။
ဂေါတမဗုဒ္ဓကို ခန္ဓီဝါဒီလို့ အများသိကြတယ်
အများအားဖြင့်လည်း သည်းခံဖို့ မေတ္တာထားဖို့ဦးတည်ဟောတတ်တာမို့ ဒီလိုထင်တာ အမှားရယ်လို့တော့မဟုတ်ပါဘူး
ဒါပေမယ့် မှားယွင်းတဲ့စွပ်စွဲမှုတွေကြုံချိန်မှာ အမြဲသည်းခံဖို့ ရှောင်သွားဖို့ချည်းလမ်းညွှန်တာမဟုတ်ဘူးဗျ
တခါသား နယ်တခုကိုဝင်တော့ ဆဲရေးတိုင်းထွာမှုတွေ စွပ်စွဲအပြစ်တင်မှုတွေကြုံတော့ ရှင်အာနန္ဒာက ဒီနယ်ကလူတွေသိပ်ရိုင်းတယ်ဘုရား အခြားအရပ်ကြွကြပါစို့တဲ့
ဒီမှာဘုရားကမိန့်တယ်
ဟုတ်ပြီး နောက်ပြောင်းတဲ့အရပ်က လူတွေကကော ဒီလိုပြုတယ်ဆိုပါတော့ ဘယ်လိုလုပ်မလဲတဲ့
ပြဿနာကြုံတိုင်းရှောင်ထွက်တတ်ခြင်းက အဖြေမဟုတ်ဘူး သူတို့ရဲ့ပြောစကားတွေက မှားယွင်းစွပ်စွဲမှုဖြစ်ကြောင်းသက်သေပြရမယ် သူတို့ရဲ့သံသယကို ထိပ်တိုက်ရင်ဆိုင်လို့ ဖြေရှင်းရမယ်တဲ့ ပြဿနာကိုမဖြေရှင်းဘဲ တိမ်းရှောင်နေခြင်းက အမှန်တရားနဲ့ ကင်းဝေးသွားစေတယ်တဲ့
လက်ခံမခံက သူ့ကိစ္စသာတဲ့
ပြီးတော့ တခါသား ရှင်သာရိပုတ္တရာတရားဟောပြောနေခိုက် လူတယောက်က မူးယစ်ရမ်းကားပြီး ဟောပြောမဖြစ်အောင် နှောက်ယှက်လို့ ဆက်မဟောဖြစ်တော့ဘဲ တရားပွဲသိမ်းလိုက်ရတော့တယ်တဲ့
ဒီအကြောင်းကို ရှင်အာနန္ဒာက ဘုရားကိုလျှောက်တော့
အဲ့ဒီ မူးယစ်ရမ်းကားပြီး မှားယွင်းတဲ့စွပ်စွဲချက်တွေနဲ့ နှောက်ယှက်သူကို ဘာလို့ဆွဲထုတ်ပြစ်ပြီး ရှင်သာရိပုတ္တရာနဲ့အတူတကွရပ်တည်ဖို့ ပျက်ကွက်ကြသလဲလို့ အပြစ်တင်တော်မူသတဲ့
။
။
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
ကိုလေး ☆ အင်းတဲ

No comments:
Post a Comment