ကိုလေး ☆ အင်းတဲ

ကိုလေး ☆ အင်းတဲ
Than Tun Lay .INDE

Saturday, February 15, 2025

 Yashoda (2022) (ဇာတ်ကား🖊 တွေး၊ညွှန်း)


 Yashoda (2022)

.

ဒီကားကြည့်ပြီး ဆရာမင်းသိင်္ခပြောဖူးတာလေးသွားသတိရတယ်

'မမင်းဖြူမှန်မှန်ပြော' ဝတ္ထုထဲက မိုးသီး'ကို ဆားပုလင်းနှင်းမောင်'က ဖမ်းတဲ့အခန်းပါ


နှင်းမောင်'က ကမ်းစပ်မှာရေပြင်ကျောပေးလို့ ဆေးလိပ်ဖွာနေတယ်

မိုးသီး'က ပုခုံးကိုပုတ်လို့ လှည့်လာတာနဲ့ တချက်ထဲမျက်နှာကိုထိုးချလိုက်မယ်ပေါ့


ဒီလိုအလွယ်တကူအထိုးခံရရင် နှင်းမောင်' လောက်ညံ့တဲ့ပလိပ်ဘယ်ရှိပါတော့မလဲ

ဒီတော့ပုတ်သူက မိုးသီး'ပဲဖြစ်ရမယ်လို့ကြိုတင်တွက်ဆထားတဲ့ နှင်းမောင်'က

ချက်ခြင်းမလှည့်ပဲ ရှေ့တလှမ်းတိုးလို့ ခုန်ပြီးခြေနဲ့ဝိုက်ကန်မယ်ပေါ့


ဒီလိုလှည့်ကန်ရုံနဲ့ လွယ်လွယ်လေးလဲကျကြေးဆိုရင် ထိပ်သီးလူမိုက်ပါလို့အမည်ခံထားတဲ့

မိုးသီး'က ငပေါသာသာဖြစ်သွားမှာပေါ့

ဒီတော့ ဒီလိုငပေါမျိုးကို သေသေချာချာကြီးအကွက်ချဖမ်းနေရကတည်းက 

ဖမ်းနေရတဲ့ နှင်းမောင်'လည်း ငတုံးစုံထောက်လုံးလုံးဖြစ်သွားမှာပေါ့


ဒီတော့ ဒီလိုပတ်ကန်လိမ့်မယ်ဆိုတာကြိုတင်တွက်ဆထားပြီးဖြစ်၍

နောက်တလှမ်းဆုတ်လို့ နှင်းမောင်'ရဲ့ ဝမ်းဗိုက်ဆီလက်သီးနှစ်လုံးပြစ်သွင်း


ဒီလိုနောက်ဆုတ်ပြီး တန်ပြန်တိုက်မယ်ဆိုတာကို ကြိုတင်တွက်ဆထားသော

နှင်းမောင်'က လေမှာတပတ်လှည့်လို့ ဘယ်ခြေနဲ့ ဇက်ပိုးကိုရိုက်ချ


ဒီလိုရိုက်ချမယ်ဆိုတာ ကြိုတင်တွက်ဆထားပြီးသော မိုးသီး'က လက်နဲ့ကာ

ဒီလိုကာမယ်ဆိုတာ ကြိုတင်တွက်ဆထားပြီးသော နှင်းမောင်' ပင့်ထိုး

ဒီလိုဒီလိုနဲ့ စာကြောင်းရေသာများများလာပြီး အဆုံးမသတ်နိုင်ဘဲ လည်နေပါလေရောတဲ့


ဒီကားကလည်း ဒီလိုပါပဲ ဇာတ်ကားနာမည်က Yashoda ဆိုပေမယ့်

ကိုယ်တော့ 'ကြိုတင်တွက်ဆထားပြီးသော'လို့ပဲ အမည်ပေးချင်တယ်ရယ်


ဒါရိုက်တာ : ဟာရေ့ရှ် နာရာယမ် (Hareesh Narayan)

                  ကေ ဟာရီ ရှန်ကာ (K. Hari Shankar)


မင်းသမီး : စမန်သာ ရုသ် ပရက်ဘူ (Samantha Ruth Prabhu)

                   ဗာရာလက်ချ်မီး ဆာရာကူမာရ် (Varalaxmi Sarathkumar)

.

ဇာတ်ကားကြည့်ရန်

https://t.me/koloneypoei/307

.

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

.

သန်းထွန်းလေး ☆ အင်းတဲရွာ

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

AnnMariya Kalippilaanu (2016) Pilla Rakshasi (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း)

  AnnMariya Kalippilaanu (2016)  Pilla Rakshasi (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း)  . လေးတန်းကျောင်းသူလေးက သူတို့ကာယဆရာကိုရိုက်ဖို့ လူမိုက်ငှား...

အထူး