"မင်္ဂလာပါ"ကိုယ်ပိုင်ခံစားမှု သုတရသဆိုင်ရာ ကဗျာဆောင်းပါးများနှင့် စာပေဆိုင်ရာများ သမိုင်း အတ္ထုပ္ပတ္တိများ တင်ဆက်ပေးတာဖြစ်တဲ့အတွက် မုချအမှန်လို့မဆိုလိုပါဘူးဗျ ...⭐ တကိုယ်စာခံစားချက်သက်သက်သာဖြစ်ပါတယ်... 🌹သာယာသောနေ့ဖြစ်ပါစေ .. 💪အရေးတော်ပုံအောင်တော့မည် ...စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်..
Friday, January 2, 2026
Friday, November 7, 2025
ထားထက်ထက် 17 April 2025 ၊ 17 April 2
သင်္ကြန်ဆိုတာ ဘာမှန်းမသိရတော့လောက်အောင် ခံစားချက်တွေ ထုံနေတဲ့ အချိန်မှာ မြန်မာနှစ်သစ် အတွက် ဆုတောင်းကတော့ တလရကြီး အမြန် အောင်၊ ကိုယ့်အိမ်ကို အမြန်ဆုံးပြန်ပြီး အရင်ကလိုပျော်စရာကောင်းတဲ့ သင်္ကြန်ကို ရှေ့ နှစ်တွေမှာ ကိုယ့်ရဲဘော်ရဲဘက် မိတ်ဆွေတွေနဲ့ ဆင်နွှဲချင်တယ်ဆိုတာပါပဲ…
နိုင်ငံရပ်ခြားမှာ ရဲဘော်ရဲဘက်သစ်တွေနဲ့အတူ နိုင်ရာပါဝင်ရချိန်မှာ ညီညွတ်ရေးနဲ့ပတ်သက်ပြီး ထူးထူးခြားခြား သတိပြုမိတာလေးတွေရှိပါတယ်။
တလရထဲမှာ မိမိတို့နိုင်သမျှ ကြိုးစားလုပ်ကိုင်နေရင်းအတွေးအမြင်တွေ၊ ရပ်တည်မှုတွေ၊ ခံစားချက်တွေ မတူကွဲပြားနေကြတာတွေ ရှိကြမှာပါ။ လူတယောက်နဲ့ တယောက်မတူကြဘူး၊ ကွဲပြားမှုတွေရှိတတ်ကြတယ်ဆိုတာကို လက်ခံပေးတတ်ကြဖို့လဲ လိုအပ်ပါတယ်။ အမြင်မတူတာရှိတဲ့အခါ ရန်ဖြစ်စရာရှိတာဖြစ်၊ ညှိယူစရာရှိတာရှိတာ ညှိယူကြရင်း ရှေ့ဆက်ကြဖို့သာ အရေးကြီးတယ်လို့ ကျွန်မထင်ပါတယ်။
တလရ ရဲဘော်တွေ၊ မိတ်ဆွေတွေအားလုံး ပိုညီညွတ်ကြရင် ရှေ့ကို ပိုမြန်မြန်ရောက်မှာအမှန်ပဲဖြစ်ပါတယ်။
ကိုယ်ရေးကိုယ်တာအတွက် မဟုတ်ပဲ တလရအတွက် တကယ့်စိတ်ရင်းနဲ့ ဆောင်ရွက်နေကြသူ၊ မည်သူ့ကိုမဆို ကျွန်မနိုင်သလောက် နိုင်ရာနေရာကနေ ကူညီဖို့ အသင့်ပါ။
တလရ အတွက် ကျွန်မတို့ဟာ ကိုယ့်ရဲ့ဖြစ်တည်မှု၊ မာနတွေကို ချိုးနှိမ်ထားရတဲ့ အခိုက်အတန့်တွေ ရှိတတ်ပါတယ်…
ကျွန်မတို့ရဲ့ မျှော်လင့်ချက်က မြေပြင်ထောက်ပို့ရံပုံငွေရရှိရေး ဦးတည်ချက်တခုမှာ ပြသနာနည်းသည်ထက်နည်းပြီး အောင်မြင်ဖို့သာ အဓိကဖြစ်လို့ပါပဲ…
အမြင်အကြားနဲ့ နားလည်ခံစားရမှုတွေဟာ တချို့သော ကိုယ်တိုင် ဖြတ်သန်းကျော်ဖြတ်ရသူနဲ့မတူညီနိုင်ပါဘူး…
ကိုယ်ချင်းစာ နားလည်ပေးမှုကသာ ရေရှည် အများအကျိုးအတွက် အဖြေတခုဖြစ်လာမယ်လို့ ကျွန်မထင်ပါတယ်။
နောက်တချက်က နေရာတော်တော်များများမှာ အဖွဲ့အစည်းမျိုးစုံ ၊ အဖွဲ့ပေါင်းစုံရှိတတ်ပါတယ်… ဘယ်အဖွဲ့မှ ၊ဘယ်သူ့ကိုမှ ၊ ဘယ်သူနဲ့ပဲ တလရအတွက် ကူညီမယ်ဆိုတာမျိုး ကျွန်မဆီမှာ မရှိပါဘူး…
အဖွဲ့များစွာရှိကြတဲ့အထဲမှာ တဖွဲ့ကို ကူညီလို့ ၊ အခြားတဖွဲ့က ငါတို့နဲ့မတည့်သူကို ကူညီပေးလို့၊ ငါတို့လဲ သူ့ကိုမခေါ်တော့ဘူးစတဲ့ ထောင့်ကျဉ်းဆန်တဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာမပြည့်ဝမှုမျိုး ကျွန်မဆီမှာ မရှိပါဘူး…
ကုန်ကုန်ပြောရရင် ကျွန်မ မကောင်းကြောင်း ကျွန်မနောက်ကွယ်ပြောထားသူက တလရအတွက် အကျိုးရှိမယ့် ကျွန်မကူညီပေးရမယ့် ကိစ္စမျိုးရှိရင်တောင် ကိုယ်ရေးကိုယ်တာ မကျေနပ်မှုကို မေ့ထားပြီး ပါဝင်ပေးလိုက်မှာပဲဖြစ်ပါတယ်…
ကျွန်မ သိပ်ပြည့်ဝလွန်းနေတာမျိုး မဟုတ်ပါဘူး…မြေပြင်ရဲဘော်တွေရဲ့ ဒုက္ခကို အတိုင်းအတာတခုအထိ ခံစားနားလည်နိုင်လို့၊ အရာရာပေးဆပ်ပြီး တောင့်ခံနေကြတဲ့ ရဲဘော်လေးတွေ၊ ဆုံးရှုံးမှုတွေအများကြီးရှိနေကြတဲ့ ရဲဘော်တွေကိုသာ မျက်နှာမူပါတယ်…
ကိုယ့် ကိုယ်ရေးကိုယ်တာ အဆင်မပြေမှုက မြေပြင်ရဲဘော်ရဲ့ အသေးဆုံးဒုက္ခကိုတောင်မမီနိုင်တာသေချာလို့ပါ…
တလရအတွက် ပါဝင်နိုင်သမျှအားလုံးကို ကျွန်မနိုင်ရာ ကဏ္ဍကနေ ဝိုင်းဝန်းပါဝင်ဖို့ပဲရှိပါတယ်…
တလရ အမြန်အောင်မြင်ပြီး အိမ်ပြန်ရဖို့က အရေးကြီးဆုံးရည်မှန်းချက်မို့လို့ပါပဲ…
သေချာတာ တခုကတော့ တလရကြီး အဓွန့်ရှည်ဖို့ ဆုတောင်းတဲ့ အထဲမှာ ကျွန်မ မပါတာတော့ 100% သေချာပါတယ်…
ကျွန်မလိုချင်တာက ရိုးရိုးရှင်းရှင်းပါပဲ…
တလရကြီး ပြီးသွားရင် ကျွန်မတို့အိမ်လေး ကျွန်မတို့ပြန်မယ်၊ မိသားစုနဲ့အတူတူ အေးအေးချမ်းချမ်းလေးနေပြီး ကျွန်မချစ်တဲ့ အနုပညာလေးတွေလုပ်ရင်း ၊ကျွန်မချစ်တဲ့ ကလေးလေးတွေကို ကျွမ်းဘားပညာလေး သင်ပေးမယ်… ကျွန်မချစ်တဲ့နိုင်ငံလေးက လိုအပ်နေတဲ့သူတွေကို ကျွန်မနိုင်ရာကနေ ဝေမျှရင်းကူညီပံ့ပိုးမယ်…
ဒီလောက်လေးပါပဲ…
ထားထက်ထက်
17 April 2025
17 April 2
Monday, August 21, 2023
သန်းထွန်းလေး (အင်းတဲရွာ)
အငွေ့စားသူ ။။ ထေရီ(Htei Ri)
"အငွေ့စားသူ" ................... ထေရီ(Htei Ri) •သယ်...ဟယ်..ဟယ်..... ငါကိုယ်တော်မြတ် တစ်ဇတ်ဇတ်ကယ်တုန် မိတ်ကပ်ရယ်အဖုံသားနဲ...
အထူး
-
#သီတဂူဆရာတော်ဘုရားကြိး၏ #MP3တရားတော်များ_အပုဒ်ရေ_၁၁၀_ပါခဗျာ (၁)။“ဆုတ်ယုတ်လာသော ခေတ်ကို လေ့လာသုံးသပ်ခြင်း”- File size : 17.38 MB https :/...
-
#တြိစက္ကစာအုပ်များ (၄၁) အုပ်ပါခဗျာ (၁)တြိစက္က ဆယ့်နှစ်ကြိုးမှော်ရုံ http:// www.mediafire.com /download/p1bc9b3kera4yth/တြိစက္က_ဆယ့်နှစ်ကြိုး...
-
လရောင်ကျူးရင့် စာအုပ်များစုစည်းမှု( ၅၀ )အုပ်ပါခဗျာ ၁။သင့်အတွက်မနက်ဖြန် http:// www.freelibraryonline.com / force_download_m.php ?file=344...
-
လမင်းမိုမို စာအုပ်များ နှလုံးသားကိုချဉ်းနင်းတဲ့ခြေသံ http:// pc.cd /6KxrtalK ချစ်ခွင့်မရှိရင် http:// www.mediafire.com /download/2an78u...
-
#လွန်းထားထား စာအုပ်များ စုစည်းမှု ( ၃၂ )အုပ် ပါခဗျာ (၁) ချစ်သူကပြဌန်တဲ့_ချစ်ခြင်းယဉ်ကျေးမှု. http:// www.mediafire.com /download/ uloeegn1a...
-
စာပေဟောပြောပွဲ စုစည်းမှု ချစ်ဦးညို ချစ်ဦးညို http:// www.mediafire.com /download/ m1nikhhl4abnb3s / အနုပညာဖန်တီးသူနှင့် အနုပညာ ခံစားသူ...
-
ဒီနည်းလမ်း ၁၅ ခုဟာ လူတော်တော်များများ သိချင်တဲ့နည်းပါ သိမ်းထား Share ! 1 - Facebook သုံးသူများ ဆောင်ရန် ရှောင်ရန် နှင့် လုံခြုံစိတ်ချစွာ အသ...
-
"မျက်စေ့ အဆုံး နား အတုံး " မျက်စေ့ မမြင်ရ ရင် ဘဝ ဆုံးသလိုပါပဲ။ နားမကြားရရင်လည်း ဘဝ တုံး လူတုံးတစ်ယောက်လို ဖြစ်တတ်ပါသတဲ့ ခင်ဗျာ ...
































































