သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Monday, May 26, 2025

Running Man ep 20

Running Man ep 20
Https://www.youtube.com/@thantunlayinde 
.
၂၀
Guests. Kim Hee-chul
.
ကီဆန်းမိုးလေဝသနှင့်ဇလဗေဒရုံးမှာကျင်းပခဲ့တဲ့ ဒီပွဲမှာ
၂၄နာရီအချိန်ပြည့်အများပြည်သူအတွက် သတင်းထုတ်ပြန်ပေးရာမို့ အသစ်သစ်သောသတင်းတွေကို အရေးတကြီးသတင်းတွေကို တက်သုတ်ရိုက်တင်ဆက်ရသည့်ဟန်နဲ့ ပထမဆုံးပြိုင်ပွဲကို ပုံဖော်ခဲ့ပါတယ်

ဒီအပိုင်းကနေ မထွက်မီ ၂၅ အထိ လစ်ဇီ'က အဖွဲ့သားတယောက်အဖြစ် ဒေါက်လျှောက်ပါဝင်မှာပါ

မိုးလေဝသသတင်းထုတ်ပြန်မှုရဲ့ ရိုက်ကူးပုံကို ကျကျနနရိုက်ပြထားတာမို့ ဗဟုသုတလည်းရ

လပ်ကီးဘောရဖို့အရေး ကွန်ဖူးပြိုင်ပွဲအလားမှတ်ရအောင် ခုန်ပျံကန်ချက်တွေနဲ့ ပြင်းပြင်းထန်ထန်ယှဉ်ပြိုင်ခဲ့ကြ

နောက်တပွဲကတော့ တယောက်နဲ့အများ
မုသားဖော်စက်ကိုအသုံးပြုလို့ ယူဂျယ်ဆော့'ကို သုံးခါလိမ်‌ဖြေအောင် အဖွဲ့သားတို့မေးခွန်းထုတ်ရမှာ

အရင်ဆုံးစက်ကို ဂျီဆော့ဂျင်း၊ ဂျီဟျို'တို့နဲ့အရင်စမ်းသပ်ခဲ့ပြီး 
ဟားဟား'ကိုစိတ်ဝင်စားနေလားဆိုတဲ့အမေးမှာ
ကျရှုံးခဲ့တဲ့ ဂျီဟျို 
သူ့မယ်လည်ဘယ်လိုဖြစ်ချေသည်မသိ ဟားဟားနဲဘပတ်သက်ရင် ဂလိုချည်းပဲရယ် (၁၅ / ၂၄)

ပြိုင်ကြရာမှာ X Man တုန်းကပုံရိပ်တွေကို စတင်အသုံးပြုခဲ့ပြီး 

အဲ့ဒီတုန်းကလူနှစ်ယောက်သိပ်ပျော်ခဲ့ကြတယ်နော်
(ယူဂျယ်ဆော့'ရဲ့ တွဲဖက် MC ကန်ဟိုဒေါင်'ကိုရည်ရွယ်‌၍)

ဟုတ်တာပေါ့ အွန်ဂျူး နဲ့ ဂျုံကု သိပ်ကြည်နူးခဲ့ကြတာပေါ့
(ဂျုံကု'က အွန်ဂျူ'ကို နားလေးသွားပိတ်ပြီး ဖြေတာကိုရည်ရွယ်)

ဆိုပြီး မေးခွန်းထုတ်လာသူ ဂျုံကု'ကို ပြန်လည်တိုက်ခိုက်ခဲ့တဲ့ 
ယူဂျယ်ဆော့ 

နောက်ဆုံးနာမည်ကတ်ခွာခြင်းမှာတော့ ပြေးသူ‌တွေရဲ့တာဝန်က RM တံဆိပ်ကပ်ထားတဲ့ ထီးလေးချောင်းရှာရမှာပါ

နောက်ဆုံးတယောက်တည်းကျန်ခဲ့တဲ့ပြေးသူအဖွဲ့က ဂျီဟျို'ကတော့ ရုပ်ရှင်ရူး ဟားဟား'နဲ့ ဇာတ်ဝင်ခန်းတခုရိုက်ကူးကာ မိတ်ဖွဲ့ခဲ့ရင်း 

(မင်းသမီးဖြစ်တာလည်းမပြောနဲ့ ‌ဟာသသဘောရိုက်တယ်ဆိုပေမယ့် ဂျီဟျို'ရဲ့မျက်လုံးတွေက သိပ်ကိုအသက်ပါတယ် တကယ်ခံစားနေရသည့်အလား သေသေချာချာကြည့်ကြည့်ဗျ)

ထပ်ဆင့်ဖမ်းမိသူ ဂယ်ရီ'ကိုပါချုပ်နှောင်လို့ မဟာမိတ်ကိုကယ်တင်ဖို့ သစ္စာဖောက်လိုက်တဲ့ ဟားဟား

နောက်ဆုံးပုန်းရတာကိုစိတ်ကုန်လို့ ဘယ်တော့မှမပုန်းလိုတော့ပဲ ကင်ဂျုံကု'နဲ့ တဖွဲ့တည်းနေလိုပါတယ်လို့ မျက်ရည်လည်ရွဲပြောဆိုကာ သူမတတ်ကျွမ်းတဲ့သရုပ်ဆောင်ပညာနဲ့ နောက်အပိုင်းအတွက် ဇာတ်ရှိန်တင်ပေးခဲ့ရင်း

လပ်ကီးဘောမရလိုက်သူ ဂွမ်ဆူ ဂျီဆော့ဂျင်း ဂျီဟျို တို့က ဘောင်းဘီတိုဝတ်ကာ မနက်ခင်းဝေလီဝေလင်းမှာ ကျန်းမာရေးအတွက်လမ်းလျှောက်ကြရင်း အပြစ်ဒဏ်ခံယူခဲ့ကြ
.
.
.
🌹 အထူးအချက်
လစ်ဇီ'အဖွဲ့သားဖြစ်လာခြင်း
ဟားဟား'နဲ့ဆို စိတ်လှုပ်ရှားတတ်တဲ့ ဂျီဟျို
၆ ယောက်မြောက် အများနဲ့တယောက်ပြိုင်ရသူဖြစ်လာတဲ့ 
ယူဂျယ်ဆော့

X Man ကပုံရိပ်တွေစတင်အသုံးပြု
ဒုတိယအကြိမ်မြောက်သစ္စာဖောက်တဲ့ ဟားဟား
ဂင်ဂျုံကုနဲ့ တဖွဲ့တည်းနေရဖို့ဝောင်ဆိုတဲ့ ဂျီဟျို
.
.
ကြည့်ရန်
Https://t.me/rmkolayinde 
.
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
.
#နှာခေါင်းနှံကောင်ဗလရုပ်ဆိုးဂျပုလပ်ကီးလောရှည်









































































အဆုံးသတ်တော့မည်

.

#နှာခေါင်းနှံကောင်ဗလရုပ်ဆိုးဂျပုလပ်ကီးလောရှည်




































































































 

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဝိညာဉ်မဲ့

  ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့်  မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့်  ညစ်ပတ်သူတို့ရဲ့ စုဝေ...

အထူး