ကိုလေး ☆ အင်းတဲ

ကိုလေး ☆ အင်းတဲ
Than Tun Lay .INDE
Showing posts with label ငတိုလှိုင်ရဲ့အဆုံးသတ်. Show all posts
Showing posts with label ငတိုလှိုင်ရဲ့အဆုံးသတ်. Show all posts

Tuesday, July 7, 2026

ဝိညာဉ်မဲ့

 

ဝိညာဉ်မဲ့

........


သူ့သမီးကို ညစ်ပတ်မယ့် 

မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင်


ကျောင်းသားတွေကို ပစ်သတ်မယ့် 

ညစ်ပတ်သူတို့ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင်


ပြည်သူတွေကို ပစ်သတ်မယ့် 

ညစ်ပတ်သူတို့ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင်


သာသနာဝင်တွေကို ပစ်သတ်မယ့် 

ညစ်ပတ်သူတို့ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင်


တကယ်ပါ ဘုရားစူးရစေ့

နယ်ချဲ့ကို အမြစ်ဖြတ်ဖို့ဖွဲ့စည်းခဲ့တာပါ


ခု..တပ်နဲ့မတော်တဲ့ကောင်တွေက ပြည်သူကိုဗိုလ်ကျ

အနာဂါတ်ကို ပစ်သတ်မယ်မှန်းသိနိုင်ခဲ့ရင်...


သုံးကျိပ်နဲ့စခဲ့ပေမယ့်

သုံးစိတ်ကျော်က ပြည်သူကို မောင်းတင်

ကျန်တစိတ်က ယောင်ချာချာ

အားနာနာနဲ့ပြောပါရစေ...

ဒီကောင်တွေမှာ သုံးကျိပ်ရဲ့ဝိညာဥ်မျိုးပါမလာဘူး

ဗိုလ်ချုပ်ရေ.......


ကိုလေး ☆ အင်းတဲ


Monday, May 4, 2026

ကျွန်စိတ် (ငတိုလှိုင်ရဲ့အဆုံးသတ် / ၅၂)


 ကျွန်စိတ် (ငတိုလှိုင်ရဲ့အဆုံးသတ် / ၅၂)

.

ဗုဒ္ဓဒေသနာမှာရှိတယ် အတ္တဟိအတ္တနော နာထော တဲ့

ဘာသာပြန်တော့ မိမိကိုယ်သာကိုးကွယ်ရာတဲ့ 


ဆိုလိုတာက မိမိကြုံတွေ့ရတဲ့အခက်အခဲအတားအစီးတွေကို မိမိရဲ့ဉာဏ်ဝီရိယတို့နဲ့စိုက်ထုတ်ဖြေရှင်းဖို့ပါ ဒါမှမိမိစွမ်းရည်အရည်အချင်းက မိမိအတွက်ကိုးရာဖြစ်လာမှာပေါ့ 


ခေတ်စားခဲ့တဲ့သီချင်းတပုဒ်လို 

ကိုယ့်အားကိုယ်ကိုးမှ ကိုယ်သာသခင်ဖြစ်မယ်ပေါ့


အကယ်၍သူတပါးအကူအညီနဲ့ဖြေရှင်းလို့ ပြဿနာပြေလည်သွားတယ်ဆိုပါတော့ အဲ့ဒါကယာယီပြေလည်ခြင်းသဘောသက်သက်မျှသာဖြစ်ပြီး ကိုယ်တိုင်ဖြေရှင်းကျော်ဖြတ်ခဲ့တာမဟုတ်လေတော့ အလားတူပြဿနာနောက်တခါကြုံတွေ့ရချိန်မှာလည်း ကိုယ်တိုင်မဖြေရှင်းတတ်သေးဘဲ အကူအပံ့ကိုမျှော်လင့်နေရပြန်တာပဲ အားကိုရာရှာရပြန်တာပဲမဟုတ်လား


ကျွန်တော်တို့ရဲ့ ကိုလိုနီလွတ်လပ်ရေးကိုဦးဆောင်ခဲ့ကြတဲ့ လူငယ်တွေကိုကြည့်လေ တပါးအားကိုးနဲ့ပြဿနာကိုရင်ဆိုင်တော့ အောင်နိုင်လို့တော့သွားပေမယ် အစစ်အမှန်အောင်နိုင်မှုကိုမရဘူး ဒီတော့ဂျပန်ကိုပြန်တိုက်ရပြန်တယ် နောက်ဆုံး သခင်စိတ်သန်သန်နဲ့ ကိုယ့်အားကိုယ်ကိုးလိုက်မှ အစစ်အမှန်အောင်နိုင်ခြင်းကို ခံစားခဲ့ကြရတာမဟုတ်လား


နောက်ပိုင်းမတော့ ဒီ ထက်သန်နေတဲ့သခင်စိတ်ကို စစ်အာဏာရှင်အဆက်ဆက်ပြန်လည်းချိုးနှိမ်ခဲ့ကြတယ် ဒါကအထိုက်အလျှောက်လည်းအောင်မြင်မှုရသွားတယ်လို့ဆိုနိုင်ပါတယ် 


ဘာကြောင့်ဒီလို‌ပြောရလဲဆိုတော့ ငတိုလှိုင်အာဏာသိမ်းစက ဟိုကလာကူမလို့ ဒီကလာဖြေရှင်းပေးမလို သူရဲကောင်းမျှော်ဝါဒသဘော မျှော်လင့်တောင်းတခဲ့ကြသေးတာမဟုတ်လား


တနည်းအားဖြင့်ဒါက ကျွန်စိတ်ပါ

လူထုအကြားအာဏာရှင်တွေ ရှင်သန်စေချင်အရာပေါ့


ခုလည်းကြည့်လေ စစ်အာဏာရှင်ကိုတန်ပြန်အနိုင်ယူဖို့ကိစ္စမှာ ငါတို့အရေးအရာ ငါတို့အနာဂါတ်နဲ့ဆိုင်တဲ့အရေးမို့ ကိုယ်နိုင်ရာနိုင်ရာစုပေါင်းဖြေရှင်းကြမယ်မတွေးဘဲ မပါဝင်ဘဲ NUG ရဲ့အလုပ်သက်သက် PDF တွေပဲယူပေးရမယ့်အရာ သူတို့နဲ့သာဆိုင်တဲ့ဝတ္တရားတခုလိုယူဆ ကိုယ့်လည်းပါရမယ့်ဝန်တာကိုမယူဘဲ သူတို့ပုခုံးပေါ်ချည်းပစ်တင်တာ  


ဒါတွေကကျွန်စိတ်ပဲမဟုတ်လား 


ဒါကြောင့် ဂေါတမဗုဒ္ဓ ပြောခဲ့တဲ့ အတ္တဟိအတ္တနော နာထော ဆိုတဲ့အတိုင်း သခင်စိတ်ပျိုးထောင်ကြပါစို့လို့ တိုက်တွန်းချင်တာပါ

.

.

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး ☆ အင်းတဲ


Sunday, April 26, 2026

ပေါ်တင်ဘမမောရဲသူတို့ရဲ့လက်သုံးစကား (ငတိုလှိုင်ရဲ့အဆုံးသတ် / ၅၁)


 ပေါ်တင်ဘမမောရဲသူတို့ရဲ့လက်သုံးစကား (ငတိုလှိုင်ရဲ့အဆုံးသတ် / ၅၁)

.

ကျွန်တော်တို့ရဲ့စစ်အာဏာရှင်ကို ဖီဆန်တော်လှန်တဲ့ပွဲမှာ ရန်သူမိတ်ဆွေရယ်လို့ ဘက်နှစ်ဖက်ပဲရှိရင် ခုထက်အများကြီးခရီးရောက်ပြီးဖြစ်နေလိမ့်မယ်လို့ ယုံကြည်မိတယ်


နီရင်နီစိမ်းရင်စိမ်း သိပ်ပြဿနာမရှိလှဘူးပေါ့

ပြတ်ပြတ်သားသားမို့ ကွဲပြားတာမို့ ရှင်းလင်းတယ်မဟုတ်လား


အရောင်ကြောင်တွေကကျ ဒီလိုမဟုတ်ဘူး ရုတ်တရက်မတရားပြုမှုကိုမြင်တွေ့ရချိန် ခံရသူဖက်ကပါဝင်ပေမယ့် ကာလတခုအကြာမှာ ကိုယ်နဲ့မသက်ဆိုင်သလိုဖာသိဖာသာပြုလာတယ် နောက်များတော့ဆရာကြီးအထာနဲ့ လေကန်ရင်း အရှိန်တင်မရအောင် ဂျန်းတုံးလိုက်ခုတော့တာပဲ ဒါကမလုပ်သင့်ဘူး ဒါကဘာအခွင့်အရေးချိုးဖောက်တယ် ဒီလိုမဟုတ်ဘူးလေ စသည်ဖြင့်ပေါ့

_______________________


ဒီလူတွေအတွက် NLD ရဲ့ အားနည်းချက်တွေကို ဇာဂနာကြီး 

ကဝေဖန်တော့ ဆရာကြီးဟံသာဝတီဦးဝင်းတင် (၁၉၃ဝ -၂ဝ၁၄ ) ရဲ့ တုံ့ပြန်မှုလေးနဲ့ ပြောဆိုချင်မိတယ် 


ဟုတ်လား လာခဲ့ မင်းကိုယ်တိုင်ဝင်ပြီး မှား‌တာတွေကိုလာပြင်လှည့် အားနည်းတာတွေကို တိုးတက်အောင်လာလုပ်လှည့်တဲ့

_______________________


ဟုတ်သားဘဲဗျ အမှန်တော့သူတို့က သူတို့ကိုယ်ကျိုးစီးပွားကို တိုက်ရိုက်ထိလာချိန်မှာမှ အသံတွေထွက်လာတာကိုး 


မတရားပြုသူကိုမြင်သော်လည်း ဖီဆန်ဖို့သတ္တိမရှိချိန်မှာ သို့တည်းမဟုတ် သူတို့သာတော်လှန် ငါနဲ့မဆိုင်လို့မှတ်ယူထားတဲ့သဘောဖြစ်နေတာကိုး


ထိုသူတို့က ခုခေတ်မှာတော့ ပေါ်တင်ကြီး ကလန်ကဆန်ပြုရာမရောက်အောင် ဒီစကားနှစ်ခွန်းကိုတွင်တွင်သုံးလို့ တော်လှန်ရေးကိုဝေဝါးအောင် အားနည်းအောင်ပြုလာကြတယ်

_______________________


၁။ငြိမ်းချမ်းချင်ပြီ 

၂။ကြားထဲကပြည်သူတွေပဲထိခိုက်တယ်

_______________________


အမှန်တော့ ဒီတော်လှန်ရေးက ဘယ်လိုစတင်ဖြစ်ပေါ်လာလဲ သူတို့မသိမဟုတ်သိပါတယ် နိုင်ငံကို လက်နက်အားကိုးနဲ့မတရားသိမ်းပိုက်သူတွေကြောင့် ပထမနိုင်ငံတဝှမ်းလုံးက ကိုယ်စီဆန္ဒတွေထုတ်ဖော်ကြွေးကျော်လို့ ယဉ်ကျေးစွာအကြမ်းမဖက်ဘဲ တောင်းဆိုခဲ့ကြတယ် 


သူတို့လည်းပါကောင်းပါခဲ့မှာပါပဲ


နောက်များတော့ အများသိတဲ့အတိုင်း အာဏာရှင်က လူလိုတောင်းဆိုလို့မရ ခွေးရူးမောင်းသလိုမောင်းထုတ်ပါမှရမယ့်အရေးမို့ မလွှဲသာမရှောင်သာ လက်နက်စွဲကိုင်ရမယ့်အခြေအနေဆီတွန်းပို့ခံခဲ့ရတာ


ဒီမှာ လက်နက်စွဲခဲ့ကိုင်သူတွေက သွေးစာနေသူတွေမဟုတ်ဘဲ သူလိုကိုယ်လို သွားလာလှုပ်ရှားနေထိုင်ခဲ့ကြတဲ့ သာမန်အလုပ်သွားအလုပ်ပြန်လို့ မိဖ သမီးသား ဇနီးမယားလင်ယောက်ျားနဲ့သာယာပျော်ရွှင်စွာနေနိုင်ခွင့်ကို စွန့်လွှတ်လို့ အများအကျိုးအတွက် စစ်မှန်တဲ့လွတ်လပ်မှုကိုရဖို့ ကိုယ်စားရယူပေးဖို့ဒီလမ်းကို ရွေးခဲ့ကြတာ 


သဘောက လက်နက်အားကိုးနဲ့ နိုင်ငံသားတိုင်းရဲ့ပကတိအခွင့်အရေးကို စိုးမိုးချယ်လှယ်ဖို့ အားထုတ်သူတွေနဲ့ ထိုအခွင့်အရေးတန်ပြန်ရယူနိုင်ဖို့ မလွှဲသာမရှောင်သာ လက်နက်စွဲကိုင်ခဲ့ရတဲ့ သာမန်သူလိုကိုယ်လို ညီတွေအစ်ကိုတွေမောင်တွေနှစ်မတွေသားတွေသမီးတွေမိတွေဖတွေကတဖက်ဆိုတာ ရှင်းလင်းစွာမြင်ဖို့လိုတယ်


သူတို့က ကိုယ့်ကိုယ်စား မတရားမှုကိုတော်လှန်အနိုင်ယူဖို့ ကြိုးစားပေးနေသူဆိုတာ မှတ်ထားဖို့လိုတယ် သူတို့အောင်နိုင်ရင် ကိုယ့်မျိုးဆက်တွေပါ ကောင်းမွန်တဲ့အနာဂါတ်ရရှိစေမယ်ဆိုတာ နားလည်ဖို့လိုတယ်


ဒီလိုမြင်သာရှင်းလင်းတဲ့ အကြောင်းတရားရှိရဲ့နဲ့

ငြိမ်းချမ်းချင်ပြီဆိုတဲ့စကားက ဘာအထာလဲ 

မငြိမ်းချမ်းအောင်လုပ်ခဲ့တာလုပ်နေတာကဘယ်သူလဲ 

ကိုယ့်အိမ်မှာကိုယ်နေတာတောင် စိုးတထိတ်ထိတ်နဲ့ကြောင့်ကြနေရအောင်ဖန်တီးတာဘယ်သူလဲ 


ဒါကိုမတုံ့ပြန်ပဲ ငြိမ်ခံနေတာကအေးချမ်းတာလား ငြိမ်းချမ်းတာလား တန်ပြန်အနိုင်ယူဖို့မကြိုးစားထိုက်ဖူးလား ငြိမ်းချမ်းချင်ပြီဆိုတာထက် အောင်နိုင်ချင်ပြီဆိုတာက ပိုဖြစ်သင့်တယ်မဟုတ်လား

_______________________


၂။ကြားထဲကပြည်သူတွေပဲထိတယ် 

_______________________


ဒီစကားက ပိုတောင်ဆိုးသေးတယ် 


လက်နက်အားကိုးပြီး မတရားဖိနှိပ်သူတွေနဲ့ မလွှဲသာမရှောင်သာ ကိုယ်တွေကိုယ်စားလက်နက်စွဲကိုင်လို့ ပြည်သူတွေထဲကပေါက်ဖွားလာတဲ့ ပြည်သူကမွေးပြည်သူ့သွေး သားကောင်းတွေကို မတရားမှုကိုတော်လှန်ပေးသူတွေလို့မမြင်ဘဲ သီးခြားလက်နက်ကိုင်အဖွဲ့အဖြစ်စွပ်စွဲလို့ ပြည်သူတွေနဲ့ PDF ကိုသပ်လျှိုသွေးခွဲတဲ့စကားမဟုတ်လား 


ဒီစကားတွေက တော်လှန်ရေးရဲ့တန်ဖိုးနဲ့ တော်လှန်ခြင်းရည်ရွယ်ချက်ကို သေးသိမ်အောင် အားနည်းသွားအောင်ပြုတဲ့ သိမ်ဖျင်းတဲ့စကားတွေလို့ဆိုချင်တယ် 


တနည်း ပေါ်တင်ဘောမမရဲသူတွေရဲ့လက်သုံးဆိုပါတော့

_______________________


စစ်အာဏာရှင်စနစ်အောက်ကနေ ကိုယ်ကောကိုယ့်မျိုးဆက်တွေပါ အမှန်တကယ်လွတ်မြောက်ချင်ရင် တကယ်ဖြစ်သင့်တာက ငြိမ်းချမ်းချင်ပြီဆိုတာထက် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းအောင် ငါတို့အားလုံးအတူတကွပါဝင်ကြမယ်ပါဝင်သင့်တယ် အောင်နိုင်ချင်ပြီ အောင်နိုင်ရမယ်ဆိုတဲ့ စကားကိုသာ ပိုသုံးသင့်တာမဟုတ်လား

_______________________


ညွှန်းဆိုခဲ့တဲ့ ဆရာကြီး ဟံသာဝတီဦးဝင်းတင်ရဲ့ ပြောစကားကို ဆရာဇာဂနာက ကျွန်တော်နှင့်ထောင်နီးနားချင်းများဆိုတဲ့စာအုပ်မှာ မှတ်တမ်းတင်ထားပါတယ် 


အဆိုပါစာအုပ်ကို နွေဦးနရသိံယူကျုချန်နယ်မှာ ကိုသောင်းရီဖတ်ပြထားတာရှိတယ်ဗျ အဲ့သည်မှာသွားရောက်နားစဉ်လို့ တော်လှန်ရေးအတွက် တတပ်တအားပါဝင်နိုင်ပါတယ်

လူကြီးမင်းတို့ရဲ့အားထုတ်မှု အဟောသိကံမဖြစ်ဖို့ VPN ခံဖို့လည်းမမေ့နဲ့အုံးဗျနော

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး ☆ အင်းတဲ


Friday, April 3, 2026

စာရိတ္တနဲ့ဝါရိတ္တ (ငတိုလှိုင်ရဲ့အဆုံးသတ် / ၅၀)


 စာရိတ္တနဲ့ဝါရိတ္တ (ငတိုလှိုင်ရဲ့အဆုံးသတ် / ၅၀) 

အလွယ်ပြောရရင်တော့


ဝါရိတ္တဆိုတာက 

မကောင်းမှုကို မပြုမိ‌အောင်ရှောင်ကျဉ်တာမျိုး

ဥပမာ ငါးပါးသီလလိုပေါ့


စာရိတ္တဆိုတာက 

ကောင်းတာကိုပြုလုပ်တာပါ


ဥပမာ မိဖဆွေမျိုးတို့ကိုစောင့်ရှောက်တာ 

ရပ်ကျိုးရွာကျိုးအတွက် တက်တက်ကြွကြွပါဝင်တတ်တာ 

ကိုယ့်ဝန်တာကိုကြေပြွန်ရုံမက အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်တတ်တာ 

မှားယွင်းတဲ့ အဓမ္မမှုတွေကို ရှုတ်ချကန့်ကွက်ရဲတာ တန်ပြန်အနိုင်ယူဖို့အားထုတ်တာ

မှန်သည့်ကောင်းအရာအတွက် ရဲရဲရင့်ရင့်ရပ်တည်ရဲတာ တိုးတက်ပွားများဖို့ကြံစည်တာ 

စသည်ဖြင့် လုပ်သင့်တဲ့အရာအတွက် ခေါင်းမရှောင် မသိသလိုမနေ ဖာသိဖာသာမပြုတတ်တာမျိုးပေါ့

___________________________________


ကိုယ်တွေငယ်ငယ်က ဒီစကားကို ဇာတ်ကားတွေမှာ အတော်လှိုင်လှိုင်အသုံးပြုခဲ့တော့ အားလုံးရင်းနှီးကြမှာပါ


ဒါပေမယ့် အဲ့ဒီကားတွေမှာက အရက်မသောက် ကွမ်းမစားဆေးလိပ်မသောက် သူတပါးသားမယားမပြစ်မှား စသည်ဖြင့်အရာတွေကိုတည်လို့သာ စာရိတ္တကောင်းသူလို့ သမုတ်ကြတာများပါတယ် 


အမှန်က ရှောင်ကျဉ်တာဆိုတော့ အဲ့ဒါတွေက ဝါရိတ္တပါ

___________________________________


ပြီးတော့ မင်းသမီးကချမ်းသာပေမယ့် ငယ်ငယ်ကတည်းက မိဘဆုံးပါးသွားလို့ လာရောက်အုပ်ထိမ်းပေးတဲ့ ဆွေမျိုးမိသားစုက လက်ဝါးကြီးအုပ်ကာ အိမ်စေသဏ္ဍန်ပြန်ခိုင်းစေလို့ နှိုပ်စက်သမျှခေါင်းငုံ့ခံနေရတာကို ဇာတ်နာနာနဲ့ကြည့်ဖူးကြတယ်ဟုတ် 


အံမယ်မျက်ရည်တွေဘာတွေများဝဲလို့


နောက်များအခြားလူ (မင်းသား) က လာရောက်ဖြေရှင်းပေးရသည်ချည်း သို့တည်းမဟုတ် ထွက်ပြေးတယ်ပေါ့


ဒါကကျွန်တော်တို့လူမှုအသိုင်းအဝိုင်းမှာ စာရိတ္တသီလ (သီလ=အကျင့်) ဖြန့်ဝေဖို့ ပျက်ကွက်ခြင်းရဲ့သင်္ကေတလေလာလို့တွေးမိတယ်


အမှန်တော့ ကျွန်တော်တို့က ကိုယ့်မျိုးဆက်ကို သိကြားမျှော်ဝါဒလို့ ကိုယ့်ပြဿနာကိုယ့်အရေးအရာကို လာရောက်ကူညီဖြေရှင်းပေးမယ့် ကယ်တင်ရှင်မျှော်ခြင်းသဘောထက် 


ကိုယ့်ရပိုင်ခွင့်ကိုသိဖို့နဲ့ မတရားလုယူလာရင် ကာကွယ်တတ်ဖို့ ကိုယ့်အားကိုယ်ကိုးဖြေရှင်းတတ်ဖို့ သင်ပေးသင့်တယ်


တခါတခါ ဒီနိုင်ငံမှာစစ်အာဏာရှင်တွေ ထင်တိုင်းကြဲခွင့်ရနေတာ အများပြည်သူကြားထဲ စာရိတ္တသီလ မထွန်းကားတာကြောင့်လေလားလို့လည်းတွေးမိတယ်

___________________________________


ဂီတစာဆိုမောင်ကြေးမုံရဲ့ #ဇာချည်ဇာလီ ဆိုတဲ့ အသံဇာတ်လမ်းနာထောင်ကြည့် ဒီသဘောတည်ထားတာသိပ်လှတယ်


သူမကိုယ်တိုင်က ဦးကြီးရဲ့မယားနဲ့သမီးရဲ့ချယ်လှယ်မှုက ကိုယ့်ရပိုင်ခွင့်ကိုထိပါးလို့ မတရားပြုနေတာကို ကာကွယ်ရမှန်းမသိ


သိတဲ့သူ သူမရဲ့ဆွေမျိုးရင်းခြာ ဦးကြီးကကျ စာရိတ္တသီလမရှိတော့ ရပ်တည်ပေးဖို့ သတ္တိကနည်း


ဒီအားနည်းချက်တွေကို ထင်သာမြင်သာအာင် ဆရာက နောက်ဇာတ်ကောင်တခုနဲ့ လှလှပပချိတ်ဆက်ဖော်ပြသွားတာ သိပ်ကောင်းတယ်

___________________________________


ဝါရိတ္တဆိုတဲ့ မကောင်းမှုကို မပြုဖြစ်အောင်ရှောင်ကျဉ်နိုင်ရင် ယေဘုယအားဖြင့် လူကောင်းတယောက်လို့ ဆိုနိုင်သည့်တိုင် လူတော်တယောက်ဖြစ်ဖို့ ကိုယ်ကော ကိုယ့်ပတ်ဝန်းကျင်ကိုပါ ကောင်းကျိုးဖြစ်ထွန်းဖို့ကကျ စာရိတ္တ ရှိပါမှဖြစ်မှာပါ


ဒါကြောင့်ပဲ ကျွန်တော်တို့ရဲ့ရှေးလူကြီးတွေက လူတယောက်ကိုအကဲခတ်ရင် စာရိတ္တကောင်းရဲ့လားဆိုတာကို အထူးတလည် အခြေပြုကြည့်ကြတာ 

___________________________________


ပြောရင်း မုံရွာက ဆရာကျော်ဝင်းပြောတာတောင်သတိရမိတယ် 


တကယ်တော့ဗျာ ဘုရားရှိကိုခိုးကို တိတိကျကျဘာသာပြန်ထုတ်‌ဝေမယ်ဆိုရင်တောင် စစ်အာဏာရှင်တွေမနှစ်မြိုနိုင်တဲ့ သဘောမကျနိုင်တဲ့ (ယခု စာရိတ္တလို မတရားမှုကို တွန်းလှန်ကျော်ဖြတ်အနိုင်ယူဖို့ဆိုတဲ့) အရာတွေပါတာမို့ စာပေစိစစ်ရေးကဖြုတ်ချလိမ့်မယ်ထင်တယ် 


ထုတ်ဝေခွင့်ရမယ်မထင်ဘူးတဲ့

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး ☆ အင်းတဲ


Wednesday, April 1, 2026

မြန်မာတို့ရဲ့စိတ်နေစိတ်ထား နဲ့ ကောင်းကျိုးဆိုးကျိုး (ငတိုလှိုင်ရဲ့အဆုံးသတ် / ၄၉)

 

မြန်မာတို့ရဲ့စိတ်နေစိတ်ထား နဲ့ ကောင်းကျိုးဆိုးကျိုး

(ငတိုလှိုင်ရဲ့အဆုံးသတ် / ၄၉) 

________

.

ဗုဒ္ဓဒေသနာတွေကို သရုပ်ခွဲကြည့်ရင် သုတ္တန် ဝိနည်း အဘိဓမ္မာဆိုပြီး သုံးမျိုးပြားပါတယ် ထိုထဲကမှ အဘိဓမ္မာက မြန်မာတို့စိတ်နှလုံးကို အဆွဲယူနိုင်ဆုံးလို့ဆိုတယ် 


ဒေသနာသုံးရပ်ထဲကမှ ဘာကြောင့်အခက်ဆုံးအနက်ဆုံးဆိုတဲ့ အဘိဓမ္မာကိုမှ မြန်မာတို့အထူးစိတ်ဝင်တစားရှိရလဲဆိုရင် ခွဲခြမ်းစိတ်ဖြာပညာကဲတဲ့သဘောကြောင့် မြန်မာတို့ရဲ့စရိုက်လက္ခဏာနဲ့ အံဝင်ခွင်ကျရှိသွားတာမို့လို့ ပညာရှင်တို့ယူဆကြတယ်

_______


ပိုတယ် ကိုယ့်လူမျိုးမို့ညွှန်းလွန်းတယ်လို့ ယူဆနိုင်တာမို့ နည်းနည်းဋီကာချဲ့ပြပါရစေ 


မြန်မာတို့ရဲ့ လူမှုစရိုက်က ကိစ္စတခုကို မပြုခင်မှာပဲ ခွဲခြမ်းစိတ်ဖြာပြီး အသေးစိတ်လေ့လာသုံးသပ်ခြင်းသဘောရှိတယ်


အိမ်ထောင်ရေးရာဆိုပါတော့ ရှေးယခင်က ချစ်သူရည်းစားဘဝမှာကို သုံးနှစ်သုံးမိုးတိုင်အောင် တဦးကိုတဦးလေ့လာခဲ့ကြတယ်လို့ဆိုတယ် 


ဒီလိုပြင်ဆင်ဖို့ကိုလည်း အထူးကြပ်မတ်လုပ်ဆောင်ဖို့ရာ စကားပုံလေးတခုနဲ့ သတိပေးတတ်ကြတယ် အားလုံးလည်းကြားဖူးကြမှာပါ


အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည်စုတ်ထိုး ဤသုံးမျိုးချက်မပိုင်လျှင် နောင်ပြင်ရန်ခက်သည့်အမျိုး ဆိုပြီးတော့လေ


လူတယောက်က သူ့ရဲ့စိတ်ရင်းအကျင့်စရိုက်ကို တရက်တပတ်တလတနှစ်စသည်ဖြင့် ဖုံးကွယ်ဟန်ဆောင်လို့နေလို့ရကောင်းရနိုင်ပေမယ့် နှစ်နှစ်ကသုံးနှစ်ဟန်ဆောင်‌ဖုံးဖို့က သိပ်ခက်တယ်မဟုတ်လား

_______


ဒါကမြန်မာတို့ရဲ့ကိစ္စတခုအကြောင်းအရာတခုကို မပြုမီကတည်းက မည်သို့မည်ပုံကြိုတင်စီမံဆောင်ရွက်သလဲဆိုတဲ့ အကောင်းဆုံးဥပမာပါ 


တနည်းအားဖြင့် မှားပြီးမှပြန်ပြင်တာမျိုးထက် မပြုခင်ကတည်းက ကြိုတင်ပြင်ဆင်ရတာကို ပိုပြီးကြိုက်နှစ်သက်သူတွေလို့လည်းဆိုနိုင်ပါတယ် 

_______


ဒီလိုပြင်ဆင်တတ်တာကကောင်းပေးမယ့် ဘေးထွက်ဆိုးကျိုး‌တွေလည်းရှိနေပြန်တယ် ဘာတွေလည်းဆိုတော့


စောစောက အိမ်ထောင်ရေးရာဆိုရင်လည်းကြည့်လေ အဆင်မပြေလို့ ပြန်လည်ပြင်ဆင်ဖို့ကို လူမှုအသိုင်းအဝိုင်းက သူ့သဘောသူ့မနော သူ့ကိစ္စမို့ ဧကန်အားဖြင့် ပြင်းပြင်းထန်ထန်မကန့်ကွက်သည့်တိုင် တန်ဖိုးလေးတခုလျှော့ကျသွားသလိုလို နိမ့်ကျသွားသလိုလို ကာယကံရှင်ကိုယ်၌မှာတောင် စိတ်ထဲမှာတမျိုးတည်လေးတော့ ကိန်းနေတတ်ကြတယ် အများအားဖြင့်ပေါ့


ဒါက အပျိုလူပျိုစင်စစ်ဖြစ်ခြင်းမဖြစ်ခြင်း လိင်ကဏ္ဍသဘောထက် သေသေချာချာမလေ့လာမသုံးသပ်မိဘဲ တဒင်္ဂစိတ်ခံစားမှု သူယာမှုနောက်လိုက်လို့ မှားမိတာအတွက် နောင်တရခြင်းမျိုးပါ


တနည်းအားဖြင့် ဗမာတို့ရဲ့လူမှုအလေ့အကျင့်ဖြစ်တဲ့ မပြုမီကဆင်ခြင်သုံးသပ်ခြင်းသဘော ကင်းလွတ်ခဲ့ခြင်းအတွက် ကိုယ့်ကိုယ်ကို မချင့်မရဲဖြစ်မှုကြောင့်လို့လည်းဆိုနိုင်ပါတယ်

_______


ပြီးတော့အခြားဆိုးကျိုးတွေအနေနဲ့


ကိစ္စတခုပြုမယ်ဆိုရင် နည်းမျိုးစုံတွေးဆအဖြေထုတ်နေတာနဲ့ဘဲ အမှန်တကယ်အကောင်အထည်ဖော်ဖို့ကြံ့ကြာနေတာမျိုး 


ကြုံတွေ့ကောင်းမှကြုံတွေ့နိုင်မယ့် အခက်အခဲတွေကို ကြိုတင်‌တွေးဆကြောက်ရွံ့လို့ လုံးဝမစဖြစ်တော့သည်အထိ တဘဝလုံးစာ ဆိုင်းငံ့နေမိခြင်းမျိုး


ပြဿနာကြုံလာရင် ပိုကောင်းလာမယ့်အနာဂါတ်ကိုမျှော်လင့်လို့ ဖြေရှင်းကျော်ဖြတ်ပြီး ကိုယ့်အရည်အချင်းကို မြင့်တက်အောင်မြှင့်တင်ခြင်းသဘောထက် ပြဿနာကိုမကြုံအောင်ရှောင်ကွင်းနေထိုင်ဖို့ချည်း တွေးဆနေမိတတ်တာမျိုး 


ထိုအတွေးထိုအယူအဆကိုမျိုးဆက်တို့ကိုပါထပ်ဆင့်မျှဝေလို့ မရည်ရွယ်သည့်တိုင် သူတို့ဘဝတွေကိုပါ အကြောက်ရားနဲ့ တံ့သွားမိစေတာမျိုးတွေပေါ့

_______


ခုလက်ရှိအခြေအနေကိုကြည့်ရင် သိသာပါတယ်


ဘယ်လိုလဲဆိုတော့ စစ်အာဏာရှင်ရဲ့မတရားမှုကိုရင်ဆိုင်ကျော်ဖြတ်အနိုင်ယူဖို့ကြိုးစားနေသူတွေနဲ့ ပြဿနာနဲ့ထိပ်တိုက်မတိုးအောင် အလိုက်သင့်ရှောင်ကွင်းနေထိုင်သူပမာဏကို နှိုင်းချင့်ကြည့်ပေါ့

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး ☆ အင်းတဲ


Tuesday, March 17, 2026

ဇာတ်သဘင် မူလသဘောသို့ ပြန်လည်သက်ဆင်းသွားပြီလား ...? ⚽ အောက် တိုးဝင်သွားတဲ့ သရုပ်ဆောင်လောက (ငတိုလှိုင်ရဲ့အဆုံးသတ် / ၄၈)

 

ဇာတ်သဘင် မူလသဘောသို့ ပြန်လည်သက်ဆင်းသွားပြီလား ...?

⚽ အောက် တိုးဝင်သွားတဲ့ သရုပ်ဆောင်လောက

(ငတိုလှိုင်ရဲ့အဆုံးသတ် / ၄၈) 

____________________________


မူလသဘော.....


အနုသုခုမအကရဲ့မူလအစဖြစ်ပေါ်လာပုံက အများပြည်သူတို့အတွက်ရယ်လို့ ဟုတ်ဟန်မတူဘူး ပြီးတော့ ကြည့်ရှုသူမင်းစိုးရာဇာတို့အတွက် မျက်စိပဋာသဖြစ်ဖို့ စိတ်လက်အပန်းဖြေစေဖို့သက်သက်ထက်လည်း ဘာမှပိုဟန်မတူဘူး

____________________________


အသုံးချခံရမှု.....


နောက်များတော့ ဒီသုခုမကိုအသုံးချလို့ အုပ်စိုးသူတို့က သူတို့နည်းနာတွေကို လူထုအကြားသတင်းဖြန့်ဖို့ လူထုကိုဆွဲဆောင်ဖို့ လက်နက်တခုသဖွယ် အသုံးချလာကြတယ်


____________________________


လူထုကြားသို့ ...


ပြီးတော့ သူတို့မတရားလုပ်ဆောင်မှုတွေကို သတိမမူမိအောင် အာရုံလှည့်စားဖို့ တိမ်းမူးဖွယ်ပျော်ပွဲရွှင်ပွဲတွေ တမင်ဖန်တီးပေးဖို့ ပြည်သူလူထုကို ဖျော်ဖြေစေခဲ့တယ် 


ဒီလိုနဲ့ လူထုကြားရောက်လာခဲ့တယ်ပေါ့


ဒီထဲကမှ စွမ်းစွမ်းတမံရှိသူတွေကို အမူထမ်းအရာထမ်းတွေကိုမြှောက်စားသည့်နည်းတူ နယ်ပယ် ရွာတွေကိုအပိုင်စားပေးလို့ ထိုရွာကထွက်သမျှ အခွန်အတုတ်တွေကို ရပိုင်ခွင့်စားပိုင်ခွင့်ပေးခဲ့တယ် 


(( ဒါကြောင့် ဆိုင်းဆရာတွေကို ရွာစား လို့ ဂုဏ်ထူးဝိသေသတပ်ပြီးခေါ်ကြတာ ))


ဒီလိုပွဲလမ်းသဘင်တွေ ခြိမ့်ခြိမ့်သဲ ကျင်းပနေခြင်းက

သာယာအေးချမ်းနေပါတယ် ပကတိတည်ငြိမ်အေးချမ်းနေပါတယ်လို့ အများသူငှာ ပတ်ဝန်းကျင်နိုင်ငံတွေကို ထင်လာမြင်လာအောင် ပုံမှားရိုက်ဖို့ အထောက်အကူကောင်းအဖြစ် အသုံးချလာခဲ့ကြတာ


(( ဒီသဘောကိုတည်လို့ စစ်ခွေးတွေက ခု သူတို့နဲ့သဘောညီတဲ့သူတွေကို တမင်လွှတ်ထားတာဖြစ်ပုံပဲ))


ပြီးတော့ ယေဘုယအားဖြင့် ဒီလိုပျော်ပွဲရွှင်ပွဲပြုလုပ်ဖို့ အေးအေးဆေးဆေးထိုင်ကြည့်နေနိုင်ဖို့ ဆိုတာကလည်း အောင်ပွဲရနေချိန် တိုင်းပြည်သာယာအေးချမ်းပြီး စားရေးသောက်ရေးတို့လည်းမကြောင့်ကျရတဲ့အချိန်မှာမှ ပိုဖြစ်နိုင်တယ်မဟုတ်လား 


ဒါကြောင့်ပဲ အနုပညာဆိုတာ နိုင်ငံရဲ့မျက်နှာစာ ဒီလောကတိုးတက်ကြီးပွားခြင်းက နိုင်ငံတည်ငြိမ်အေးချမ်းသာယာမှုရဲ့ပြယုဒ်အဖြစ်တည်ရှိနေခဲ့တာ သမိုင်းကိုလေ့လာရာမှာ အဲ့နိုင်ငံရဲ့တည်ငြိမ်အေးချမ်းမှုကို လေ့လာရာမှာ ဒီအချက်ကိုယေဘုယအားဖြင့် ထောက်လှမ်းကြည့်ကြတာ 

____________________________


တိုးတက်လာခြင်း ....


ဖျော်ဖြေသူတို့အနေနဲ့လည်း ထိုသို့ပေးကမ်းချီးမြှောက်ကိုရမှ နေရေးထိုင်ရေးစားရေးသောက်ရေးအတွက် ပူပင်ကြောင့်ကျနေစရာမလိုဘဲ မိမိတို့ရဲ့ ပင်မလုပ်ငန်းကို တိုးတက်အောင် ဆန်းသစ်အောင် တီထွင်ကြံဆနိုင်မယ်မဟုတ်လား


ပထမ သာမာန်ကိုယ်ကာယလှည့်ပတ် ခန္ဓာကွေးညွှတ်လို့ စည်းချက်တကျလှုပ်ရှားပြရုံသက်သက်ကနေတဆင့်တက်လို့ စာပေနဲ့တွဲဖက်လို့ ဇာတ်လမ်းလေးတွေတည်လို့ ပျော်ရွှင်မှု ဝမ်းနည်းမှု တက်ကြွမှု လွမ်းမောမှုတွေကို ခံစားသက်ဝင်စေခဲ့ကြတယ်


နောက်ပိုင်းမှာထိုထက်မက ကြည့်ရှုသူတွေကို ခံစားမှုသာမက ဘာသာရေးအတွေး နိုင်ငံရေးအသိတွေပါ ဖြန့်ဝေနိုင်စေဖို့ ကိုယ်တိုင်ကလေ့လာစည်ပူးဖြည့်စဉ်းရင်းက ကြည့်ရှုသူကော တင်ဆက်သူပါ ခံစားသက်ဝင်မှုနဲ့ ဝေဖန်ဆန်းသစ်နိုင်မှုရေချိန် ပြိုင်တူတိုးတက်လာခဲ့တာ

____________________________


ကိုယ်တိုင်တည်ဆောက်ခဲ့တဲ့ ဂုဏ်သိက္ခာ ....


ပြီးတော့ သူတို့က မင်းနေပြည်သာမက နိုင်ငံအဝှမ်း တောကြိုအုံကြား လှည့်လည်သွားလာဖျော်ဖြေရင်းက အာဏာရှိသူအာဏာမဲ့သူ ငွေရှိသူမဲ့သူ ဂုဏ်ရှိမရှိသူ စသည်ဖြင့် လူတန်းစားအစုံနဲ့ ထိတွေ့ဆက်ဆံခဲ့ကြတာမို့


ဆိုင်း နဲ့ ဇာတ်သဘင်က အခြားအနုပညာသည်တွေထက် ပိုပြီး အလွှာစုံရဲ့ပကတိခံစားချက်ကို နားလည်တာ စာနာနိုင်တာနေမှာ

____________________________


တာဝန်တခု ခွဲယူခြင်း ...


ဒါကြောင့် အလွှာတခုနဲ့တခုကြားက အချိတ်အဆက်မမိဘဲ မယုံကြည်နိုင်တာ ကြောက်နေတာ အသားလွတ်ခြောက်နေတာ သံသယနဲ့ စိုးထိတ်နေတာ ရှိန်နေတာတွေကို ပေါင်းကူးပေးနိုင်ဖို့


အသံမှန်ကို သိစေဖို့ ကိုယ်စားရင်ဖွင့်ပေးခဲ့ကြတယ်


ပြီးတော့ အာဏာရှိသူတို့ရဲ့တရားလွန်အာဏာလွှမ်းမိုးမှုနဲ့ အုပ်စိုးခံတို့ရဲ့ မှန်မှန်မှားမှား ခွန်းတုံ့မလှန်ရဲ ပိပြားနေအောင် စိုးထိတ်နေရတဲ့ အသံတွေကို ကိုယ်စားထွက်လို့ အများပြည်သူတို့ဖက်ကနေ ရဲရဲရပ်လို့ ပြည်သူကိုမျက်နှာမူခဲ့ကြတယ်


ဒါကြောင့်ပဲ သာမန်ပြည်သားလူထုပရိတ်သတ်ရဲ့ချစ်ခင်လေးစားမှုကို ပိုရတာ သူတို့နှလုံးသားထဲ တာရှည်စွဲကျန်ခဲ့တာနေမှာ 


ယခုကာလ ‌ကျွန်တော်တို့ရဲ့တော်လှန်အနုပညာရှင်ဖြစ်တဲ့ ဆိုင်းဆရာလေးဖိုးသင်္ကြန်ရဲ့ကြင်ဖက် အကဆရာမ ဆန်းနီလာဝင်း လည်း တလောက ဒီစကားကို အလေးထာပြောသွားတာတွေရတယ် ကျွန်မတို့က ပြည်သူကိုသာမျက်နှာမူတာပါတဲ့


____________________________


တန်ဖိုးမြင့်တက်ခြင်း ....


ဒီရပ်တည်မှုကြောင့်လည်း ဇာတ်သဘင်ဆိုတာ အုပ်စိုးသူတို့အတွက် အပျင်းတော်ပြေအောင် ပျော်တော်ဆက် နေရသူတွေဆိုတာထက် သူတို့ရဲ့ဖြစ်တည်မှုက ဂုဏ်သိက္ခာများစွာမြင့်တက်လာခဲ့တယ်


ပြည်သူလူထုက ရင်ထဲအသည်းထဲကကို လှိုက်လှိုက်လှဲလှဲ အသိအမှတ်ပြု ချီးကျူးဂုဏ်ပြုခဲ့ကြတာ ဒီစကားလေးနဲ့ပေါ့ 


ဇာတ်သမားလာရင် မှတ်သားစရာပါတယ်တဲ့ 


ဒီစကားက သာမန်မဟုတ်ဘူးနော် ရုပ်ရည်သွင်ပြင် အချိုးအစားကျနလို့ ချစ်ရုံအားပေးရုံသက်သက်မဟုတ်ဘူး 


သူတို့ကိုယ်တိုင်တည်ဆောက်ခဲ့တဲ့အဆင့်အတန်းကို အများပြည်သူတို့က လိုလိုလားလား အသိအမှတ်ပြုလက်ခံထားတဲ့သဘော အမြတ်တနိုး တန်ဖိုးထားတဲ့သဘော


____________________________


ရုပ်ရှင်...

သူကတောဇာတ်သဘင်နဲ့ခြားနားစွာပဲ မူလပေါ်စကတည်းက အုပ်စိုးသူလူတန်စားမတွက်ရယ်လို့မဟုတ်ဘဲ အများပြည်သူတို့ စိတ်လက်အပန်းပြေစေဖို့ ရည်ရွယ်ဖန်တီးကြပုံပဲ 


ချာလီချာပလင်တို့ ကြောင်နဲ့ကြွက်တို့ကြည့်ပေါ့ 


နောက်များတော့ အတွေးအမြင်ဆန်းသစ်မှုနဲ့အတူ ခေတ်ကိုပါဦးဆောင်ခေါ်ယူမယ့် ပြယုဒ်အဖြစ် ဩဇာအရှန်အဝါကြီးမားခဲ့တယ်


ဘယ်ရုပ်ရှင်ကတော့ ဘယ်လိုပြောသွားတာ ဘယ်လိုလုပ်သွားတာ ဘယ်လိုအတွေးအခေါ်တွေပါတာ စသည်ဖြင့်ညွှန်းတာတွေ တွေ့ဖူးမယ်ထင်တယ် 


အချို့သရုပ်ဆောင်တွေက ဖျော်ဖြေရေးသက်သက် ပေါပေါပဲပဲလျှောက်မလုပ်ဘဲ ကြည့်ရှုသူပရိတ်သတ်ကို တခုခုချပြနိုင်ဖို့ကြိုးစားရင်း သူတို့ပုံရိပ်ကို မြင့်မြင့်မားမားတည်ဆောက်ကြတာ


သူ့ကားဆို တခုခုရလိမ့်မယ်လို့ ယုံကြည်စိတ်ချမှုမျိုးပေးနိုင်သည်အထိပေါ့

____________________________


မူလဆီသို့ ပြန်လည်နိမ့်လျောသွားခြင်း ....


ခုများတော့ အချို့သောသဘင်သည်တွေ သရုပ်ဆောင်တွေဟာ သူတို့ဘိုးဘေးတို့ ကျားကုတ်ကျားခဲ အားထုတ်မြှင့်တင်ခဲ့ကြတဲ့ ဇာတ်သဘင်ရဲ့အဆင့်အတန်းကို အုပ်စိုးသူအလိုကျ အပျင်းတော်ပြေအောင် ပျော်တော်ဆက်သူသက်သက်စီ ပြန်တိုးဝင်နေကြပြီထင်ပါရဲ့ဗျာ

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး ☆ အင်းတဲ



Friday, March 6, 2026

တပ် ရယ် ၊ နတ် ရယ် ၊ ဇာတ် ရယ် အတွဲညီညီပေါင်းစပ်မြန်မာပြည်ကို ပြာချနေလေသလား ....? (ဇာတ်သဘင်တခေတ်ဆန်းပြီ ...တဲ့)(ငတိုလှိုင်ရဲ့အဆုံးသတ် / ၄၇)

 

တပ် ရယ် ၊ နတ် ရယ် ၊ ဇာတ် ရယ် အတွဲညီညီပေါင်းစပ်မြန်မာပြည်ကို ပြာချနေလေသလား ....?

(ဇာတ်သဘင်တခေတ်ဆန်းပြီ ...တဲ့)

(ငတိုလှိုင်ရဲ့အဆုံးသတ် / ၄၇) 

လွန်ခဲ့တဲ့နှစ်ပိုင်းတွေက ဇာတ်သဘင်လောကရဲ့ လတ်တလော ဥသျှောင်က ဒီအသံနဲကြွေးကြော်လို့ တီဗီချန်နယ်မှာ ရိုက်ကူးထုတ်လွှင့်မှုတွေလုပ်နေတာကိုတွေ့ရတယ်


#ညဇာတ်ခုံမှာနေသာပြီ....တဲ့



ဒီမှာ နေသာပြီဆိုတဲ့ ဝေါဟာရက အမှောင်ကျပြီး ပြန်လည်လင်းလက်လာပြီဆိုတဲ့အဓိပ္ပာယ်ပေါ့ 

ဟုတ်တော့လည်းဟုတ်ပါတယ် ကိုဗစ်လော့ဒေါင်းကာလမှာ လူစုလူဝေးမပြုရဆိုတော့ ဇာတ်သဘင်တွေက လုံးဝရပ်နားသွားတာကို ဒီတော့လုံးဝမှောင်မိုက်သွားခဲ့တာပေါ့

________________________________


နောက်တော့ စစ်အာဏာရှင်ရဲ့ နိုင်ငံကိုမတရားလုယက်အမဲဖျက်မှကြောင့် ရုတ်တရက်ဖြစ်ပေါ်လာတဲ့ မတရားမှုကိုလက်မခံလိုတဲ့ ပကတိစစ်မှန်တဲ့ ခံစားမှုတို့ကြောင့် ဖီဆန်ဆန့်ကျင်တော်လှန်ဖို့ရွေးချယ်ရင်း တမင်မလင်းစေခဲ့တဲ့ ညဇာတ်ခုတွေ မှောင်မြဲမှောင်စဲဖြစ်နေရာက ခု နှစ်ပိုင်းမှတော့ တရားမှုပြန်ရသွားလို့လား စစ်အာဏာရှင်စနစ်ဆိတ်သုဉ်းသွားလိုလေလား 


သို့တည်းမဟုတ် စိတ်ဆန္ဒတို့က ကောက်ရိုးမီးပမာ #တဒင်္ဂအတွင်းရုတ်ချည်တောက်လောင်ပြာကျသွားလို့လေလားမဆိုနိုင် 


ဟိုမှသည်မှ မှိတ်တုတ်မှိတ်တုတ်ထွန်းလာခဲ့ရာမှ ခုတော့ စစ်အာဏာရှင်ခွင့်ပြုတဲ့အတိုင်းအတာအထိ သဘောတူနှစ်သက်ရာလောက်အထိ နိုင်ငံအဝှမ်းသူတို့ရက်စက်ယုတ်မာလေသမျှ အနည်းငယ်မျှ ကူညီညာဖုံးလွှမ်းနိုင် အာရုံလွှဲပြောင်းနိုင်ရင်ကိုမဆိုးလှဘူးရယ်လို့ အသုံးကျနိုင်သလောက် အသုံးချနိုင်သလောက် ညဇာတ်ခုံမှာ မီးတွေထွန်းညှိနေနိုင်ကြပြီ


အသုံးချခံရတာလား လိုလားစွာ အကျိုးတူ ရမှန်းချက်တူပူးပေါင်းကြတာလားဆိုတာကတော့ သူတို့ကပဲ အဖြေမှန်ပေးနိုင်ပါလိမ့်မယ်


ထားပါတော့


ဒါကိုသူတို့နဲ့ပေါင်းအပါတွေကကြွေးကြော်ကြတယ် ဇာတ်သဘင်တခေတ်ဆန်းပြီ တဲ့

________________________________


ဒီစကာတွေကြားတော့ အဆိုတော် #မီမီဝင်းဖေ ရဲ့ဖခင် ယခင်က #မန္တလေးပန်တျာကျောင်းဥက္ကဋ္ဌဒါရိုက်တာကြီးဦးဝင်း‌ဖေ ပြောပြတလေးတောင် သတိရမိတယ် 


သူတို့အရပ်မှာ ဇာတ်ပွဲဖြစ်တော့ မြို့ရောက်ဖူးသူတယောက်က ထိုပွဲမှာ ဖာလူဒါရောင်းမယ်ဆိုပြီး သတင်းလွှင့်ကြေညာသတဲ့ 


တကယ်လည်းရောင်းပါတယ် 


ဒါပေမယ့်သူရောင်းတာက သကြားရည်မှာ အရောင်ပါမုန့်ဖတ်လေးတွေ ပေါင်မုန့်ဖတ်လေးတွေပါတာကလွဲလို့ သူတို့စားဖူးနေကျ ရွှေရင်အေးတို့ မုန့်လက်ဆောင်းတို့နဲ့ ဘာမှမကွာတော့ 


မင်းဟာက ဖာလူဒါဟုတ်မှဟုတ်ရဲ့လားကွာ စားကြည့်ရသလောက် မုန့်လက်ဆောင်းလိုလို ရွှေရင်အေးလိုလိုပါပဲဆိုတော့ လျှာမရှည်နဲ့ မင်းတို့က ဖာလူဒါမြင်ဖူးလို့လား ငါကမြင်ဖူးရုံမက စားပါစားဖူးတယ်ကွ 


#ငါကဖာလူဒါဆိုဖာလူပဲပေါ့ တဲ့

________________________________


ခုလည်း ဇာတ်သဘင်တခေတ်ဆန်းပြီလို့ ကြွေးကြော်နေကြတဲ့ ဗီဒီယိုအတိုလေး Facebook မှာတက်လာလို့ အမှတ်မထင်ကြည့်မိရာက ဒီသဘောလေး‌တွေးမိတယ်


တကယ်ကောင်းတယ် အနှစ်သာရပြည့်တယ် အားထုတ်မှုရှိတယ် ဆန်းသစ်တယ် လုံးလပညာစိုက်ထုတ်တယ်ဆိုရင်တော့ ဒီကြွေးကြော်သံအတွက် ဝိဝါဒကွဲစရာမရှိပါဘူး


ခုနောက်မှာတွဲဆက်ထားတဲ့ ဗီဒီယိုလေးနှစ်ခုကို ချိန်ထိုးကြည့်ကြည့်ပါ အဲ့အက က ကိုယ်တွေငယ်ငယ်ကတော့ စကောဝိုင်းတို့ ကင်းမြှီးကောက်တို့ခေါ်တယ် တကယ်စည်းစနစ်ကျန လှလှပပဘယ်လိုကရလဲဆိုတာ မြင်သာရုံပါပဲ 


တကယ်မြန်မာ့ဇာတ်သဘင်တခေတ်ဆန်းတာလား

ဒါမှမဟုတ် မုန့်လက်ဆောင်းကို ဖာလူဒါအလား ထင်မှတ်စေတာမျိုးလား ဆန်းစစ်ကြည့်နိုင်ဖို့ပါ

________________________________


ဒါမှမဟုတ် ကိုပဒေသာပြောသလို

တပ် ရယ် ၊ နတ် ရယ် ၊ ဇာတ် ရယ်

အတွဲညီညီပေါင်းစပ်ပြီး မြန်မာပြည်ကို ပြာချနေသလားဆိုတာကိုပေါ့

.

.

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်


ကိုလေး ☆ အင်းတဲ



Friday, February 20, 2026

ငတိုလှိုင်ရဲ့အဆုံးသတ် ၁ (အဓိပ္ပါယ်နှစ်ခွထွက်တဲ့ စကားလုံးတွေပါတာမို့ ကလေးများအတွက် မသင့်လျှော်ပါ)

 



ငတိုလှိုင်ရဲ့အဆုံးသတ် ၁

ဒီငတိုလှိုင်ရဲ့အဆုံးသတ်အမည်အောက် ရေးလာတာ ခုဆိုရင် ၄၅ ပုဒ်ကျော်လာပြီပေါ့ 


ဒါက ပထမဆုံးအပုဒ်ပါ တနည်းအားဖြင့်လွန်ခဲ့တဲ့ ၄ နှစ်လောက်ကရေးခဲ့ရဖြစ်မယ်ထင်တယ်


ဒါကြောင့် အဲ့တုန်းကအမြင်ခံစားချက်တွေပေါ့ဗျာ


ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေများတာဆိုတော့

 (အဓိပ္ပါယ်နှစ်ခွထွက်တဲ့ စကားလုံးတွေပါတာမို့ ကလေးများအတွက် မသင့်လျှော်ပါ)

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး ☆ အင်းတဲ

Friday, February 13, 2026

အမှုထမ်းကောင်း ၊ ဝန်ထမ်းကောင်း နဲ့ ဘောမ (ငတိုလှိုင်ရဲ့အဆုံးသတ် / ၄၅)


 
အမှုထမ်းကောင်း ၊ ဝန်ထမ်းကောင်း နဲ့ ဘောမ (ငတိုလှိုင်ရဲ့အဆုံးသတ် / ၄၅) 
ကွန်ဖြူးရှပ်ဝါဒီတဦးဖြစ်တဲ့ မင်စီးယပ်စ် (孟子)(ဘီစီ ၃၇၁- ၂၈၉ ) ရဲ့ အမှုထမ်းအရာထမ်းတွေနဲ့ပတ်သက်တဲ့ ပြောခဲ့တဲ့စကားလေးတခုက သဘောကျစရာ

ဒီလိုဗျ သူတို့ခေတ်က မင်းလိုလိုက်မင်းကြိုက်ဆောင်ပြီး အာဏာရှိသူကို ကပ်ဖားယပ်ဖားပြုလို့ ပြည်သူတွေကို အခွန်အတုတ်တွေနဲ့ မတရားနှိုပ်ဆက်သူတွေ များလွန်းလို့ထင်ပါရဲ့

ဝန်ထမ်းကောင်းဆိုတာ 
မင်းရဲ့အလိုဆန္ဒတိုင်း လိုက်ပါဖြည့်ပေးသူ 
မင်းရဲ့ဘဏ္ဍာပြည့်အောင် နည်းပေါင်းစုံနဲ့ မတရားအခွန်တိုးမြှင့်ကောက်ခံပေးသူ 
နိုင်ငံဘဏ္ဍာကို စစ်လက်နက်ပစ္စည်းဖြည့်စည်းဖို့သာချည်း သွေးဆောင်နေသူမျိုးကို မဆိုလိုဘူးတဲ့

သူတို့ကို ဘယ်ပြည်သူကမှ အမှုထမ်းကောင်း ဝန်ထမ်းကောင်းလို့မသတ်မှတ်တဲ့အပြင် ပြည်သူ့ဓါးပြတွေ (ခုခေတ်လိုဆိုရင် ဘောမတွေ) လို့ပဲ ခေါ်ဆိုသမုတ်ကြလိမ့်မတဲ့
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
ကိုလေး ☆ အင်းတဲ

အိုစာမင်းစာ (ငတိုလှိုင်ရဲ့အဆုံးသတ် / ၄၅)

 

အိုစာမင်းစာ (ငတိုလှိုင်ရဲ့အဆုံးသတ် / ၄၅) 


လူ့လောကအသက်အရွယ်အပိုင်းအခြားအလိုက် ကျွန်တော်တို့လူမှုအသိုင်းအဝိုင်းမှာပြောလေ့ရှိတာက 


ငယ်ရွယ်စဉ်မှာပညာရှာ

နုပျိုစဉ်မှာ ဥစ္စာရှာ

အိုမင်းချိန်မှာ တရားရှာတဲ့


ဒီမှာနုပျိုစဉ်မှာ ဥစ္စာရှာခိုင်းတာက အိုမင်းလာချိန်မှာ တရားဘာဝနာ အေးအေးဆေးဆေးရှာဖွေအားထုတ်နိုင်စေဖို့လို့ဆိုတယ်


ဒီလိုဆိုလိုက်ရင် ရှင်းလင်းသလို တိလည်းတိကျပါတယ်

ဒါပေမယ့် ဘာကြောင့်လဲမသိ ပြောရိုးပြောစဉ်မှာ စာ ဆိုတဲ့စကားလုံးက နှစ်နေရာခွဲပါပြီး ပုဒ်တခုထဲကို နှစ်ပါဒခွဲထားသလိုဖြစ်နေတယ် 


အိုစာ မင်းစာ တဲ့


အိုမင်းစာလို့ အိုမင်းချိန်မှာအသုံးပြုဖို့လို့ ပုဒ်တွဲထားတာမဟုတ်ဘူးနော် 


ကမ္ဘာမှာကျွန်တော်တို့နိုင်ငံသားတွေလောက် ဝဋ်ကြီးတဲ့သူတွေရှိနိုင်ပါ့မလားမသိဘူး 


ရှေးအတိတ်မင်းတွေလက်ထက်ကထားပါ လွတ်လပ်ရေးရပြီးနှောင်းပိုင်း နှစ်ပေါင်း ၈၀ ကာလအတွင်းမှာတောင် ကိုယ့်စိတ်ကူးကိုယ့်အတွေးတွေကို လွတ်လွတ်လပ်လပ်ထုတ်ဖော်ပြောဆို နေထိုင်လုပ်ကိုင်နိုင်တဲ့ လူသားတယောက်ရဲ့ ပကတိလွတ်လပ်ခွင့်အပြည့်ရှိတဲ့ကာလက ဆယ်စုနှစ်တခုတောင်ရှိပါ့မလားမဆိုနိုင်ဘူး


ပြည်သူတွေရဲ့အရေးအရာကို စီမံဆောင်ရွက်‌စေဖို့ လစာနဲ့နေစရာပေးပြီးခန့်အပ်ထားသူတွေက အမြဲဓါးကြိမ်းကြိမ်းလို့ သေနတ်မိုးပြီး နိုင်ငံကို ခြင်းထဲကကြက်လို သူ့အပိုင်လိုသဘောထားပြီး အသွေးအသားကို ထုတ်စားမြိုစို့ဖို့ချည်းကြံနေကြတာ


ဒါတွေကြောင့်ပဲထင်ရဲ့ရေ မီး မင်း သူခိုး အမွေခံဆိုး 

စတဲ့ နှိုပ်ဆက်ဖျက်စီးတတ်တဲ့ ငါးပါးသောရန်သူတို့နဲ့ ကင်းဝေးပါရစေလို့ နေ့စဉ်ဘုရားရှစ်ခိုးပြီး တောင်းဆုပြုရာမှာ ဆရာတော်ကြီးတွေက တမင်ထည့်ပေးထားတာနေမှာ


ကိုယ်တွေရဲ့ဘိုးဘေးတွေများပြောပါတယ် ဘယ်လောက်တောင်အနှိပ်စက်ခံရပြီး ဘယ်လောက်တောင် စိတ်နာနေလဲမသိပါဘူး မင်းကို သူခိုးနဲ့ အတူတူ တတန်းတည်းသဘောထားတာသာကြည့်ပေတော့


ပြီးတော့ ဘဝနောင်ရေစိတ်အေးချင်ရင် 

နုပျိုစဉ်မှာ အိုစာတင်မက မင်းစာပါရှာထားဖို့လိုသတဲ့လေ

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး ☆ အင်းတဲ 

Wednesday, February 11, 2026

ဩဇာလေးနက် ပေါ်ဆီတက်ဖို့ (ငတိုလှိုင်ရဲ့အဆုံးသတ် / ၄၄)


 
ဩဇာလေးနက် ပေါ်ဆီတက်ဖို့ (ငတိုလှိုင်ရဲ့အဆုံးသတ် / ၄၄) 

တရုတ်ပညာရှင်ကြီး ကွန်ဖြူးရှပ်ရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ချမှတ်ထားတဲ့ စနစ်တခု ဥပဒေတခု အကျိုးသက်ရောက်မှုရှိဖို့ အများလိုက်နာကျင့်သုံးကြစေဖို့အမြင်နဲ့ပတ်သက်လို့ ဒဿနလေးက သဘောကျစရာ


ဒီလိုဗျ  

ပိုမိုကောင်းမွန်ဖို့အတွက် ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ ဥပဒေတခုထုတ်တယ်ပေါ့ 


အများအားဖြင့်တော့ ထိုဥပဒေတွေက အများပြည်သူလိုက်ဖို့ဆိုတာမျိုးသာ ထုတ်ပြန်ကြတာမျိုးပါ သဘောက အုပ်စိုးသူထက် အာဏာရှိသူထက် အုပ်စိုးခံသူတွေလိုက်နာဖို့သာပေါ့


ကွန်ဖြူးရှပ်ရဲ့အလိုအရတော့ တည်ငြိမ်ရေးအတွက်ကသာ အောက်ခြေအုပ်စိုးခံသူတွေကနေစတင် သက်ရောက်စေရတာမျိုးဖြစ်ပြီး


တော်လှန်ရေး (ပြုပြင်ပြောင်းလဲရေး) တိုးတက်ကောင်းမွန်ရေးအတွက်က အောက်ကစရတာမဟုတ်ဘဲ 


ထိုဥပဒေသချမှတ်လိုက်တဲ့ ပြဒါန်းတဲ့ အာဏာစိုးပိုင်တဲ့ အမြင့်ဆုံးအဆင့်ကနေမှ တဆင့်တဆင့်လိုက်နာကျင့်သုံးပြရင်း အောက်ခြေကလူတွေပါ လိုက်ပါလာအောင် ဆွဲဆောင်ယူရတာမျိုးလို့ဆိုတယ်


ကျွန်တော်တို့ရဲ့ အာဏာရှင်စနစ်ကို ပြောင်းလဲပြစ်မယ့်တော်လှန်ရေးမှာ အချို့စည်းမျဉ်းတွေကကောင်းပေမယ့် အသက်မဝင်တာ ဘာကြောင့်များလဲလို့ တွေးမိရင်းကပါ ...

.

.

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး ☆ အင်းတဲ

Monday, February 9, 2026

အတူတကွရပ်တည်ကြောင်းပြသပါ (ငတိုလှိုင်ရဲ့အဆုံးသတ် / ၄၃)

 


အတူတကွရပ်တည်ကြောင်းပြသပါ (ငတိုလှိုင်ရဲ့အဆုံးသတ် / ၄၃) 

.

ကျွန်တော်တို့က ဝိဝါဒကွဲစရာကိစ္စတွေမှာ မှန်တဲ့ဘက်ကဖြစ်နေသည့်တိုင် အတူတကွရပ်တည်ကြောင်းပြသဖို့ ပျက်ကွက်တတ်ကြတယ် 


သူ့ပြဿနာသူသာရှင်း ငါတို့နဲ့မဆိုင်ရယ်လို့လည်း ဖာသိဖာသာနေချင်ကြတယ် နေလိုကြတယ်


ဒီလိုပါဝင်ရမှာကိုလည်း ကလေးကလားကိစ္စလို့ယူဆတယ်


ဓါးခုတ်ရာ လက်ဝင်လျှို ဆိုတဲ့ စကားပုံကို အကာအကွယ်ပြုလို့ပေါ့


မှားတဲ့ဖက်ကဆိုရင်တော့ ဆိုဖွယ်မရှိပေါ့

________________________________


ဒီမှာ ဆယ်ကျော်သက်လေးတွေ နှုတ်ခမ်းနီမလေးတွေရဲ့ သူတို့ချစ်ခင်ရာ သဘောကျရာကို အားပေးဝန်းရံကာကွယ်မှုက သိပ်သဘောကျစရာကောင်းတယ်


မှားနေရင်လည်း စိတ်ဓာတ်မကျဖို့ အတူတကွရပ်တည်ပေးသလို

မှန်နေတယ်ဆိုရင်တော့ ဆိုဖွယ်မရှိ တက်တက်ကြွကြွကို ပူးပေါင်းတိုက်ခိုက် တန်ပြန်ချေမှုံးပြစ်ဖို့ ဝန်မလေးတတ်ကြဘူး

________________________________


မေတ္တာကိုအခြေပြုတည်ဆောက်တယ်လို့ အများယူဆကြတဲ့

ဗုဒ္ဓဘာသာစာပေတွေမှာ ပြဿနာလေးတခု ပေါ်ပေါက်ခဲ့ဖူးတယ်

အဲ့သည်မှာ ဘုရားမိန့်တာလေးက သဘောကျစရာကောင်းတယ်


ဒီလိုဗျ

ခါတပါးမှာ ရှင်သာရိပုတ္တရာက လူထုပရိတ်သတ်အလည်မှာ တရားဟောပြောနေစဉ် ရဟန်းတပါးက ထတဲ့ပြီး အကန်တွေချည်းပြောလို့နှောက်ယှက်နေသတဲ့ ဒီလိုနဲ့ရှေ့ဆက်ပြောမရဘဲ တရားပွဲပျက်ပါလေရောတဲ့


ဒါကိုဘုရားကိုပြန်လျှောက်ကြတော့ 


သင်တို့ကကောဘာလုပ်နေကြလဲ ထိုတမင်နှောက်ယှက်နေတဲ့ရဟန်းကို ဘာကြောင့်ဆွဲထုတ်မပြစ်တာလဲ 

ဘာကြောင့်ရှင်သာရိပုတ္တရာနဲ့အတူရပ်တည်ကြောင်းပြသဖို့ ပျက်ကွက်ကြရတာလဲ 

ဆွံ့အနေကြတာလဲ 

တိတ်ဆိတ်နေကြတာလဲလို့ အပြစ်တင်တယ်လို့ဆိုပါတယ်

________________________________


ပြောလိုတာက ဒီကာလမှာ ယုံကြည်သူချစ်ခင်သူ လေးစားသဘောကျသူတွေနဲ့ အတူတကွရပ်တည်နေကြောင်းပြသဖို့ သိစေဖို့ပိုပြီးလိုအပ်ပါတယ် 


သူတို့က သူတို့ယုံကြည်ရာအတိုင်းရပ်တည်လျှောက်လှမ်းရာမှာ ဘယ်သူ့ဘယ်သူရဲ့အသိအမှတ်ပြုခံချင်လို့မဟုတ်တာတော့သေချာတယ် မျှော်လင့်ချက်မထားတာလည်း သေချာပါတယ်


ဒါပေမယ့်လမ်းချင်းတူသူတွေက အတူတကွရပ်တည်ကြတယ်ဆိုတာသိရင်

မတောင့်တပေမယ့် ရတဲ့ဆုလို သဘောကျမိမှာ ပိုအားဖြစ်မိမှာ သဘာဝကျတယ်မဟုတ်လား


ဒါက သူတို့ရဲ့ရပ်တည်မှုဟာ အယူအဆဟာ အားထုတ်မှုဟာ အချည်းနှီးမဟုတ်ကြောင်း ယုံကြည်မှုကိုအားပိုကောင်းစေမှာ ရှေ့ဆက်ဖို့အားခွန်တွေအတွက် အထောက်အပံ့ကောင်းဖြစ်စေမှာ 

________________________________


ပြောလိုတာက

ဒို့ခေတ်နဲ့အတူတကွရပ်တည်ကြောင်းနဲ့ ရပ်တည်ဖို့တွေဝေမနေဖို့ပါ ထုတ်ဖော်ပြသဖို့ တုံ့ဆိုင်းမ‌နေဖို့ပါ


မတတ်နိုင်ဘူး ကိုယ်ရပ်တည်တာခိုင်မာကြောင်း ဇာတ်တော်တွေပါဆွဲယူပြရတာပဲ 😁

________________________________


ဒို့ခေတ်ရေ အတူရှိပါတယ်လို့ 💪

________________________________

.

.

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး ☆ အင်းတဲ

Friday, January 23, 2026

ဥပဒေနှင့်မျှတမှု (ငတိုလှိုင်ရဲ့အဆုံးသတ် / ၄၂)

 


ဥပဒေနှင့်မျှတမှု (ငတိုလှိုင်ရဲ့အဆုံးသတ် / ၄၂) 
.
ကိုယ်ပိုင်အထက်တန်းကျောင်းက ကျောင်းသူလေးတယောက် အတင်းအဓမ္မမုဒိမ်းကျင့်ခံရတဲ့ သတင်းလေးတွေ့တော့ ဥပဒေအကျောင်းစဉ်းစားဖြစ်တယ်

ကျူးလွန်သူတွေကို ဖမ်းဆီးစစ်ဆေးနေတယ်လို့လည်း သတင်းတွေလည်းတွေ့ပါတယ်

ကျူးလွန်သူက သူ့အပြစ်အားလျှော်စွာ ကြီးလေးတဲ့ထောင်ဒဏ် အပြစ်ဒဏ် ကျခံစေရတာမျိုးလည်း ဖြစ်နိုင်ပါတယ်

နစ်နာသူအတွက်ကျတော့ကော ဥပဒေတွေမှာဘယ်လို စီမံဆောင်ရွက်ပေးတာမျိုးရှိမလဲ စိတ်ဝင်စားမိလို့ ဒီအရေးအခင်းနဲ့ဆက်စပ်တဲ့သတင်းတွေ ဗီဒီယိုတွေရှာကြည့်ပြန်တော့လည်း ကျေနပ်လောက်စရာ ဘာမှမတွေ့ရဘူး

ကျူးလွန်သူကို အမှန်တကယ်အပြစ်ပေးနိုင်ရင်ပဲ 
အောင်မြင်မှုကြီးတရပ် မျှတမှုကြီးတခုလို ဖြစ်နေတာတွေ့ရတယ်

ဆိုလိုတာက ဥပဒေဆိုတာ အပြစ်ကျူးလွန်သူကို အပြစ်ပေးနိုင်စေရေးသက်သက်သာဖြစ်ပြီး နစ်နာသူအတွက် ဘာအထောက်အပံ့မှ ဖေးမကူညီမှုမှမရှိသလိုဖြစ်နေတော့ အမှန်တကယ်မျှတမှုရှိပါလေစလို့လည်း သံသယဝင်မိတယ် 
________________________

လူမမယ်ကလေးနဲ့ မိသားစုကိုလုပ်ကိုင်ကျွေးမွေးနေတဲ့ အိမ်ထောင်ဦးစီးတယောက် အသတ်ခံရသည် သေအောင်ပြုခံရသည် ဆိုပါစို့ 

ဒီအခါမှာ သတ်သူကို ထောင်ဒဏ်နှစ်ရှည်ချလိုက်ရုံနဲ့ နစ်နာသူမိသားစုအတွက် အမှန်တကယ်မျှတမှုရသွားတာလား
________________________

လီစယ်ထားတဲ့ပြစ်မှုတွေနဲ့ ထောင်ဒဏ်အနှစ် ၂၀ ကျခံခဲ့ရသူဆိုပါစို့
၃ နှစ်လောက်ကျခံအပြီးမှာ ထိုသူက အမှန်တကယ်ကျူးလွန်ခဲ့တာမဟုတ်ကြောင်း သက်သေပြနိုင်လို့ ပြန်လွှတ်ပေးတယ်ဆိုပါစို့

အပြစ်မရှိပါပဲ မကျူးလွန်ခဲ့ပါပဲ အကျဉ်းကျခံခဲ့ရတဲ့နေ့ရက်တွေအတွက် ဘယ်လိုပြန်ဖြည်းစည်းပေးမှာလည်း အလျော်ပြန်ပေးမှာလည်း

လီစယ်စွပ်စွဲသူကို တန်ပြန်အပြစ်ပေးရုံနဲ့ မျှတသွားရောလား 

မှားယွင်းစွာအပြစ်ပေးခဲ့တဲ့ တရာရုံးကို ၃ နှစ်နဲ့ပြန်လွှတ်ပေးတာကိုပဲ ကျေးဇူးတင်နေရမယ်ဆိုရင်ကော ဘာကြီးလဲ

ဒါမျှတမှုရသွားတာလား တရားကနိုင်သွားတာလား
တရားရုံးရဲ့ မှားယွင်းတဲ့ဆုံးဖြတ်ချက်အတွက် ဘယ်သူတာဝန်ယူမှာလဲ
________________________

သာမန် လူမှုဆက်ဆံရေးတို့ လုပ်ငန်းခွင်တို့မှာတောင် မှားယွင်းမှုရှိရင် တောင်းပန်ရတာ နစ်နာမှုအတွက် အစားထိုးလဲလှယ်ပေးတာ ပိုလွန်တဲ့ပေးလျော်မှုတွေပြုရတယ်မဟုတ်လား
________________________

ဆိုလိုတာက တရားဥပဒေဆိုပေမယ့်
ဥပဒေမှာ တရားမှု မျှတမှုတကယ်ရှိရဲ့လားလို့ပါ
.
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
ကိုလေး ☆ အင်းတဲ

Wednesday, January 14, 2026

အဖန် ၅၀၀ ငါးကမ္ဘာ (ငတိုလှိုင်ရဲ့အဆုံးသတ် / ၄၀)




 အဖန် ၅၀၀ ငါးကမ္ဘာ (ငတိုလှိုင်ရဲ့အဆုံးသတ် / ၄၀)

.

ဒီစကားလုံးလေးက ဘယ်လိုပေါ်လာလဲတော့မသိဘူး


ဘာသာရေးအဆုံးအမတွေကနေ ဆင့်ကဲထုတ်ယူထားတာမျိုးလို့ယုံကြည်ကြပေမယ့် ကိုယ်တော့ဖြင့် ခုထိနာကြားဖတ်ဖူးသမျှ ဒေသနာတွေမှာ ဒီသဘောဆိုတာထားတာ အရိပ်အမြွက်တောင်မတွေ့ဖူးပါဘူး


ထားပါတော့

_________________________


ကိုယ့်ကိုယ်ကို သတ်သေကြသူတွေကို အဖန် ၅၀၀ ငါးကမ္ဘာတိုင်တိုင် ဖြစ်ရာဘဝတိုင်းဘဝတိုင်းမှာ 

ကိုယ့်ကိုယ်ကို သတ်ပြီးတော့သာ သေနေလိမ့်မယ် 

သေနေရလိမ့်မယ်လို့ သတိပေးတာမြစ်တာက ပြဿနာကို အရှုံးပေး ထွက်ပြေးသူမဖြစ်အောင် ရည်ရွယ်ကြပုံပဲ

_________________________


အမှန်တော့ ဒီလိုဖြစ်ဟန်တူပါတယ်


လူတယောက်ဟာ 

ငွေရေးကြေးရေးကြောင့်ပဲဖြစ်ဖြစ် 

လူမှုရေးကိစ္စကြောင့်ပဲဖြစ်ဖြစ် 

နှလုံးသားရေးရာကိစ္စကြောင့်ပဲဖြစ်ဖြစ် ပြဿနာတစုံတရာပေါပေါက်လာသည်ဆိုပါစို့


ထိုပြဿနာကို ဖြေရှင်းနိုင်မယ့်နည်း ကျော်လွှားနိုင်မယ့်နည်းကို ဘယ်လိုမှရှာမရဖွေမရ ကြံဆမှုမရဖြစ်လာချိန်မှာ ထိုပြဿနာကို လက်မြှောက်အရှုံးပေး ထွက်ပြေးခြင်းကို ရွေးချယ်လို့ သတ်သေသွားတယ်


သဘောက သူ့အရည်အချင်း စိတ်ဓာတ်ခိုင်ကြည်မှုက

ထိုပြဿနာအခက်အခဲပမာဏကို မကျော်လွှားနိုင်တာမျိုးပေါ့


ပြောရရင် ကိုးတန်းလောက်အထိအခက်အခဲမျိုးကိုတော့ သူရင်ဆိုင်ဖြေရှင်းနိုင်ပေမယ့် ဆယ်တန်းရဲ့အခက်အခဲပြဿနာဖြစ်လာချိန်မှာ မကျော်လွားနိုင်ဘူး ဒီတော့ ဆယ်တန်းကျတယ်ပေါ့

_________________________


ဘဝဆိုတာကလည်း လူမျိုးတွေ 

ခန္ဓာတွေ 

တိုင်းပြည်တွေ 

ခေတ်ကာလာတွေသာခြားနားမယ် ဘယ်သူဖြစ်ဖြစ် ဒီအခက်အခဲ ဒီပြဿနာတွေကို ကြုံဖူးကြသည်ချည်း ကြုံရမှာချည်းကိုး


ဒီတော့ ဆယ်တန်းကျလို့ထွက်ပြေးသူတယောက်က နောက်တဖန်ကျောင်းပြန်တက်တော့လည်း ဆယ်တန်းဆိုတဲ့ အခက်အခဲပြဿနာက စောင့်ကြိုနေတာပါပဲ


သူ့မှာအဲ့ဒီအခက်အခဲကို ကျော်လွန်နိုင်တဲ့ အရည်အချင်း စိတ်ဓာတ်ခိုင်ကြည်မှုမှ မရှိသေးဘဲ မရသေးဘဲကို


အောင်ချင်ရင်တော့ ကျော်နိုင်အောင်လုပ်ပေါ့

_________________________


ဘဝနဲ့ပြန်ဆက်ရရင် ဒီဘဝမှာ ဒီအခက်အခဲကို ရင်မဆိုင်နိုင် မကျော်လွှားနိုင်လို့ အရှုံးပေးထွက်ပြေးသူဟာ နောက် တဖန်ဘဝမှာလည်း ဒီအခက်အခဲ ဒီပြဿနာ ကြုံတွေ့လာချိန်မှာ အထုံဝသီလိုဖြစ်ခဲ့တဲ့ သူ့စိတ်အစဉ်ကလေးက ဆွဲဆောင်တယ် 


အရှုံးပေးလိုက်ဖို့

သတ်သေဖို့ပေါ့

_________________________


ဒီလိုနဲ့ ဒီစိတ်အစဉ်လေးကို ဖြတ်တောက်ပြစ်ဖို့ မကြိုးစားသမျှကာလပတ်လုံး ကျော်လွှားနိုင်မယ့် နည်းနိဿယတွေကို မကြံစည်အားမထုတ်နိုင်သမျှကာလပတ်လုံး ဒီနည်းအတိုင်းပြုဖို့ချည်း စိတ်ကညွှတ်မိနေတတ်တယ်


အဖန် ၅၀၀ ငါးကမ္ဘာမကပေါ့

_________________________


ခု မအလအာဏာ စိုးပိုင်ခွင့်ရနေလည်း ဒီအတိုင်းပဲပေါ့


မိသားစု စည်းစိမ်ဥစ္စာ ရပိုင်ခွင့်တွေနဲ့ ခြိမ်းခြောက်ဆွဲဆောင် အကြပ်ကိုင်ချိန်မှာ မတရားမှန်းသိသည့်တိုင် မကြိုက်သည့်တိုင် ရပ်တန့်လိုက်ကြတယ် နောက်ပြန်ဆုတ်လို့ အရှုံးပေးသွားကြတယ်


သဘောကတော့ သတ်သေသူလိုပါပဲ


မတရားမှုကို တော်လှန်ရာမှာ ဒီအခက်အခဲ ဒီစမ်းသပ်မှုတွေက ကြုံတွေ့ရ ကျော်ဖြတ်ရမှာချည်းပါ 


မကျော်လွှားဘဲ 

ကျော်လွှားဖို့အားမထုတ်ဘဲနေရင် ဘာဖြစ်မလဲ


စောစောကသတ်သေသူလိုပေါ့

ဒီအခက်အခဲနဲ့ကြုံတိုင်း နောက်ပြန်ချည်းလှည့် အရှုံးပေးနေရင် မတရားမှုက ကြီးစိုးခွင့်ရနေအုံးမှာပါပဲ


လက်နက်ရှိသူကို အစဉ်အဆက်ကြောက်နေ စိုးထိတ်နေရအုံးမှာပါပဲ 


ကိုယ်ယုံကြည်တဲ့အတိုင်း ရဲရဲရင့်ရင့် မရပ်တည်

မပြောဆို မလျှောက်လှမ်းရဲသူ ဖြစ်နေအုံးမှာပါပဲ


အဖန် ၅၀၀ ငါးကမ္ဘာမကပေါ့

.

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး ☆ အင်းတဲ

Thursday, January 8, 2026

ကနောင်မင်းသားကြီး စနည်းနာထွက်ခြင်း - ဒီမအေဘေးမျိုးတွေက ဒီအချိုးချည်းပါပဲ(ငတိုလှိုင်ရဲ့အဆုံးသတ် / ၃၉)

 

ဒီမအေဘေးမျိုးတွေက ဒီအချိုးချည်းပါပဲ (ငတိုလှိုင်ရဲ့အဆုံးသတ် / ၃၉)

မအလ အတင်းအဓမ္မအာဏာသိမ်းစဉ်ကာလအစောပိုင်းက ကိုယ့်တိုင်းပြည်အရေးအရာကို လာရောက်ဖြေရှင်းပေးမယ့် အဖွဲ့အစည်းတွေ နိုင်ငံတွေ မျှော်လင့်မိကြတာ အရိုးစွဲနေတဲ့ သူရဲကောင်းမျှော်ဝါဒကြောင့်ထင်ရဲ့


ဒီထဲကမှ သူ့ဆီက‌နေထပ်ဆင့်လုယူသူပေါ်ပေါက်လာရင်လည်း မဆိုးဘူးဟ အပြောင်းအလဲတခုဖြစ်တန်ကောင်းရဲ့ ကောင်းသောလားရာ ဖြစ်တန်ကောင်းရဲ့လို့ စကားချီပြီး ကိုယ်ကဆိုတော့ ကိုယ့်အစ်ကိုက ပုံလေးတခုပြောပြတယ်

______________________________


တခါက ကနောင်မင်းသားကြီးဟာ မင်းနဲ့တော်ဝင်မိသားစုဖြစ်တဲ့သူတို့အပေါ် ပြည်သူတွေဘယ်လိုသဘောထားလဲဆိုတာသိချင်တာနဲ့ တောရပ်ရွာဆီရုပ်ဖျက်ထွက်လာခိုက် တောင်သူကြီးတဦးနဲ့ စကားစမြည်ပြောရင်း စနည်းနာကြည့်သတဲ့


ဘဝရှင် မင်းတုန်းမင်းတရားလက်ထက်တော်မှာ တိုင်းပြည်သာယာအေးချမ်းပြီး တိုးတက်မှုရှိလာတာအမှန်ပဲဗျနော်

သူတည်ခဲ့တဲ့ ရတနာပုံရွှေမြို့တော်ကြီးကလည်း ခန့်ညားထည်ဝါ လှပပါဘိသနဲ့


မသိပါဘူးဗျာ ကျုပ်တို့ရွာမှာတော့ဒီအတိုင်းပါပဲ

ဘုရင်တွေက သူတို့မြို့တည်နန်းတည်မင်းတြားဘွဲ့ခံလိုတာနဲ့ တမင်းတက်တိုင်း တမြို့တည်ဖို့ အခွန်ချည်းလှိမ့်ကောက်နေတော့ စားဖို့တောင်အနိုင်နိုင်ရယ်ပါ လို့ တောင်သူကြီးကဆိုသတဲ့


ဒီတော့ အင်း..နောင်တော့်အပေါ်အမြင်တော့သိပ်မကြည်လှချေဘူး ငါအပေါ်ကောဘယ်လိုမြင်လဲ အကဲစမ်းကြည့်အုံးမှပဲလို့တွေးပြီး


အိမ်ရှေ့စံ ကနောင်ကိုယ်တော်လေးကတော့ ဒီလိုဟုတ်ဟန်မတူဘူးဗျနော်လို့ စကားမဆုံးခင်မှာပဲ


တောင်သူကြီးက 

ဒီမအေဘေးမျိုးတွေဆိုတော့ ဒီအချိုးချည်းနေမှာပါမောင်ရာ 😄 တဲ့

______________________________


ကိုယ့်အစ်ကိုက ဒါလေးပြောပြပြီး အဖွဲ့အစည်းတခုလုံးကိုက ပုတ်ပွနေတာ ဘယ်သူ့ဆီက ဘယ်သူပြန်သိမ်းသိမ်း အာဏာငမ်းဖမ်းလို့ အာသာငမ်းငမ်းလိုချင်နေကြသူတွေချည်းပါ


ဘယ်ခွေးသတောင်းစားမှ ပြည်သူကိုမျက်နှာမူမှာ ကိုယ်စားပြုမှာမဟုတ်ပါဘူး 


ဒီမအေဘေးမျိုးတွေက ဒီအချိုးချည်းလာမှာပါကွာ 

မျှော်လင့်မနေပါနဲ့တဲ့

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

သန်းထွန်းလေး ☆ အင်းတဲရွာ


Wednesday, January 7, 2026

အလောင်းတော်ကြီးများ (ငတိုလှိုင်ရဲ့အဆုံးသတ် / ၃၈)

 

အလောင်းတော်ကြီးများ (ငတိုလှိုင်ရဲ့အဆုံးသတ် / ၃၈)

ရှေးရာဇဝင်တွေ ဖတ်ရှုတိုင်း မကြာခဏဆိုသလို မြတ်ဘုရားဗျာဒိတ်ပေးခဲ့တဲ့ ဗျာဒိတ်တော်လာမင်းတြားတွေ အများအပြားတွေ့ရတယ် 


ဒီမှာ ပြည်သူကချစ်လို့ ထိုကဲ့သို့ထင်မှတ်ယုံကြည်သမုတ်တာမျိုးက အင်မတန်နည်းပြီး အများစုက သူကိုယ်တိုင်က သို့တည်းမဟုတ် ဘာသာရေးအဖွဲ့အစည်းက ဇာတ်တော်တွေ ချိတ်ဆက်ချဲ့ထွင်ဖန်တီးလို့ ထည့်သွင်းထားတာမျိုးပါ


ဒါကိုကြည့်ပြီး ဘာသာရေးအဖွဲ့အစည်းက ‌နာယကပုဂ္ဂိုလ်အားလုံးဟာ အာဏာရဘုရင်ရဲ့ ‌အရေးပေးမှုရဖို့ အစဉ်မြှောက်ပင့်ပေးနေတာလို့ချည်း မုချမှတ်ယူလို့လည်းမဖြစ်ခြေဘူးပေါ့


ဒီလိုဗျ 


တခါတခါ သက်ဦးစံပိုင်ရှင်ဘုရင်ရဲ့ စိတ်ထင်ရာလျှောက်လုပ် ပြည်သူကိုနှိုပ်စက်ကလူပြုလို့ မထင်ရင်မထင်သလို အဓမ္မညှင်းပန်းနှိုပ်စက်မှုတွေက အာဏာရသူတွေနဲ့ကော သာမန်ညောင်းညပြည်သူတွေနဲ့ပါ နေ့စဉ်ဆွမ်းကွမ်းအတွက် အမြဲထိတွေ့ဆက်ဆံနေရတဲ့ သာသနာ့နွယ်ဝင်တွေမှာ မကြည့်ချင်မြင်လျှက်သားဖြစ်နေရတာကိုး


(ဒါကြောင့်ပဲ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ပေါ်ပေါက်လာတာပါ)


ဒီတော့ တွေ့ရမြင်ရစိတ်မချမ်းသာသမျှ

အာဏာရှိသူကို ဆုံးမသတိပေးဖို့အကြံထုတ်ကြရတယ်


ဒီမှာ ကိုယ်ဆုံးမရမယ့်သူက အပြစ်ထောက်ပြပြောဆိုလို့ နာခံလွယ်ရင်တော်ရဲ့ မတော်မလျှော် ကိုယ့်အရေးအရာမဟုတ်တာဝင်စွက်ဖက်ရကောင်းလားလို့ အမျက်ထွက်ရင်အခက်မဟုတ်လား 


ခေါင်းနဲ့ကိုယ်အိုးစားကွဲဖွယ်ရာ


ဒီတော့ လူတို့သည်းခြေကြိုက်ဖြစ်တဲ့ မြှောက်လုံးကလေးကို ယုတ္တိယုတ္တာကျအောင် ဇာတ်ဇာတကတွေနဲ့ချိတ်ဆက်ပြီး မသိမသာလေးသုံးရတယ်


ဒကာတော်မင်းတြားက နယ်နယ်ရရဟုတ်ရိုးလား

ဘယ်ဇာတ် ဘယ်နေရာမှာ ဘုရားရှင်မြန်မာပြည်ရောက်လာခိုက် ဘယ်လိုဘယ်ပုံ ဗျာဒိတ်ပေးခဲ့တာ 


ဘယ်ခေတ်ဘယ်ကာလမှာ ပေါ်လာတဲ့မင်းဟာစသည်ဖြင့်ပေါ့


ဒကာလို မြတ်ဘုရားကိုယ်တော်တိုင် မြွက်ကြားခဲ့တဲ့ ဗျာဒိတ်‌တော်လာ မင်းတြားတပါးအနေနဲ့ မြတ်ဗုဒ္ဓရဲ့ အဆုံးအမအတိုင်း မည်သို့မည်ပုံ စီမံပြုလုပ်သင့်ကြောင်းစသည်ဖြင့် မြှောက်လုံးကလေးတွေကူလို့ပြောဆိုတာက


ငါလို ဗျာဒိတ်ရမင်းတြားအနေနဲ့ ဒီလိုပြုနေဖို့မတော်ချေပြီရယ်လို့ တွေးမိ စိတ်ကူးမိပြီး 


ညှင်းပန်းနှိုပ်စက်မှု တရားလက်လွတ်သတ်ဖြတ်အပြစ်ပေးနေမှုတွေလျှော့ပေါ့သွားရင်ဘဲ အများပြည်သူ စိတ်ချမ်းမြေ့ရာ သက်သာရာရလည်း မနည်းဘူးပေါ့လို့ယူဆပြီးပေါ့


ပြောလိုတာက မြန်မာပြည်မှာ ဒီနည်းနဲ့ အလောင်းတော်မင်းတြား အများအပြားရှိနေခဲ့တယ်ဆိုတာပါ 😄

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

သန်းထွန်းလေး ☆ အင်းတဲရွာ 


Friday, October 17, 2025

အား 💪(ငတိုလှိုင်ရဲ့အဆုံးသတ် / ၂၉)

 

အား 💪(ငတိုလှိုင်ရဲ့အဆုံးသတ် / ၂၉)

Https://www.youtube.com/@thantunlayinde 

---

ပြီးခဲ့တဲ့ရက်ပိုင်း စစ်ကိုင်းငလျင်ဖြစ်တော့ ကိုယ်ချစ်တဲ့ဂိတ်ကြီးအပါအဝင် နာမည်ကျော်ဘောလုံးအသင်းတော်တော်များများ စာထုတ်ပြန်လို့ ခံစားရသူတွေနဲ့ထပ်တူဝမ်းနည်းကြောင်း တကမ္ဘာလုံးက သူတို့ရဲ့ဘီလီယံနဲ့ချီတဲ့ပရိတ်သတ်တွေကို ကိုယ်စီသတင်းစကားပါးကြတယ်


ဒီ‌နေရာမှာ တချို့မှတ်ချက်ပြုတာလေးတွေက ဝိဝါဒကွဲစရာ

စာထုတ်တာလောက်နဲ့ဘဝဖြစ်နေတယ် လက်တွေ့လှူတာမှမဟုတ်တာတဲ့


ကိုယ်တော့ဒီလိုနာမည်ကျော်ကမ္ဘာကျော်တွေရဲ့တရားဝင်အသိအမှတ်ပြုစာတကြောင်းက တိတ်တိတ်ကလေးလာလှူတဲ့ ကုဋေချီသန်းချီထက်ကို ပိုထိရောက်တယ်လိုယူဆတယ်


____


ဥပမာဆိုပါတော့ အာဏာသိမ်းမှုဖြစ်တော့ နာမည်ကျော်အတော်များများပါဝင်ကြတယ် ကျွဲကူးရေပါဆိုသလို သူတို့ပရိတ်သတ်တွေကလည်းဝန်းကြဝိုင်းကြပေါ့


ကိုငှက်ရဲ့ 'သွေးသစ္စာ' သီချင်းသီဆိုနေပုံက 

တကယ့်ကိုအားမာန်ပါပါ


ခုဒီပုံတွေပြန်ပြလို့ မရှက်ကြဘူးလား သရုပ်ဆောင်ပီပီ ဟန်ဆောင်ညာဝါးခဲ့ကြတာပါကွာလို့ ခွီးကြဟားကြ


တချို့ကလည်း ဒီလူတွေဆီကဘာတွေမျှော်လင့်နေတာလဲ

ခေတ်အခါကြောင့်ဖောရှောဝင်လုပ်ကြတာ ဘာမှလေးနက်တဲ့အသိအမြင်ယုံကြည်မှုမရှိဘူး ရေပေါ်ဆီတွေပါပေါ့


ကိုယ်တော့ဒီလိုမထင်ဘူး 

ဟန်ဆောင်ပါဝင်ခဲ့ကြတယ်လို့လည်းမထင်ဘူး

သူတို့အစောပိုင်းအစပိုင်းက အမှန်ကိုစိတ်အားထက်ထက်သန်သန်နဲ့ မတရားမှုကိုငုံ့မခံလိုသည့်စိတ်နဲ့ စိတ်ရင်းအတိုင်းပါဝင်ခဲ့ကြတယ်လို့ထင်တယ်


ဒါပေမယ့် 'တာဝေးမှာစိတ်ဓာတ်တဲ့'

ရေရှည်မှာစွန့်လွှတ်ရမှာ ဆုံးရှုံးနိုင်တာတွေကို

တဖက်က မြင်သာသိသာအောင် ပြသခြိမ်းခြောက်ချိန်မှာ မခံနိုင်တော့ပဲ ယိမ်းယိုင်ခဲ့ရတယ်လို့ ယုံကြည်မိတယ် 


အမှားကို အမှန်လို့သဘောကျသွားတယ်လို့ မယူဆချင်ဘူး

ကြောက်စိတ်ကြောင့် အမှန်ကိုမထောက်ခံဝံ့ဘဲ မတရားမှန်းသိသည့်တိုင် အမှားကိုလက္ခံလိုက်ရတယ်လို့ထင်တယ်


အဓမ္မကပဲအားကြီးလွန်းတာလား ....?

ဓမ္မကိုယ်တိုင်က ယုံကြည်သက်ဝင်စိတ်မခိုင်မာသူတို့သန္တန်မှာ ရေရှည်မကိန်းဝပ်လိုတာလား..? 

အထင်အရှားပြဖို့ကြောက်ရွံ့စေတာလား ..?

ဒါမှမဟုတ် ရဲဝံ့စွာမခံယူဝံ့သူအပေါ် 

သိမ်ငယ်စိတ်ကိုဖြစ်စေသလား ....?


ထားပါတော့


_______________


နောက်ပိုင်းသူတို့အကြောင်းအမျိုးမျိုးကြောင့် ဒီလိုအာဏာသိမ်းမှုကို ပေါ်တင်ကန့်ကွက်တာမျိုးမလုပ်ကြတော့ မလုပ်ပြတော့ သူ့နောက်က ရာချီသောထောင်ချီသော ပါလာနိုင်စရာတွေရဲ့အားတွေက ကွယ်ပြောက်သွားတယ်


ဒီနေရာမှာ ပရိတ်သတ်တချို့က သို့တည်းမဟုတ် သူကိုယ်တိုင်က မင်းတို့ကအပြစ်ပြောဖို့လောက်သိတာ ပေါ်တင်မဟုတ်ပေမယ့် လစဉ်ဘယ်၍ဘယ်မျှလှူနေတာ မင်းတို့မှမသိဘဲ မင်းတို့ထောက်ပံ့တာထက်ကို အများကြီးလှူနေတာကွစသည်ဖြင့်ပေါ့


မဖြစ်နိုင်ဘူး မဟုတ်ပါဘူးမဆိုနိုင်ပါဘူး


ဒါပေမယ့် ဒီလိုလူသိထင်ရှားသူတွေ တိတ်‌တိတ်‌လေးလှူနေတာထက် တပြားမှမလှူရင်နေပါစေ ဒီမတရားမှုကို ကန့်ကွက်ပါတယ် ရှုံ့ချပါတယ်လို့ တရားဝင်ထုတ်ပြန်ပြောဆိုပေးတာက ပိုထိရောက်ပါတယ်


ဘာကြောင့်လည်းဆိုတော့ သူ့ရဲ့ထောင်ချီသောင်းချီသောပရိတ်သတ်တွေကိုဆွဲဆောင်နိုင်တာကြောင့်ပါ


နောက်ပြီး သူနဲ့သဏ္ဌာန်တူ ပါဝါ‌တူ ပုံရိပ်တူတွေကိုလည်း 

ဟာသူကဒီလိုပြောနေပါလား 

ဒီလိုရပ်တည်ပါလား 

ငါတို့ကောဘယ်လိုလဲ..ဘယ်လိုလဲ အတွေးဝင်လာအောင် လှုံ့ဆော်နိုင်တာကြောင့်ပါ


_____________


ဆိုပါတော့ မြန်မာ့နာမည်ကျော်အဆိုတော်အဖွဲ့ဖြစ်တဲ့ Iron cross လို့အမည်ရတဲ့ IC


ပရိတ်သတ်တွေသာမက ပညာရှင်တွေကပါတန်းပေးအလေးထားစောင့်ကြည့်ရတဲ့အဖွဲ့


ဒီတော်လှန်ရေးမှာ သူတို့နည်းသူတို့ဟန်နဲ့ တိတ်တိတ်လေးပါဝင်ကောင်းပါဝင်နေပါလိမ့်မယ် သိန်းရာချီတာမျိုး ထောင်ချီလှူ‌နေတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်


ဒါပေမယ့်ပေါ့ စောစောကနာမည်ကျော်ဘောလုံးအသင်းတွေ ငလျင်ဒဏ်သင့်သူတွေအတွက်ထပ်တူဝမ်းနည်းကြောင်း တရားဝင်ထုတ်ဖော်ပြောကြားသလို


ဒီအာဏာသိမ်းမှုကိုသဘောမတူပါကြောင်း ကန့်ကွက်ပါကြောင်း ရှုံ့ချပါကြောင်းတရားဝင်ပြောဆိုမယ်ဆိုရင် ရပ်တည်နေဆဲဖြစ်မယ်ဆိုရင် ကျွဲကူးရေပါဖြစ်လာမယ့် သူတို့ရဲ့အားကိုမှန်းဆကြည့်


တော်လှန်ရေးက ဒီထက်အများကြီးခရီးရောက်ပြီးဖြစ်နေမှာ အသေအချာပါပဲ

.

.

.

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

.

သန်းထွန်းလေး ☆ အင်းတဲရွာ


အပြစ်ပေးခံရတိုင်း အပြစ်ရှိလို့လား(ငတိုလှိုင်ရဲ့အဆုံးသတ် / ၃၆)

 

အပြစ်ပေးခံရတိုင်း အပြစ်ရှိလို့လား

(ငတိုလှိုင်ရဲ့အဆုံးသတ် / ၃၆)

ဆရာဆွေမင်း (ဓနုဖြူ) ရဲ့ ဟိမဝန္တာခြင်္သေ့'ဆိုတဲ့စာအုပ်မှာ ဒီသဘောတရားလေးကို ခွဲခြမ်းစိတ်ဖြာပြထားတာ သဘောကျစရာ


ဘယ်လိုလဲဆိုတော့ ရွာကမိန်းမပျိုလေးတယောက် သူငယ်ချင်းအိမ်ကအပြန်မှာ ပိုးထိတယ် ‌


ထိတဲ့နေရာက သင်္ချိုင်းအနား 

အချိန်ကာလက နေဝင်ရီရော


ဆုံးပါးပြီထင်မှတ်လို့ အလောင်းပြင်ဆင်ပြီးညမှာ အလောင်းကောင်ကထလာလို့ နာရေးစောင့်ရင်း စကားပြောနေသူတွေ ဖဲကစားနေသူတွေမှာ အထိတ်တလန့်ပေါ့


နောက် သေချာစစ်ဆေးကြည့်တော့မှ မြွေကိုက်တယ်ဆိုတဲ့အသိကြောင့် ထိတ်လန့်ပြီး သူမကမေ့မျောနေတာကိုး အမှန်က ဘာမှမဖြစ်ဘူး 


ဒီလိုနဲ့ နေလာလိုက်တာ မသမာသူရဲ့ အဖျင်းစကားနဲ့ သူမဟာ ဖုတ်ဝင်နေသူတယောက်အဖြစ် တရွာလုံးသတင်းပျံ့


နူရာဝဲစွဲ လဲရာသူခိုးထောင်း ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလို ရွာမှာ ဝမ်းရောဂါဖြစ်လို့ လူနှစ်ဦးဆုံးပါးသည့်အပြင် အတော်များများလည်း ဆေးရုံတက်ကုသလိုက်ရတာ အလူးအလဲ


ဒီမှာ ရွာထဲဖုတ်ဝင်နေမှတော့ ‌ရွာကြေတာဘာအဆန်းလဲ 

ဒီအတိုင်းဆက်ထားရင် ရွာပါပျက်လို့ အားလုံးဒုက္ခရောက်မုာမုချလို့ တဆင့်မြှင့်လိုက်တဲ့ တိုက်ကွက်ကိုနားယောင်လို့


တီးတိုးတီးတိုးဆိုကြရင်း ရွာ့လူကြီးတွေကို ဒီပြဿနာကိုဖြေရှင်းပေးပါ ဖုတ်ကိုရွာကမောင်းထုတ်ပေးပါလို့ ရွာသားတို့ ဆိုလာကြတယ်


မောင်းမထုတ်ရင် သူတို့ဖာသာဖြေရှင်းရပါလိမ့်မယ်လို့လည်း အကျပ်ကိုင်လာကြတယ်


သူကြီးဘစီ'တို့ ဦးတွတ်ပီ'တို့က ဒီသတင်းဘယ်ကစလဲသိတယ် ဘယ်လိုရည်ရွယ်ချက်နဲ့ထုတ်လဲဆိုတာလည်းသိတယ်

ဒါပေမယ့် သွေးဆူနေတဲ့ရွာသားတွေကို ဘယ်လိုမှရှင်းပြမရသည့်အဆုံး


တကယ်အပြစ်မရှိပေမယ့် မနှင်ပြန်ရင်လည်း သူမအသက်အပြင် မိသားစုအတွက်ပါအန္တရာယ်ရှိလာနိုင်တာမို့ ထိုမိန်းကလေးကို ရွာကနှင်ထုတ်လိုက်ရတယ် 


ဒီလိုပဲပေါ့ ရံခါမှာ အပြစ်ပေးခံရသည်ဆိုတိုင်း အပြစ်ရှိလို့ရယ်မဟုတ်ဘဲ ဆရာတွတ်'ပြောသလို သံဃာ့အားဘုရားမလွန်ဆန်သာ'ဆိုသလို အချိန်အခါအရ လိုအပ်ချက်ကြောင့်ပါ

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

သန်းထွန်းလေး ☆ အင်းတဲရွာ


Wednesday, October 15, 2025

အမိတကြရတော့မယ့် အန္တတွေ (ငတိုလှိုင်ရဲ့အဆုံးသတ် / ၂၈)


 အမိတကြရတော့မယ့် အန္တတွေ (ငတိုလှိုင်ရဲ့အဆုံးသတ် / ၂၈)

Https://www.youtube.com/@thantunlayinde 

.

.

တနေ့သောအခါ အာဠဝီပြည့်ရှင်မင်းကြီးဟာ တောလည်ရင်း ညောင်ပင်ကြီးတပင်အောက်မှာ ခေတ္တနားနေတယ်


အဲ့ဒီအပင်ကြီးဟာ အမတန်မှ ရက်စက်ကြမ်းကြုပ်တဲ့ ဘီလူးကြီးပိုင်စိုးရာပေါ့


သူ့ညောင်ပင်အောက်က ဖြတ်သန်းသွားလာသူ 

နားနေတည်းခိုသူတို့ကိုလည်း စားသောက်ပိုင်ခွင့်ရှိတယ်


ဒီတော့ ဘုရင်ကြီးကို ဘီလူးက စားမယ်လုပ်တော့ 

ဘုရင်ကြီးက ကျွန်ုပ်ကို မစားရင် သင့်ကို တနေ့တယောက်ကျ လူသားများဆက်သပါ့မယ်ဆိုပြီး သဘောတူခဲ့ကြတယ်


ဆိုးတာက ဘယ်နှစ်ယောက် ဘယ်နှစ်ရက်ရယ်လို့ 

ဘယ်၍ဘယ်မျှမသတ်မှတ်ခဲ့ဘူး


ဒီလိုနဲ့ ဆက်သလာရာ 

ပထမ အကျဥ်းသား 

နောက် တမင် အပြစ်ကျူးလွန်အောင်ဖန်တီးထားတဲ့ အပြစ်သား 

နောက် ညနက်သန်းခေါင်လမ်းထွက်သူတွေ (ပေါ်တာဆွဲလို့)

နောက်အခြေခံလူတန်းစားတွေ (ပေါ်တင်အိမ်ထဲအထိဝင်ဆွဲလို့)

နောက် မင်းစေအပါး အနိမ့်စားအမှုထမ်းတွေရဲ့ ဆွေမျိုးတွေ သားသမီးတွေ


သူတပါးသားသမီးမိဖမောင်ဖွားတွေအဓမ္မဖမ်းခဲ့တုန်းက အလိုတူအလိုပါ 

တံစိုးလာဘ်ခခယယလာပေးကြတာမို့ ကျေကျေနပ်နပ် အားတက်သရောရှိခဲ့ကြတဲ့ 

မင်းမြှောင်ကပ်ဖားတွေလည်း ကိုယ့်ထိလာတော့ မရှူနိုင်မကယ်နိုင်


စနစ်တခုအတွင်းမှာရှင်သန်နေသူချင်းအတူတူ

အာဏာရှိတယ် ပါဝါရှိတယ်ရယ်လို့မာန်ကြွ အများနဲ့မသက်ဆိုင်သူရယ်လို့ဝင့်ကြွား

ထာဝရတည်‌နေလိမ့်မယ်လို့ထင်မှတ်ခဲ့လေသမျှ


မကောင်းမှုကိုအတူတူပြုလာရာက 

ခုကိုယ့်အိမ်ပေါက်တံခါးလာခေါက်နေမင့်ကို


-------

ပြည်သားတွေကို အဓမ္မဖမ်းစီးချိန်ကလုပ်ရိုးလုပ်စဉ်လို

လုပ်မှဖြစ်မယ့်ဝတ္တရားတခုလို မတက်ကြွသည့်တိုင် ဝမ်းနည်းသည်မဆိုနိုင်ဘဲ

တိုင်းပြည်အတွက်စတေးရတာပေပဲယူမှတ်လို့ စွမ်းစွမ်းတမံကြံစီခဲ့လေသမျှ


ခုတော့....ခုတော့

သားကလေးကိုပါ ဆက်သရဖို့ဖြစ်လာတဲ့ ဘုရင်ကြီးလို 


ခုခေတ်လိုဆိုရင် မအလဆိုတဲ့ စစ်ဘီလူးကို တလဘယ်နှစ်ယောက်ကျရယ်လို့ ဆက်သဖို့ အားကျိုးမာန်တက်လုပ်နေဆောင်နေကြတဲ့ ရပ်ကွက်အရှင် အုပ်ကြီးတွေ ရာမှူးတွေလည်း မျက်ရည်လေးစမ်းတန်းစမ်းတန်း ငိုခြင်းရှည်ကြီးချရမယ့်အချိန်တွေနီးလာပြီ


သူတပါးအပေါ်ပြုမှုတုန်းက တိုင်းပြည်အတွက်မို့ ခံစားချက်တို့မရောထွေးဖို့ 

တာဝန်ကျေပြွန်စွာထမ်းဆောင်ဖို့ ဖနောင့်ကြောတင်း မေးရိုးကိုတင်းတင်းစေ့လို့ 

ပီဘိတိုင်းချစ်ပြည်ချစ်ကြီးအဖြစ် ဩဝါဒခြွေခဲ့လေသမျှ ကိုယ့်ထိမှဘယ်ဆီတရမည်မသိ

 

အန္တတွေ အန္တတွေ ...

အမိတကြရတော့မယ့် အန္တတွေ....

.


____________


နောက်ဆုံးတော့

မင်းချင်းတွေကို သူ့ရဲ့သားလေးကို ပွေ့ယူစေပြီး သွား‌ရောက်ဆက်သစေတယ်


ဒါပေမယ့် အဲ့ဒီနေ့မတိုင်ခင်ညကပဲ 

ထိုဘီလူးကြီးဟာ မြတ်ဗုဒ္ဓရဲ့ ဆုံမမှုကြောင့် မှန်ကန်တဲ့အသိတရား ရပြီးသွားပြီ

ဒီလိုနဲ့ မင်းချင်းက ဘီလူးကြီးကိုစားသောက်ရန် မင်းသားလေးအားဆက်သတယ် 


အမြင်မှန်ရပြီး ဘီလူးက 

မင်းသားလေးကို မစားလိုတော့ပဲ ဘုရားအားလှူလိုက်တယ် 

ဘုရားက သူ့အားပေးလှူလာတဲ့ မင်းသားငယ်အား မင်းချင်းကို ပြန်ပေးလိုက်တယ်


ဒီလိုနဲ့ မင်းချင်းလက်မှ ဘီလူးလက်သို့

ဘီလူးရဲ့လက်မှ ဘုရားရဲ့လက်တော်သို့

ဘုရားလက်မှမင်းချင်းလက်သို့ ပြောင်းခြင်းကို အစွဲပြုပြီး


အဲ့ဒီမင်းသားလေးကို လက်ဆင့်ကမ်းပြောင်းသူ 

ပါဠိလို 'ဟတ္ထက' ရယ်လို့အမည်တွင်တယ်


နေရာဒေသကိုအစွဲပြုလို့ 'ဟတ္ထကအာဠာဝက' ပေါ့



နောင်အခါ မြတ်ဗုဒ္ဓသာသနာတော်မှာ 

ညီညွတ်သော နောက်လိုက်တို့ကို စည်းရုံးနိုင်မှုမှာ မြတ်စွာဘုရားရဲ့ ဧတဒဂ်ပေးခြင်းကို ခံရသူပါ


ဘုရားရဲ့မွေးစားသားဆိုရင်လည်း မမှားနိုင်ဘူးပေါ့


.

.

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

.

.

သန်းထွန်းလေး ☆ အင်းတဲရွာ


Monday, October 13, 2025

တော်လှန်သောတာပန်များ (ငတိုလှိုင်ရဲ့အဆုံးသတ် / ၃၀)

 

တော်လှန်သောတာပန်များ (ငတိုလှိုင်ရဲ့အဆုံးသတ် / ၃၀)

Https://www.youtube.com/@thantunlayinde 

_______


သောတာပန်ဆိုတာက ဒိဋ္ဌိ နဲ့ ဝိစိကိစ္ဆာ ပယ်ပြီးသူကိုခေါ်တာပါ


ဒိဋ္ဌိဆိုတာက အယူ

ဒီနေရာမှာတော့ မိစ္ဆာဒိဋ္ဌိလို့ခေါ်တဲ့ မှားသောအယူအဆတွေကို

သမ္မာဒိဋ္ဌိအဖြစ် မှန်ကန်စွာသိမြင်လို့ ဖယ်ရှားပြီးသူပေါ့


ဝိစိကိစ္ဆာဆိုတာက သို့လောသို့လောဖြစ်တာ 

ဟိုဟာဆိုလည်း ဟုတ်များနေလေမလား သည်ဟာဆိုလည်းမှန်များနေမလား

ငါလုပ်နေတာတွေကမှားများနေတာလား စသည်ဖြင့် မှန်ကန်တဲ့အသိပညာမရှိတော့ 

မဆုံးဖြတ်နိုင်တာ အများပြောလိုက်တိုင်း ရောယောင်လိုက်ပါသွားတတ်တာမျိူး

ရပ်တည်ချက်မခိုင်မာတာမျိုးပါ


____________


ဘာသာရေးအရဆိုရင်တော့ ရတနာသုံးပါးအပေါ်မဖောက်မပြန်သက်ဝင်ယုံကြည်ရင်း

မြတ်ဗုဒ္ဓရဲ့အဆုံးအမအတိုင်း လိုက်နာကျင့်ကြံနေထိုင်သူပေါ့


မဖောက်မပြန်သက်ဝင်ယုံကြည်တယ်ဆိုရာမှာ

ဗဟိဒ္ဓအရာတွေဖြစ်တဲ့ တိုက်တာအိုးအိမ်ရွှေငွေလက်ဝတ်ရတနာတွေ ရာထူးဂုဏ်သိမ်တွေ အာဏာပါဝါတွေနဲ့ ချီးမြှောက်၍သော်လည်းကောင်း ခြိမ်းခြောက်အကျပ်ကိုင်၍သော်လည်းကောင်း ယုံကြည်သက်ဝင်ရာကို မစွန့်လွှတ်တာမျိုးပါ


ဒါ့အပြင် ယုံကြည်ရာအတွက် မျက်စိ ခြေ လက် နား နှာ လျှာ သာမက 

အသက်ဇိဝိန်ပဲ့ကြွေရမယ်ဆိုင်တောင်မှ မတွန့်ဆုတ်တာမျိုးပါ

________


ဒီတော့ 


အလုပ်ဆုံးရှုံးတာ

အခွင့်အလမ်းတွေပယ်ချခဲ့တာ

ချစ်ခင်သူတွေနဲ့ကွဲကွာနေရတာ


ပုံမှန်ဝင်ငွေနဲ့အခြေကျနေတဲ့ဘဝကနေ ခက်ခဲမယ်မှန်းသိရဲ့နဲ့

ယုံကြည်ရာအတွက်စွန့်လွှတ်ခဲ့တာ


တိုက်တာအိုးအိမ် ရွှေငွေလက်ဝတ်လက်စားတွေ အဓမ္မသိမ်းယူခံရတာ


သိမ်းယူခံရနိုင်တာကိုသိရဲ့နဲ့တောင် ယုံကြည်ရာကိုဖက်တွယ်လို့ 

မတရားမှုကိုလက္မခံကြောင်း သဘောမတူကြောင်း တွင်တွင်ဆိုလို့

ရရာ နိုင်ရာနည်းနဲ့ဆန့်ကျင်တာ လမ်းချင်းတူသူတွေကို ခရီးပေါက်အောင်တွဲကူတာ 

အားပေးဝာာ နိုင်ရာဝန်ကိုထမ်းခဲ့ကြတာ


မျှတခြင်းကို ယဉ်ကျေးစွာဝောာင်းဆိုရာက အတင်းအဓမ္မဖိနှိုပ်မှုကြောင့်

တိုက်တန်တဲ့နည်းနဲ့အံတုလို့ အများအတွက် အနာဂါတ်အတွက် 


ခြေထောက်တွေ 

လက်တွေ 

ထာဝရမမြင်နိုင်ဝောာ့ခြင်းတွေ

မကြားနိုင်ဝောာ့ခြင်းတွေ

ပင်ကိုအသိစိတ်ကင်းလွတ်သွားခြင်းတွေ


ဒီလို ယုံကြည်ရာအတွက် အများတွေးကြည့်ဖို့ဝောာင်မဝံ့တဲ့စွန့်လွှတ်ခြင်းတွေနဲ့

အံတုခဲ့ ကျွန်တော်တို့ရဲ့ညီကိုတွေကို


တော်လှန်သောတာပန်များ' အဖြစ် ရည်ညွှန်းမယ်ဆိုရင် 

လွန်တယ်မဆိုနိုင်ဘူးမဟုတ်လား...


__________


ဆစရက'တွေအတွက်လည်း ခုတော်လှန်နေတာက မတရားမှုကိုပါ 

ဒီတော့ ပုဂ္ဂိုလ်ကိုမယုံကြည်ဘူးလား အသင်းအဖွဲ့ကိုမယုံကြည်ဘူးလား ရတယ်


သင်ယုံကြည်ရာ အသင်းအဖွဲ့နဲ့ ပုဂ္ဂိုလ်နဲ့လက်တွဲပါ 

လုပ်ပါ‌ လာပါ အာဏာရှင်ကိုနိုင်ရာနည်းနဲ့ဆန့်ကျင်ကြတာပေါ့


အားလုံးနဲ့ဆိုင်တဲ့အရေးမို့

အဓိကက လူတိုင်းနိုင်ရာဝန်ထမ်းကြဖို့ပါ


ဘာမှမလုပ်ဘဲ အမှားကိုသေချာစောင့်ရှာလို့ ဘလိန်းတာသက်သက်က

တော်လှန်ရေးမှမဟုတ်တာပဲဗျာ

.

.

.

#အရေးတော်

ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

.

သန်းထွန်းလေး ☆ အင်းတဲရွာ


သန်းထွန်းလေး (အင်းတဲရွာ)

အငွေ့စားသူ ။။ ထေရီ(Htei Ri)

  "အငွေ့စားသူ" ................... ထေရီ(Htei Ri)   •သယ်...ဟယ်..ဟယ်.....   ငါကိုယ်တော်မြတ်   တစ်ဇတ်ဇတ်ကယ်တုန်   မိတ်ကပ်ရယ်အဖုံသားနဲ...

အထူး