ကိုလေး ☆ အင်းတဲ

ကိုလေး ☆ အင်းတဲ
Than Tun Lay .INDE

Friday, November 20, 2026

သံသယကင်းမှ ချစ်ခြင်းအလင်္ကာ

သံသယကင်းမှ ချစ်ခြင်းအလင်္ကာ

။

ဖာဂီကြီးရဲ့စကားလို

အတူလည်းပျော်ခဲ့ပြီးပြီ

နာကျင်ချိန်လည်းအတူတူဖြစ်ရမှာပေါ့


အဆုံးထိအတူမရှိနိုင်ဘဲ 

မြတ်နိုးမိကြောင်းပြောရင် အလိမ်အညာပဲမဟုတ်လား 🌹

။

ငွေအတွက်သက်သက်နဲ့ 

မအလအသုံးချခံသွားတဲ့ စီမံသူတွေကိုရွံတာတပိုင်း

။

တချိန်ကတော့ တရာသီမှာ ရှုံးပွဲဆိုတာလက်ချိုးရေတောင် တဖက်မပြည့်တတ်တော့ 😎 အသင်းအမှတ်လျော့ပလားဆိုရင် 


ငါဒီလိုနေမိလို့လား 

ဘာဟင်းစာမိလို့ပါလိမ့် 

အရင်တပတ်က ဘာစားတော့ ဂိုးပြတ်နိုင်သွားတာ


ကော်ဖီထုတ်ကို ပါးစပ်နဲ့ကိုက်ဖောက်လိုလား

ဘယ်ရစ်‌မွှေလို့လား

ကိုးပတ်မွှေမိလို့လား


အနီရောင်ဂျာစီဝတ်ပြီးမကြည့်မိလို့လေလား 

ခါတိုင်းကြည့်နေကျနေရာကနေ မကြည့်လို့များလား

ရေချိုးပြီးမှ ဂျာစီမဝတ်လို့လား

အသင်းအမှတ်တံဆိပ်ပါ ဘောင်ဘီပေါ်က ကျော်ခွရှူးပေါက်မိလို့ နံနိမ်သွားလေသလား စသည်ဖြင့် 


တပတ်လုံး ကိုယ့်ကြောင့်ပဲ အသင်းနစ်နာသွားသလားလို စိတ်စနုတ်ကိုမိရော့ 😅

။

ဒါကြောင့် ပွဲရှိပြီဆိုမှဖြင့် နိုင်ခဲ့တုန်းကနေ့ရဲ့ လုပ်ဆောင်မှုတွေအတိုင်း သတိထားပြီး တထပ်တည်းနေထိုင်လှုပ်ရှားရတာကိုး ရူးတာရူးတာ 😁

။

။

ကမ္ဘာတဖက်က ဘောလုံးအသင်းရဲ့ ရလဒ်က ကိုယ့်ပရောဂမပါကြောင်း ခုများမှ လက်ခံနိုင်တော့တယ်ရယ် 


တကယ်

တကယ် 😅

။

ခုညနိုင်ပါ့မလားလို့ သူငယ်ချင်းကမေးတော့ ရိုးမားလောက်မပြောနဲ့ ပီအက်စ်ဂျီ ဘာကာ ဘိုင်ယန် ရီးရဲတို့နဲ့ကန်တောင် စိုးရွံ့စရာမရှိပါဘူးလို့ 👹

။

။

💥 မြတ်နိုးခြင်းတွေက 

သံသယကင်းမှ ပြည့်စုံတာမဟုတ်လား 

။

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

။

ကိုလေး ☆ အင်းတဲ
 


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

သံသယကင်းမှ ချစ်ခြင်းအလင်္ကာ

သံသယကင်းမှ ချစ်ခြင်းအလင်္ကာ ။ ဖာဂီကြီးရဲ့စကားလို အတူလည်းပျော်ခဲ့ပြီးပြီ နာကျင်ချိန်လည်းအတူတူဖြစ်ရမှာပေါ့ အဆုံးထိအတူမရှိနိုင်ဘဲ  မြတ်နိုးမိကြ...

အထူး