ကိုလေး ☆ အင်းတဲ

ကိုလေး ☆ အင်းတဲ
Than Tun Lay .INDE
Showing posts with label သခင်ကိုယ်တော်မှိုင်း. Show all posts
Showing posts with label သခင်ကိုယ်တော်မှိုင်း. Show all posts

Saturday, November 5, 2016

အညာမင်္ဂလာဆောင် (လေးချိုးကြီး)


✉ ✉ ✉ ✉ ✉ ✉ ✉ ✉ ✉

ကျုပ်တို့အညာမှာ မင်္ဂလာတစ်မျိုးသာပ
အဟုတ်ဗျို့ဓမ္မတာ အစဉ်အလာမညှိုးခဲ့ပေဘု
အရိုးသမကျရှေးလိုပ အဖွားကလဲ ကျီတစ်ဆောင်
ကိုမင်းရာရယ် အမျိုးကလဲ မသေးပေဘု
အဖိုးအဖနှင့်တကွ မေးကြပေတော့ တစ်မျိုးငါ့မြေးဖို့ရယ်လို့ အိုကွယ် အဖိုးကပေးလိုက်ပါတဲ့ နွားညီနောင်
ချောင်းဦးနယ်တစ်လွှားဆီက
သြော် . . အမိအဖတို့ကလဲ ပြည့်ပြည့်၀၀တွေမို့
ရှိသမျှကုန်ချင်ကုန်ရော့လို့ မယုံရင်ကြုံလျှင်မေးပါတော့
အလုံတစ်ခွင်မှာ ဂုဏ်အင်ကလဲ မသေးပါဘု
မုံရွေး ကြေးမုံ
အလုံကျေး အကုန်မှာ ပြောင်းဖူးသယ်တွေက များလိုက်ပါဘိသနှင့်
ဆွေသားရင်းချာ ဉာတကာမိတ်တို့ကိုလ
အဖေသွားရင်းသာ လာစရာဖိတ်ခဲ့တာနှင့်
ညအိပ်ညနေ အစုံလာကြတော့
ခြုံစရာအကွက်ဖျင်စောင် ၂ ခုရဲ့ပြင်
ဂုံပဝါပါ တဘက်နှင့် ခြင်ထောင်ကလဲ တစ်ခုစီပေါ့
လုပ်မှုကိုင်ဖွယ် တောလယ်ယာတစ်ခင်းငဲ့ပြင်
ပြောင်းခင်း တစ်စလယ်၀င်နှင့်
တရှင် စပါးနှစ်ဆယ်ထွက်ကိုလ
ကိုမင်းရာရယ် ရှေးအဆက်ဆက်အကြွေး တက်တက်ပြီး
အေ၀းမထွက်ရအောင်လို့တဲ့ကွယ် ပေးလက်ဖွဲ့နှောင်
(၃) လမ်းချိုးအရှေ့က၊ စမ်းရိုးအကွေ့၊ ခရောင်းယာမှာ၊
ဟောသည်က အထုပ်တွေဖြေဖြေပြီး
အကုန်သာကြဲလေရော့ဟဲ့လို့
ခရမ်းမျိုးစေ့ကောင်းစွာ ငရုတ်ဂျုံ ကုလားပဲသာပ
နှမ်းမျိုးသွေ့သွေ့ပြောင်းဝါ ငပြုတ်ဖရုံပါ ဖရဲငဲ့ပြင်
ထမ်းပိုး၍ရောင်းစရာ အထုပ်မုန်လာခ၀ဲတွေနှင့်
အလုပ်စုံစရာကဘဲရယ်လို့ များလက်ဆောင်
အို . . ကိုမင်းရာရဲ့သားအတွက်ဆိုတော့
တအားတက်အောင်ရယ်လို့ (ကျုပ်တို့) အမေအိုကလဲ
ဓားမရှည် ဓားမတိုတွေနှင့် အခြေကိုနှင်
ကိုမင်းရာရယ် မယားဘက်က မောင်တွေကလဲ
ပလွေတိုနှစ်စင်း

မျိုးဆက်ခါခြုံ အိုးခွက်ပန်းကန်အစုံနှင့်
ပြေတစ်ခွင်သထုံရောက်ရာကဘဲ လွမ်းမိပါရဲ့
မြေအင်တုံ သောက်စရာဇွန်းငဲ့ပြင်
ကွမ်းအစ်ပါလွယ်အိတ်တစ်လုံးငယ်နှင့်
ပဲခူးဘူတာမှာလေ ငနဲသူခိုး လူညာတွေ မှုန်းလိုက်ပါတဲ့
ပျောက်သဟာ ဒဂေါက်ဖာကလဲ တစ်လုံးပါဘဲ့
စုရုံးလိုက်လျှင် တစ်အိမ်ထောင်ပ
လူ့ထုံးစရိုက်တွင် တစ်သိမ်ပြောင်လောက်ကဲ့
မင်္ဂလာဆောင်မှာ ခန်း၀င်ကလဲ မနဲပါဘု
မွဲဖို့ရာကံကြမ္မာနှင့်
ဖန်လာပုံကုသိုလ်ကလဲ မကောင်းချင်တော့
အထက် ဟိုအညာမှာလေ ကြက်ဆိုတာတောင်မှ မလောင်းခဲ့ပါဘု
အညာမြေ ဌာနေဟောင်းဆီက
အကြွေး(တစ်ရာ) ကို ဒွေးခါ ကလဲ တောင်းပြန်ပေါ့တဲ့
အမယ်မင်း မောင်းစရာရယ်လို့များ တပ်လိုက်မှဖြင်ခေါင်းတခါခါနှင့် ဆတ်လှစွာသော
လှလှစွေ့စွေ့ရယ်နှင့် ၀၀ပြေ့ပြေ့နပြာတစ်ရှဉ်းကိုလ
ကျောင်းတကာကိုသာ အပ်လိုက်ပေရော့
ရသရွေ့ဘာဘာညာညာရယ်လို့ မငြင်းလေနှင့်
မလေးရယ် ရောင်းကာသာ ဆပ်လိုက်ပေတော့
ရွာရှေ့ ယာတစ်ခင်း
   
✉ ✉ ✉ ✉ ✉ ✉ ✉ ✉ ✉ ✉ ✉ ✉ ✉ ✉ ✉
                                                                        သခင်ကိုယ်တော်မှိုင်း

Monday, October 10, 2016

အာဇာနည်​​ဗိမာန်​​လေးချိုးကြီး






⭐⭐⭐⭐⭐⭐⭐⭐⭐

​သြော်​........
အ​ဆောင်​​ဆောင်​နန်​း​တွေ ကြငှန်​း​တွေနဲ​နှော အ​ခေါင်​မမြန်​းခင်​က ​အောင်​စာတမ်​းချိုး​စေဘို့ ​အောင်​ပန်​းညိုးရရှာတဲ့ ​တောင်​တမန်​းတို့ဗမာမှာ အ​ဟောင်​းသံသာရာအငုတ်​​တွေနှင်​့
​အောင်​ဆန်​းတို့မသာမယာဟာ ငှင်​းကံကြမ္မာအလုပ်​​ပေတင်​့ ​သောင်​းမြန်​းမရဏာ စမုတ်​မ​ှာ​တော့ချူပ်​သနဲ့ယင်​းအလိုတွင် ​​​ဒေါင်​းပုဝါအုပ်​ပါလို့ ကျူပ်​ဖြစ်​သဂြိုလ်​ချင်​

​သြော်​........
တပည်​့ရင်​း​တွေမို့ ကဝိမကင်​းနိုင်​ဘုကွဲ့ သတိကင်​းကာ
မ​ျက်​ရည်​ကျကျပြီး ခက်​ကပြီလက်​ဆည်​မရနိုင်​ဘု ​သောကဘ​လောင်​ဆူ​တော့​ တောင်​ဇမ္မူ ပုဂံ​ခေတ်​ဆီက ယ​ခေါင်​မူ ယမန်​သနစ်​​တွေ​ပေါ့ ရန်​အဖြစ်​မကွဲ့ မ​နှေးသ​ရော်​ တ​သောင်​း ဒီဇမ္မူရမ်​း​နေကျ ကျန်​ရစ်​တဲ့ ​မြေး​တော်​အ​လောင်​းစည်​သူရဲ့ နန်​းကိုဖြင်​့ လူကြမ်​းဓားပြ​တေ ွကြမ်​းလာရမ်​းလာတဲ့အ​ရေးတွင်​မှ ဘေးအ​ပေါင်​းကြီး​ဝေဒနာအစုံနဲ့​ သွေး​ခေ​ျာင်​းစီးကာ ​သေရှာပုံရဲ့ ပြည်​ေ​ရွှမြန်​မာဘုံမှာ အမင်​းမင်​းသမ္မတ​တွေနဲ့ သတင်​းလှတဲ့ အင်​းဝရာဇာအမွန်​သာလွန်​မင်​းကိုမှ သားရင်း​ရှင် ​တရုတ်​ရယ်​က ရှင်​ဘုရင်​လုပ်​မယ်​အကျယ်​ဇယားတွင်​ဖြင်​့ ်​့ဒဝယ်​သား​တွေဘိုဝင်​ခံလိုမို့ ဟိုအရင်​ယမန်​နန်​း​တော်​စ​ီးစဉ်​က အပျက်​ကြီးပျက်​ကာ အသက်​ခန္ဓာ​တွေဆိုးပုံနဲ့ တထုံး​နှောက်​တနည်​းမှာ​တော့ မင်​းရဲရန္တမိတ်​ခမြာမှာ ညီသနင်​း​ပေ​ပေါ့ ပြည်​မင်​းဂုဏ်​ခံလို့ မှုန်​မှုန်​ဆန်​ဆန်​ ပုန်​ကန်​တဲ့အတိုင်​းရဲ့ပြင်​ တလိုင်​းနယ်​​ရွေပြည်​တခွင်​မ​တော့ ဓမ္မ​စေတီဘုရင်​ လက်​ထက်​တုန်​းဆီက လက်​ရုံး​ရည်​တသိန်း​လျှမ်​း​ပေတဲ့ သမိန်​ပရမ်​းဆိုသူ စစ်​ဗိုလ်​ချူပ်​ကိုဖြင့် မဟုတ်​တရုတ်​အ​ကောင်​​တေ​လေ တ​စေၦာကိုက်​တာနဲ့ ​သြော်​.....​ ​ဖွေ​ဖွေရှာရှာ မ​ကျေနပ်​စရာ​ပေါ့​နှော မ​ရေမရာ​သေရွာဆိုက်​သလိုပါ့ အခိုက်​အခါတူလို့မို့ ဆရာတမူမကြာမကြာလွမ်​းရပါတဲ့ ဘာမရာအဆူဆူ ကြာကြငှန်​း​တွေနှင်​့ မြန်​မာဇမ္မူ အညာမန်​းတွင်​ဖြင်​့ ငါတလူလူငါသရမ်​း​ရောမဟဲ့လို့ သာခန်​းပလ္လင်​ ညွန်​းပြီးမြင်​းကွန်​းပိုင်​သူပုန်​ထစဉ်​က ကြံရသူမသာ​တော်​နှင်​့ ပမာ​သော်​တူတယ်​လို့ နှိုင်​းမိတယ်​ ရိုင်​းသနဲအတိတ်​ယခင်​သလို​နော်​ကွယ်​ စကိုင်​းတပဲ့ဂိုဏ်​းအဖွဲ​တွေနဲ့မှိုင်​းရဲစိတ်​ထင်​
မင်​းစိတ်​မင်​းမာန်​အကြံအဖန်​ကင်​းလိုက်​ပုံက အင်္ဂလိပ်​ယင်​းဂျပန်​နှစ်​တန်​ရှင်​းပါလို့ ရန်​ခပင်​းကိုတဲ့​မောင်​းကာနှင်​ ​ဒေါင်​းမြန်​မာတခွင်​မှာဖြင့် ​အထက်​ယခင်​သ​ဘော
အိုကွယ်......​ တ​ကောင်​းရာဇဝင်​ကိုတဲ့ဆက်​ချင်​သ​ဘော

နန်​းမြို့တည်​ရန်​မှန်​းလိုရည်​ကာသန်​တဲ့ညီလာခံဗိုလ်​ရူပွဲ ထိုထိုလူခပင်​းကိုမကြည်​ညိုတဲ့ဝသီအလိုတ​ဖြေး​ဖြေး ရူးမဟဲ့လို့ တ​နွေး​နွေးမူးမူးပြီး ​ခွေးဘီးလူးလိုအ​ကောင်​မိုက်​​တွေက
​ သြော်....​အမှောက်​စရိုက်​ကယ်​နှင့် ​​ပြောင်​​ပြောင်​ဘဲမိုက်​မ​ပေါ့လို့ ​ပြောင်​ကိုက်​သဟာမှာ ယာယီယတြာအချိန်​နဲ့ ဇာတာမှိန်​လိုမို့ဂဏာမငြိမ်​ တာဝန်​ယွန်​းကြ​ပေါ့ ​ဖြေမကြည်​​နေရီ​တော့ လွမ်​း​စေဘို မြန်​မာပြည်​​ပေါ်ကိုဓမ္မစည်​​တော်​ရွမ်​းချိန်​မို့ အစွမ်​းကုန်​သည်​တခါဖြင်​့ ပြည်​ရွာညီညာဘို့အလုပ်​​ပေ​ပေါ့ သုသာန်​တံခွန်​​​စောင်​းရရှာတဲ့ ရုပ်​အကျန်​ခုနှစ်​​လောင်​းရယ်​နှင်​့ အလွန်​​ကောင်​းစွာ ကမ်ဘာတည်​မည့် အာဇာနည်​ ဗိမာန်​ပုထိုးကိုဖြင်​့ ပါရမီအဓိဌာန်​တမျိူးရယ်​နှင်​့ ရှိခိူးကာဆရာကန်​​တော့ချင်​ရဲ့ မြန်​မာ မ​တော့ ပူစရာဘို့ တဗျုဟာ​အောင်​စမန်​းတွင်​မှ လ့ူမသမာအ​မှောင်​သန်​းချိန်​မို့ အ​ကြေဒဂုန်​တ​သောင်​ကမ်​းမို့မို့ဆီက ​ဖောင်​းနန်​းကူးတို့နှင်​့တ​ည်​းဟူ​သော​ရေစုန်​​မျော​လေရဲ့

​သြော်​.....
​တောင်​နန်​း​မြောက်​နန်​းအ​ဆောင်​​ဆောင်​ကြငှာန်​း​နဲ့ ခေါင်​းမမြန်​းရခင်​က ​အောင်​ပန်​းညိုးရရှာတဲ့​ အောင်​ဆန်​းတို့​သေပု​ံနှမေ​ျာ............

•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

                                   သခင်​ကိုယ်​​တော်​မှိုင်​း

သြဝါဒကထာ(​လေးချိုး)




♕ ♕ ♕ ♕ ♕ ♕ ♕

မြတ်​က​ဝေ ​လေးမြတ်​ဗြဟ္မစိုရ်​ မဖင်​့သူက
အမတ်​​တေ​ွ​ရွေးသကို အခွင်​့တွင်​မှ
​ခွေးလိုကျင်​့​စေဘို့ အဖွင်​့ကျမ်​းဋိကာ
(အိုကွယ်​)အ​ရေးဆိုသနှင်​့ အခွင်​့အလမ်​းညီသကွာ

​သြော်​ ​ခေါင်​ ပထမ​ပေ​ပေါ့
အ​ချောင်​ရ​နေကြ ​မောင်​ဘ​ဖေတပည်​့ဒါယကာရင်​းကိုဖြင်​့
​တောင်​ကျ​ရေ သိ​သိသာသာဆင်​းသလိုပ
မြစ်​မင်​း​ရေကြည်​ဖြာတဲ့
​ရွှေပြည်​အညာ ​ခေတ်​ဝနာတဝှမ်​းဆီက
​ရေသီတာ ​မေတ္တာအမွန်​း​တွေနှင်​့
လွမ်​းရတဲ့ ငါဆရာမှာ​နော်​ကွယ်​
အရွန်​းလဲမခနဲ့ပါဘု အကျွမ်​းတပည်​့ရင်​း​တွေမို့
​သြော်​....သွမ်​းမလှည်​့​သော်လည်​း သွန်​းရဲ့အခါခါ

ကျွေးတဲ့​မွေးတဲ့သခင်​မင်​့တွင်​ ယုံ​မြောက်​စား​အောင်​ပ
​ခွေးရဲအသွင်​ကျင်​့စဉ်​ ဂုဏ်​​ခြောက်​ပါးရယ်​နှင်​့
အလုံ​အ​လောက်​ထားရင်​ဖြင်​့ ကျွန်​တင်​့စရာ
အို..ဝန်​မင်​းအရာငယ်​နှင်​့ ခမျာသပိတ်​အ​ကြောင်​း
(အရီးစိမ်​းရယ်​)အခွန်​မြင်​့သဟာကု်ိ​တော့ ဆရာစိတ်​မ​ကောင်​း

ဓမ္မတာ သြဇာ ဆရာ​ဟောရက
တည်​​သောအခါ ပတ္တ​ရောင်​ လှည်​့ပြန်​​တော့
တပည်​်​့မတာ​တေလန်​တို့ စာ​ပေမအံတစ်​ပုဒ်​နှစ်​ပုဒ်​မညီးတဲ့အပြင်​
ဝါသနာအ​ခြေခံအလုပ်​ကြီး​ပေထင်​့
တုတ်​စီးကာတမျိုးတဖုံဆန်​းတဲ့ပြင်​
ကြိုးခုန်​တမ်​း ကစားသဟာ​တွေကို များစွာမှမိ​လေ​တော့
မချိ​အောင်​ ပြစ်​ဒဏ်​​ပေးခဲ့တဲ့ပြင်​
မ​ဝေးမကွာ တစ်​​မြှောက်​နှစ်​​မြှောက်​​လျှောက်​ခဲ့​တော့
​တောင်​​အောက်​တခို့ ချုံနိမိတ်​ကယ်​နှင်​့
​ချောင်​​ချောက်​အရူ်ိ့ရိူ့ ဝါးရု​ံရိပ်​တွင်​မှ
ယုန်​အိပ်​သလို ဒါယိကာမ သန်​းတို့ကိုဖြင်​့
(​သြော်​)သမထလမ်​းညစခန်​းတွင်​မှ မရမကဇမ်​း​ရောသက​ွဲ့လို့
မစန်​း စက်​ရာမှာ ဘသန်​း တခွက်​ကွာလို့ နှိုးသလိုပ
တိုးတိုးက​လေး အသာအသာလှုပ်​တဲပြီး
ဘာလုပ်​မယ်​ကမ္မဌာန်​း မထိုင်​ကြသလဲလို့
စတိုင်​ကျ​အောင်​ ဆရာ​ပြောတဲ့ပြင်​
အညာ​တောတခွင်​ ကျုပ်​တို့စစ်​ကိုင်​းတွင်​ဖြင်​့
လမိုင်​းပုံ တဂုဏ်​လှ​ပေတဲ့ ပုညရှင်​​တောင်​အတက်​တွင်​မှ
​အောင်​နက်​အူသံ ကြားခဲ့ရတဲ့ပြင်​
​ချောင်တဖက်​ ဆူဆူညံညံစကား​တွေနှင်​့
ဘုရားရင်​ပြင်​ အဝင်​စမုတ်​တွင်​မှ
သင်​ပုဒ်​ပလ္လင်​မှာ ​ညောင်​ရ​ေ​လာင်​းပါလို့
ပူးသတ်​အ​ကျော်​အ​မော်​ မျုးမတ်​က​တော်​အ​ပေါင်​းတွင်​ဖြင်​့
​(​သြော်​)ရထားအ​ဆောင်​​ဆောင်​ ကား​တွေနဲ့အများ​ဘောင်​ကြွားနိုင်​တဲ့
ငါး​ထောင်​စားကြီး သူမြတ်​​လောင်​းရယ်​နှင်​့
ဘဝသံသာရာမှာ ကျမကံပါလို့ ​ပေါင်​း​ပေါင်​းပြီး
ဒြပ်​လည်​း​ပေါ်​အောင်​ဘုရား အမတ်​ကြီးက​တော်​ဖြစ်​​ကြောင်​းရယ်​နှင်​့
အခုလိုဆုကို​တောင်​းရှာတဲ့ ​ကျောင်​းအမကြီး​ဒေါ်​ရွေစိမ်​းကိုဖြင်​့
မ​ဟော်​က​ဝေ ယိမ်​းအ​ခြေပြုပါလို့
ပြည်​သူအပူကု်ိ ​ဝေစုယူချင်​တဲ့အမတ်​​တွေ​ကြောင်​့
အကျပ်​တခါကြုံလိုမို့
ရတနာပုံ တသုတ်​အ​မောတွင်​မှ ဓမ္မရုံ အချုပ်​သ​ဘော​ပေ​ပေါ့
ဗုဒ္ဓ ​ယောဆရာမဟာ​ထေရ်​ရဲ့ သုတ်​​ဟောဋ္ဌကထာအလာမိ၍
ဝါသနာဝသီ ​ခွေးကျင်​့တရားကု်ိဖြင်​့
ပါရမီတဖြည်​းဖြည်​း မြင်​့ဘု်ိ့ထားတဲ့ပြင်​​
​စောဘဂဝ သာသနာမှာ ​တောရဆရာတပါး​ပေမို့
ကျွန်​​ခေတ်​အခါကု်ိ ​မေတ္တာနှင်​့ သနား​လေ​တော့
​လောဘရမက်​သနဲသူကု်ိ ​ဒေါသမျက်​မာန်​ပွားသနဲ့
(အမယ်မင်​း)အများ​ဘောင်​၌အမှား​မှောင်​မိုက်​ချင်​တဲ့
ငါး​ထောင်​ကြိုက်​ အမတ်​က​တော်​​လောင်​းကု်ိဖြင်​့
(ဝန်​မင်​းရယ်​)ဘုရား​တောင်​တစ်​ဝိုက်​ ဇရပ်​​ပေါ်မှာ​ထောင်​း
   
➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳

                                  သခင်​ကိုယ်​​တော်​မှိုင်​း
​ခွေးဋိကာ စာအုပ်​မှ

သန်းထွန်းလေး (အင်းတဲရွာ)

အငွေ့စားသူ ။။ ထေရီ(Htei Ri)

  "အငွေ့စားသူ" ................... ထေရီ(Htei Ri)   •သယ်...ဟယ်..ဟယ်.....   ငါကိုယ်တော်မြတ်   တစ်ဇတ်ဇတ်ကယ်တုန်   မိတ်ကပ်ရယ်အဖုံသားနဲ...

အထူး