ကိုလေး ☆ အင်းတဲ

ကိုလေး ☆ အင်းတဲ
Than Tun Lay .INDE

Tuesday, December 9, 2025

Dasvi (2022) (ဇာတ်ကား🖊 တွေး၊ညွှန်း)



 Dasvi (2022) (ဇာတ်ကား🖊 တွေး၊ညွှန်း)

 

..

ဆရာချစ်ဦးညိုရဲ့ "မှူးမတ်များနဲ့တွေ့ဆုံခြင်း" ဆိုတဲ့စာအုပ်လေးကိုခံစားကြည့်ခြင်ရင်

ဒီကားလေးကြည့်သင့်တယ်


ဒီစာအုပ်ထဲက ဆရာ့ရဲ့အတွေးစိတ်ကူးတွေအတိုင်းဌာပနာလို့

ဇာတ်လမ်းလေးဖွဲ့တားတာပါ


ဪ.. ဆရာကစက္ကူပေါ်မှာ မှင်နဲ့အရုပ်ရေးခြစ်ခဲ့တာ ကြာခဲ့ပါပကော

ဖလင်ပေါ်မှာဆင့်ကူးဖို့မစွမ်းနိုင်ကြတော့ 

မြန်မာ့ရုပ်ရှင်က အတွေးအမြင်ဇာတ်လမ်းဆန်းသစ်မှုမှာနိမ့်ကျနေတာနေမှာ 


ထားပါတော့


သူ့အမည် "ချောင်ထရီ" ဝန်ကြီးမို့လေးစားသမှုနဲ့ "ဆပ်" လို့ထည့်ခေါ်ကြ

ဒီလိုနေရာဒီလိုလေးစားမှုတွေခံယူနေပေမယ့် အတန်းပညာမယ်မယ်ရရမရှိ

လက်မှတ်တောင်မှ အများနဲ့မတူ


တနေ့တော့ အဂတိလိုက်စားမှုနဲ့ထောင်ကျပါလေရော

ဒီတော့သူနေရာကို ဇနီးကိုလွှဲအပ်လို့ ထောင်ထဲကနေစီမံနေရာက

အာဏာရဲ့ပါဝါကိုသဘောကျလို့ ကလန်စပြုလာတဲ့ဇနီး


ဝန်ကြီးဆိုတဲ့ပါဝါနဲ့ ထောင်တွင်းမှာအခွင့်ထူးခံစံစားနေသမျှအဆောင်အယောင်အားလုံး

ရုတ်သိမ်းတင်းကျပ်မယ့် ထောင်မှူးမလေးရောက်လာချိန်မှာ


အလုပ်ကြမ်းတွေမလုပ်ရဖို့ အခွင့်ထူးပြန်ရဖို့ 

အစမှာပဲပျက်ခဲ့ရတဲ့  ပညာရေးခရီးပြန်ဆက်ဖို့ကြံဆောင်ရင်း

စာမျက်နှာထက်က သမိုင်းအချက်အလက်တွေကို တွေးမိမြင်ယောင်ခံစားရင်းက... 


သမိုင်းသင်တယ်ဆိုတာမအအောင်လို့တဲ့

လွဲမှားတဲ့သမိုင်းတွေ ချဲ့ကားလွန်းတဲ့ဒဏ္ဍာရီတွေကတော့

အခြောက်တိုက် လက်မထောင်သွေးတက်တတ်လေသလားမသိ


Directed - တူရှား ဂျလိုတာ (Tushar Jalota)

Starring - အဘီရှေ့ ဘဂျမ်း (Abhishek Bachchan)

                   ယာမီ ဂေါ်သမ် (Yami Gautam)

                    နီမရပ် ကော (Nimrat Kaur)

.

ဇာတ်ကားကြည့်ရန်

https://t.me/kolayinde1/882?single

.

အရေးတော်ပုံအောင်တော့မည်

စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

AnnMariya Kalippilaanu (2016) Pilla Rakshasi (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း)

  AnnMariya Kalippilaanu (2016)  Pilla Rakshasi (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း)  . လေးတန်းကျောင်းသူလေးက သူတို့ကာယဆရာကိုရိုက်ဖို့ လူမိုက်ငှား...

အထူး