သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Tuesday, December 9, 2025

Happy Bhaag Jayegi (2016)

 



Happy Bhaag Jayegi (2016) 

(ခိုးရာလိုက်ပါမှ ပါကစ္စတန်ရောက်သွားတဲ့သတို့သမီး)

https://t.me/kolayinde1/888?single

..

သူမအမည် "ဟက်ပီး" (Happy)


နာမည်လိုဘဲ ပျော်စရာမရှားတဲ့သူ

တမင်လိုက်ရှာနေတာမျိုးမဟုတ်ဘဲ ကိုယ်တိုင်တည်ဆောက်လို့

နီးစပ်သူတွေကိုပါ ကူးဆက်စေသူ


ဒါကြောင့် သူမအကြောင်းကိုတကယ်သိသွားရင်

ကျားမဖြစ်ပါစေ သဘောမကျမိဘဲမနေဘူး


သူမအိမ်က ဇွတ်အတင်းလက်ထပ်ပေးဖို့အလုပ်မှာ

ကောင်လေးနောက်ကို ခိုးရာလိုက်ဖို့ နှစ်ထပ်တိုက်ပေါ်ကနေ

ကားပေါ်ကိုခုန်ချခဲ့တယ်


ဒါပေမယ့် ကားမှားသွားပြီး အိန္ဒိယပြည်ရဲ့အပြင်ဖက် 

တကျက်ကျက်ရန်ဖြစ်ရာ ပါကစ္စတန်အထိပါသွားပါလေရော


ဒီမှာဇာတ်လမ်းကစတယ်

သူမရောက်သွားတာက ဝန်ကြီးချုပ်ဟောင်းအိမ်

လက်ထပ်တော့မယ့် ချစ်သူရှိတဲ့သားတယောက်


မလွန်ဆန်နိုင်တဲ့ဖခင်ရဲ့ဆန္ဒအရ 

သူက အနာဂါတ်နိုင်ငံရေးအတွက် အားထားရာဆိုတော့

နာမည်အစွန်းအထင်းမဖြစ်လိုဘူး 


ဒီအတိုင်းပြန်ပို့ပါမယ်ဆိုတော့ ဒင်းကလက်မခံ 

သူမချစ်သူကိုသွားခေါ်စေလို့ လက်ထပ်ပြီးမှပြန်မယ်ပေါ့

ဒီလိုမှမဟုတ်ရင် မီဒီယာမှာဖွမယ်ဆိုတော့ကား


တိုင်းတပါးကနေ အထူးသဖြင့်အိန္ဒိယကနေ

လက်ထပ်တော့မယ့် သတို့သမီးတယောက်ကိုပြန်ပေးဆွဲလာပါတယ်ဆိုရင်

သူ့ဘဝနဲ့ နိုင်ငံရေးလောကကဂွမ်းပြီ


ဒီလိုအကျပ်ကိုင်လို့ ဂျစ်တစ်တစ်ဟန်နဲ့အတူ

တဖက်မှာလည်း လွတ်လပ်တဲ့သဘော ပွင့်လင်းတဲ့ပုံစံက

သူစိမ်းတွေအရပ်ဖြစ်နေပါစေ သူမအတွက်အသားကျဖို့ရာမခက်လှဘူး

ရင်းနှီးဖို့ရာမခက်လှဘူး


အပူအပင်မရှိ ဆန္ဒရှိရာအတိုင်းပြောဆိုနေထိုင်နေတဲ့သူမကို

ဘဝဆိုတာ ကိုယ်ဖြစ်ချင်တိုင်းဖြစ်နေမှာမှမဟုတ်တာလို့စကားဆိုတော့


"ဒါပေါ့ ဒါပေမယ့်ကျိုးစားကြည့်ရမယ်လေ 

အဆိုးဆုံးဘာဖြစ်သွားနိုင်လို့လဲ မရရုံဘဲမဟုတ်ဘူးလား 

မရနိုင်ဘူးဆိုတာ သေချာသွားတော့ကောဘာဖြစ်လဲ ပိုမကောင်းဘူးလား


ဘဝဆိုတာကိုယ့်ဆန္ဒရှိရာကို လုပ်မကြည့်ဘဲ လွယ်လွယ်လေးနဲ့ 

အရှုံးပေးလက်ခံပြီးလက်လျှော့ဖို့မှမဟုတ်တာ" တဲ့


ဒီလိုနဲ့ဇာတ်လေးက မြူးမြူးကြွကြွနဲ့ကို 

သင့်ကိုစီးမျောဖို့ဆွဲခေါ်သွားပါလိမ့်မယ်


အချုပ်အနေနဲ့ စောစောကစကားလေးပြန်ပြောပါရစေ 

သူမအကြောင်းတကယ်သိသွားသူတွေက သူမကို မချစ်ဖို့ရာမဖြစ်နိုင်ဘူးတဲ့


ဟုတ်တယ် ကျွန်တော်လည်းချစ်မိသွားတယ်

သူမက တကယ့်ကိုလွတ်လပ်တယ် 

စိတ်ခံစားချက်အတိုင်းနေထိုင်တယ် ပေါ်လွင်တယ်

ပြီးတော့ကျွန်တော့်ကိုလည်း တဒင်္ဂလောက်ဖြစ်နေပါစေ

ကူးစက်လို့ ပေါ့ပါးကြည်နူးသွားစေတာမို့ပါ 


ကျေးဇူး "ဟက်ပီး" (thank happy)

ကျေးဇူး "ဒိုင်ယာနာ ပန့်တီ" (thank Diana Penty)

ကျေးဇူး "မူဒါဆရာ ဇီ ( thank Mudassar Aziz)


၂၀၁၈ ခုနှစ်မှာ နောက်တကားထပ်ထွက်တယ် ကိုယ်တော့မကြိုက်ဘူး နာမည်ကြီးတွေလျှောက်ထည့်ပြီး ဇာတ်လမ်းကလည်း ဈေးကွက်အရလျှောက်လုပ်သွားတယ်ခံစားရတယ်

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်


သန်းထွန်းလေး ☆ အင်းတဲရွာ

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဝိညာဉ်မဲ့

  ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့်  မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့်  ညစ်ပတ်သူတို့ရဲ့ စုဝေ...

အထူး