ကိုလေး ☆ အင်းတဲ

ကိုလေး ☆ အင်းတဲ
Than Tun Lay .INDE
Showing posts with label ဇာတ်ကား🖊 တွေး၊ညွှန်း. Show all posts
Showing posts with label ဇာတ်ကား🖊 တွေး၊ညွှန်း. Show all posts

Thursday, August 20, 2026

Jolly O Gymkhana (2024) (ဇာတ်ကား🖊 တွေး၊ညွှန်း) အလောင်း‌ကောင်နဲ့အရှုပ်တော်ပုံ

Jolly O Gymkhana (2024) (ဇာတ်ကား🖊 တွေး၊ညွှန်း)

အလောင်း‌ကောင်နဲ့အရှုပ်တော်ပုံ


ဒီကားလေးက ဇာတ်လမ်းထူးခြားတယ်


အဘိုးဦးစီးတဲ့ အစားအသောက်ရောင်းဆိုင်က အမေနဲ့သမီးတသိုက် ဝန်ကြီးတယောက်ရဲ့ပွဲအတွက် အထူးအော်ဒါ ပွဲတထောင်ရရှိတယ်


ရောင်းရပဟဲ့လို့ ဇွဲနဲ့နပဲနဲ့ချက်ပြုတ်ကြော်လှော်ပြီး ဧည့်ခံလိုက်တာ ပိုက်ဆံရှင်းမှ ဝန်ကြီးက အတိတ်မေ့သလိုလို ရွှေပျောက်သလိုလိုလုပ်ရာက ပွဲကြမ်းလိုက်တော့ အဘိုးမှာ ဆေးရုံရောက်ရပါလေရော့


ဒီအတွက်တရားစွဲဖို့ နာမည်ကြီးရှေ့နေဆီချဉ်းကပ်ရာက သူတို့ရောက်တော့ ရှေ့နေကသေနေပြီ 


ဒီလိုနဲ့ ဆွမ်းခံရင်းငှက်သင့်ဆိုသလို ဝိညာဉ်မဲ့ ခန္ဓာတခုနဲ့ ဒုက္ခသုက္ခအထွေထွေကို ဒါရိုက်တာတာ ဆက်သီ ချီဒမ်ဘာရမ် က ချယ်မှုန်းထားတာပါ


ဇာတ်အိမ်ကျယ်တော့ နည်းနည်းဂရုစိုက်ကြည့်ဖို့တော့လိုတယ် 


အဆန်းထွင်တာ လမ်းသစ်ဖောက်တာတွေရဲ့ သဘာဝအတိုင်း ‌အချို့နေရာတွေ နည်းနည်းပေါသလို အချို့ဇာတ်ရုပ်တွေကမလိုအပ်လှပေမယ့် ဈေးကွက်သဘောအရထည့်ထားတာလို့ နားလည်ပေးဖို့လိုပါတယ်


ဒါကိုမှီပြီး သို့တည်းမဟုတ် ဒီကားကိုပဲ ပြန်ရိုက်မယ်ဆိုရင် ဇာတ်လမ်းရိုက်ကွက်တွေက ပိုပြီးကျစ်လစ် ဆန်းသစ်ကောင်းမွန်လာလိမ့်မယ်လို့ မျှော်လင့်လို့ရတဲ့ ထူးခြားတဲ့အတွေးပုံဖော်မှုမျိုးလို့ ယူဆမိတယ်


နောက်ဆုံးအနေနဲ့ ဒါရိုက်တာ ဇာတ်အစမှာဝန်ခံထားသလို ဒီကားက ယုတ္တိယုတ္တာတွေနဲ့ နှိုင်းယှဉ်မစဉ်းစားဘဲ အပျင်းပြေပေါ့ပေါ့ပါးပါးခံစားရင်း ဘဝအမောတွေဖြေဖျောက်ဖို့ သင့်တော်တဲ့ကားလို့ညွှန်းချင်ပါတယ်

Directed by Sakthi Chidambaram

Starring

Prabhu Deva

Madonna Sebastian

.

https://t.me/kolay0001/2204


#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး ☆ အင်းတဲ
 


Monday, June 15, 2026

Batti Gul Meter Chalu (2018) 💥မီတာခမဆောင်နိုင်လို့သတ်သေသွားသူ

Batti Gul Meter Chalu (2018)
https://t.me/kolay0001/1898

💥မီတာခမဆောင်နိုင်လို့သတ်သေသွားသူ
...

မီတာခတွေကောက်ချင်သလိုကောက်နေတဲ့ ဒီကာလမှာ မီတာကြေးမဆောင်နိုင်လို့ ကိုယ့်ကိုယ်ကိုသတ်သေသွားတဲ့ကားလေး ကြည့်ကြည့်ကြဗျာ ခံစားချက်တွေနီးစပ်မှာပါ

ဇာတ်လမ်းလေးက ဒီလို
သူငယ်ချင်သုံးယောက်ရှိတယ် 
နှစ်ယောက်ကနီးစပ်သွားတော့ ကျန်တယောက်က အသည်းကွဲ
ဒီသဘောဆန်ဆန် ဇာတ်လမ်းလေးစထားပေမယ့် အဲ့သလောက်မရိုးရှင်းဘူး ခပ်ပေါပေါဟာသကားလည်းမဟုတ်ဘူး

ပေါ့ပျက်ပျက်နဲ့ ဘဝမှာ အချစ်သည်သာအရာရာလို့ ကိုးကွယ်ယုံမှတ်နေတဲ့ ဆယ်ကျော်သက်တို့ 

စိတ်ကူးယဥ် လေထဲတိုက်အိမ်ဆောက်စရာသက်သက် ဇာတ်ကားမျိုးမဟုတ်ဘူး

ဘဝတွေပါတယ် 
အလှတွေပါတယ်

ပြီးတော့ ယာမီဂေါ်သမ် နဲ့ ရှာဒဟ်ကပူးရ် တို့ရဲ့အပြုံး‌လေးတွေက ဇာတ်ဆုံးသည်အထိ ဆွဲခေါ်သွားပါလိမ့်မယ်
Directed by
Shree Narayan Singh သျှီး နာရ်ယမ် ဆင်းဂ်
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

 

Wednesday, May 27, 2026

The warrior (2022) (ဇာတ်ကား🖊 တွေး၊ညွှန်း) စစ်သည်တော် . က ချင်လို့ဇာတ်ထောင်ဆိုတဲ့စကားကြားဖူးတယ်ဟုတ်

The warrior (2022) (ဇာတ်ကား🖊 တွေး၊ညွှန်း) 
စစ်သည်တော်
https://t.me/Orange2001211/13615?single
.
က ချင်လို့ဇာတ်ထောင်ဆိုတဲ့စကားကြားဖူးတယ်ဟုတ်

ဟုတ်တယ်လေဗျာ 
အနိတ်ကလေးတွေနဲ့တွဲချင်လို့
လူမိုက်အထာနဲ့ကြမ်းချင်လို့
သိပ်တော်သူအဖြစ်ကြွယ်ချင်လို့ 
ပိုက်ဆံကုဋေချီအကုန်အကျခံပြီး ရိုက်ခဲ့တာပဲဟာ ဘယ်သူပြောပြောကိုယ့်သဘောပေါ့ 

ဒီကားက ဒီဥပဒေသရဲ့ပြယုဒ်ဆိုလည်းမမှား
အိန္ဒိယဇာတ်ကားအများစုရဲ့ စရိုက်လက္ခဏာစစ်စစ်ဆိုလည်းအမှန်

ဇာတ်လမ်းက
သိပ်တော်တဲ့ဆရာဝန်တယောက် နယ်ပြောင်းလာရာ
လူမိုက်တွေ မတရားနှိုပ်ဆက်တာခံရတယ်ပေါ့

ဒါပေမယ့်သူကမင်းသားလေ သိတယ်မို့လား သိပ်တော်တာ
ဒီတော့တုံ့ပြန်ဖို့ ဆရာဝန်ကထွက် ရဲအုပ်အဖြစ်ပြန်ချဲတာပေါ့ ဗျာ 😁

ပြောပြီးပါပကော 
ဘယ်သူပြောပြောကိုယ့်သဘောဆို

ယုတ္တိတွေယုတ္တာတွေခဏထား 
ကချင်လို့ဇာတ်ထောင်တာ ကိုယ်လုပ်ချင်တာလုပ်မှာပေါ့ ကြည့်ချင်မှကြည့်ပေါ့ဗျာ
မင်းသားကတော့ ရမ် ပိုသီ နေနီ 
မင်းသမီးကတော့ ကရီသီ ရှက်တီ
Director: N. Lingusamy
ခေတ်ဟောင်းဗီဒီယိုကြော်ငြာသလို 
ကြမ်းမယ်
ရမ်းမယ် 
မိုက်မယ်
တိုက်မယ်
ချချက်က ဖန်သားပါပေါက်ထွက်မယ်ဆိုရမယ်ဗျို့
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
ကိုလေး ☆ အင်းတဲ

 

Sunday, April 26, 2026

Hello Meera (2023) (ဇာတ်ကား🖊 တွေး၊ညွှန်း)

 

Hello Meera (2023)

Https://www.youtube.com/@thantunlayinde 


ထူးခြားတဲ့ကားလေးလို့ဆိုရမယ်ဗျ

လက်ထပ်အံ့ဆဲဆဲသတို့သမီးလောင်းတယောက် ရည်းစားဟောင်းရဲ့ သတ်သေမှုကြောင့်

ရဲတွေရဲ့သံသယကိုဖြေရှင်းဖို့ အဝေးပြေးလမ်းခရီးမှာ ကားတစီးနဲ့ပေါ့


ပြောရင်ယုံနိုင်ပါ့မလားမသိ 

အစမှအဆုံးထိ လူကိုအသာထား ခွေးတကောင်ပြောင်တမြီးတောင်မပါဘဲ

သရုပ်ဆောင်တဦးတည်းက ဒေါက်လျှောက်ဖုန်းပြောနေရင်း ကားမောင်းရင်းနဲ့

ဇာတ်လမ်းထဲစီးမျောသွားအောင် ဆွဲခေါ်သွားတာ


တွေ့မြင်နေကျကားတွေကနေ သိသိသာသာကွဲထွက်လို့ ခြားနားတဲ့ချည်းကပ်မှုနဲ့ 

အသံပညာကိုအခြေတည်လို့ သပ်သပ်ရပ်ရပ်ချပြထားတာ သိပ်ပညာသားပါတယ် 


မင်းသမီးအသစ်တယောက်အနေနဲ့ အထောက်အကူကြီးကြီးမားမားမပါဘဲ

ဇာတ်အပေါ်စီးမျောသွားအောင် ဆွဲခေါ်သွားနိုင်တာကလည်း ချီးကျူးစရာ


သာမာန်ညောင်းညဇာတ်ကားတွေအတိုင်းမျှော်လင့်နေရင်

ဒီကားလေးကိုဘဝင်ကျကောင်းမှကျနိုင်ပေမယ့်


ပေါက်ဖို့ဆိုတာထက် ပညာရှင်ကသူ့ရဲ့အတွေးစိတ်ကူးအတိုင်း ယုံယုံကြည်ကြည်ဖန်တီးထားတာမို့

ကိုယ့်လိုဆိုရင်တော့ ရုပ်ရှင်နှစ်သက်သူတိုင်း ကြည့်ဖူးသင့်တဲ့ကားလေးပါလို့ ညွှန်းပါရစေ...


ဒါရိုက်တာ - ဆရီနီဘာဆူ ကာကလ ( Srinivasu Kakarla) နဲ့

မင်းသမီး - ဂါဂရီ ရယ်လပရယ်ဂဒါ ( Gargeyi Yellapragada) အပြင်

တည်းဖြတ်သူ နဲ့ ဖန်တီးသူတဖွဲ့လုံးကို အမှတ်ပြည့်ပေးချင်ပါတယ်

.

ဇာတ်ကားကြည့်ရန်

https://t.me/kolayinde1/916?single


အရေးတော်ပုံအောင်တော့မည်

စစ်အာဏာရှင်မုချအဆုံးသတ်တော့မည် 


သန်းထွန်းလေး ☆ အင်းတဲရွာ


Saturday, April 25, 2026

Laapataa Ladies (2023) ပျောက်ဆုံးနေသော မိန်းမပျိုများ (ဇာတ်ကား🖊 တွေး၊ညွှန်း)

 

Laapataa Ladies (2023) 
ပျောက်ဆုံးနေသော မိန်းမပျိုများ
https://t.me/kolayinde1/1632
..
ဒီကားကို ကီရန် ရာအို (Kiran Rao) က ရိုက်ကူးပြီး
အမျိုးသား အာမိန် ခန်း (Aamir Khan) က  ပူးတွဲထုတ်ဝေသူအဖြစ်ပံ့ပိုးထားတာမို့
သူ့ဟန်လေးတွေရောယှက်လို့ ကြည့်ရတာအရသာတမျိုး

ဘတ်ဂျက်အလွန်အကျွံနဲ့ ထူးကဲတဲ့ပြကွက်တွေကိုမသုံးဘဲ
ဇာတ်လမ်းလေးအတိုင်းစီးမျောသွားအောင် သရုပ်ဆောင်တွေကို စိစစ်ရွေးချယ်ထားပုံရတယ်

တရပ်တရွာမှာ ဇနီးအလှကိုသွားရောက်တောင်းရမ်းလို့ဇာတိဆီပြန်အလာ 
ရထားကအဆင်းမှာ အခြားသူရဲ့ဇနီးသည်ကိုမှားယွင်းခေါ်ဆောင်မိလာတဲ့ "ဒီပတ် ကူးမားရ်"

ဘူတာမှာသောင်တင်ရင်း လင်ယောက်ျားရဲ့ရွာမသိ ကိုယ့်ဇာတိပြန်ဖို့ကလည်း 
အမျိုးသားမပါဘဲပြန်လာပါတယ်ဆိုရင် ပတ်ဝန်းကျင်အတွင်း ညှိုးနွမ်းသွားနိုင်တဲ့ 
မိသားစုရဲ့ဂုဏ်သိက္ခာကိုထောက်ဆနေရတဲ့ "ပူးရ် ကုမာရီ"

အမှားတခုကို ဘဝအတွက်လှေခါးလိုအသုံးချရင်း
ရည်ရွယ်ရာဆီလှမ်းလျှောက်လိုတဲ့ " ဂျာယာ"

သူတို့ရဲ့လက်တွေ့ဘဝ အတိဒုက္ခတွေကိုဖြေရှင်းကြပုံက Hero ဆန်တဲ့ဇာတ်ကွက်မျိုးကိုပယ်လို့ 
သူတို့အသိ သူတို့အရည်အချင်းနဲ့ကိုက်ညီတဲ့ရင်ဆိုင်မှုမျိုးမို့ သဘာဝတကျရှိလှတယ်

နောက်ဆုံးနှုတ်ဆက်ခါနီး မင်းသမီးနှစ်ယောက်ပြောသွားတာသိပ်လှတယ်
"အမကြောင့်သာမဟုတ်ရင် ကျွန်မသူတို့ကို တွေ့ရမယ်မထင်ဘူး"
"နင့်ကြောင့်သာမဟုတ်ရင် ငါလည်းကိုယ်ကိုယ်ကို ဘယ်တော့မှတွေ့နိုင်မှာဟုတ်ဘူး" တဲ့

ဇာတ်လမ်းလေးတခုလုံးကိုလွှမ်းခြုံနိုင်သလို 
လူပျောက်ရှာရင်း ရည်ရွယ်ချက်ပျောက်ရှခဲ့ကြရတဲ့ မိန်းမပျိုတွေကို တွေ့မြင်မိရင်းက
ဘဝတဲ့ယှဥ်တဲ့ တွေးလုံးများစွာကို နယ်ချဲ့စေစားမိသွားသည်အထိပဲဆိုပါတော့
.. 
ပူးရ်     - နီတန်သျှီ ဂိုလ်း (Nitanshi Goel)
ဂျာယာ - ပရာသီဘ ရန်တာ (Pratibha Ranta)
ဒီပတ်   - စပတ် ရှီဗာတပ်ဖ် (Sparsh Shrivastav)
..
ဇာတ်ကားကြည့်ရန်

..

#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

သန်းထွန်းလေး ☆ အင်းတဲရွာ


Wednesday, April 22, 2026

Love Birds (2023) (ဇာတ်ကား🖊 တွေး၊ညွှန်း)

Love Birds (2023) (ဇာတ်ကား🖊 တွေး၊ညွှန်း)
.
Director:  ပီစီ ရှီခါ (PC Shekhar)
.
ဒီပါ့ခ်  - ဒါလင် ခရစ်သျှန (Darling Krishna)
ပူဂျာ   - မီလာနာ နာဂရပ်ရှ်(Milana Nagaraj)
မာယာ - ဆမ်မြုတ ဟိုးနက် (Samyukta Hornad)
.
ဒီကားကိုညွှန်းဖို့ ထူးထွေရေးနေစရာလိုလိမ့်မယ်မထင်ဘူးဗျ

"ဟန်ထွန်း" အတွက် "ဆရာကေအေတီ" ရေးပေးထားတဲ့ 
သီချင်းနှစ်ပုဒ်ဆွဲထုတ်လိုက်ရင်ကို ဒီကားအတွက်ပြည့်စုံပါတယ်

"ပြန်ဆုံချင် ရင်ခုန်သံကိုမညာနဲ့လေ ...မညာနဲ့လေ ...

ဒီတခါရင်ခုန်သံကိုညာခဲ့ရင် 
ငါနဲ့မင်း တကယ်ဟို..အဝေးဆုံး" 

ဟုတ်တယ် ... 
ချစ်နေကြပေမယ့် သေးငယ်တဲ့နားလည်မှုလွဲစရာလေးတွေကနေ တစတစကြီးထွားလာရင်း 

မာနတို့ဖုံးလွှမ်းလို့ မေတ္တာကို ကျော့ကွင်းလို ...
အလေးထားတာကို လှောင်ချိုင့်အတွင်းသွပ်သွင်းလို့ ချုပ်ချယ်သလိုထင်မြင်ရင်း

ကိုယ်စီရင်ခုန်သံကိုညာမိရင်း မကြားမိတော့ရင်းက  
လမ်းခွဲဖို့ဆုံးဖြတ်ခဲ့တဲ့ "ဒီပါ့ခ် နဲ့ ပူဂျာ"

သူတို့ရဲ့ ပြတ်စဲခြင်းကို တရားဝင်ဖြစ်ဖို့ "ရှေ့နေမလေး မာယာ"  ဆီရောက်ရှိလာချိန်မှာ
ပရိယာယ်ဆင်လို့ စေ့စပ်မှုမည်မျှပင်လုပ်လုပ် ဘယ်လိုမှပေါင်းစည်းဖို့ရာမဖြစ်နိုင်တော့တဲ့အခါ

ရုံးတော်မှာ တရားဝင် လမ်းခွဲခဲ့ကြ ပြတ်စဲခဲ့ကြ

ကိုယ်စီအိမ်ပြန်လို့ ဘဝသစ်စဖို့ရည်ရွယ်ရင်း
ကောင်းမွန်သောလမ်းခွဲခြင်းနဲ့ နှုတ်ဆက်ရင်း 
စကားစမြည်ဆိုရင်း...

ခြေထောက်ဒါဏ်ရာကြောင့် လမ်းလျှောက်ဖို့ခက်နေတဲ့ "ပူဂျာ"ကို အိမ်ပြန်လိုက်ပို့ရင်းက 

မူးမိုက်လဲကျလို့ ဆေးရုံရောက်သွားချိန်
ရောဂါရင့်လို့  ရက်ပေါင်း ၃၀ တောင် မနေရတော့ဘူးလို့ သိလိုက်ချိန်မှာတော့

မာနနဲ့ယှဥ်လို့ အတူမနေလိုတော့ဘူးရယ်လို့ လမ်းခွဲခဲ့ပြီးခါမှ
တဘဝတာ နှုတ်ဆက်ရတော့မယ်လို့ သိလိုက်ချိန်မှာတော့
ကိုယ်စီအတ္တတို့ လွင့်ပါးပြောက်ကွယ်ရင်းက ..

"သူ့အချစ်" ဆိုတဲ့သီချင်းလေးကိုဆိုညဥ်းခံစားမိပြန်တယ် 

"လူ့ဘဝကသိပ်တိုတယ် အားလုံးတော့မပြည်စုံနိုင်
အချစ်စစ်ဟာ သူပေးတဲ့အချစ်ရဲ့သဘော"

.
ဇာတ်ကားကြည့်ရန်
https://t.me/kolayinde1/896?single
.
အရေးတော်ပုံအောင်တော့မည်
စစ်အာဏာရှင်မုချအဆုံးသတ်တော့မည် 
.
သန်းထွန်းလေး ☆ အင်းတဲရွာ

 

Wednesday, April 8, 2026

သင်ယူမှုအကြောင်း The Teacher's  diary (2014) နှင့် အတွေးစ (ဇာတ်ကား🖊 တွေး၊ညွှန်း)

သင်ယူမှုအကြောင်း 

The Teacher's  diary (2014) နှင့် အတွေးစ

(ဇာတ်ကား🖊 တွေး၊ညွှန်း) 

မြန်မာကားတွေမှာသာမက ကမ္ဘာ့ဘယ်နေရာကဖြစ်ဖြစ် ဇာတ်ကားတွေမှာ ဆရာနဲ့တပည့်ရယ်လို့ ဇာတ်ကောင်နှစ်မျိုးပြားသွားပြီဆိုရင် သင်ယူသူနဲ့သင်ကြားသူဆိုတဲ့အပိုင်းက စဉ်းစားနေစရာတောင်မလိုဘဲ အဖြေရှင်းလင်းလှပါတယ်


အရှေ့အာရှကားတွေဆိုရင်ပိုလို့တောင်သိသာသေးတယ် ဆရာက တပည့်ကိုသင်ကြားပေးရုံမက အနစ်နာခံတာမျိုးတွေရောယှက်လို့ ကရုဏသက်စရာ လေးစားအားကျစရာဖန်တီးပုံဖော်ကြတာများတယ်ဟုတ်


ဒီ The Teacher's diary ဆိုတဲ့ ထိုင်းကားလေးကတော့တမျိုးဆန်းတယ်လို့ပြောရမယ်

အထက်ပါသဘောလေးတွေလည်းပါသလို ထူးခြားမှုလေးတွေလည်းရှိတယ်


ဘယ်လိုလဲဆိုတော့ မြို့ကြီးပြကြီးကရောက်လာတဲ့ ဆရာမလေးက ဆည်ကြီးရဲ့အလယ် ရေပေါ်ကျောင်းလေးမှာ တာဝန်ကျတယ် 


ဒီမှာ ဆရာမလေးက ရေမကူးတတ်တော့ ရေပြင်ကမ်းစပ်မှာကြီးပြင်းလာတဲ့ တပည့်တွေက ရေကူးပြန်သင်ပေးတာ ပြီးတော့ စက်တပ်လှေမောင်းဖို့ ပဲ့မထိမ်းတတ်တဲ့ဆရာကို တပည့်တွေက မောင်းနည်းသင်ပြတာ ဒီပြကွက်တွေကသီချင်းထဲမှာညှပ်ထားတဲ့ စက္ကန့်ပိုင်းစာ တကယ့်ကိုတိုတိုလေးပါပဲ 


အဲ့ဒါလေးမြင်တော့ တမျိုးလေးစဉ်းစားမိကာ ဘဝင်တကျနှစ်ခြိုက်မိသွားတယ်


ဟုတ်သားပဲဗျ ဆရာဆိုတိုင်းလည်း စွမ်းရည်အထူးရှိသူလို ကိစ္စတိုင်းအရာတိုင်းမှာ တော်ပြီးတတ်ပြီးရယ်လို့မုချမှတ်ယူလို့မှမရနိုင်ဘဲ သက်ဆိုင်ကဏ္ဍမှာတော့တတ်ကျွမ်းနိုင်ပေမယ် သူနဲ့မရင်းနှီးတဲ့နယ်ပယ်တွေမှာ မူလတန်းအဆင့်လောက်တောင် မတတ်ကျွမ်းတာတွေလည်းရှိမှာပေါ့ 


ဒါကြောင့်ပဲ စွမ်းရည်အထူးမရှိတဲ့ကျွန်တော်တို့လိုသာမန်ပုဂ္ဂိုလ်တွေမှာ သင်ယူသူနဲ့သင်ကြားသူဆိုတာ အမြဲတဖက်တည်းစီးနေတဲ့မြစ်လိုမဟုတ်ဘဲ အသက်အရွယ် ရာထူးဂုဏ်ရည်တွေနဲ့မဆိုင်ဘဲ အပြန်အလှန်သဘောရှိနေပါလား ရှိသင့်ပါလားလို့ တွေးမိတယ်

ညွှန်းဆိုခဲ့တဲ့ အဆိုပါဇာတ်ကားကို ဖန်တီးသူကတော့

နီထီဝပ်  ထာရထောင်န် (Nithiwat Tharathorn) ဖြစ်ပြီး


ဇာတ်ဆောင်တွေအနေနဲ့

မင်းသား ဆူကရစ်  ဝီစစ်ကဲ (Sukrit Wisetkaew)

မင်းသမီး လိုင်လာ မူညစ်ဆခ် (Laila Boonyasak) 

တို့က ပါဝင်ပုံဖော်ပေးကြပါတယ်

.

#အရေးတော်ပုံအောင်တော့မည်


#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး ☆ အင်းတဲ
 


Vanamagan (2017)(ဇာတ်ကား🖊 တွေး၊ညွှန်း)

Vanamagan (2017) 
.
ဒီကားလေးက အဲ့ဒီခေတ်တုန်းကအတော်ရေပန်းစားနေတဲ့ဇာတ်လမ်းမျိုးပါပဲ 

တောတွင်းကလူရိုင်းတယောက် အကြောင်းကြောင်းကြောင့်မြို့ပြရောက်လာချိန် ကြုံတွေ့ရတဲ့ အခက်အခဲနဲ့အလွဲလေးတွေကိုတည်ပြီး ပြထားတာ

ဒီပုံစံက ဘရန်ဒန်ဖရေဆာ(brendan fraser) ကြီးရဲ့ George of the Jungle (1997) တာဇံကားက စလိုက်ပုံပဲ 


နောက်ပိုင်းတော့ ကမ္ဘာတလွှာသာမက မြန်မာရုပ်ရှင်လောကမှာပါ အတော်လွှမ်းမိုးခဲ့တဲ့ ဇာတ်လမ်းပုံစံလို့ဆိုရမယ် အတော်များများလည်း မှီးယူလို့ ကိုယ့်မူကိုယ့်ဟန်နဲ့ ပြန်ရိုက်ကူးကြတာတွေ့ရတယ် 

တောတွင်းသားသာမက ရာဇဝင်ထဲကလူတွေ သမိုင်းကလူတွေအပြင် ဝိဉာဉ်လောကကသူတွေပါ မျက်မှောက်ခေတ်ကိုရောက်သည့်သဘောမျိုး ဆင့်ပွားတိုးချဲ့ယူလို့ ဇာတ်လမ်းပုံစံကအတော့်ကို ကျယ်ပြန့်သွားပါတယ်

ထားပါတော့

ခုဇာတ်လမ်းကလည်းထိုကားတွေထဲက တကားအပါအဝင်ပေါ့ဗျာဒီတော့ဇာတ်လမ်းအစဉ်နဲ့ပတ်သက်လို့ ထူးထွေးမညွှန်းတော့ပါဘူး ခုပြောလိုတာက ပြောစကားလေးတခွန်းပါ

မင်းသမီးက သူမရဲ့ဘထွေးက သူမဖခင်သူ့အစ်ကိုရင်းကို
ပစ္စည်းဥစ္စာအမွေရလိုမှုကြောင့်သတ်သူလို့ထင်မှတ် သံသယစိတ်နဲ့ အမှန်းပွားလို့ မျက်နှာချင်းမဆိုင်ချင်လောက်အောင်ကို ရွံရှာမုန်းတီးနေရာက တနေ့မှာ မဖြစ်မနေစကားပြောဖို့ဖြစ်လာရာမှာ ဘထွေးပြောတဲ့စကားက အတော်လေးထိမိတယ်

😒 ဘာကြောင့်သမီးအဖေကို သတ်ခဲ့တာလဲ
🥸 သူကသမီးအဖေမဖြစ်ခင်ကတည်းက ငါ့အစ်ကိုအဖြစ်အရင်ဖြစ်တည်ခဲ့တာပါ ဘာကြောင့်သတ်ရမှာလဲ

စကားလုံးလေးက ရိုးရိုးလေးနဲ့လှလိုက်တာဗျာ 
စကားအညွှန်းရေးသူကိုလည်း အတော်သဘောကျမိတယ် တခါတခါသိပ်ဋီကာချဲ့နေတာတွေထက် ဒီလိုစကားလုံးကျစ်ကျစ်လစ်လစ်နဲ့ တိုတိုလေးပြောတာလေးတွေက အတော််ထိမိတယ်

Directed by Vijay
Starring Ravi Mohan , Sayyeshaa
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
ကိုလေး ☆ အင်းတဲ

 

Friday, April 3, 2026

Repu Udayam 10 Gantalaku (2026) မနက်ဖြန်မနက် ၁၀ နာရီ (ဇာတ်ကား🖊 တွေး၊ညွှန်း)

 

Repu Udayam 10 Gantalaku (2026) (ဇာတ်ကား🖊 တွေး၊ညွှန်း) 

မနက်ဖြန်မနက် ၁၀ နာရီ

.

အန္ဒိယမှာ ဗုဒ္ဓဘာသာကွယ်ပြောက်သလောက်နီးနီးရှိခဲ့တယ်ဆိုပေမယ့် ဗုဒ္ဓရဲ့အတွေးအခေါ်ဒဿနတွေက လူထုအကြားမှာ ပုံစံတမျိုးနဲ့ စိမ့်ဝင်နေစဲရှိနေသေးပုံပဲ


ခုနောက်ပိုင်း ဇာတ်ကားတွေမှာဆိုရင် ဗုဒ္ဓကဒီလိုပြောတယ် ဒီလိုလုပ်တယ်ဆိုပြီး ခတ်စိတ်စိတ်ဆိုသလို တွေ့တွေ့နေရလို့ပါ


ထားတော့

______________________________


ဒီကားလေး ဇာတ်ကားအမည်အတိုင်းပါပဲ မနက်ဖြန်မနက် ၁၀ နာရီမတိုင်ခင်တညတာဖြတ်သန်းမှုလေးကို ဋီကာချဲ့ထားတဲ့သဘော 


ဇာတ်လမ်း ဇာတ်ညွှန်း ဒါရိုက်တာ ချန္ဒူ မူဒူ (Chandu Muddu) က အချို့သောရိုက်ကွက်လေးတွေမှာ လိုအပ်ချက်လေးတွေနဲ့ ပေါ့ရွှတ်ရွှတ်ကြီးဖြစ်နေသည့်တိုင် ဇာတ်ကွက်တွေကို တွေးခေါ်ချိတ်ဆက်ပြသွာတာအတော်ထောင့်စေ့တယ် 


နောက်ဆုံးဇာတ်သိမ်းကတော့ အံ့ဩမင်သက်သွားသည်အထိ လုံးဝထင်မှတ်မထားတဲ့ပုံစံမို့ အတော်သဘောကျမိတယ်

______________________________


မင်းသမီးရဲ့ ဟန်ပန်လှုပ်ရှားမှုတွေ ပြောစကားလေးတွေက သေသေချာချာ‌တွေးပြီးရေးထာပုံပဲ


ကျွန်တော်တို့ငယ်ငယ်ကကြားဖူးတဲ့ ပုံလေးတခုတောင်သွားသတိရမိတယ် မင်းနဲ့တကွဝန်ထမ်းအားလုံး ပြီးတော့ ပြည့်တန်ဆာ သူတို့တွေက လူမျိုးစွဲဘာသာစွဲကင်းရမယ် အားလုံးကို တန်းတူညီမျှဆက်ဆံနိုင်ရမယ်တဲ့


မင်းသမီးလေး ဟီဘ ပန္တီ (Hebah Patel) ပြောသွားတာဒီသဘောပဲ 


စိတ်လက်အပန်းပြေချင်လို့ ကျွန်မကိုလာတွေ့တာပဲ ပရော်ဖက်ရှင်နယ်ဆန်ရမယ်လေ ကျသင့်တဲ့အဖိုးအခနဲ့ ထိုက်တန်တဲ့ဝန်ဆောင်ပြန်မပေးပဲ အလကားသက်သက်အချောင်ရယူဖို့ လိပ်ပြာမလုံဘူးတဲ့ 

https://t.me/kolayinde1/1504?single

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး ☆ အင်းတဲ


Tuesday, March 24, 2026

Satellite Shankar (2019) ဂြိုဟ်တု ရှန်ကာ ရဲ့ အိမ်ပြန်လမ်း (ဇာတ်ကား-တွေး၊ညွှန်း)


Satellite Shankar (2019) (ဇာတ်ကား-တွေး၊ညွှန်း)

https://t.me/kolayinde1/1476?single


ဒီဇာတ်ကားလေးကို ကိုယ်တော့ "အိမ်ပြန်လမ်း"လို့ 

နောက်နာမည်တခုထပ်ပေးချင်တယ်


သူနာမည်က "ရှန်ကာ"အသံတုလုပ်ရာမှာကျွမ်းကျင်တော့ 

အိမ်နဲ့ခွဲခွာနေရသူတွေ ကွဲကွာသွားတဲ့ ချစ်ရသူတွေကို လွမ်းဆွတ်တသဖြစ်နေသူတွေအပေါ်

ကရုဏာသက်စွာ လက်တွေ့ဘဝကဖွယ်ခွာလို့ ဆွတ်ပျံ့ကြည်နူးဖွယ်ရာဆီခေါ်ဆောင်လို့

သူ့ရဲ့အသံပညာ အသံမာယာနဲ့ ခေတ္တခဏဖြစ်ဖြစ် ဘဝမမောပြေစေလိုသူ


ဒီတော့ ဝေးကွာနဲ့အရာတွေကို ဖမ်းဆုပ်နိုင်အောင် 

မနောအသိမှာ ထိမိခံစားနိုင်အောင်လုပ်ပေးတတ်သူမို့ 

သူ့အမည်ရှေ့မှာ နာမဝိသေသနတခုထည့်သွင်းခေါ်ဆိုကြတယ်


"ဂြိုဟ်တု ရှန်ကာ" Satellite Shankar ဆိုပြီးပေါ့


Https://www.youtube.com/@thantunlayinde 


သူကပြည်သူတွေကို ကွယ်ကာပေးနေတဲ့ရဲဘော်တယောက်

လူမျိုးဘာသာ အမျိုးပေါင်းများစွာရှိတဲ့အန္ဒိယမှာ သူ့အတွက်တော့တစိတ်တည်း

"ငါ့တို့ညီကိုတွေဘဲ"တဲ့


ရှေ့တန်းစစ်မျက်နှာပြင်မှာ အာဏာရူးသူတွေရဲ့ရန်ကို နှစ်ယောက်တည်း 

သူ့အသံပညာ ဇဝနဉာဏ်နဲ့အတူ ခုခံတားဆီးရင်းအောင်မြင်ခဲ့ပေမယ့်

ဒဏ်ရာအနည်းငယ်ရသွားတယ်


ဒီတော့ ဆေးရုံမှာနေနေရမယ့်အတူတူ အိမ်ပြန်ချင်ကြောင်းပြောလာတယ်

အထီးကျန်စိတ်ကိုဖြေဖျောက်ဖို့ အလင်းပြန်တဲ့ဖန်သားပြင်ကို အလွန်အမင်းဖက်တွယ်မိရင်းက

စက္ခုနှစ်သွယ်မှာ တိမ်သလ္လာကွယ်မလိုဖြစ်နေတဲ့မိခင်က သူလာမှစစ်ဆေးမယ် ကုသမယ်ဆိုလို့တဲ့


ခွင့်တော့ရတယ် ၈ ရက်ပါ

လမ်းခရီးနဲ့တွက်ဆလိုက်ရင်လောက်ငှတယ်ပေါ့


ဒါပေမယ့် အိမ်လွမ်းသူတွေက သူတို့ကိုယ်စား မျှော်လင့်နေသူတွေဆီ လက်ဆောင်ပါးရင်း 

နှုတ်ဆက်စကားနဲ့ သာကြောင်းမာကြောင်းသိစေဖို့ သွားရောက် စေခြင်ကြတယ်


(ပြောရင်းအတိတ်တွေတောင်သတိရသွားတယ် 

နှစ်ပေါက်မှ တယောက်စ နှစ်ယောက်စသာရှိတဲ့လူကြုံကိုသာအားကိုးလို့

ခွဲခွာခဲ့ရသူတွေဆီ လက်ဆောင်စကားစာလွှာပါးခဲ့ရတဲ့ နေ့ရက်တွေကိုပါ)


ဒီလမ်းခရီးမှာဘဲ ..


ရထားမမီသူတွေကို ကူညီရင်း ကိုယ်တိုင်တော့ရထားတစီးတည်း နှစ်ခါလွဲလိုလွဲ

ဘူတာမှာအချောင်ရိုက်မယ့် တက္ကစီသမားနဲ့

ကြုံဆုံသမျှဖွင့်လှစ်ချတတ်တဲ့ ယူကျူဘာတယောက် နဲ့အတူ


ရထားတိမ်းမှောက်လို့ အသက်ပြောက်ရမယ့်သူတွေ

တွဲခဲ့တဲ့လက်တွေကိုမျက်ကွယ်ပြုလို့ လောဘဖက်ကာ အမွေကိုအပိုင်သိမ်းလိုတဲ့

ခြေနင်းခေါင်းဆင်းညီကိုရင်းတွေရဲ့ ပြဿနာတွေ


ခွဲခွာသွားသူတွေရဲ့ ပြန်လာမယ့်ရက်ကို လက်ချိုးရေတွက်လို့စောင့်စားနေကြတဲ့

ကျန်ခဲ့သူတွေရဲ့ မျှော်လင့်မှုတွေနဲ့အတူ


မှတ်ပုံတင်ကရုပ်ကိုမြင်ပြီး မကြိုက်ပါဘူးဆိုကာ ဘော်ဒါနဲ့ဂျွိုင်းပေးပြီးမှ

သူနာပြုအလှပဂေးလေးကို ကြွေမိလို့ဒုက္ခများရပုံတွေကို 

သီကာစဥ်ကာပြသွားတာ သိပ်လှတယ်


ဒီကားကို

အီဖန် ကာမယ် (Irfan Kamal) ရိုက်ကူးပြီး

ဆူရက်ဂျ် ပန်ချိုလီ (Sooraj Pancholi)

မီဂါ အာကရှ် (Megha Akash) တို့က သရုပ်ဆောင်ထားပါတယ်


ရဲဘော်ကြီးရဲ့အိမ်ပြန်လမ်းကဘယ်လိုရှိမလဲ...?


မူလတပ်ရင်းစီကိုကော သတ်မှတ်ရက်အတွင်း ပြန်ရောက်ပါ့မလားဆိုတာ

ကြည်နူးရင်း ဒေါကန်ရင်း မောပမ်းရင်းနဲ့


အာဏာရူးရဲ့ဒဏ်ကို ကာကွယ်ရာက တွန်းပြန်တော်လှန်မှုဆီတဆင့်တက်လို့

အိမ်ပြန်လမ်းမတွေဆီရောက်နေကြပြီဖြစ်တဲ့ ညီကိုရဲဘော်တွေကို 

ဒီဇာတ်လမ်းလေးတဲ့အတူ ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်


ဇာတ်ကားကြည့်ရန်


#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်


သန်းထွန်းလေး ☆ အင်းတဲရွာ
 

Sunday, March 8, 2026

Tanvi.The Great (2025) မတူတာပါ နိမ့်ကျတာမဟုတ် (ဇာတ်ကား🖊 တွေး၊ညွှန်း)

Tanvi.The Great (2025) မတူတာပါ နိမ့်ကျတာမဟုတ်
(ဇာတ်ကား🖊 တွေး၊ညွှန်း) 
အော်တစ်ဇင်(Autism Spectrum Disorder) ဖြစ်နေတဲ့ မိန်းကလေးတယောက်ကို အခြေတည်ရိုက်ကူးထားတဲ့ဒီကားက အတော်လေးကို နှစ်လိုဖွယ်ကောင်းတယ်

ကျွန်တော်တို့အများစုလည်း တွေ့ဖူးကြပါတယ် ဒီလက္ခဏာရှိသူကို ဉာဏ်ရည်မပြည့်မီသူ အရူးတမျှ ရောဂါသည်အဖြစ်ပဲဆက်ဆံမိကြတယ်မဟုတ်လား

တကယ့်တကယ်တော့ သူတို့က လူသာမန်တို့အတိုင်း မပြုမူမလုပ်ဆောင်ခြင်းမျိုးသာဖြစ်ပြီး သူတို့စိတ်ဝင်စားရာအတွက်ကျ အလွန်တရာ စူးစိုက်လေ့လာအားထုတ်မှု ဝီရိယထက်သန်ကြသူတွေလို့ဆိုတယ် 

ဒီတော့‌ ကောင်းမွန်တဲ့ပတ်ဝန်းကျင်နဲ့ သူတို့စိတ်သဘာဝကို သိနားလည်လို့ ဖြည့်စည်း ထိမ်းကြောင်းပေးရာမှာ ရှင်သန်နေထိုင်ရရင် လူသာမန်တို့နဲ့မခြား လိုက်လျောညီထွေနေထိုင်လာနိုင်စေသလို သူတို့စိတ်ဝင်စားရာနယ်ပယ်မှာ ပိုပြီးထူးကဲတဲ့ ပညာရှင်တယောက်လည်းဖြစ်နိုင်ပါတယ်လို့ဆိုတယ်

ခေါင်းစည်းလေးပြန်ကောက်ရရင် သူတို့က
မတူခြားနားတာပါ နိမ့်ကျတာမဟုတ်ပါဘူး

ဒါရိုက်တာကတော့ ဇာတ်ကားထဲက မင်းသမီးရဲ့အဖိုးတဖြစ်လဲ အနုပမ် ခါရ် ပါ ဒီအဖိုးကြီးကို ဇာတ်ပို့သက်သက်ပဲမှတ်တာ တော်တော်တွေးနိုင်ခေါ်နိုင်တာပဲဗျ ရိုက်ကွက်တွေ လည်းအတော်မိတယ်

Director Anupam Kher
Shubhangi Dutt ရှူဘဟန်ဂီ ဒတ်

ရေးသားသူ
Anupam Kher
Ankur Suman
Abhishek Dixit
.
.
https://t.me/kolayinde1/1382
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
ကိုလေး ☆ အင်းတဲ

 


ဘိသိက်ပြိုင်


 ယူကျုမှာကြည့်ဖို့

ဘိသိက်ပြိုင်

ရွာစားကျော် စိန်တင်ဟန်ရဲ့ဇာတ်လမ်း

ဆရာချစ်ဦးညိုဇာတ်ညွှန်းရေးသားထားပြီး

စီးပွားရေးအတွက်မဟုတ်ဘဲ အခမဲ့ဖြန့်ချီဖို့ တမင်ရိုက်ကူးထားတဲ့ ....

ရှုံးသူမရှိ အားလုံးအနိုင်ရသွားတဲ့ ပြိုင်ပွဲတခု

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

.

ကိုလေး ☆ အင်းတဲ

Friday, March 6, 2026

ဘယ်သူပြိုင်လို့ လှပါတော့နိုင် (အကြည်)

 

သုခ (၁၉၁၀-၂၀၀၅)

မင်းကျော် (ကျော်လှိုင်ဦး) ၁၉၃၃-၁၉၉၁

အရေးတော်ပုံအောင်တော့မည်

စစ်အာဏာရှင်မုချအဆုံးသတ်တော့မည် 

ကိုလေး ☆ အင်းတဲ


ယူကျုမှာကြည့်ရန်

သန်းထွန်းလေး (အင်းတဲရွာ)

အငွေ့စားသူ ။။ ထေရီ(Htei Ri)

  "အငွေ့စားသူ" ................... ထေရီ(Htei Ri)   •သယ်...ဟယ်..ဟယ်.....   ငါကိုယ်တော်မြတ်   တစ်ဇတ်ဇတ်ကယ်တုန်   မိတ်ကပ်ရယ်အဖုံသားနဲ...

အထူး