သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Tuesday, January 6, 2026

Gargi (2022) (ဇာတ်ကား🖊 တွေး၊ညွှန်း)

 

Gargi (2022) (ဇာတ်ကား🖊 တွေး၊ညွှန်း)
https://youtu.be/5Oza5104-OQ?si=Pm7AqDZiDLenpZi4 
....

 သားသမီးယုံစုံလုံးကန်း ဆိုတဲ့စကားရှိတယ်

အမှန်က မိဘနဲ့သားသမီကြားတင်မကဘူး မည်သည့်ဆက်ဆံရေးတိုင်းမှာမဆို ချစ်ခြင်းမေတ္တာ နဲ့ လောဘ ဒေါသစတဲ့ တည်ငြိမ်မှုမရှိတဲ့ လှုပ်ခတ်လွန်းတဲ့စိတ်တွေ လွှမ်းမိုးနေချိန်မှ ပကတိအရှိတရား အမှန်အမှား မမြင်နိုင်တော့ဘဲ
မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေ ချမိတတ်တာမျိုးက သဘာဝပါ

ဆရီ ပါလဗီ (Sai Pallavi) ရဲ့ သရုပ်ဆောင်ချက်က ပြည့်စုံတယ် 

ဒီကားက သူမ ဘာကြောင့်ထိပ်တန်းမင်းသမီးတယောက်ဖြစ်နေရလဲဆိုတာ ပြည့်စုံတဲ့အဖြေတခုလို့တောင်ဆိုနိုင်တယ်

ကာရိုက်တာအစုံ ဇာတ်ရုပ်အစုံမှာ ဆေးဆက်ကျရာ အရုပ်ထင်နိုင်တာက သူမရဲ့ အရည်အချင်းပါပဲ

ပထမ ဖခင်အတွက်ရဲရဲရင့်ရင့်တိုက်ပွဲဝင်သူ
နောက် အမှန်တရားနဲ့ ချစ်ခြင်းမေတ္တာလွန်ဆွဲရာမှာ နာကျင်ရတဲ့ကြားကပဲ ရွေးချယ်ခဲ့တာတွေက သိပ်အသက်ဝင်တယ်

အားလုံးကြည့်ဖူးသင့်ပါတယ်

အက်ရှ်ဝါယာ လတ်ချ်မီး (Aishwarya Lekshmi) လည်း အားဖြည့်ကူညီထားပါတယ် 😃
.
Directed by Gautham Ramachandran
ဂေါသမ် ရာမချန်ဒရန်
.
ဇာတ်ကားကြည့်ရန်
https://t.me/kolayinde1/481

.
သန်းထွန်းလေး ☆ အင်းတဲရွာ


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဝိညာဉ်မဲ့

  ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့်  မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့်  ညစ်ပတ်သူတို့ရဲ့ စုဝေ...

အထူး