ကန်သစ်ကြီး
.
ကျွန်တော်တို့ငယ်ငယ်က ရွာရဲ့အဓိကသောက်သုံးရေကန်ကြီးပေါ့
မိုးတွင်းကာလ ရေနဲ့အတူပါလာတဲ့ နုံးတွေကို
နွေနေ့တွေများ ရွာလုံးကျွတ်တူကြဖော်ကြ ပြန်ဆယ်ကျတယ်
ငွေရေးကြေးရာ တတ်စွမ်းနိုင်သူတွေကလည်း ဆန်ပြုတ်တိုက် ထမင်းကြွေးစသည်ဖြင့်
လုပ်အားဒါနပြုသူတွေကို
အမောပြေစေခဲ့တာ
အပမ်းဖြေစေခဲ့တာ
အားသစ်တဖန်တိုးစေခဲ့တာ
ကန်သစ်ကြီးနဲ့ပတ်သက်လို့မှတ်မှတ်ရရက ကန်ကကျစ်မြေ ကျစ်ကုန်းမှာဆိုတော့
မြေ့အရောင်အတိုင် ရေကဝါတာတာ ညစ်ထေးထေး
အရပ်အခေါ် လက္ဖက်ရည်အရောင် ကော်ဖီအရောင်ရယ်
ပြီးတော့ရေတိုက်တယ်ဆိုတာကလည်း ရေစည်လှည်းကို ရေကန်အတွင်း
နွားရင်ဘတ်နားရေေရာက်သည်အထိ မောင်းဝင်းရင်းရေခပ်ထည့်တာကိုး
ဒီတော့ နွားကသောက်လည်းသောက် ပေါက်လည်းပေါက် ပါလည်းပါပေါ့
ဒီရေတွေချည်းသောက်လာတော့ နောက်ပိုင်းစက်တွင်း (အဝီစိတွင်း) ရေကျ
ပေါ့သလိုလိုနဲ့ အသားမကျချင် 😄
ဒီစက်တွင်းတွေနဲ့ပတ်သက်လို့ ရွာက ဦးလေးပို'ပြောတာလေးကို
ကိုကြီး'ကပြန်ပြောပြဖူးတယ်
ရွာမှာ အဝီစိတွင်းတွေပေါ်လာမှ ခွဲရစိတ်ရရောဂါတွေများလာတယ်တဲ့
ဒီရေတွေကို စနစ်တကျဓါတ်ခွဲကြည့်ဖို့ကောင်းတယ်ရယ်လို့ ဆိုပါတယ်
ကိုယ်တွေက မြေကြီးထဲကလာတာ ဒီထက်သန့်တာရှိပါအုံးမလားလို့အထင်ရောက်နေချိန်
သူပြောပြမှ သတိကပ်လို့တွေးမိပြန်တယ်
ဪ..ရွာ့လူကြီးတွေများ ဆင်ခြင်တွေးဆလို့ သုံးသပ်နိုင်စွမ်းမြင့်မားလွန်းလှပါသကောလို့
သဘောကျမိရင်းပေါ့
.
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
No comments:
Post a Comment