ကိုလေး ☆ အင်းတဲ

ကိုလေး ☆ အင်းတဲ
Than Tun Lay .INDE
Showing posts with label Running man (အပြေးသမားများအတွက် အတွေးစာစုများ). Show all posts
Showing posts with label Running man (အပြေးသမားများအတွက် အတွေးစာစုများ). Show all posts

Saturday, July 19, 2025

Running Man episode 64

Running Man episode 64
Https://www.youtube.com/@thantunlayinde 
.
၆၄
လွမ်းလို့ကျန်နေရစ်ကြမယ့်သူတွေ
Guest : Tae Yeon, Yuri , Jessica , Seo Hyun , Hyo Yeon , Yoona [All.SNSD]. 

Location : Goyang Gym, Camp Place
အပိုင်းအစကို ရှေ့အပိုင်းနဲ့ချိတ်ဆက်လို့ ညမအိပ်စက်ခင် ဟင်းချက်စေတယ်မိန်းကလေးတွေ သူတို့အသင်းမှာပါစေလိုတာက 🐧

သူက အစောပိုင်းကာလတွေမှာ အချစ်ရူးလေးကာရိုက်တာနဲ့ ပြသချိန်အတော်များများကို အပိုင်စီးနိုင်ခဲ့တာ ဒီအပိုင်းမှာတော့ တမူထူးလို့ ရှက်သွေးဖြာလို့ ☺️ 

ကစားပွဲပြီးတဲ့နေရာ ကားပေါ်မှာပဲ ညအိပ်ရပ်နားခဲ့ရာက မိန်းကလေးအဖွဲ့အိပ်စက်ရာကားက တခြားနေရာဆီသို့မောင်းနှင် သူတို့စိုးရိမ်သွားတာက ၅၆ အတိုင်းဖြစ်နေမလားပေါ့ 😄

နောက် တယောက်ခြင်းစီ သီးခြားကားနဲ့ခေါ်ဆောင်လို့ နောက်မစ်ရှင်ပြုရမယ့်နေရာမှာ မိန်ကလေးအသင်းက အိပ်ယာနိုးထလာတဲ့အစဉ်တူသူနဲ့ အသင်းဖွဲ့စေပါတယ်

တူညီတဲ့ဧည့်သည်နဲ့ နှစ်ပိုင်းဆက်ရိုက်တာတွေမှာ နောက်အပိုင်းက ရှေ့အပိုင်းလိုမကစားစေပဲ ဧည့်သည်တို့ပင်ပန်းနွမ်းနယ်တာမျိုးမဖြစ်အောင် မတူညီတဲ့ ကစားနည်းနဲ့ ညှာတာတဲ့သဘောမျိုးပေါ့

ဒါမှမဟုတ်ရှေ့အပိုင်းမှာ ပြေးလွှားကစားခဲ့ပြီးမို့ ပရိတ်သတ်အာရုံညောင်းမသွားအောင် တမင်မတူညီတဲ့ ကစားပွဲပုံစံတွေစီစဉ်ပုံပဲ 

ဒီအပိုင်းတွေရဲ့သဘောကိုက ကစားပွဲချုံ့လိုက်တာမို့ နာမည်ကတ်ခွာတဲ့ ကစားပွဲကိုသာအဓိက တခုတည်းကစားတာမို့ ပုံဖော်သူတို့ရဲ့ ပါဝင်သူတို့ရဲ့ ထူခြားတဲ့အရည်အသွေးတွေ ထုတ်ပြနိုင်စွမ်း ရိုက်ကူးနိုင်စွမ်းက အက္ခရာ

အမှန်တော့ ဒီအပိုင်းနည်းတူ ပုံစံတူနီးပါးရှိတဲ့ ၅၆ က ဇာတ်ပို့အမျိုးသမီးကြီးတွေရဲ့ အားထုတ်မှုနဲ့ ဆွဲဆောင်နိုင်စွမ်းမျိုးကိုမရှိခဲ့တာပါ ပုဂ္ဂိုလ်စွဲနဲ့ကြိုက်ကြသူတွေကတော့တပိုင်းပေါ့ 

ဆုန်းဂျီဟျို'မပါဝင်နိုင်ခြင်းက ရှေ့တပိုင်းတုန်းက သိပ်မသိသာပေမယ့် နှစ်ပိုင်းဆက်ဖြစ်လာချိန်မှာ တကယ်လို့ သူမသာပါရင် ဘယ်လိုခြားနားတဲ့ပုံစံနဲ့ ကစားပွဲကိုအရှိန်မြှင့်သွားမှာလို့ တသမိသည်အထိ လွမ်းဆွတ်မိသည်အထိ

နာမည်ကတ်ခွာရာမှာ ဧည့်သည်မိန်းကလေးများစွာပါပေမယ့် သူတို့က ပုံရိပ်နဲ့ best moments ဖြစ်ဖို့ ပိုပြီးအားစိုက်သွားသလိုခံစားရတယ်

နောက်ဆုံးအနေနဲ့ ဆရာဆွေမင်း(ဓနုဖြူ) တောင် ကျီစယ်ပြီး
စာအုပ်အမည်ပေးထားတဲ့ "ထမ်းလို့ကျန်ရစ်ခဲ့မှာကို အားနာပါတယ်လေ' ဆိုတဲ့ စာသားရဲ့ မူရင်းစကားလုံးရှင် 

မြန်မာ့ဂန္ထဝင်ရုပ်ရှင် "ဘယ်သူပြိုင်လို့လှပါတော့နိုင်" ဇာတ်လမ်းရေးသူ ဆရာငြိမ်းကျော်ရဲ့ "လွမ်းလို့ကျန်ရစ်ခဲ့မှာကို အားနာပါတယ်လေ" ဆိုတဲ့ စာသားလေးလို

ပထမဆုံး love line ချိတ်ဆက်ခဲ့ရာကောင်မလေးနဲ့ ပြန်ဆုံတွေ့ခဲ့တဲ့🦒နဲ့ အတွဲညီတဲ့ပါတနာရခဲ့တဲ့ 🐧တို့ကတော့ နောင်အချိန်များစွာအထိ ဒီအပိုင်းကို လွမ်းလို့ကျန်ရစ်ကြမယ်ထင်ပါရဲ့

(ထယ်ယွမ်'က 🐧ကြိုက်တဲ့ type ဖြစ်ပုံပဲ ကိုရီးယားဆန်တဲ့မျက်နှာပေါက်နဲ့ မျှတတဲ့ လိုက်လျှောညီထွေနေထိုင်တတ်မှုမျိုးပေါ့ ဘာကြောင့်လဲဆိုတော့ သူ့ဇနီးဗျော'ကလည်း ဒီသဘောရှိတာကိုး)

Runner တို့နဲ့ စိုးမိုးလွန်းတဲ့ ပါတနာကြောင့် စိတ်ညစ်နေရှာတဲ့ တနင်္လာကောင်လေးတို့ကတော့ နှစ်ပိုင်းဆက်မပါဝင်နိုင်ခဲ့တဲ့ကောင်မလေးကို တမ်း‌တနေမိ လွမ်းနေကြပြီထင်ပါရဲ့ဗျာ
.
.
🌹အထူးအချက် 
Jessica ကတော့ ‌လေးပိုင်းမြောက်အဖြစ်ပါဝင်ခဲ့ပြီး SNSD အဖွဲ့သားတွေထဲ အများဆုံးပါပဲ ၄၊၅၊၆၃၊၆၄

Yuri နဲ့ Yoona က သုံးပိုင်းစီပါ
(Yuri-၁၆၊၆၃၊၆၄)
(Yoona-၃၉၊၆၃၊၆၄)

သားလိမ္မာလေး ဟားဟား'က သူ့အမေဟင်းချက်ညံ့ကြောင်း အရိပ်အမြွက်စပြောတာ ဒီအပိုင်ပေါ့ 😄
.
.
ကြည့်ရန်
Https://t.me/rmkolayinde 
.
Photo album 
https://t.me/rmkolayinde/1698
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
#နှာခေါင်းနှံကောင်ဗလရုပ်ဆိုးဂျပုလပ်ကီးလောရှည်


























































































































































 

သန်းထွန်းလေး (အင်းတဲရွာ)

အငွေ့စားသူ ။။ ထေရီ(Htei Ri)

  "အငွေ့စားသူ" ................... ထေရီ(Htei Ri)   •သယ်...ဟယ်..ဟယ်.....   ငါကိုယ်တော်မြတ်   တစ်ဇတ်ဇတ်ကယ်တုန်   မိတ်ကပ်ရယ်အဖုံသားနဲ...

အထူး