"မင်္ဂလာပါ"ကိုယ်ပိုင်ခံစားမှု သုတရသဆိုင်ရာ ကဗျာဆောင်းပါးများနှင့် စာပေဆိုင်ရာများ သမိုင်း အတ္ထုပ္ပတ္တိများ တင်ဆက်ပေးတာဖြစ်တဲ့အတွက် မုချအမှန်လို့မဆိုလိုပါဘူးဗျ ...⭐ တကိုယ်စာခံစားချက်သက်သက်သာဖြစ်ပါတယ်... 🌹သာယာသောနေ့ဖြစ်ပါစေ .. 💪အရေးတော်ပုံအောင်တော့မည် ...စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်..
Showing posts with label ထူးအိမ်သင် ကဗျာ. Show all posts
Showing posts with label ထူးအိမ်သင် ကဗျာ. Show all posts
Wednesday, October 4, 2023
Saturday, May 28, 2016
ထူအိမ်သင် ၏ ကဗျာများ
မနှင်းဖြူ
တစ်
<><><>
ချစ်သူ
သင့်နှလုံးသားသည်
ပျားသို့ချို၏။
သို့ပြီးတကား
ဓားသွားမူ ထက်စွာ၏
နှစ်
<><>
ဆောင်းဦးပေါက်ညများရဲ့
ပွင့်ဦးနှင်းဆီဖြူဟာ
ငါ့သခင်မ
ငါ့ဘ၀ရဲ့ ကိုယ်ပွားအသက်ပါ
မင်းဘ၀နဲ့ ငါရှင်သန်တယ်
ပျိုရွယ်ခြင်း၊ ချိုမြတဲ့အဆိပ်
အိပ်ရာ၀င်ပုံပြင်ထဲက
နတ်သမီးတစ်ပါးရဲ့ အလှကို ငါမှတ်မိခဲ့ပြီ
ဒီဇင်ဘာမှာ နှင်းကျတယ်
တစ်လလုံးပါပဲ
ပထမဆုံးနှင်းပွင့်ကတော့
သူပေါ့ကွယ်၊ ဆွတ်ဆွတ်ဖြူဖြူ
ငန်းမွှေးတောင်သွင်တူသော
နူးညံ့ချောနုခြင်းနဲ့ ငါ့ရဲ့အသက်
အိပ်မက်အပြုံးရှင်ပေါ့ ၊ သူ ....
“ မနှင်းဖြူ ” လေ
သုံး
<><>
မနှင်းဖြူ.....
မင်းဘယ်သူလဲ .....
ငါကလွဲလို့ မင်းတောင်မှမသိ
မြတ်နိုးမိသူပါ
သူဟာ ...
ငါ့ဘ၀ရဲ့ ပထမဦးဆုံး
နှင်းဖုံးတောင်တန်းများရဲ့ နတ်မိမယ်
သံယောဇဉ်အနွယ်များရဲ့ မိခင်
ပွင့်ဦးသခင် ဆိုနိုင်ပါရဲ့
နွဲ့လျတဲ့ခြေလှမ်းများ
ငါ့နှလုံးသားမှာ ..
ဒဏ်ရာထင်အောင် ပြင်းထန်ခဲ့
ကဲ ........
ဒီလိုဘယ်သူသိမလဲကွယ်
လေး
<><>
ဆောင်းညရဲ့ နှုတ်ခမ်းအစွန်းမှာ
လမ်းများပေါ်
ငါ
တေးသီခဲ့တယ်
နားမလည်နိုင်တဲ့ ခံစားမှုဘ၀
တေးချင်းမှာ စတည်ခဲ့ပေါ့
ဖျော့တော့တဲ့လရောင်သွန်းချိန်
မှိန်ပြာပြာ နှင်းစက်ကြွေသံလို
ကောင်းကင်ငိုနေရဲ့
အို .....
အလှ
မင်းကို တမ်းတလို့ ..
ကိုစောငြိမ်း ရဲ့ ပွင့်ဦး
ငါဆိုခဲ့ဖူးပြီ .. ...
ငါး
<><>
ဟောသည်မှာ အချစ် ......
ကဗျာလိုလှတဲ့
ပန်းပွင့် သစ်ရွက်
စက်နဲ့လုပ်တာမဟုတ်
မင်းအတွက်ပဲ သည်မှာ
နုံချာပေမယ့် လတ်ဆတ်တဲ့နှလုံးသား
ဥပက္ခာမထားစေချင်
အရှင် ......
သခင် ......
သစ်ခက်ပလ္လင်မှာစံ၍
တေးချင်းကို နာခံ
မိုးယံ၌ပြည့်သော ပီတိနှင့်
တင့်တယ်စေပါမည်
ခြောက်
<><>
လုံမရဲ့ အကြည့်
နေထိတဲ့ ပန်းပါပဲ
ညိုးလျော်ဆဲအပြုံးဟာ
ပြည့်၀ပါပေရဲ့
စောင့်စားသူ နေပူမှာရပ်လို့
မင်းကို စောင့်ဖို့ ငါအသက်ရှင်တယ်
သစ်ပင် တောတောင် နေရောင် .....
ငါ့သခင် အောင်နိုင်တယ်
ဘယ်သူငြင်းမလဲ
အို အချင်းတို့ ........
အို အမျိုးကောင်းသားတို့.....
ငါ့အားခွင့်လွတ်ကြပါလေ ....
အချစ်စေကျွန်ဖြစ်တယ်။
ဇာမဏီငှက်၏ တင့်တယ်ခြင်းဖြင့်
ကြယ်ပွင့်တို့ကို နွံ၌နစ်စေသူ ......
ချစ်ခြင်း မုန်းခြင်း ဥပကေ္ခာနှင့် ခံယူမှု
ပန်းနုကျောက်ဆစ်အသွင်
မြင်သူတိုင်းအား
အကြည့်ဖြင့်သိမ်းပိုက်သူ ......
ခုနှစ်
<><>
အို .....
ချစ်သူလုံမ
ပထမဘ၀မှာ တွယ်ငင်သော
သံယောဇဉ်ပိုင်စိုးသူ
နှင်းမြူသည်းပွတ် ဆွတ်ဆွတ်ဖြူစင်၍
အိပ်မက်အငွေအသက်ပမာ
ငါမြတ်နိုးသူ
ငါ့အား .....
သနားသဖြင့် ဥပက္ခာသစ်ရိပ်မှ
ဖဲကျဉ်ခွင့်ရစေပါ
ငါ့အား ..
ဝါမျှင်ဂွမ်းစကဲ့သို့ ချီမ၍
သင့်အနမ်း၍ကြွေသော ပန်းပွင့်ရေအိုင်ထက်
သက်စေပါဘိ
သက်ရွက်လောင်းလှေဦးတွင်
သခင်မစံပါ
ကဗျာသစ်ခက်ဖြင့်ပြုသော
လှော်တက်ကို ငါကိုင်မည်
အောင်နိုင်ခြင်းနှင့် ဒဏ်သင့်သောငါ့အား
အသာယာဆုံး တိတ်ဆိတ်ခြင်းဖြစ်သည့်
အချိုမြိန်ဆုံးတေးချင်းကို
ဆိုခွင့်ပြုပါ
ထိုအခါ .....
ကမ်ဘာမြေသည် သခင်မအပြုံး၌ပွင့်သော
ဆည်းဆာပန်းပွင့်သစ်၏
နှစ်ချို့ စပျစ်အရက်ပမာ
ငါမူးယစ်စွာ မွေ့ပျော်စေလိမ့်မည်
ရှစ်
<><>
အားလုံးပြီးဆုံးသွားခဲ့ပြီ ......
မနှင်းဖြူ
အားလုံးပြီးဆုံးသွားပြီလေ....
အခုတော့ ......
ကိုး
<><>
မြစ်တစ်စင်းမှာ
သူ <> ငါ
နှစ်ခါရေမချိုးနိုင်
စီးဆင်းနေဆဲ အချိန်စက်၀န်း
ပုံတူသွန်းလုပ် အရုပ်ဆင်းတု
ပြုစုသူမဲ့ပေရဲ့ .. ...
ပစ္စုပ္ပန်မဲ့သောအခါ
အနာဂတ်မတည်စွမ်းသာ
သည်သို့ ..
သံသရာရှိလျှင်အဆုံး ငါမို့ဖြစ်ရင်း
ချစ်ခြင်းအပ မြဲစေ
ကျိန်စာဆိုခဲ့လေသလား......
အို .. နတ်ဘုရားတို့ ......
အို .. ပိုင်ဆိုင်သူတို့ ......
ထူးအိမ်သင်
တစ်
<><><>
ချစ်သူ
သင့်နှလုံးသားသည်
ပျားသို့ချို၏။
သို့ပြီးတကား
ဓားသွားမူ ထက်စွာ၏
နှစ်
<><>
ဆောင်းဦးပေါက်ညများရဲ့
ပွင့်ဦးနှင်းဆီဖြူဟာ
ငါ့သခင်မ
ငါ့ဘ၀ရဲ့ ကိုယ်ပွားအသက်ပါ
မင်းဘ၀နဲ့ ငါရှင်သန်တယ်
ပျိုရွယ်ခြင်း၊ ချိုမြတဲ့အဆိပ်
အိပ်ရာ၀င်ပုံပြင်ထဲက
နတ်သမီးတစ်ပါးရဲ့ အလှကို ငါမှတ်မိခဲ့ပြီ
ဒီဇင်ဘာမှာ နှင်းကျတယ်
တစ်လလုံးပါပဲ
ပထမဆုံးနှင်းပွင့်ကတော့
သူပေါ့ကွယ်၊ ဆွတ်ဆွတ်ဖြူဖြူ
ငန်းမွှေးတောင်သွင်တူသော
နူးညံ့ချောနုခြင်းနဲ့ ငါ့ရဲ့အသက်
အိပ်မက်အပြုံးရှင်ပေါ့ ၊ သူ ....
“ မနှင်းဖြူ ” လေ
သုံး
<><>
မနှင်းဖြူ.....
မင်းဘယ်သူလဲ .....
ငါကလွဲလို့ မင်းတောင်မှမသိ
မြတ်နိုးမိသူပါ
သူဟာ ...
ငါ့ဘ၀ရဲ့ ပထမဦးဆုံး
နှင်းဖုံးတောင်တန်းများရဲ့ နတ်မိမယ်
သံယောဇဉ်အနွယ်များရဲ့ မိခင်
ပွင့်ဦးသခင် ဆိုနိုင်ပါရဲ့
နွဲ့လျတဲ့ခြေလှမ်းများ
ငါ့နှလုံးသားမှာ ..
ဒဏ်ရာထင်အောင် ပြင်းထန်ခဲ့
ကဲ ........
ဒီလိုဘယ်သူသိမလဲကွယ်
လေး
<><>
ဆောင်းညရဲ့ နှုတ်ခမ်းအစွန်းမှာ
လမ်းများပေါ်
ငါ
တေးသီခဲ့တယ်
နားမလည်နိုင်တဲ့ ခံစားမှုဘ၀
တေးချင်းမှာ စတည်ခဲ့ပေါ့
ဖျော့တော့တဲ့လရောင်သွန်းချိန်
မှိန်ပြာပြာ နှင်းစက်ကြွေသံလို
ကောင်းကင်ငိုနေရဲ့
အို .....
အလှ
မင်းကို တမ်းတလို့ ..
ကိုစောငြိမ်း ရဲ့ ပွင့်ဦး
ငါဆိုခဲ့ဖူးပြီ .. ...
ငါး
<><>
ဟောသည်မှာ အချစ် ......
ကဗျာလိုလှတဲ့
ပန်းပွင့် သစ်ရွက်
စက်နဲ့လုပ်တာမဟုတ်
မင်းအတွက်ပဲ သည်မှာ
နုံချာပေမယ့် လတ်ဆတ်တဲ့နှလုံးသား
ဥပက္ခာမထားစေချင်
အရှင် ......
သခင် ......
သစ်ခက်ပလ္လင်မှာစံ၍
တေးချင်းကို နာခံ
မိုးယံ၌ပြည့်သော ပီတိနှင့်
တင့်တယ်စေပါမည်
ခြောက်
<><>
လုံမရဲ့ အကြည့်
နေထိတဲ့ ပန်းပါပဲ
ညိုးလျော်ဆဲအပြုံးဟာ
ပြည့်၀ပါပေရဲ့
စောင့်စားသူ နေပူမှာရပ်လို့
မင်းကို စောင့်ဖို့ ငါအသက်ရှင်တယ်
သစ်ပင် တောတောင် နေရောင် .....
ငါ့သခင် အောင်နိုင်တယ်
ဘယ်သူငြင်းမလဲ
အို အချင်းတို့ ........
အို အမျိုးကောင်းသားတို့.....
ငါ့အားခွင့်လွတ်ကြပါလေ ....
အချစ်စေကျွန်ဖြစ်တယ်။
ဇာမဏီငှက်၏ တင့်တယ်ခြင်းဖြင့်
ကြယ်ပွင့်တို့ကို နွံ၌နစ်စေသူ ......
ချစ်ခြင်း မုန်းခြင်း ဥပကေ္ခာနှင့် ခံယူမှု
ပန်းနုကျောက်ဆစ်အသွင်
မြင်သူတိုင်းအား
အကြည့်ဖြင့်သိမ်းပိုက်သူ ......
ခုနှစ်
<><>
အို .....
ချစ်သူလုံမ
ပထမဘ၀မှာ တွယ်ငင်သော
သံယောဇဉ်ပိုင်စိုးသူ
နှင်းမြူသည်းပွတ် ဆွတ်ဆွတ်ဖြူစင်၍
အိပ်မက်အငွေအသက်ပမာ
ငါမြတ်နိုးသူ
ငါ့အား .....
သနားသဖြင့် ဥပက္ခာသစ်ရိပ်မှ
ဖဲကျဉ်ခွင့်ရစေပါ
ငါ့အား ..
ဝါမျှင်ဂွမ်းစကဲ့သို့ ချီမ၍
သင့်အနမ်း၍ကြွေသော ပန်းပွင့်ရေအိုင်ထက်
သက်စေပါဘိ
သက်ရွက်လောင်းလှေဦးတွင်
သခင်မစံပါ
ကဗျာသစ်ခက်ဖြင့်ပြုသော
လှော်တက်ကို ငါကိုင်မည်
အောင်နိုင်ခြင်းနှင့် ဒဏ်သင့်သောငါ့အား
အသာယာဆုံး တိတ်ဆိတ်ခြင်းဖြစ်သည့်
အချိုမြိန်ဆုံးတေးချင်းကို
ဆိုခွင့်ပြုပါ
ထိုအခါ .....
ကမ်ဘာမြေသည် သခင်မအပြုံး၌ပွင့်သော
ဆည်းဆာပန်းပွင့်သစ်၏
နှစ်ချို့ စပျစ်အရက်ပမာ
ငါမူးယစ်စွာ မွေ့ပျော်စေလိမ့်မည်
ရှစ်
<><>
အားလုံးပြီးဆုံးသွားခဲ့ပြီ ......
မနှင်းဖြူ
အားလုံးပြီးဆုံးသွားပြီလေ....
အခုတော့ ......
ကိုး
<><>
မြစ်တစ်စင်းမှာ
သူ <> ငါ
နှစ်ခါရေမချိုးနိုင်
စီးဆင်းနေဆဲ အချိန်စက်၀န်း
ပုံတူသွန်းလုပ် အရုပ်ဆင်းတု
ပြုစုသူမဲ့ပေရဲ့ .. ...
ပစ္စုပ္ပန်မဲ့သောအခါ
အနာဂတ်မတည်စွမ်းသာ
သည်သို့ ..
သံသရာရှိလျှင်အဆုံး ငါမို့ဖြစ်ရင်း
ချစ်ခြင်းအပ မြဲစေ
ကျိန်စာဆိုခဲ့လေသလား......
အို .. နတ်ဘုရားတို့ ......
အို .. ပိုင်ဆိုင်သူတို့ ......
ထူးအိမ်သင်
Subscribe to:
Posts (Atom)
သန်းထွန်းလေး (အင်းတဲရွာ)
အငွေ့စားသူ ။။ ထေရီ(Htei Ri)
"အငွေ့စားသူ" ................... ထေရီ(Htei Ri) •သယ်...ဟယ်..ဟယ်..... ငါကိုယ်တော်မြတ် တစ်ဇတ်ဇတ်ကယ်တုန် မိတ်ကပ်ရယ်အဖုံသားနဲ...
အထူး
-
#သီတဂူဆရာတော်ဘုရားကြိး၏ #MP3တရားတော်များ_အပုဒ်ရေ_၁၁၀_ပါခဗျာ (၁)။“ဆုတ်ယုတ်လာသော ခေတ်ကို လေ့လာသုံးသပ်ခြင်း”- File size : 17.38 MB https :/...
-
#တြိစက္ကစာအုပ်များ (၄၁) အုပ်ပါခဗျာ (၁)တြိစက္က ဆယ့်နှစ်ကြိုးမှော်ရုံ http:// www.mediafire.com /download/p1bc9b3kera4yth/တြိစက္က_ဆယ့်နှစ်ကြိုး...
-
လရောင်ကျူးရင့် စာအုပ်များစုစည်းမှု( ၅၀ )အုပ်ပါခဗျာ ၁။သင့်အတွက်မနက်ဖြန် http:// www.freelibraryonline.com / force_download_m.php ?file=344...
-
လမင်းမိုမို စာအုပ်များ နှလုံးသားကိုချဉ်းနင်းတဲ့ခြေသံ http:// pc.cd /6KxrtalK ချစ်ခွင့်မရှိရင် http:// www.mediafire.com /download/2an78u...
-
#လွန်းထားထား စာအုပ်များ စုစည်းမှု ( ၃၂ )အုပ် ပါခဗျာ (၁) ချစ်သူကပြဌန်တဲ့_ချစ်ခြင်းယဉ်ကျေးမှု. http:// www.mediafire.com /download/ uloeegn1a...
-
စာပေဟောပြောပွဲ စုစည်းမှု ချစ်ဦးညို ချစ်ဦးညို http:// www.mediafire.com /download/ m1nikhhl4abnb3s / အနုပညာဖန်တီးသူနှင့် အနုပညာ ခံစားသူ...
-
ဒီနည်းလမ်း ၁၅ ခုဟာ လူတော်တော်များများ သိချင်တဲ့နည်းပါ သိမ်းထား Share ! 1 - Facebook သုံးသူများ ဆောင်ရန် ရှောင်ရန် နှင့် လုံခြုံစိတ်ချစွာ အသ...
-
"မျက်စေ့ အဆုံး နား အတုံး " မျက်စေ့ မမြင်ရ ရင် ဘဝ ဆုံးသလိုပါပဲ။ နားမကြားရရင်လည်း ဘဝ တုံး လူတုံးတစ်ယောက်လို ဖြစ်တတ်ပါသတဲ့ ခင်ဗျာ ...