ကိုလေး ☆ အင်းတဲ

ကိုလေး ☆ အင်းတဲ
Than Tun Lay .INDE

Saturday, August 29, 2026

AnnMariya Kalippilaanu (2016) Pilla Rakshasi (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း)

 

AnnMariya Kalippilaanu (2016) 

Pilla Rakshasi (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း) 

.

လေးတန်းကျောင်းသူလေးက

သူတို့ကာယဆရာကိုရိုက်ဖို့ လူမိုက်ငှားရာကစလို့

.

ဇာတ်ကားနာမည်လေးက 

'ကလေးတွေမှာ ကြမ်းတမ်းတဲ့စိတ်ဝင်လာနိုင်သည့် အကြောင်းအရင်းများ'

ဒီမေးခွန်းအတွက် အဖြေတစိတ်တဒေသကို ဇာတ်ကားလေးထဲမှာမြင်တွေရမှာပါ


Https://www.youtube.com/@ကိုလေး.0008 


မူလတန်းအရွယ်ကလေးမလေးတယောက်ရှိတယ် မိဖတွေကဆရာဝန် 

အာဖရိကရဲ့ ဆင်းရဲနွမ်းပါးရာအရပ်မှာ တတ်စွမ်းတဲ့ပညာနဲ့ သွားရောက်ကုသပေးနေတာမို့ 

ရံခါမှပြန်လာတတ်တဲ့အဖေ့ကိုမျှော်ရင်း အမေနဲ့ပဲနေနေရတာပေါ့


တနေ့ကျောင်းမှာ ကာယဆရာတယောက်က 

အတန်းဖော်တွေကို ဆရာမကိုနိုင့်ထက်ကလူပြုနေတာတွေ့တော့မခံချင်


အားကိုးစရာ တိုင်တန်းစရာ ရှေ့ကကာကွယ်ပေးမယ် ဖြေးရှင်းပေးမယ်လို့ယုံကြည်သူ အဖေကမရှိ

အမေ့ပြောပြပြန်တော့ အတန်းမတက်ချင်လို့ တမင်လီဆယ်တယ်ထင်ပြန်ရော

ဖြေရှင်းစရာနည်းလမ်းစဥ်းစားမရခင်မှာပဲ


မိခင်နဲ့အိမ်ဖော်တို့ပြောစကားကနေ နည်းနာရတယ်

လူမိုက်ငှားလို့အရိုက်ခိုင်းရမယ်ပေါ့


ဒီလိုနဲ့ကိုယ့်ကျောင်းကဆရာကိုရိုက်ဖို့ လူမိုက်ငှားရာမှာ

အဖေ့လက်ဆောင် အိုင်ဖုန်းလေးကအဖိုးအခ


သူတို့ငှားတဲ့လူမိုက်ကြီးက အရပ်သတင်းအရ

"လိပ်ပြာကြီး" လို့ နာမည်ကြီးတယ်


သဘောက 

သူ့ရဲ့လိပ်ပြာတောင်ပံခတ်သည့်အလား တရစပ်မြန်ဆန်အားပါလွန်းတဲ့ လက်သီးချက်ကြောင့် 

ခံရသူမှာ ကြယ်တွေလတွေသာမက လိပ်ပြာတွေပါမြင်သွားစေတဲ့အထိတဲ့


အမှန်က ဒီလှိမ့်လုံးတွေတွေနဲ့ ကလေးတွေကို ညာဝါးနေတာ

လူပုံက မုတ်ဆိတ်ကျင်စွယ်နဲ့ ဝဝဖိုင့်ဖိုင့်ပုအိုင့်အိုင့်ဆိုတော့ ကလေးတွေအမြင်မှာ 

ပိဘီလူမိုက်ကြီးအလား တကယ်က ဝပေသည့် ဗလမဟုတ် ဗလပွကြီး


ဒီတော့ ကာယဆရာလို ထောင်ထောင်မောင်းမောင်းတောင့်တောင့်တင်းတင်းလူတယောက်ကို

ဘယ်နိုင်နိုင်ပါ့မလဲ


ရိုက်ပေးမယ်ကတိခံထားပြီး ငွေယူထားတာမို့ ကလေးတွေတဒီဒီလာလို့

နားပူနားဆာလုပ်ရာက မတတ်သာသည့်အဆုံးမှာတော့....


ဒါရိုက်တာ- မီဒွန် မန်နူ သောမတ် (Midhun Manuel Thomas)

ကလေးသရုပ်ဆောင် ဆာရာ အာဂျွန် (sara arjun)

မာလေယာလမ်စတား ဒူလူကာ့က်ဆယ်မန် လည်း ဧည့်သည်သရုပ်ဆောင်အဖြစ်

အားဖြည့်ထားပါတယ်

.

ဇာတ်ကားကြည့်ရန်

https://t.me/kolay0001/134

.

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

.

ကိုလေး 


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

AnnMariya Kalippilaanu (2016) Pilla Rakshasi (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း)

  AnnMariya Kalippilaanu (2016)  Pilla Rakshasi (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း)  . လေးတန်းကျောင်းသူလေးက သူတို့ကာယဆရာကိုရိုက်ဖို့ လူမိုက်ငှား...

အထူး