ကိုလေး ☆ အင်းတဲ

ကိုလေး ☆ အင်းတဲ
Than Tun Lay .INDE
Showing posts with label ကျန်းမာရေး ဆောင်းပါး. Show all posts
Showing posts with label ကျန်းမာရေး ဆောင်းပါး. Show all posts

Monday, November 2, 2020

ရေအသက် တစ်မနက် ထမင်းအသက် ခုနှစ်ရက်




       ကျွန်တော်တို့လူတိုင်းနီးပါ ရင်းနှီးနေတဲ့ စကားလုံးပါ 

        ဒါပေမယ့် ကျွန်တော်တို့ကိုယ်တိုင် အဲ့ဒီစကားရဲ့ အဓိပ္ပါယ်ကို သေသေချာချာ လေးလေးနက်နက် မခံစား မသိဘဲ သုံးခဲ့ကြမိတာ များမယ်ထင်တယိ

         တစ်ချို့ဆို ဟုတ်ဟန်မတူပါဘူး ငါတို့ဖြင့် တစ်ရက်လုံး ရေမသောက်ပဲ နေနိုင်တယ် တစ်ချို့ လူနာဖြင့် တစ်လကြာ ထမင်းမစားရဘူး သေမှ မသေပဲ 
        ရှေးလူကြီးတွေရဲ့ မှားယွင်း ခေတ်မမှီတဲ့ အယူအဆကြီးပါပေါ့တဲ့ 
        စသည်ဖြင့် ဝေဖန်ကဲ့ရဲ့ စကားတင်းဆိုကြတယ်

      အမှန်က ......

ရေအသက် တစ်မနက်
******************

 ကိုယ့်ကိုယ်ကို သတိထားကြည့်ပါ တစ်မနက်လုံး ရေမသောက်မိတဲ့ အခါမျိုးပေါ့ အနည်းဆုံး နှုတ်ခမ်းသားတွေ ခမ်းခြောက်လာတယ် ဒီထက်ဆိုးတဲ့သူဆိုရင် နှုတ်ခမ်းသားမှာ အ​ရေလန်လာတာမျိုး ဒါဟာ ရေဓာတ် ခမ်းခြောက်လာတဲ့သဘော ရေရဲ့ အဟာရ ပြတ်တောက် သွားတဲ့ သဘောပါ

အဲ့ဒါကို ရေအသက် တစ်မနက်လို့ ခေါ်တယ်
ရေတစ်မနက် မသောက်ရင် လူသေလိမ့်မယ်လို့ ဆိုလိုတာမဟုတ်ပါဘူး ရေရဲ့ အဟာရဓါတ်က တစ်မနက်စာဘဲခံတယ် ခန္ဓာကိုယ်မှာ ရေဓါတ် ခမ်းခြောက်သွားတယ်လို့ ဆိုလိုတာပါ
       
  ဒါကြောင့် ခုခေတ်မှာ ဆရာဝန်တွေက ရေကို မကြာခဏ သောက်သင့်တယ် တစ်နေ့ကို ဘယ်၍ဘယ်မျှ သောက်သင့်တယ်လို့ ဆိုကြတာပါ

ထမင်းအသက် ခုနှစ်ရက်
*********************
         ထမင်းရဲ့ အဟာရဟာ လူ့ခန္ဓာကိုယ် အတွက် ခုနှစ်ရက်တာ အတွက်သာ အဟာရ ထောက်ပံ့ပေးနိုင်တယ် ခုနှစ်ရက်လွန်သွားရင် သေလိမ့်မယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး ထမင်းရဲ့ အဟာရ ကုန်ခမ်းသွားတယ်လို့ ဆိုလိုတာပါ

ဒါ့ကြောင့် 

***************************************
ရေအသက် တစ်မနက် ထမင်းအသက် ခုနှစ်ရက်
***************************************

ဆိုတာ သာမန် စကားလုံးမဟုတ်ပါဘူး မြန်မာ့ရှေးလူကြီးတွေရဲ့ အင်မတန်မှ ခေတ်မှီပြီး ဆေးပညာသဘောအရ အဆင့်အတန်းမြင့်မားတဲ့ ဆိုရိုး စကားစု တစ်ခုဖြစ်ပါကြောင်း 
      လျှောက်လှဲ ထုချေပါတယ်

♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨ 

သန်းထွန်းလေး 
အင်းတဲရွာ

Friday, February 8, 2019

လေဆာနှင့်မျက်စိပါဝါလျော့ချခြင်း


မျက်မှန်ပါဝါကို လေဆာနှင့် ပြုပြင်မည့်သူများ သိသင့်သည့် အချက်များ
BY: GOOD HEALTH
မျက်မှန် ပါဝါများသူ၊ အကြောင်းကြောင်းကြောင့် မျက်မှန် မတပ်ဆင်လိုသူ ဒါမှမဟုတ် မကြာခဏ မျက်မှန်ကို မေ့တတ်လေ့ရှိသူ၊ ဒါမှမဟုတ် မျက်ကပ်မှန် တပ်ရတာကို အလုပ်ရှုပ်တယ်လို့ ထင်နေကြသူတွေ အတွက် မျက်လုံးကို လေဆာနဲ့ ပြုပြင်နိုင်တဲ့ ခွဲစိတ် နည်းလမ်းတွေ ပေါ်ပေါက်နေပါပြီ။ လေဆာနဲ့ ခွဲစိတ်ကုသတာဟာ အောင်မြင်နှုန်းများပြီး ဆိုးကျိုးလည်း ပြောပလောက်အောင် မရှိတာမို့ အလွန် ခေတ်စားတယ်လို့ သိရပါတယ်။ ဒါကြောင့် မျက်စိကို လေဆာနဲ့ ပြုပြင်လိုသူတွေ သိလိုကြတဲ့ မေးခွန်း ခြောက်ခုနဲ့ အဖြေတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ဘယ်လိုလူတွေကို လေဆာနဲ့ ပြုပြင်ပေးလို့ ရပါသလဲ

မျက်စိ အဝေးမှုန်၊ အနီးမှုန်နဲ့ မျက်စိဆုံချက် မညီတဲ့ ဒီဂရီ အမျိုးမျိုး ရှိသူတွေ အတွက် လေဆာနဲ့ ပြုပြင်ပေးလို့ ရပါတယ်။ အသက် ၁၈ နှစ်အောက် အရွယ်တွေမှာ သူတို့ရဲ့ မျက်လုံးဟာ ကြီးထွားဆဲ ဖြစ်နေပြီး အဝေးမှုန်တဲ့ ဒီဂရီဟာ ဆိုးလာနိုင်သေးတဲ့ အတွက် ပါဝါ တည်ငြိမ်တဲ့ အချိန်ရောက်မှသာ လေဆာနဲ့ ပြုပြင်ပေးလေ့ ရှိပါတယ်။ ခြုံပြောရမယ်ဆိုရင် လေဆာနဲ့ ခွဲစိတ်မှု မပြုလုပ်မီ အနည်းဆုံး တစ်နှစ်ခန့်ဟာ မျက်မှန်ပါဝါ ပြောင်းလဲမှု အနည်းငယ်သာ ရှိသင့်ပါတယ်။ လေဆာနဲ့ ခွဲစိတ်ခံရမယ့်သူရဲ့ မျက်ကြည်လွှာဟာလည်း လုံလောက်တဲ့ အထူ အနေအထား ရှိရပါမယ်။ အာရှတိုက်သားတွေရဲ့ မျက်ကြည်လွှာ အထူဟာ ပျမ်းမျှ ၅၅ဝ မိုက်ခရိုမီတာ ရှိပါတယ်။ လေဆာနဲ့ ခွဲစိတ်ခံရမယ့်သူရဲ့ မျက်ကြည်လွှာ အထူဟာ ၄၈၀ မိုက်ခရိုမီတာထက် များရပါမယ်။

၂။ ဘယ်လိုလူတွေဟာ လေဆာနဲ့ ခွဲစိတ်ဖို့ မသင့်တော်သူတွေလဲ

(က) ကိုယ်ဝန်ဆောင်သူများ
ကိုယ်ဝန်ဆောင် ကာလမှာ မျက်မှန်ပါဝါ အပြောင်းအလဲ ရှိတတ်ပါတယ်။ ကိုယ်ဝန် တတိယ အဆင့်မှာ မျက်ကြည်လွှာ ရောင်ရမ်းတတ်တာမို့ ကိုယ်ဝန်ဆောင်ချိန်မှာ မျက်လုံးကို လေဆာနဲ့ ပြုပြင်လို့ မရပါဘူး။

(ခ) ဆီးချိုရောဂါ
သင့်မှာ ဆီးချိုရောဂါ ရှိနေရင် မျက်လုံးကို လေဆာနဲ့ ပြုပြင်တာကြောင့် မျက်စိ ခြောက်သွေ့တာ၊ အတွင်းတိမ်နဲ့ ရေတိမ်လိုမျိုး တခြား မျက်စိဝေဒနာတွေ ခံစားရနိုင်ပါတယ်။ လေဆာနဲ့ ပြုပြင်ပြီးရင် မျက်စိ ခြောက်သွေ့တာ သက်သာအောင် မျက်ရည်တု (Lubricants) တွေ ပိုမို အသုံးပြုရတတ်ပါတယ်။

(ဂ) ရူမရွိုက် ရိုးဆစ် ရောင်ရမ်းနာ (Rheumatoid Arthritis)
ရောင်ရမ်းတတ်တဲ့ သဘာဝရှိတဲ့ ရောဂါကြောင့် မျက်ကြည်လွှာ ပုံသဏ္ဌာန် ပြောင်းလဲနိုင်ပြီး လေဆာနဲ့ ပြုပြင်ထားတဲ့ အမြင် တိကျမှုကို ထိခိုက်နိုင်ပါတယ်။

(ဃ) Keratoconus
မျက်ကြည်လွှာ အားနည်းတဲ့ ရောဂါပါ။ လေဆာကြောင့် မျက်ကြည်လွှာ ပိုမို ပါးသွားနိုင်ပြီး ပိုမို အားနည်းသွားကာ မျက်ကြည်လွှာ စူထွက်လာတာနဲ့ ယိုင်တာတွေ ဖြစ်တတ်ပြီး အမြင်အာရုံ ဆုတ်ယုတ်သွားနိုင်ပါတယ်။

၃။ မိမိကို ခွဲစိတ်ပေးမယ့် ဆရာဝန်ကို ဘာမေးခွန်း မေးသင့်ပါသလဲ

(က) မိမိရဲ့ မျက်စိ ကျန်းမာရေး ကောင်း၊ မကောင်း
(ခ) အောင်မြင်မှုနှုန်း ဘယ်လောက် ရှိသလဲ
(ဂ) ခွဲစိတ်ပြီးပါက ရလဒ်ကောင်း ရရှိနိုင်ခြေ ဘယ်နှရာခိုင်နှုန်းခန့် ရှိပါသလဲ။

၄။ လေဆာနဲ့ ခွဲစိတ်ပြုပြင်မှု မလုပ်ခင် ဘာစစ်ဆေးမှုတွေ ပြုလုပ်ဖို့ လိုအပ်ပါသလဲ

(က) Snellen Chart ကို အသုံးပြုပြီး အမြင် တိကျမှုကို တိုင်းတာရပါတယ်။
(ခ) မျက်မှန်ပါဝါကို တိုင်းပါမယ်။ မိမိ အသုံးပြုနေတဲ့ မျက်မှန် ဒါမှမဟုတ် မျက်ကပ်မှန်ရဲ့ ပါဝါကို တိုင်းပါမယ်။
(ဂ) မျက်ကြည်လွှာ၊ မျက်ခွံ၊ မျက်မြှေး၊ မျက်စိမှန် ဘီလူးကို အသေးစိတ် စစ်ဆေးပါမယ်။
(ဃ) မျက်စိ အတွင်းဖိအား ဘယ်လောက် ရှိသလဲလို့ Tonometry နဲ့ တိုင်းတာပါမယ်။ ရေတိမ် ရှိ၊ မရှိကို အသေးစိတ် စစ်ဆေးတာပါ။

(င) မျက်စိ အတွင်းတိမ် ရှိမရှိနဲ့ တခြား မျက်စိရောဂါ ရှိမရှိကိုပါ မျက်လုံးသူငယ်အိမ် ချဲ့ပြီး အနုစိတ် စစ်ဆေးပေးပါတယ်။
(ဆ) မျက်ကြည်လွှာအထူ ဘယ်လောက် ရှိသလဲ တိုင်းတာပါမယ်။
(ဇ) မျက်စိသူငယ်အိမ် အရွယ်အစားကို တိုင်းတာပါမယ်။

၅။ လေဆာနဲ့ ပြုပြင်ပြီးရင် ဘယ်လောက်ထိ ကောင်းမယ်လို့ မျှော်မှန်းနိုင်ပါသလဲ

လေဆာနဲ့ ပြုပြင်တာဟာ မျက်မှန်နဲ့ မျက်ကပ်မှန် အားကိုးရတာ သက်သာအောင်လို့ပါ။ အဝေးမှုန် ဒီဂရီနဲ့ မျက်စိဆုံချက်အမှတ် မညီတာ များလွန်းသူတွေ အတွက် လေဆာနဲ့ ပြုပြင်ပြီး နောက်ပိုင်းမှာ အဝေးမှုန်ပါဝါ အနည်းငယ်လောက်ပဲ ပြန်ဖြစ်နိုင်ပါတယ်။ လေဆာနဲ့ ပြုပြင်ထားသူတွေဟာ မျက်စိကို ဂရုစိုက်တဲ့အကျင့် ပြုလုပ်ဖို့ လိုအပ်ပါတယ်။

၆။ လေဆာနဲ့ ပြုပြင်ပြီး မျက်စိကို ဘယ်လို ဂရုစိုက်မှု ပြုလုပ်ရပါမလဲ

မျက်စိကို လေဆာနဲ့ ခွဲစိတ်ပြုပြင်ပြီးရင် ဆရာဝန်နဲ့ တစ်ရက်၊ တစ်ပတ်၊ တစ်လ၊ သုံးလ၊ ခြောက်လနဲ့ တစ်နှစ်အတွင်း ပြန်လည် ပြသကြပါတယ်။ မျက်လုံးကို မတော်တဆ ထိခိုက်နိုင်တဲ့ အားကစားနည်း (ဥပမာ - လက်ဝှေ့ထိုးတာ) တွေကို အနည်းဆုံး ခြောက်လ မကစားရပါ။ မျက်လုံးကို ပွတ်တာတွေလည်း မပြုလုပ်ရပါ။ ခွဲစိတ်တာကြောင့် ဖြစ်ပေါ်တတ်တဲ့ မျက်စိ ခြောက်သွေ့မှုကို သက်သာအောင် မျက်ရည်တု မျက်စဉ်းဆေး ခတ်ပေးပါ။ ခွဲစိတ်ပြီးလို့ လှပချင်တဲ့ အကြောင်းကြောင့် ဒါမှမဟုတ် ပါဝါ မကိုက်သေးတာကြောင့် မျက်ကပ်မှန် တပ်ဆင်လိုတယ်ဆိုရင် အနည်းဆုံး ခွဲပြီး တစ်လအကြာမှ တပ်ဆင်ရပါမယ်။

ဒေါက်တာခင်မိုးမိုး

Wednesday, May 4, 2016

မျက်​လုံး​ရောဂါ

နံနက် ဦးခေါင်း ည ဒူးခေါင်း
[][][][][][][][][][][][][][][][]
      ဒီစာသားလေးကို ရင်နှီတာကြာပြီဗျ အဓိပ္ပါယ်​သိပ်ပေါက်တာနဲ့ မရေးဖြစ်ခဲ့တာ
     မနက်ပိုင်းရေချိုးမယ်ဆိုရင် ခေါင်းပါချိုးသင့်တယ်လို့ ဆိုပါတယ် ဒါမှ ိတစ်ကိုယ်လုံးမှာ ရှိနေတဲ့ အပူတွေဟာ ငြိမ်းအေးပြီး စိတ်လက်ကြည်လင်စေမှာပါ
      ဒီခန္ဓာမှာ သန့်ရှင်းနေဖို့နဲ့ ကျန်​းမာ​ဖို့က အင်မတန်အရေးကြီးပါတယ် ကိုယ်ကျန်းမာမှ စိတ်ချမ်းသာတယ်မဟုတ်လား ကျွန်တော်က နှားစေးလွယ်သူတစ်ယောက်ပါ ပူရင်လည်း စေးတယ် အေးရင်ကော ပန်ကာလေခံရင်ကော အိပ်ပျက်ရင်ကော ရေးချိုးမမှန်ရင်ကော နှာစေးတတ်ပါတယ် အဲ့ဒီလိုနေ့မျိုးမှာ စိတ်လက်မရွှင်ဘူးဗျာ သိပ်စိတ်ပျက်ရတယ် လူကြားထဲ နှာစေးနေမှာစိုးတော့ သိပ်မထွက်ဖြစ်တာနဲ့ လူမှုရေးမှာ ထိခိုက်ပါတယ်
     ည ဒူးခေါင်း ဆိုတာကတော့ ညအိပ်ရာမဝင်မှီမှာ ဒူခေါင်းကနေ ရေလောင်းချသင့်ပါတယ် ဒီလိုလောင်းရာမှာလည်း ၂ ခွက် ၃ ခွက်လောက်တင် မကပဲ ခါးကအပူတွေ ဆင်းပြီး အေးသွားတယ်လို့ ထင်ရတဲ့အထိ ၇ ခွက် ၈ ခွက်လောက် လောင်းသင့်ပါတယ် အသက်ကြီးသူတွေဆိုရင်တော့ ခြေထောက် သုတ်ပြီးမှအိပ်သင့်ပါတယ်
    ဒီလိုလုပ်ခြင်းအားဖြင့် မျက်ဝတ်တက်ခြင်း မျက်ချေးထွက် မျက်လုံး တိမ်သလ္လာ စွဲကပ်ခြင်းတို့မှ ကင်းဝေးစေမှာပါ
    မနက် အိပ်ရာထ မျက်နှာသစ်ပြီးတယ်ဆိုတာနဲ့ မျက်လုံးကို ရေမှာငုံ့စေပြီး ၁၀ မိနစ်လောက် ဖွင့်လိုက်ပိတ်လိုက် လုပ်သင့်ပါတယ် ဒီလိုလုပ်ခြင်းအားဖြင့် မျက်လုံးကြွက်သားတွေ ပိုမိုအားကောင်းလာစေပြီး မျက်မှန်တပ်ရသူများ ပါဝါကျဆင်းလာစေမှာပါ ပထမတော့ လုပ်နိုင်မှာမဟုတ်ပါဘူး မျက်လုံးတွေ ကျိန်းစပ်နေပါလိမ့်မယ် ဒါပေမယ့် လေ့ကျင့်ရင်ဖြစ်ပါတယ် မျက်လုံးလေးနွေးလာပြီး အပူထွက်တဲ့ ခံစားမူလေးရပြီး ကြည်လင်လာစေမှာပါ
       နေ့ခင်းပိုင်းတွေမှာ အပြင်ကပြန်လာရင် ခြေမဆေးမိစေဖို့လိုတယ်နော် ရေနွေးထည့်ထားတဲ့ ဖန်ခွက်ထဲ ရေအေးထည့်လိုက်ရင် ရုတ်တရက် ကွဲတတ်သလိုပါပဲ ရုတ်တရက် ဆိုတော့ သေဆုံးနိုင်သလို အပူရုတ်တရက် တက်လာချိန်မှာ မျက်လုံးကွယ်တတ်ပါတယ်
      ပူပြင်းတဲ့ အချိန်တွေမှာ ကလေးတွေ ရေကန်ထဲမှာ ရေဆင်းကူးတာမျိုးကိုလဲ ရှောင်ရှာစေချင်ပါတယ်
      အထူးသဖြင့်ပေါ့ သံဃာတော်တွေဟာ နံနက်ဆွမ်းခံချိန်တွေမှာ ဖိနပ်မစီးရဘူးမဟုတ်လား မြေမှာရှိတဲ့ အပူတွေဟာ ခြေဖဝါးမှတဆင့် ခန္ဓာကိုယ်ကို ဒုက္ခပေးတတ်ပါတယ် ဒါကြောင့် သံဃာတော်များ နံနက်ဆွမ်းခံ ပြန်ပြီးတာနဲ့ ခဏနားပြီး ခြေဆေးသင့်ပါတယ် ဒါမှ အပူတွေပြန်လည်ကင်းဝေးစေမှာပါ
မိုး ၉ နွေ ၈ ဆောင်း ၁၁ တဲ့ဗျာ ရေအချိုးသင့်ဆုံးအချိန်တွေပါ
     မျက်စိအဆုံး နားအရံှုးတဲ့လေ
ဒါကြောင့်ဂရုစိုက်ကြပါ ကျွန်တော်ကိုယ်တိုင်က မျက်မှန်သမားဖြစ်တဲ့အတွက် မျက်မှန်ရဲ့ ဒုက္ခကို အများအပြား ခံစားရပါတယ်
      ကျွန်တော့်ရဲ့ ဆရာတော် သံဃာတော်များနဲ့ ဆရာ ဆရာမ ညီ အစ်ကို မောင်နှမ သူငယ်ချင်းအားလုံး မျက်မှန်ဒုက္ခ ကင်းဝေးပါစေကြောင်း

       သန်းထွန်းလေး
             အင်းတဲရွာ

သန်းထွန်းလေး (အင်းတဲရွာ)

အငွေ့စားသူ ။။ ထေရီ(Htei Ri)

  "အငွေ့စားသူ" ................... ထေရီ(Htei Ri)   •သယ်...ဟယ်..ဟယ်.....   ငါကိုယ်တော်မြတ်   တစ်ဇတ်ဇတ်ကယ်တုန်   မိတ်ကပ်ရယ်အဖုံသားနဲ...

အထူး