#ကျွန်တော်တို့ငယ်ငယ်က
#စားရေး
တကယ်တော့ စပါးတာတွေနဲ့ကိုယ်တွေဒေသက သိပ်ဝေးလှတယ်မဟုတ်
လမ်းပမ်းမသာလို့ ကုန်စည်စီးဆင်မှုကြန့်ကြာနေတာနဲ့ အာဏာရှိသူတွေနဲ့ လက်ဝေခံဒေသတွင်း
ခရိုနီတွေရယ်ကြောင့်ရှားပါးနေတာ
အဲ့ကာလများ ဆန်စားနိုင်ရင်အကောင်ပဲ
ဆန်ကျိုးလေးများစားနိုင်ရင်တောင် လူလတ်တန်းစားလို့ လက်မထောင်ခွင့်ရှိတယ်
ကိုယ်တွေကအောက်ဆုံးက ပြောင်းဆံစားတာ
ပြောင်းဆံဆိုတာက နွားကြွေးဖို့စိုက်တဲ့ ပြောင်းပင်ကထွက်လာတဲ့အနှံက အစေ့လုံးလုံးလေးတွေ
သူကတနှံမှာ အစေ့ပေါင်းများစွာပါတယ် ဒီတိုင်းတော့စားမရဘူး
အခွံမာလေးတွေပါတော့ မောင်းဆုံမှာထည့်လို့ဖွတ်ရ ချွတ်ရတယ်
အဲ့ကာလများ ရွာကမိန်းမတွေ ညနေထမင်းမချက်ခင် မောင်းအရင်ထောင်းလို့ ပြင်ဆင်ရတာပေါ့
ခုခေတ်လို ဆန်အိတ်ထဲကအသင့်ကော်ထည့်ချက်ရတာမျိုးမဟုတ်
ပြီးရင်တော့ ဆန်ထမင်းချက်သလို ချက်လိုက်ရုံပါပဲ
စားရင်တော့ လည်ချောင်းထဲထွန်မောင်းသလိုကြမ်းပါတယ်
ကိုယ်တွေများငယ်ဘဝက ပြောင်းဆန်စားရတာကို
သားသမီး၅ယောက်နဲ့ ကသီလင်တဖြစ်နေတဲ့ မုဆိုးမအမေ့အတွက်
သူ့မောင်နဲ့အစ်မက အရာရာတွဲလို့ကူပေးတယ် ဦးဆောင်လို့ဖြေရှင်းပေးတယ်
ဒါကြောင့်ပဲနောက်ပိုင်း ပြောင်းဆန်စားရာကတဆင့်တက်လို့
ဆန်ကျိုးလေးစားနိုင်လာတယ်
မှတ်မှတ်ထင်ထင်ရှိဖူးတာက ပြောင်းဖူးလည်းစားဖူးတယ်
ဆန်ကျိုးထဲမှာရောချက်တာပါ ဆန်ကနုတော့အစားမခံဘူးလေ
ပြောင်းစားနေကြပါးစပ်ဆိုတော့ လှိမ့်ပိမ့်တွယ်တာကိုး ကြာတော့မခံနိုင်ဘူး
ဒီတော့အစားခံအောင် ပြောင်းဖူးနဲ့ထည့်ချက်တာ
ပြောင်ဆန်နဲ့ ဆန်က ရောချက်လို့ရဟန်မတူဘူး
ပြောင်းဆန်က အသားမာတော့ချက်ဖို့အချိန်အတော်ယူရဟန်ဘဲ
ဒီတော့သူ့ကျက်အောင်စောင့်နေရင် ဆန်ကပျော့ပြဲသွားမှာကိုး
တောအရပ်ဆိုတော့ စည်းရိုးနားစပ်က အသီးအရွက်လေးတွေမှအပ
ဟင်းလျာရယ်လို့ မယ်မယ်ရရမရှိ ကြက်ဝက်တို့လိုအိမ်မွေးတိရစ္ဆာန်တွေရှိလင့်ကစား
တမင်ဖော်စားတယ်ဆိုတာမရှိ ကြက်ဥကြပြန်တော့လည်း
ဥစားမျိုးမဟုတ် အိမ်မွေးဆိုတော့ကား အမြဲမဥ
ဥပြန်တော့ အကောင်ပေါက်အောင်ထားတာမို့ မစားရ
ဒီထဲကမှ အမေ ၊ အစ်မ ၊ နှမတွေက တတ်နိုင်စွမ်းသမျှ
ဖွယ်ရာအောင်ချက်ကြပြုတ်ကြရတာပဲ
ဘာကြောင့်လဲဆိုတော့ ကိုယ်တွေဆီမှာ မီးဖိုချောင်ကိစ္စဆိုတာ
အမျိုးသမီးတိုတာဝန်ရယ်လို့မသတ်မုတ်သည့်တိုင် မိရိုးဖလာအစဥ်အလာလိုဖြစ်နေတာကိုး
.
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
.
သန်းထွန်းလေး ☆ အင်းတဲရွာ
No comments:
Post a Comment