ကိုလေး ☆ အင်းတဲ

ကိုလေး ☆ အင်းတဲ
Than Tun Lay .INDE
Showing posts with label စိုက်ပျိုးရေး. Show all posts
Showing posts with label စိုက်ပျိုးရေး. Show all posts

Saturday, June 27, 2020

လျှော်ဖြူ

မြန်မာအမည် - လျှော်ဖြူ၊ လက်ပံလျှော်ပင်၊ ရေစိမ်လျှော်ပင်၊ ဆေးကုလားမပင်၊ ပဒေသာပင်
အင်္ဂလိပ်အမည် - Wild Almond Tree
ရုက္ခဗေဒအမည် - Sterculia foetida
မျိုးရင်းအမည် - Malvaceae

လျှော်ဖြူပင်ကို အပူပိုင်းဒေသ၊ မြေနိမ့်လွင်ပြင်များတွင် ကောင်းစွာဖြစ်ထွန်းသည်။
ပင်လယ်ရေ မျက်နှာပြင် အထက် ပေ(၄၅၀၀) အထိ စိုက်ပျိုးနိုင်သည်။

မြေအမျိုးမျိုးတွင် ဖြစ်ထွန်းနိုင်သော်လည်း ရေဝပ်မှုကို မကြိုက်ပါ

စိုက်ပျိုးနည်း
မြေဆီထက်သန်ပြီး အစိုဓာတ်ကောင်းစွာ ထိန်းသိမ်း နိုင်သောမြေဖြစ်လျှင် ပတ်လည် ပေ၂၀ ခန့်ခွာစိုက်ပါ
မြေဆီထက်သန်မှု နည်းလျှင် ပတ်လည် ၁၅ပေခန့်ခွာစိုက်ပါ

၃ . ၄ နှစ်သားအရွယ်မှစ၍ အ​စေးထုတ်ယးနိုင်ပါသည်

စွမ်းရည်

၎င်း Gum Karaya ခေါ် အပင်ထွက်အစေးများသည် သကြားနှင့် ယူရိုနစ်အက်စစ်များမှ ဖွဲ့စည်းဖြစ်ပေါ်လာသည့် တည်ဆောက်ပုံ ရှုပ်ထွေးသည့် ကစီဓာတ်ပေါင်းစုများ ဖြစ်ကြပါသည်။

၎င်းအစေး များသည် galactan gelose ပါ၀င်မှုကြောင့် ရေကို အဆများစွာ စုပ်ယူ၍ ပွစေနိုင်ခြင်း၊ ရေနှင့်ပေါင်းစပ်၍ နူးညံ့ပျော့ပြောင်းသော ဂျယ်အဖြစ် ပုံသဏ္ဌာန်အမျိုးမျိုး ပြောင်းလဲစေနိုင်ခြင်း၊ ပျစ်ချွဲစေးပျစ်စေခြင်း၊ ကော်ကပ်နိုင်စွမ်းရှိခြင်း၊ ရေအပြင် အရက်ပျံ၊ အီသာနှင့် ဆီ အမျိုးမျိုးတွင် ပျော်၀င်မှုမရှိခြင်း၊ အက်ဆစ်ပျော့များနှင့် အနုဇီ၀ပိုးများ၏ တိုက်စားဖြိုခွဲမှုဒဏ် ခံနိုင်ရည်ရှိခြင်း၊ ခန္ဓာကိုယ်မှ စုပ်ယူချေဖျက်နိုင်မှုမရှိခြင်း စသည့် ဂုဏ်သတ္တိများရှိပါသည်။

အသုံးဝင်မှုများ

၎င်းအစေးခဲခြောက်များအား အမှုန့်ပြုလုပ်၍
ကားမှန် အဖျော်ယမကာလုပ်ငန်းများ၊ သရေစာနှင့် မုန့်လုပ်ငန်းများ၊ ဆေးဝါးနှင့် ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းများ၊ အလှကုန်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းများ၊ အထည်အလိပ်နှင့် ယက္ကန်းလုပ်ငန်း၊ စက္ကူပျော့ဖတ်နှင့် ပုံနှိပ်လုပ်ငန်းများ စသည်တို့အပြင် သားရေနယ်လုပ်ငန်း၊ ရေနံဓာတုလုပ်ငန်း၊ အထူးပြုဖန်ထည် မှန်ထည်လုပ်ငန်း အစရှိသည့် စက်မှု လက်မှု လုပ်ငန်းမျိုးစုံတို့တွင် ပေါင်းစပ်ရောနှောပစ္စည်း၊ စေးခဲ၊ စေးပျစ်ပစ္စည်း၊ အနယ်စုပ်ပစ္စည်း၊ အဖုံးအကာလွှာ ပစ္စည်းများအဖြစ် အမျိုးမျိုးသုံးစွဲကြသည်။

ဆေး

ဆီးပူ၊ ဆီးအောင့်ခြင်း ဝမ်းချုပ်ခြင်းများအတွက် သောက်သုံးနိုင်သည်
မီးပူလောင်ရင် ရေစိမ်ပြီးပွဲလာရင် အုံထားပေးနိုင်သည်
အမျိုးသားတွေအတွက် ကာမအားအင်တိုးဆေးအဖြစ် နေ့စဉ်မှီဝဲနိုင်ပါတယ်။
အရေးအကြောင်းတွေပျောက်ကင်းပြီး မျက်နှာအသားအရည် တင်းရင်းစေသည့်အတွက် မျက်နှာ​ပေါင်းတင်​ဆေးအဖြစ်လည်း သုံးစွဲနိုင်သည်

ကိုး ဂူးဂဲလ်

သန်းထွန်း​လေး (အင်းတဲရွာ)
အောင်ညီကို ရွှေထည်စက်ဖြတ်နှင့်​ရွှေပန်းထိမ်လုပ်ငန်း


သန်းထွန်းလေး (အင်းတဲရွာ)

အငွေ့စားသူ ။။ ထေရီ(Htei Ri)

  "အငွေ့စားသူ" ................... ထေရီ(Htei Ri)   •သယ်...ဟယ်..ဟယ်.....   ငါကိုယ်တော်မြတ်   တစ်ဇတ်ဇတ်ကယ်တုန်   မိတ်ကပ်ရယ်အဖုံသားနဲ...

အထူး