Governor. The Silent Saviour (2026) (ဇာတ်ကား🖊 တွေး၊ညွှန်း) အုပ်ကြီး (သို့) အသံတိတ်ကယ်တင်ရှင်
။
အတ္တုပ္ပတ္တိဇာတ်လမ်းတွေက အများအားဖြင့် သက်ဆိုင်ရာပုဂ္ဂိုလ်က ကြီးကျယ်ရင်ကြီးကျယ်သလောက် အရေးကြီးတဲ့ အခန်းကဏ္ဍများတာမို့ ကြည့်ရှုသူအဖို့ ငြီးငွေ့စရာဖြစ်တတ်တယ်
ဒီကားက ဗဟိုဘဏ်ဥက္ကဋ္ဌတယောက်အကြောင်းပါ
သူ့ခေတ်သူ့အခြေအနေမှာ ရင်ဆိုင်ကြုံတွေ့ရတဲ့အခက်အခဲတွေကိုတဆင့်ချင်းပြသသွားတာ အတော်ကြည့်ရကောင်းတယ်
တံခါးပိတ်ဝါဒနဲ့ ချွတ်ချုံကြနေတဲ့စီးပွားရေး
အလွမ်းသင့်ရာသာ ပေါင်းသင်းတတ်တဲ့ နိုင်ငံခြားရေးမူဝါဒတွေကြောင့်
နိုင်ငံ့စီးပွားရေးတခုလုံး ဘုံးဘုံးလဲကျလို့ ယိုင်လဲသွားမတတ်အခြေအနေကို ကိုင်တွယ်ဖြေရှင်းသွားပုံက ပညာရပ်ဆိုင်တဲ့ စကားလုံးတွေထက် သာမန်လူသားတို့ရဲ့ လူမှုဘဝမှာဖြေရှင်းကြပုံတွေကို ပမာထားလို့ ပြသွားတာ
ဆိုခဲ့သလို အတ္ထုပ္ပတ္တိကားတွေက ပျင်းစရာကောင်းတတ်ပါတယ်
ဒီထဲကမှ အခြေတည်ရာပုဂ္ဂိုလ်က
လူဆိုးဗိုလ်ဂိုဏ်းစတားမျိုး
အားကစားသမားမျိုး
ရုပ်ရှင်သရုပ်ဆောင်လိုမျိုးမဟုတ်တော့
အကြမ်းစားသိုင်းချခန်းတွေ ပြင်းထန်လွန်ကဲတဲ့ စိတ်ခံစားချက်တွေ ကြည်နူးဆွတ်ပျံ့ဖွယ်ဇာတ်ဝင်ခန်းတွေနဲ့ ထုံမွှန်းလို့မရတဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌဆိုတော့ တော်ရုံစိတ်ဝင်စားမှုနဲ့ ကြိုက်နှစ်သက်လိမ့်မယ်မထင်ဘူး
ဒါပေမယ့် စီပွားရေးသဘောတရားတွေ
အကြီးအကဲတယောက်ရဲ့ ရှောင်လွှဲလို့မရ ရင်ကိုရင်ဆိုင်ရမယ့် ဆုံးရှုံးမှုတွေကို ပိုမိုသက်သာနိုင်မယ့် ခံသာနိုင်မယ့်အထိလျှော့ချနိုင်ဖို့ ကြိုးစားသွားတာတွေက တကယ့်နှစ်လိုဖွယ်ကောင်းတယ်
ကြည့်ကြည့်ကြဗျာ ပေးရတဲ့အချိန်ထက် များစွာသာလွန်တဲ့ အတွေးတွေရမှာပါ
နိုင်ငံ့မျက်နှာမထောက်ညှာပဲ ကိုယ်ကျိုးအတွက် အာဏာရှင်စေခိုင်းသမျှ လက်ညှိုးထောင်ခေါင်းညိတ်ပြီး စည်းလွတ်ဝါးလွှတ် ငွေစက္ကူတွေ ရိုက်ထုတ်ပေးပြီး ကျပ်ငွေတန်ဖိုးကျဆင်းစေကာ တိုင်းပြည်စီးပွားရေးဘုံးဘုံးလဲကျအောင်ဖန်တီးနေတဲ့ ဗဟိုဘဏ်က ခွေးသတောင်းစားတွေနဲ့နှိုင်းစာကြည့်ပေါ့
။
။
https://t.me/kolay0001/2238
။
Directed by
Chinmay D. Mandlekar
.
Starring
Manoj Bajpayee
Adah Sharma
Noushad Mohamed kunju
။
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
ကိုလေး ☆ အင်းတဲ