ကိုလေး ☆ အင်းတဲ

ကိုလေး ☆ အင်းတဲ
Than Tun Lay .INDE

Friday, November 20, 2026

Dhoomakethu (2026) (ဇာတ်ကား🖊 တွေး၊ညွှန်း) လူပျိုကြီးရဲ့ ဖြတ်သန်းမရ မင်္ဂလာဦးည

Dhoomakethu (2026) (ဇာတ်ကား🖊 တွေး၊ညွှန်း)
လူပျိုကြီးရဲ့ ဖြတ်သန်းမရ မင်္ဂလာဦးည
။
အသက်သုံးဆယ်ကျော်လေးဆယ်နီးပါးလူပျိုကြီးတယောက် စွံပါလေမှ မင်္ဂလာဦးည သန်းခေါင်ယံအချိန်မှာ ရန်သူတွေရောက်လာလို့ သေရသည့်အဖြစ်

ဒါကအိပ်မက် အမှန်တကယ်မင်္ဂလာဆောင်မယ့်မနက်မှာ နိုးထလာချိန်မက်ခဲ့တဲ့အိပ်မက်ပေါ့

ဆိုလိုတာက သူမြင်မက်ခဲ့တဲ့အတိုင်းတထပ်တည်းဖြစ်လို့ သန်းခေါင်ချိန်အရိုက်ခံရလိုက် နောက်တနေ့မနက်နိုးထလာလို့ အိမ်မက်ဖြစ်နေလိုက်နဲ့ မရိုးမရွဂွကျကျဖြစ်နေရတဲ့ သတို့သားလောင်း လူပျိုကြီးတယောက်ရဲ့ ဖြတ်သန်းမရတဲ့ မင်္ဂလာဦးညအကြောင်းပါ

ဒီလိုအချိန်ဇုန်မှာပိတ်မိလို့ တနေ့တရက်ထဲကို ထပ်ပြန်တလဲလဲဖြတ်သန်းနေရတဲ့ ဇာတ်လမ်းတွေများစွာရှိတာမို့ ထူးခြားတယ်လို့မဆိုနိုင်ပေမယ့် ဇာတ်အခြေတည်ရာနဲ့ ဇာတ်ဆောင်ရဲ့ ခွကျကျမရိုးမရွဖြစ်ရတဲ့ သရုပ်ဆောင်ချက်တွေက မိုက်တယ် ကြည့်ကြ‌ဗျာ ကြည့်ပျော်တဲ့ကားပါ
။
https://t.me/kolay0001/2696
။
Directed by
Sudhi Maddison
။
Starring
Sajin Gopu
Nikhila Vimal
Ganapathi S. Poduval
Shine Tom Chacko
Sidharth Bharathan
။
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
ကိုလေး ☆ အင်းတဲ


 

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

သံသယကင်းမှ ချစ်ခြင်းအလင်္ကာ

သံသယကင်းမှ ချစ်ခြင်းအလင်္ကာ ။ ဖာဂီကြီးရဲ့စကားလို အတူလည်းပျော်ခဲ့ပြီးပြီ နာကျင်ချိန်လည်းအတူတူဖြစ်ရမှာပေါ့ အဆုံးထိအတူမရှိနိုင်ဘဲ  မြတ်နိုးမိကြ...

အထူး