Running Man ep 21
Https://www.youtube.com/@thantunlayinde
.
၂၁
Guest : Kim Je-dong
.
ပထမဆုံးအနေနဲ့ တနေရာတည်းမှာမဟုတ်ဘဲ ခရီးသွားရင်းပြေးရင်းလွှားရင်းရိုက်ကူးခဲ့
ဟန်ရှင်း <> ယုံဆန် <> ကွမ်မြောင်
ဘူတာရုံတွေမှာရိုက်ကူးခဲ့ပြီး
ဟန်ရှင်းဘူတာရုံမှာအစပြုကာ ယုံဆန်ဘူတာမှာ ကြားဖြတ်မစ်ရှင်ယှဉ်ပြိုင်ကြရင်း ကွမ်မြောင်ဘူတာရုံမှာ အဆုံးသတ်ရိုက်ကူး
အပိုင်း ၁၈ မှာတုန်းကလည်း ခုတ်မောင်းနေတဲ့သင်္ဘောပေါ်မှာရိုက်ခဲ့တယ်ဆိုပေမယ့် ရိုက်ကွင်းရိုက်ကွက်အားဖြင့် ကုန်တိုက်ထဲ စတူဒီယိုထဲရိုက်ကူးသလိုပါပဲ
ယခုအပိုင်းကဝောာ့ ဘူတာမှာရထားခရီးစဉ်အတိုင်းလိုက်ပါစီးနင်းရင်း ရပ်နားရာဘူတာမှာ ဆင်းလို့ဂိမ်းကစားကြပြီး ရှုံးနိမ့်တဲ့အသင်းက ကျန်ခဲ့မှာပါ
ဒါကပထမဆုံး လူထုကြားမှာကစားတဲ့ပြိုင်ပွဲပါ
အရင်ကလူထုကြားဆင်းတာက ပြစ်ဒဏ်ခံဖို့အတွက်သာ
အပိုင်း ၁၆ SNSD က ယူရီ'လာတဲ့အပိုင်းကစလို့ သုံးဖွဲ့ခွဲယှဉ်ပြိုင်တဲ့ကစားပွဲတွေကနေ ထူးခြားတဲ့အခိုက်အတန့်တွေများစွာဖန်တီးနိုင်ခဲ့တာမို့ ဒေါက်လျှောက်ဆိုသလိုအသုံးပြုလာခဲ့ရကား လေးပိုင်းမြောက်အသုံးပြုခြင်းပါ
ရှိပြီးသား လူကြီးအသင်း ကလေးအသင်းအပြင် နောက်ထပ်ဖန်တီးလိုက်တာက အငယ်ဆုံးအသင်း ဒီမှာဦးဆောင်မှာက အသက်အကြီးဆုံး လူမိုက်ဂျီ
မစ်ရှင်အနေနဲ့ စာအုပ်ဝယ်ပြီး စင်္ကြံမှားဆင်းမိလို့ ရှုံးနိမ့်သွားတာကြောင့် ဂွမ်ဆူ'တယောက် အဖွဲ့ခေါင်းဆောင်အစ်မကြီးကြိမ်းသမျှခံရပါတော့တယ် 😅
ဒုတိယပွဲကတော့ ဧည့်သည် ကင်ဂျယ်ဒုံ'ကို မစ်ရှင်အမှားပေးလို့ ၉ယောက် ၁ယောက်လှည့်စားကြရာမှာ ရှုံးနိမ့်သွားတဲ့ ကိုးယောက်အဖွဲ့
နောက်ဆုံးနာမည်ကတ်ခွာရာမှာဝောာ့ ရှေ့အပိုင်းတုန်းကတင်ထားတဲ့အတိုင်း ကင်ဂျုံကု နဲ့ ဂျီဟျို'က စပါတာအေ့'အတွဲအဖြစ် အမဲလိုက်ကြမယ့်မုဆိုးတွေပေါ့
ရှေ့အပိုင်းတွေမှာရေရေလည်လည်သစ္စာဖောက်ခဲ့တဲ့
ဟားဟား'ကတော့ ဒီအပိုင်းမှာပြန်ဝဋ်လည်လို့ ဂျီဟျို'ရဲ့ လှည့်စားခြင်းကိုခံလိုက်ရပါတယ် 😄
လပ်ကီးဘောမရသူတွေအတွက် အပြစ်ဒဏ်ကိုတော့ချက်ခြင်းမခံယူစေဘဲ နောက်တပတ် ခရစ္စမတ်အထူးအပိုင်းရိုက်ရာမှာ ဘောင်ဘီတိုဝတ်ပြီးလာရမှာပါ
.
.
.
🌹အထူးအချက်
ကင်ဂျယ်ဒုံ ဒုတိယအကြိမ်လာရောက်
ပထမဆုံးခရီးသွားရင်းရိုက်ကူးမှု
သုံးဖွဲ့ယှဉ်ပြိုင်တဲ့ ၄ပိုင်းမြောက်
စပါတာအေ့'အတွဲရဲ့အမဲလိုက်ခြင်း
သတိထားမိကြလားမသိဘူး နောက်ပိုင်းပြိုင်ပွဲပုံစံပြောင်းလိုက်ချိန်မှာ လပ်ကီးဘောရဖို့အတော်ခက်သွားတယ် လေအိုးမှာထည့်ကံမစမ်းရတော့တာတောင်ကြာပေါ့
.
.
ကြည့်ရန်
Https://t.me/rmkolayinde
.
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
.
#နှာခေါင်းနှံကောင်ဗလရုပ်ဆိုးဂျပုလပ်ကီးလောရှည်















































































































No comments:
Post a Comment