ရေကန်များ
.
မြို့သစ်ဆည်
.
နောက်ပိုင်းတော့ စစ်အာဏာရှင်ရဲ့ မတွက်မချက်မလေ့မလာနဲ့ အကျိုးရှိသူထက်
ဒုက္ခရောက်သူပိုများပြီး စီးမံကိန်းပေါ်ရုံ ဘတ်ဂျက်ခိုးဖို့ ဇွတ်အတင်းဖော်ဆောင်ခဲ့တဲ့
' မြို့သစ်ဆည်' ဆိုတဲ့ နွံသာချောင်းကြီးကိုပိတ်ထားတဲ့ ရေလှောင်တမံကြီးပေါ်လာတယ်
စီမံကိန်းအတွင်းက မြေယာရှင်တွေလည်း ယာဆုံးမြေဆုံး အလျော်မရ
ရွာအတွက်လည်း သုံးရေမှအပအကျိုးမဖြစ်နဲ့
မျက်ရည်ကြားကသည်းခံလို့ ဘာမှမတတ်နိုင် ငုံ့ခံရင်းနဲ့
မွေးရပ်မြေစွန့်လို့ တမြေရပ်ခြားစီးပွားထွက်ရှာရကြသည်အထိ
ဒီဆည်ကြီးဖွင့်လှစ်တာ
ကျွန်တော် ၅တန်းအရွယ်လောက်ထင်တာပဲ
ယခင်ကျောင်းဟောင်းက ယခုစာကြည့်တိုက်နဲ့သစ်စက်နေရာပါ
အဲ့ဒီကနေယခုလက်ရှိကျောင်းကြီးကိုပြောင်းပြီးမှလို့ထင်တယ် သိပ်တော့မသေချာ
အဲ့သည်တုန်းက ဆည်ဖွင့်ပွဲဆိုတော့ ကျောင်းသားတွေကမဖြစ်မနေသွားရတယ်
မနက်အစောကြီးကတည်းကပါ နေမြင့်မှဖွင့်လှစ်ပေးမယ့်သူရောက်လာပါတယ်
ဟတ်စကီးနဲ့ထင်တာပဲ ဖွင့်ပေးသူက ဦးသိန်းစိန်'လိုလည်းထင်မိတယ် မသေချာ
ဟိုရောက်တော့ ပညာမဲ့အာဏာရှင်တို့ထုံးစံအတိုင်း ဓါတ်တွေနတ်တွေယတြာတွေနဲ့ကြွေးတာက
ဘေးဘယာတွေကျော်လွှားပါစေကြောင်း အကြော်နဲ့
ပေါင်းစည်းနိုင်ပါစေကြောင်း ကောက်ညှင်းပေါင်းပါ
ဒီဆည်ကြီးက စိုက်ပျိုးမြေအကျိုးဖြစ်တာထက် ပျက်စီးတာပိုများလေးမလားမသိ
ရွာ့အနောက်ဖက်အထိရောက်တဲ့ စိုက်ပျိုးမြေအတွက်ရေလွှတ်မြောင်းတွေမှာတော့
ခုထိရေတစက်တောင်ရောက်သည်မတွေဖူး ခုတော့အဲ့မြောင်းလေးတွေလည်းကောနေပါပြီ
ဒါပေမယ့် မြေအောက်ရေအတွက်တော့ အကျိုးပြုလေသည်လားမသိ
ရွာမှာတော့ တူးသမျှအဝီစိတွင်းတိုင် ရေထွက်ကြသည်ချည်း အနည်းအများသာကွာတာ
No comments:
Post a Comment