It's A Medical Miracle (2026) (ဇာတ်ကား🖊 တွေး၊ညွှန်း) တတိယနား
။
ဒီကားက ဇာတ်လမ်းကတော်တော်ထူးခြားတယ် ကားတိုက်လို့ နှစ်နှစ်လောက်ခုတင်ပေါ်ပက်လက်ကိုမာဖြစ်နေတဲ့ကောင်လေးတယောက် နိုးထလာချိန်မှာ ထူးခြားတဲ့စွမ်းရည်ရရှိသွားတယ်အတော်ဝေးဝေးကအသံကိုတောင် ကြားနိုင်တာမျိုးပေါ့
ပထမတော့ အသံပေါင်းစုံဝင်ရောက်နေတော့ အိပ်ကောင်းခြင်းမအိပ်ရ စားကောင်းခြင်းမစားရနဲ့ ထိုစွမ်းရည်က ပြစ်ဒဏ်တခုလိုပါပဲ ဒါကြောင့်သက်သာရာရရလေအောင် အထူးပြုလုပ်ထားတဲ့ အသံလုံနားကြပ်တခုဝတ်ဆင်ရသည်အထိ
ဒါတောင်မှ ပကတိလူသားတွေထက် အတော်ကြားနိုင်စွမ်းမြင့်နေပါသေးတယ်
ဒီလိုနဲ့ အဝေးက ကလေးမတယောက်ငြီးတွားသံကြားရာက စိတ္တဇတကောင်ဖမ်းထားတဲ့ ကလေးမတယောက်ကိုကယ်တင်နိုင်ခဲ့ပြီး နောက်ပိုင်းမှာတော့ ထိုစိတ္တဇကောင်နဲ့ပွတ်တိုက်မှုတွေအကြောင်းဇာတ်လမ်းတည်ထားတာပါ
ထားတော့
ကိုယ်ညွှန်းချင်တာက ဇာတ်ကားကိုမဟုတ်ပါဘူး အဆိုပါဇာတ်ကားထဲကပြောစကားလေးတခွန်းပါ
ပြင်ပဆူညံသံတွေရဲ့ဒဏ်ကိုတားဆီးဖို့တပ်ဆင်တဲ့ နားကြပ်ကိုစွန့်လွှတ်လိုက်ချိန်မှာစဉ်းစားရေရွတ်မိတာ
ပြောစကားလေးက နှစ်စက္ကန့်စာလောက်လေးပါပဲ
ဒါပေမယ့်တွေးစရာအတော်များတယ်
အကာအကွယ်တွေနောက်မှာကြောက်ပြီးပုန်းနေသင့်သလား
တသက်လုံးကောနေနိုင်လား
ဒီလိုဘဲနေနေတော့မှာလား
ရင်ဆိုင်လိုက်ဖို့မသင့်ဘူးလား
အခက်အခဲတော့ရှိမှာပေါ့ အဲ့ဒါကိုရင်ဆိုင်ကျော်ဖြတ်နိုင်သွားရင် ဘာကိုမကြောက်နေစရာမလိုဘဲ ပုန်းနေစရာ စိုရိမ်ထိတ်လန့်နေစရာမလိုဘဲ တသက်လုံးလွတ်လပ်ပေါ့ပါးစွာနေနိုင်ခွင့်ဆုလာဘ်ကို ရယူဖို့ ရင်ဆိုင်လိုက်ဖို့မကြိုးစားသင့်ဘူးလားတဲ့
နိဂုံးချုပ်ရရင်တော့ ဇာတ်လမ်းအခြေပြုပုံစမ်းသစ်ပေမယ့် အဆုံးသတ်က စိတ္တဇလူသတ်သမားပုံစံနဲ့သွားနွယ်လိုတာ က ဌာန်ပျက်သွားသလိုခံစားရတယ် ဘယ်လိုပဲဖြစ်ဖြစ် ကြည့်ပျော်တဲ့ကားပါ
။
https://t.me/kolay0001/2635
။
Directed by
Shyamin Gireesh
။
Starring
Sangeeth Prathap
Sharaf U Dheen
Akhila Bhargavan
။
။
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
ကိုလေး ☆ အင်းတဲ

No comments:
Post a Comment