Https://www.youtube.com/@thantunlayinde
.
၉
Guests- Nichkhun , Lizzy
ဆိုးလ်မြို့ရဲယဉ်ကျေးမှုဌာနမှာကျင်းပခဲ့တဲ့ ဒီပွဲမှာ နစ်ခွန်းက ဒုတိယအကြိမ်မြောက်လာရောက်အားဖြည့်ခဲ့တာဖြစ်ပြီး အပိုင်းအားဖြင့် ၃ ပိုင်းမြောက်ပါ
လစ်ဇီ'ကတော့ နှစ်ပိုင်းဆက်ပြန်လည်ပါဝင်လာခဲဘပေမယ့် ဧည့်သည်အဖြစ်သာရှိပ်သေးတယ်
နောက်ပိုင်းမှာ ပုံစံမျိုးစုံနဲ့အသုံးပြုလာတဲ့ တယောက်နဲ့အများပြိုင်ပွဲမှာ ဒီတခေါက်အလှည့်ကျလာတာက ဟားဟား
စမ်းသပ်မှာကဉာဏ်ရည်
ဟားဟားထုတ်တဲ့မေးခွန်းတွေကို ကျန်သူတွေကဖြေရမှာဖြစ်ပြီး တဝက်ကျော်ဖြစ်တဲ့ ငါးယောက်မှန်ကန်နိုင်ရင်အနိုင်ပေးရမှာပါ
ဒီမှာတော့ ရှေ့အပိုင်းတွေတုန်းကဖြစ်စဉ်တွေကိုပြန်မေးခဲ့တာပါပြီး အပိုင်း ၁၂ ဂျွန်ကီ'ရဲ့အဖြေကို လုယူဖြေဆိုခဲ့လို့ social network မှာ ခြိမ်းခြောက်ခံရမှာတယ်ဆိုတဲ့ လီဂွမ်ဆူ'ရဲ့အဖြေကို ပြန်မေးရာမှာ ဂျီဟျို'က
"ငါကရုတ်တရက်မေးလိုက်ရင်ကြောင်သွားတတ်ပေမယ့် (အူတူတူဖြစ်သွားတတ်ပေမယ့်)
ဉာဏ်ထိုင်းတာမဟုတ်ဘူးဟဲ့ မမှတ်မိဘဲဘယ်နေပါ့မလဲ" တဲ့
ဧည့်သည်ဖြစ်တဲ့ နစ်ခွန်း'ကို အပိုင်း ၁၆ တုန်းကပါခဲ့တဲ့ ဂျီဟျို'ရဲ့ကိုယ်အလေးချိန်ကို မေးခဲ့တယ်
နောက် RMသမိုင်းမှာပထမဆုံးအဖြစ် ဟင်းချက်ပြိုင်ပွဲဖြစ်ပြီး ဒိုင်လူကြီးတွေကတော့ နိုင်ငံခြားသားတွေပါ
ဒီမှာတော့ အံ့ဩစရာ လူပျိုလူလွတ်ယောက်ျားလေးတွေချည်းပါတဲ့အဖွဲ့က အနိုင်ရသွားဝယ် ရံဖန်ရံခါမီးဖိုချောင်ဝင်ရမယ့် အိမ်ထောင်သည်တွေ မိန်းကလေးပါမယ့်အသင်းတွေအားသာသွားလိမ့်မယ်မှတ်တာ
နောက်ဆုံးပြိုင်ပွဲကတော့ ထုံးစံအတိုင်းပါပဲ
ထုံးစံမဖြစ်တာက ဖမ်းသူမုဆိုးအသင်းမှာ တယောက်တည်းကသာ အမဲလိုက်မှာပါ ဟုတ်တာပေါ့ ကင်ဂျုံကုပေါ့
ရှေ့ဆုံးပွဲမှာ ဟားဟား
ဒုတိယပွဲမှာ ဟားဟား ကင်ဂျုံကု ဂယ်ရီ နစ်ခွန်းတို့အဖွဲ့ကနိုင်လို့ လပ်ကီးဘောရကြတာဆိုတော့ ဒီနောက်ဆုံးပွဲမှာသာ
ကင်ဂျုံကု'နိုင်မယ်ဆိုရင်
လပ်ကီးဘောရသူက လေးယောက်တည်းသာမို့ ကံစမ်းနေစရာမလိုဘဲ ကျန်သူများကအော်တိုပြစ်ဒဏ်ခံရမယ့်သဘောပါ
ဒီတော့ မုဆိုးထက်သားကောင်တွေအတွက်ပိုအရေးကြီးတဲ့ပြိုင်ပွဲ
သားကောင်တို့ကဝောာ့ စက္ကူလိပ်ပန်ချီကား ၅ ချပ်ကို ရှာဖွေရမှာဖြစ်ပြီး အပိုင်း ၁၀ တုန်းကလိုပဲ ပန်းချီကားအနီးမှာ အချက်ပေးသံတပ်ဆင်ထားမှာပါ
ဒီပြိုင်ပွဲမှာဝောာ့ နောက်ပိုင်းမှာ RM ရဲ့အမှတ်အသားလိုဖြစ်လာတဲ့ သစ္စာဖောက်ဇာတ်ရုပ်စတင် သန္ဓေတည်ခဲ့ပါတယ်
ဘာကြောင့်လဲဆိုဝောာ့ ကိုယ့်အသင်းနိုင်သွားရင် အားလုံးလပ်ကီးဘောရသွားမှာဆိုဝောာ့ ကံစမ်းရအုံးမှာမို့ အပြစ်ဒဏ်လွတ်ဖို့သိပ်မသေချာဘဲ
ရှုံးခဲ့မယ်ဆိုရင် လပ်ကီးဘောရသူကလေးယောက်တည်းသာပဲမို့ ကိုယ့်အဖွဲ့ရှုံးအောင် သစ္စာဖောက်မယ့်ပလန်
ဒီစိတ်ကူးစရသူက ဟားဟား
သဘောတူညီစွာလိုက်ပါဖော်ဆောင်ခဲ့တာက ဂယ်ရီ
ဒါ့ကြောင့်ပဲ ဂျီဟျို'ရဲ့စိတ်ခုခြင်းကိုခံလိုက်ရ
.
.
🌹အထူးအချက်
နစ်ခွန်း သုံးပိုင်းမြောက်နဲ့ ဒုတိယအကြိမ်လာရောက်
နှစ်ပိုင်းဆက်ပြန်ပါလာပေမယ့် အဖွဲ့သားမဖြစ်သေးတဲ့ လစ်ဇီ
ဟားဟား'ရဲ့ ပထမဆုံးတယောက်နဲ့အများပြိုင်ပွဲ
တပိုင်းတည်းမှာ တယောက်နဲ့အများပြိုင်ပွဲနှစ်ခုကျင်းပ
ပထမဆုံးဟင်းချက်ပြိုင်ပွဲ
ပြတိုက်ထဲဝင်ပြေးရတာနဲ့ ကိုယ်စီဖိနပ်ကလေးတွေးချွတ်လက်ကကိုင်လိုပြေးနေကြတာလည်း ထူးခြားချက်ပဲ
ပြစ်ဒဏ်ခံရာမှာ ရာဇဝင်ကားရိုက်ကွင်းနဲ့အချိန်တိုက်နေတာကြောင့် ထိုရိုက်ကွင်းသို့ပဲဘောင်းဘီတိုနဲ့သွားခဲ့တဲ့ လီဂွမ်ဆူ
နောက်ပိုင်းမှာ RM ရဲ့အမှတ်အသားလိုဖြစ်လာတဲ့ သစ္စာဖောက်ဇာတ်ရုပ်စတင် သန္ဓေတည်ခဲ့ခြင်း
ထိုဇာတ်ရုပ်ကိုအသက်သွင်းခဲ့သူက ဟားဟား
.
.
ကြည့်ရန်
Https://t.me/rmkolayinde
.
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
.
#နှာခေါင်းနှံကောင်ဗလရုပ်ဆိုးဂျပုလပ်ကီးလောရှည်


























































No comments:
Post a Comment