အလောင်းတော်ကြီးများ (ငတိုလှိုင်ရဲ့အဆုံးသတ် / ၃၈)
။
ရှေးရာဇဝင်တွေ ဖတ်ရှုတိုင်း မကြာခဏဆိုသလို မြတ်ဘုရားဗျာဒိတ်ပေးခဲ့တဲ့ ဗျာဒိတ်တော်လာမင်းတြားတွေ အများအပြားတွေ့ရတယ်
ဒီမှာ ပြည်သူကချစ်လို့ ထိုကဲ့သို့ထင်မှတ်ယုံကြည်သမုတ်တာမျိုးက အင်မတန်နည်းပြီး အများစုက သူကိုယ်တိုင်က သို့တည်းမဟုတ် ဘာသာရေးအဖွဲ့အစည်းက ဇာတ်တော်တွေ ချိတ်ဆက်ချဲ့ထွင်ဖန်တီးလို့ ထည့်သွင်းထားတာမျိုးပါ
ဒါကိုကြည့်ပြီး ဘာသာရေးအဖွဲ့အစည်းက နာယကပုဂ္ဂိုလ်အားလုံးဟာ အာဏာရဘုရင်ရဲ့ အရေးပေးမှုရဖို့ အစဉ်မြှောက်ပင့်ပေးနေတာလို့ချည်း မုချမှတ်ယူလို့လည်းမဖြစ်ခြေဘူးပေါ့
ဒီလိုဗျ
တခါတခါ သက်ဦးစံပိုင်ရှင်ဘုရင်ရဲ့ စိတ်ထင်ရာလျှောက်လုပ် ပြည်သူကိုနှိုပ်စက်ကလူပြုလို့ မထင်ရင်မထင်သလို အဓမ္မညှင်းပန်းနှိုပ်စက်မှုတွေက အာဏာရသူတွေနဲ့ကော သာမန်ညောင်းညပြည်သူတွေနဲ့ပါ နေ့စဉ်ဆွမ်းကွမ်းအတွက် အမြဲထိတွေ့ဆက်ဆံနေရတဲ့ သာသနာ့နွယ်ဝင်တွေမှာ မကြည့်ချင်မြင်လျှက်သားဖြစ်နေရတာကိုး
(ဒါကြောင့်ပဲ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ပေါ်ပေါက်လာတာပါ)
ဒီတော့ တွေ့ရမြင်ရစိတ်မချမ်းသာသမျှ
အာဏာရှိသူကို ဆုံးမသတိပေးဖို့အကြံထုတ်ကြရတယ်
ဒီမှာ ကိုယ်ဆုံးမရမယ့်သူက အပြစ်ထောက်ပြပြောဆိုလို့ နာခံလွယ်ရင်တော်ရဲ့ မတော်မလျှော် ကိုယ့်အရေးအရာမဟုတ်တာဝင်စွက်ဖက်ရကောင်းလားလို့ အမျက်ထွက်ရင်အခက်မဟုတ်လား
ခေါင်းနဲ့ကိုယ်အိုးစားကွဲဖွယ်ရာ
ဒီတော့ လူတို့သည်းခြေကြိုက်ဖြစ်တဲ့ မြှောက်လုံးကလေးကို ယုတ္တိယုတ္တာကျအောင် ဇာတ်ဇာတကတွေနဲ့ချိတ်ဆက်ပြီး မသိမသာလေးသုံးရတယ်
ဒကာတော်မင်းတြားက နယ်နယ်ရရဟုတ်ရိုးလား
ဘယ်ဇာတ် ဘယ်နေရာမှာ ဘုရားရှင်မြန်မာပြည်ရောက်လာခိုက် ဘယ်လိုဘယ်ပုံ ဗျာဒိတ်ပေးခဲ့တာ
ဘယ်ခေတ်ဘယ်ကာလမှာ ပေါ်လာတဲ့မင်းဟာစသည်ဖြင့်ပေါ့
ဒကာလို မြတ်ဘုရားကိုယ်တော်တိုင် မြွက်ကြားခဲ့တဲ့ ဗျာဒိတ်တော်လာ မင်းတြားတပါးအနေနဲ့ မြတ်ဗုဒ္ဓရဲ့ အဆုံးအမအတိုင်း မည်သို့မည်ပုံ စီမံပြုလုပ်သင့်ကြောင်းစသည်ဖြင့် မြှောက်လုံးကလေးတွေကူလို့ပြောဆိုတာက
ငါလို ဗျာဒိတ်ရမင်းတြားအနေနဲ့ ဒီလိုပြုနေဖို့မတော်ချေပြီရယ်လို့ တွေးမိ စိတ်ကူးမိပြီး
ညှင်းပန်းနှိုပ်စက်မှု တရားလက်လွတ်သတ်ဖြတ်အပြစ်ပေးနေမှုတွေလျှော့ပေါ့သွားရင်ဘဲ အများပြည်သူ စိတ်ချမ်းမြေ့ရာ သက်သာရာရလည်း မနည်းဘူးပေါ့လို့ယူဆပြီးပေါ့
ပြောလိုတာက မြန်မာပြည်မှာ ဒီနည်းနဲ့ အလောင်းတော်မင်းတြား အများအပြားရှိနေခဲ့တယ်ဆိုတာပါ 😄
။
။
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
သန်းထွန်းလေး ☆ အင်းတဲရွာ

No comments:
Post a Comment