ကိုလေး ☆ အင်းတဲ

ကိုလေး ☆ အင်းတဲ
Than Tun Lay .INDE

Friday, August 28, 2026

Mohenjo Daro (2016) မြစ်ညာကတာကျိုးလို့ ရွှံ့ညွန်တွေအောက်ရောက်သွားရတဲ့ ကမ္ဘာ့ဦးကမြို့တော်ကြီး ။ 💥ခုလည်းနီပေါမှာ ကြောက်စရာ

Mohenjo Daro (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း)
မြစ်ညာကတာကျိုးလို့ ရွှံ့ညွန်တွေအောက်ရောက်သွားရတဲ့ ကမ္ဘာဦးကမြို့တော်ကြီး
မြစ်ဆုံစီမံကိန်းကို ပြန်လည်အသက်သွင်းဖို့ စိုင်းပြင်နေတဲ့ မအလရဲ့လုပ်ရပ်ကိုတွေ့တော့ ရာဇဝင်မှာ မြစ်ညာက တာကျိုးလို့ ရွှံ့ညွန်တွေအောက်ရောက်သွားခဲ့ရတဲ့ သိပ်စည်ကားတဲ့ မြို့တော်ကြီးအကြောင်း သတိရမိသွားတယ်

___

ဒီလိုဗျ ဘီစီ ၂၀၁၆ ကာလမှာ 

(ဘီ ဆိုတာက before ပေါ့ဗျာ သဘောက ခရစ်မပွင့်ပေါ်မီရှေ့ကာလပေါ့ 

အေဒီဆိုတာက after ပေါ့ဗျာ ပြီးနောက် ခရစ်ပွင့်ပေါ်ပြီးနောက်ပေါ့ ခု ၂၀၂၆ ဆိုတာက အေဒီ 

ခရစ်ပွင့်ပေါ်ပြီးတာ ၂၀၂၆ ခုနှစ်ကြာပြီ ဆိုတဲ့သဘောပေါ့ 

ဒီတော့ ခရစ်တော်ထက် နှစ် ၅၀၀ ကျော် နှစ်စောပြီးပေါ်ပေါက်ခဲ့တဲ့ ဗုဒ္ဓတောင် မပွင့်ပေါ်သေးခင်ကာလပေါ့ဗျာ)

အဲ့ဒီဘီစီ ၂၀၁၆ ကာလမှာ ယခုပါကစ္စတန်နိုင်ငံအတွင်းဖြစ်တဲ့ အန္ဒိယပြည်အထက်ပိုင်း အိန္ဒုမြစ်ဝှမ်းဒေသမှာ 

ရှေးဟောင်းအီဂျစ်၊ မက်ဆိုပိုတေးမီးယား၊ မင်နိုအန်းခရီတီ၊ နော်တီချီကိုတို့နှင့် ခေတ်ပြိုင်ဖြစ်ခဲ့တဲ့သိပ်စည်ကားခဲ့တဲ့ မြို့ကြီးတမြို့ရှိခဲ့ဖူးတယ် 

မူလအမည်ရင်းကိုမမှန်းဆနိုင်ကြဘဲ နှောင်းလူတို့ကတော့ ဆင်ဒီဘာသာစကားနဲ့ မရဏဘုံသားတို့၏ စံမြန်းရာနေရာ လို့အဓိပ္ပာယ်ရတဲ့ မိုဟန်ဂျိုတာရိုမြို့လို့ ခေါ်ကြတယ်

တူးဖော်တွေ့ရှိထားတဲ့အချက်အလက်တွေအရ ယဉ်ကျေးမှုအဆင့်အတန်းအလွန်မြင့်မားပြီး သိပ်စည်ကားခဲ့တဲ့မြို့တော်ကြီးတဲ့ 

ကမ္ဘာ့ရှေးအကျဆုံးမြို့တော်ကြီးတွေထဲက တခုအပါအဝင်လို့လည်း ဆိုကြတယ်

မိုးသည်းထန်တာရယ် မြစ်ညာကတာတွေကျိုးပဲ့တာကြောင့် ရွှံ့ညွန်တွေအောက်ရောက်ရှိပျက်စီးသွားရတာလို့ သမိုင်းပညာရှင်တို့ ယူဆခဲ့ကြတယ်

___

ရှေးယခင်က ကူးသန်းဆက်သွယ်ဖို့အတွက် ရေကြောင်းကိုအဓိကထားကြတော့ မင်းနေပြည်အတော်များများက မြစ်ကမ်းနားဘေးတွေမှာ တည်ကြတာများတယ်

ဗမာ့မင်းနေပြည်တွေလည်းထိုနည်း၄င်းပေါ့

ဒီတော့ 
မျှော်လင့်ထားတာထက် မိုးများလို့
ကြံ့ခိုင်မှုအားနည်းလို့
ဒါမှမဟုတ် တလောကဖြစ်သလို့ ပြင်းအားမြင့် ငလျင်လှုပ်ခတ်လို့ မြစ်ဆုံတာတမံကြီး ကျိုးသည်ဆိုပါတော့ 

ဗမာ့ပထမနိုင်ငံရဲ့ပြယုဒ် ဗမာတိုရဲ့အသည်းနှလုံး ပုဂံ
ပြီးတော့ နောက်ဆုံမင်းဆက်တို့တည်ရာ မန္တလေး
ပြီးတော့ သမိုင်းဝင် မြစ်ရိုးတလျှောက်က မြို့ရွာအများအပြား 
မြစ်ညာကသယ်ချလာမယ့် နုံးညွန်တွေက ဘယ်လောက်များများကို ဖုံးလွှမ်းဝါးမြိုပစ်သွားလေမလဲ တွေးကြည့်မိတယ်

ထားပါတော့

___


ဇာတ်ကားလေးပြန်ဆက်ရရင် ရှေးကားပါ ကြည့်ရတာမဆိုးပါဘူး
မြန်မာတို့ လက်ပွားမင်းသားလို့ခေါ်တဲ့သူ နဲ့ မင်းသမီးကတော့ပူဂျာ ပါ

Directed by Ashutosh Gowariker
Starring Hrithik Roshan
                Pooja Hegde

ပူဂျာရဲ့အဝတ်အစားဆင်ယင်ပုံက
မင်းသမီးတယောက်ရဲ့ဂုဏ်ဒြပ်နဲ့ သွေဖီသွားစေတဲ့အထိ မလျှော်ညီတဲ့ပုံစံနဲ့ တော်တော်လေးဆိုးဆိုးဝါးဝါးကို ဖော်လွန်းတာကလွဲရင် ကြည့်ရအဆင်ပြေပါတယ်
 ___

မြန်မာ့ရာဇဝင်မှာပါတဲ့
နန်းမြို့ရိုးတို့
ကုန်သွယ်မှုစနစ်တို့
လေးမောင်းတဗဟိုဆိုတာလေးတွေပါတယ်

ဒါကြောင့်ကြည့်သင့်တယ်
ဇာတ်လမ်းအနေနဲ့ကတော့ 
သိပ်ကောင်းလှတယ်လို့မဆိုနိုင်ပါဘူး ရိုးပါတယ်

ပြကွက်တွေက ဗဟုသုတဖြစ်စေတာမို့ ညွှန်းတာပါ
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
https://t.me/kolayinde1/1206?single
ကိုလေး ☆ အင်းတဲ

 

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

AnnMariya Kalippilaanu (2016) Pilla Rakshasi (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း)

  AnnMariya Kalippilaanu (2016)  Pilla Rakshasi (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း)  . လေးတန်းကျောင်းသူလေးက သူတို့ကာယဆရာကိုရိုက်ဖို့ လူမိုက်ငှား...

အထူး