ကိုလေး ☆ အင်းတဲ

ကိုလေး ☆ အင်းတဲ
Than Tun Lay .INDE

Tuesday, January 6, 2026

ဘောလုံးကမ္ဘာကအတ္တပြိုင်ပွဲ

ဘောလုံးကမ္ဘာကအတ္တပြိုင်ပွဲ


ရှေ့တလောဆီက ချဲလ်ဆီးနည်းပြ မာရက်ကာ 

ခုရက်ပိုင်းမှာ မန်ယူနည်းပြ အာမိုရင် ဆက်တိုက်ဆိုသလို အထုတ်ခံခဲ့ကြရတယ်


အံ့ဩစရာက သူတို့အထုတ်ခံရတဲ့အကြောင်းအရင်းက တူညီနေတာကိုတွေ့ရတယ်


ပုံမှန်အားဖြင့် အသင်းတသင်းနည်းပြအပြောင်းအလဲပြုလုပ်တယ်ဆိုတာ ရလဒ်ဆိုးတွေကြောင့်လို့ မှတ်ယူစရာရှိပေမယ့် သူတို့နှစ်ယောက်ကတော့ ကွဲပြားတယ်


ရလဒ်ဆိုးလို့လည်းမဟုတ်ဘူး

ကစားကွက်ကြောင့်လည်း မဟုတ်ဘူး


ဘုတ်အဖွဲ့ဝင်တွေကို ဝေဖန်လို့ဗျ

_______________________________________


ကိုယ်စီဒဿနတွေနဲ့တည်ဆောက်ကြတဲ့ လူငယ်တွေမို့ ယုံကြည်ရာကို သက်သေပြဖို့ကြိုးစားရင်း လမ်းခုလပ်မှာပြစ်ခါချသွားတာမျိုး

_______________________________________


အာမိုရင်

_______________________________________


မန်ယူနည်းပြ အာမိုရင်ကိုကြည့် သူအားထားတဲ့ အဓိကပွဲထွက်ကစားသမား ၇ ယောက် ၈ ယောက်လောက်မပါပဲ ကစားနေရတာ အရှိတရားပဲကို 


နောက်တန်းမှာ ခေါင်းကြီး ဒီလစ်

အလယ်မှာ မောင့် ဘရူနို အာမက် ( မိုင်နူး

ရှေ့မှာ အမ်ဘူမို


အဲ့ဒီမပါနိုင်တဲ့လူစာရင်းကိုကြည့် ရလဒ်ထိခိုက်နေတာ လက်ခံပေးရမယ့်အရှိတရားပဲမဟုတ်လား


သူတို့နေရာအစားထိုးဝင်ရသူတွေက ပရီးမီးယားလိဂ်အတွေ့အကြုံမရှိသေးတဲ့ အသက် ၁၉ ၊ ၂၀ ဝန်းကျင်ချာတိတ်တွေ 

_______________________________________


ရောင်းမှားဝယ်မှား

_______________________________________


ပြီးတော့ အနာဂါတ်အတွက်ပါလို့ဆိုပြီး ငယ်ရွယ်တဲ့ကစားသမားတွေကို အချိန်မပေးပဲ့ ဖြုတ်ထုတ်သတ်လုပ်နေတဲ့ အရောင်းအဝယ်ဏ္ဍ


ဟွိုက်လန်းတို့ ဂါနာချိုတို့ အန်တိုနီတို့ရဲ့အသက်အရွယ်ကိုပြန်ကြည့်အုံး သိပ်ကိုကိုယ်ရည်သွေးမြက်တဲ့ ကစားသမားအနည်းငယ်ကလွဲလို့ ဘယ်သူတွေကကော ဒီအသက်အရွယ်မှာ တောက်လျှောက်ထွန်းတောက်နိုင်ခဲ့လို့လဲ 


ဆာလာလား 

ဆာကာလား


သူတို့က အသင်းကိုဦးဆောင်နေရမယ့် အသက်အရွယ်တန်းမဟုတ်သေးဘူးလေ စီနီယာတွေနောက်က တပွဲကောင်းလိုက် တပွဲပြောက်လိုက် ဖြစ်နေနိုင်သေးတဲ့ တက်သစ်‌စတွေ


စီနီယာ‌တွေစီက တာဝန်တွေကိုခွဲဝေယူရင်း ယုံကြည်မှုတည်ဆောက်ရမယ့် သင်ယူဆဲဖြစ်ရမယ့်သူတွေ


ခုတော့ အသင်းရလဒ်အတွက် သူတို့ကို အလွန်အမင်းမျှော်ကိုးရင်းက တပွဲတလေထကောင်းလိုက် အလွန်အမင်း မြှောက်ပင့်လိုက် တပွဲညံ့လိုက် ထိုးချလိုက်နဲ့ မမျှတဲ့ဝန်ကို ထမ်းရွက်စေရင်း သူ့တို့ဘဝကော အသင်းရဲ့ အနာဂတ်ကော လေမှာတိုက်အိမ် ဆောက်နေသလို

_______________________________________


မာရက်ကာ

_______________________________________


ပြီးတော့ချဲလ်ဆီးဆိုရင်လည်း နည်းပြကလူဝယ်ဖို့မှာ အခွင့်အာဏာနည်းတော့ သုံးလိုက်တဲ့ ငွေများစွာထဲမှာ လောက်လောက်လားလားအားကိုးစရာ နောက်တန်းတယောက်တောင်မပါဘူး အထောင်တိုက်စစ်မှူးကောပေါ့ 

သူတို့နောက်တန်းက သူတို့အဆင့်နဲ့အတော့်ကို မလျှော်ညီတာပါ

_______________________________________


နှိုင်းယှဉ်စရာ

_______________________________________


မနှစ်က ရိုဒရီတယောက်မပါတာနဲ့ ယခုဟာလန်းခြေကျနေတာနဲ့ ယိမ်းယိုင်နေတဲ့ မန်စီးတီးရဲ့ ရလဒ်တွေနဲ့ချိန်ထိုးကြည့်


တလောက စလီဘာတို့ ဂါဘရီရယ်တို့ နာသွားတော့ အာကြီးနောက်တန်းဖြစ်ပျက်နေပုံက ကြည့်ကြည့် 


ဒါတောင်သူတို့က နှစ်ပေါင်းများစွာတည်ဆောက်ထားကြပြီး အသင်းတွေ

_______________________________________


ချုပ်ရရင်တော့ အတ္တပြိုင်ပွဲမှာ နည်းပြအထုတ်ခံရတယ်

ဒါပေမယ့် ဘုတ်အဖွဲ့နိုင်သွားသလား

အသင်းကော နိုင်သွားသလား

ပရိတ်သတ်တွေကော နိုင်သလား


ဒါမှမဟုတ် အားလုံးရှုံးသွားခြင်းကော မဖြစ်နိုင်ပေဘူးလား

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

သန်းထွန်းလေး ☆ အင်းတဲရွာ
 


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

AnnMariya Kalippilaanu (2016) Pilla Rakshasi (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း)

  AnnMariya Kalippilaanu (2016)  Pilla Rakshasi (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း)  . လေးတန်းကျောင်းသူလေးက သူတို့ကာယဆရာကိုရိုက်ဖို့ လူမိုက်ငှား...

အထူး