သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Sunday, May 25, 2025

Running Man ep 18


Running Man ep 18
Https://www.youtube.com/@thantunlayinde 
.
၁၈
.
ရှိုးစတင်ကတည်းက ပထမဆုံးအနေနဲ့ ဆိုးလ်မြို့ဧရိယာပြင်ပမှာ ရိုက်ကွင်းတည်ခဲ့တာဖြစ်ပြီး သွားမယ်သွားတော့ ဘူဆန်ကမ်းခြေအထိရောက်ရှိသွားပါတယ်

ဒီမှာ ဘူဆန်သူ လစ်ဇီ'က ဧည့်သည်အဖြစ်ပါဝင်ခဲ့ပြီး ဒီအပိုင်းကနေစလို့ မထွက်ခွာမီ အပိုင်း ၂၅ အထိဇက်တိုက်ပါဝင်ခဲ့ပါတယ်

ကမ်းရိုးတန်းတမ်းမြို့မှာဆိုတော့ အများအားဖြင့်ကမ်းခြေသဲသောင်ပြင်မှာရိုက်လိမ့်မယ်လို့ထင်နိုင်ကောင်းရဲ့မဟုတ်ဘူးဗျ သင်္ဘောပေါ်မှာ

မိတ်ဆက်ပြီးလို့ သင်္ဘောပေါ်တက်လို့ ကစားပွဲမစတင်မိမှာပဲ သင်္ဘောက ဘူဆန်ဆိပ်ကမ်းကခွာလို့ နောက်တနေ့ ဂန်အမ်းဆိပ်ကမ်းမှာဆိုက်ကပ်ရာမှာ ကစားပွဲအဆုံးသတ်မှာပါ

ပထမဆုံးပွဲမှာ
မစ်ရှင်ပေးအပ်သူက PD တွေမဟုတ်ဘဲ မာလိန်မှူးကြီး

ရှေ့မှာ အပြန်အလှန်လှည့်စားမှုတွေ နည်းပေါင်းစုံအသုံးပြုအပြီးမှာ ဒီအပိုင်းမှာတော့ ပေါ်တင်ကိုပြောပြလာတယ်

ဒီပြိုင်ပွဲမှာမအောင်အောင်တမင်လုပ်မယ့် လူဆိုးတယောက်ပါတယ် ယှဉ်ပြိုင်နေရင်းက မသင်္ကာသူကို ကိုယ့်ဖာသာပဲစောင့်ကြည့်လို့ မဲပေးရွေးချယ်ရင်း လူဆိုးကိုဖော်ထုတ်ရမယ် 
မဲအများဆုံးသူက လူဆိုးမဟုတ်ခဲ့ရင် လူဆိုးအနိုင်ရပါလိမ့်မယ်

ဒီမှာရည်ညွှန်းချက်ပါတဲ့သီချင်းကို စက္ကန့် ၁၀၀ အတွင်းသီဆိုရမှာဖြစ်ပြီး ရှုံးနိမ့်ချိန်တွေမှာတော့ လေထိုးပလပ်စတ်တူတွေနဲ့အဆော်ခံရမှာပါ

လှိုင်းမူးလို့တမျိုးဖြစ်နေ့တဲ့ ဂျွန်ကီ'ကို လွဲမှားစွာအာရုံစိုက်မိနေကြရင်က လူဆိုးဂျီဟျို'က သံသယတွေကိုရှောင်တိမ်းလို့ ပါးနပ်စွာအနိုင်ရရှိ

ဒါကပေါ်တင်ထုတ်ပြောတဲ့ ပထမဆုံးပြိုင်ပွဲမှာ 
ပထမဆုံးအောင်နိုင်အောင်စွမ်းဆောင်နိုင်ခြင်းပါ

ဒုတိယပွဲကတော့ နာမည်ကျော်သ‌င်္ဘောပေါ်ကအချစ်ဇာတ်ကားတွေကိုနည်းယူလို့ ဇာတ်လမ်းတိုလေးသရုပ်ဆောင်ကြမှာ

ဒီပွဲမစတင်မီမှာ ဟားဟား'ကို ဟားရိုရို'ဆိုတဲ့အမည်လေး 
ယူဂျယ်ဆော့'က ပထမဆုံး ကင်မွန်းတပ်‌ပေးခဲ့ပါတယ်

ဒီအပိုင်းလို့ဆိုလိုက်တာနဲ့ အများစုက 
ဂျွန်ကီ'နဲ့ ဂျီဟျို'တို့ရဲ့ တိုင်တန်းနစ်စတိုင် love scene 
ဂယ်ရီ'ရဲ့ အူတိုမှုသဏ္ဍာန်နဲ့ မတော်တဲ့လက်စွပ်ကိုဖြဲယဲဝတ်ပေးလို့ ချစ်ခွင့်ပန်တဲ့ဟန်ပန်ကို ပြေးမြင်ကြလိမ့်မယ်ထင်တယ်

အမှန်က ဒီလိုအရာတွေနဲ့အပြိုင် တယောက်တည်းဇာတ်ကွက်အပြိုင်ဖော်ဆောင်လို့ ပြသချိန်တွေချိန်ညှိသွားတဲ့ ဟားဟား'ရဲ့အစွမ်းကလည်း မှတ်တမ်းပြုဖို့ လိုကိုလိုပါတယ်

သူလုပ်သွားတာတွေက ပေါ့ပါးတယ် ခြားနားတယ်
တဖက်မှာ သိပ်ရိုနေတာ သိပ်အူတိုနေတာတွေနဲ့ 
ဇာတ်ကားသဏ္ဍာန်ဖြစ်လို့ ရှိုးရဲ့ရည်ရွယ်ရာနဲ့လမ်းကြောင်းသွေဖီသွားနိုင်တာတွေက 

သူထလိုက်ရင် တကွက်ဆိုတကွက် ရှိုးရဲ့မူလဘူတရည်ရွယ်ရာကို ကွက်ကွက်ကွင်းကွင်းပေါ်လာစေတာ

ရွေးကြတော့ ဘယ်သူ့မှရွေးဘူးဗျာတဲ့
သရုပ်ဆောင်တော့ကော ဘယ်သူမှမတွေးမိတဲ့ပုံစံ

ယူဂျယ်ဆော့'အတွက် step by step သံစဉ်ကို ဒီအပိုင်းမှာစသုံးခဲ့ပြီး သူ့ရဲ့အကစွမ်းရည်ကိုလည်း ဒီအပိုင်းမှာပဲ စတင်ပြသခဲ့ပါတယ်

အားလုံးကမစ်ရှင်ကိုပဲအာရုံစိုက်လို့ ယှဉ်ပြိုင်နေကြချိန်မှာ အိမ်ကမယားဆီစိတ်ရောက်နေတဲ့ ကိုနှာခေါင်းကြီး

ကျွန်ဝောာ်က သရဲကားကြည့်ရင်တောင် 
နေစရာမရှိအောင်ကြောက်တတ်သူတယောက်
အမြင့်‌တက်ရင် ဒူးတုန်နေအောင် 
ရင်တုန်ပန်းတုန်လှုပ်ခတ်နေသူတယောက်
ဒါကြောင့်ရဲ့ရင့်သူတယောက်နဲ့ အမြဲအတူရှိချင်ပါတယ်ဆိုတဲ့
ကဗျာဆန်ဆန်စာသားနဲ့ ဂျွန်ကီ

လူတိုင်းကတနင်္လာနေ့ကိုမုန်းကြတယ် လွတ်လပ်ခြင်းတွေ အေးဆေးသက်သာအနားယူရခြင်းတွေကနေ ဆွဲခေါ်တတ်လို့တဲ့လေ ဒါပေမယ့်ကိုယ့်ကတော့ ထိုနေ့ကိုမျှော်တွေးလို့ ပျော်နေရသူပါဆိုတဲ့ ဂယ်ရီ

ဒီလိုဖွင့်ဟဝန်ခံချက်တွေအပြီး မိန်းကလေးတို့ပြည်လည်ရွေးချယ်ခံရသူတို့အတွက် မီးရှူးမီးပန်းတွေတောင်ဖောက်ပေးခဲ့တာရယ် အတော့်ကို့ထူးထူးခြားခြားပဲ 
RM မှာမြင်တွေ့ခဲလှတဲ့ PD တို့ရဲ့ရက်ရောမှုမဟုတ်လား 😄

နောက်ဆုံးနာမည်ကတ်ခွာခြင်းအတွက် လူခွဲအပြီး ပြေးသူများအတွက် ရတနာမြေပုံအပိုင်းအစလေးခုကို သင်္ဘောရဲ့လေးထပ်စလုံးကနေရှာဖွေလို့ နောက်ဆုံးမာလိန်မှူးဆီအပ်ကာ အနိုင်ယူနိုင်ကြောင်းတာဝန်ပေးအပ်အပြီး 

သန်းခေါင်ကျော် 00:30 မှာ အဖွဲ့သားအားလုံးကို ဖန်သားပြင်ထက်မှာ တရားဝင်အနားယူစေကာ နောက်တနေ့မနက် ဥဩဆွဲချိန်မှာပြိုင်ပွဲပြန်စမယ်လို့ အသိပေးရပ်နားခဲ့

အိပ်ဆက်နေစဉ်ခုတ်မောင်းလာခဲ့တဲ့သင်္ဘောကြီးဟာ
မနက် 6:30 မှာ ဥဩဆွဲလို့ပြန်လည်စတင်ခဲ့ပြီး
ပင်လယ်ဓားပြဝတ်စုံနဲ့ဖမ်းသူမုဆိုးတွေ

ရှေ့အပိုင်းတွေရဲ့စနက်အတိုင်း သားကောင်ပြန်ဖြစ်လို့ အနိုင်ကျင့်ခံနေရတဲ့ ဖမ်းသူမုဆိုးကလေးနဲ့

ရုန်းရင်ဆံခတ်ဖြစ်ချိန် အခွင့်သာတုန်း ဂျုံကု'ရဲ့ဆံပင် ဝင်ဆွဲသွားတဲ့ ဂျီဟျို 

ဒါက ဂျုံကုအတွက် အပိုင်း ၁၄ လှည့်စားသူလုပ်တုန်းက တမင်မှားဆိုလို့ အရိုက်ခံလိုက်ရအပြီး ဒုတိယအကြိမ်မြောက်ပါပဲ

နောက်ဆုံးအပြစ်ဒဏ်ခံယူကြရာမှာတော့
ဂန်းအမ်းဆိပ်ကမ်းမှာ ဘောင်ဘီတိုဝတ်လို့ နိုင်ငံတကာခရီးသွားများကို ကြိုဆိုရမှာဖြစ်ပါတယ်
.
.
🌹 အထူးအချက်
ပထမဆုံးဆိုးလ်မြို့ဧရိယာပြင်ပရိုက်ကွင်း
ပထမဆုံး PDတို့မဟုတ်တဲ့ မစ်ရှင်ပေးသူ
ပထမဆုံးလူဆိုးရှိတယ်ဆိုတာအသိပေးလိုပြိုင်စေခြင်း

ပထမဆုံး ဟားရိုရို'ဆိုတဲ့အမည်ရ
ပထမဆုံး ယူဂျယ်ဆော့ရဲ့ step by step သံစဉ်နဲ့အကစွမ်းရည်

ယှဉ်ပြိုင်နေစဉ်အတွင်း ပထမဆုံးအိပ်ဆက်ခွင့်ပေး
ပထမဆုံးခုတ်မောင်းနေတဲ့ရေပြင်သင်္ဘောပေါမှာကစား
ပထမဆုံးပင်လယ်ဓားပြဝတ်စုံ
.
.
ကြည့်ရန်
Https://t.me/rmkolayinde 
.
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
.
#နှာခေါင်းနှံကောင်ဗလရုပ်ဆိုးဂျပုလပ်ကီးလောရှည်






























































 

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဝိညာဉ်မဲ့

  ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့်  မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့်  ညစ်ပတ်သူတို့ရဲ့ စုဝေ...

အထူး