုံကို နည်းနည်း နည်းနည်းခြင်းစီ


စိုက်ကြတာမျိုး



ပြောင်း ဝါ နှမ်း ပဲကြီး ပဲကြား ပဲလွန်း ပဲတီစိမ်း မတ်ပဲ ကုလားပဲ ပုစဥ်းငုံ 


စသည်ဖြင့် ကိုယ့်မြေအလိုက် တို့စိတို့စိ



လမ်းပမ်းဆက်သွယ်ရေး သယ်ယူပို့ဆောင်မှုမကောင်း


ရောင်းဝယ်မှုတွေက ဗဟိုချုပ်ကိုင်မှုအရိပ်အငွေ့မလွတ်သေးသည်မို့


ရာသီထွက်ကုန်တွေက ပေါ်ချိန်ကျဈေးမကောင်း 



ဒီတော့ ကိုယ့်ဒေသထွက်မဟုတ်ရင် ဝယ်ဖို့မလွယ် ရပြန်တော့ဈေးကြီး


ကိုယ့်ယာမြေမှာမှစိုက်ပျိုးမထားရင် ရှားရှားပါးပါးချို့ချို့တဲ့တဲ့



ဥပမာ


အထည်အလိပ်တွေ ဝယ်ဖို့ခက်တော့ ကိုယ့်ယာမှာဝါမှစိုက်မထားရင်


ဟောင်းလောင်းနေဖို့သာပြင်


ဒါကြောင့်ကျွန်တော်တို့ငယ်ငယ်က မိန်းကလေးတွေ ဗိုင်းငင် ရက်ကန်းရက်ပျင်းရင်


လူကြီးတွေပြောတာက နင်တို့ငါမရှိရင် ကျီးထိုးမယ်တဲ့



လူရွှင်တော်တွေစကားနဲ့ပြောရရင် အစိုးရမင်းများကလည်းတော်ရှာတယ်


ကုန်စည်စီးဆင်းမှုလွယ်ကူအောင် ပေါ်ပင်ကာလ ဝိသမလောဘသားတို့ရဲ့စျေးကစားမှုကိုသာ


မထိမ်းချုပ်နိုင်တာ လူထုကိုကျဂုတ်ခွတက်စီးလို့



#ဝါ


အဲ့သည်အချိန်က ချည်မျှင်ရှည်ှဝါစီမံကိန်းရယ်လို့ရှိဟန်တူရဲ့


တောင်သူတွေမှာ ကိုယ်ယာမြေကိုယ်စိတ်ကြိုက်လုပ်ခွင့်မရှိ 


သူတို့ဆီကို တအိမ်ထောင်လျှင် ဝါ'အချိန်ပိဿာမည်၍မည်မျှ မဖြစ်မနေသွင်းခိုင်းပါတယ်



အခွန်သဘောမျိုးပေါ့ အလကားစိုက်ပေးရတာထင်တယ် 


ဒါမှမဟုတ် သူတို့သတ်မှတ်ဈေးအတိုင်းဖြစ်နိုင်တယ် သူတို့ဖွင့်တဲ့ဈေးဆိုလည်းစဥ်းစားသာကြည့် 


ခုဒေါ်လာဈေးလိုပေါ့ ခေါက်ချိုးလောက်ကွာနေတတ်တာ



ဝါ'ဆိုတာကလည်းအခက်သား မြေတိုင်းဖြစ်တာမျိုးမဟုတ် 


မိုးများပြန်တော့မကြိုက် အသီးကနေပွင့်ထွက်လာတာမျိုးမို့ သူခိုးရန်ကပူ



ဒီတော့တဒီမြေမျိုး မပိုင်ဆိုင်ကြသူတွေအဖို့ အစိုးရမင်းများက သနားငဲ့ညှာစွာ


အမိန့်ထုတ်ပေးတယ် စိုက်မရ ဝယ်သွင်းပေါ့တဲ့



ကိုယ့်ဝတ်ဖို့ကဖြစ်သလိုလည်းရတယ် အစိုးရကိုသွင်းဖို့ကမပြည့်မီရင်


ဝယ်ဖို့ကငွေမရှိ ရှိပြန်တယ်ထားတော့ ပတ်ဝန်းကျင်မှာလည်းကိုယ့်လို့ 


အိမ်သုံးအဝတ်အထည်အတွက်နဲ့ မင်းခွန်သွင်းဖို့လောက်တာစိုက်ကြတာမို့


ပိုပိုလျှံလျှံမရှိ ဝယ်ဖို့ကမလွယ် 



အပူတွေတပွေ့တပိုက်နဲ့ကာလတွေပေါ့

.

.

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

.

.

သန်းထွန်းလေး ☆ အင်းတဲရွာ



No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဝိညာဉ်မဲ့

  ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့်  မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့်  ညစ်ပတ်သူတို့ရဲ့ စုဝေ...

အထူး