ကိုလေး ☆ အင်းတဲ

ကိုလေး ☆ အင်းတဲ
Than Tun Lay .INDE

Saturday, February 15, 2025

Picket 43 (2015) (ဇာတ်ကား🖊 တွေး၊ညွှန်း)


 Picket 43 (2015) 

.

စည်းရိုးအမှတ် ၄၃ တဲ့ ဇာတ်ကားအမည်လေးကထူးထူးဆန်းဆန်း

မာလေယာလမ်ကားဖြစ်သည့်အတိုင်း ဇာတ်လမ်းတည်ဆောက်ပုံကလည်းဆန်းတယ်


တနိုင်ငံနဲ့တနိုင်ငံ နယ်ခြားစည်းတွေက ဂိတ်တံခါးတွေဟာ ကိုယ်စီသင်္ကေတတွေနဲ့ပေါ့

တရားမဝင်လာရောက်နေထိုင်သူတွေကြောင့် မြင့်မားခိုင်ခံ့တဲ့ မက္ကစီကိုနဲ့အမေရိကန်ကြားက

နိုင်ငံကြီးတခုရဲ့ အတ္တကိုအရောင်တင်လို့ ခိုလှုံချင်သူတွေအတွက် 

အာဏာစက်နဲ့ ခြောက်လှန့်နေသလိုလို ကြောက်လန့်သွားစေသလိုလို 


ကျွန်တော်တို့ရဲ့ နယ်ခြားဂိတ်တံခါးတွေကြည့်ပြန်တော့ လိုတမျိုး မလိုတမျိုး 

ဖွင့်ချည်ပိတ်လှည့် မသာမာမှုလနိုင့်ထက်ကလူပြုတတ်တဲစိနကြီးရဲ့ ဂိတ်တံခါးတွေလို


ထိုနည်းတူစွာ အိန္ဒိယမှာလည်း နယ်မြေပိုင်းခြား စည်းပေါင်းများစွာပေါ့

တချို့ကလည်းခန့်ခန့်ငြားငြား အခမ်းအနားနဲ့ဖွင့်ကြလှစ်ကြ ကြည်နူးစရာ


ဒါပေမယ့် ကက်မီးယားရဲ့တနေရာ ရေခဲပြင်တို့လွှမ်းမိုးရာမှာတော့

နိုင်ငံ့အတွင်း ခိုးဝင်ဖျက်စီးသူတွေရန်ကကင်းစေဖို့စောင့်ကြည့်ရတဲ့ စခန်းတခု အမှတ်-၄၃ တဲ့ 

ခဲတပြစ်အကွာမှာတော့ တဖက်နိုင်ငံက သူ့လိုစခန်းတခု


ဒီမှာတော့ ခမ်းနားဖို့ဝေးလို့ မြေစိုက်တဲမှာ စစ်သည်တဦးခွေးတကောင်သာ

ကျွမ်းကျင်တဲ့စစ်သည်တွေတောင် ရန်သူတွေရဲ့စီးနင်းပစ်ခတ်မှုကြောင့် 

ခန္ဓာစဲရသည်ကခဏခဏမို့ မရဏစခန်းတခုလို


ဒီလိုသူစိမ်းသူနဲ့ ရန်ပြုလိုသူရဲ့မလှမ်းမကမ်းက အစောင့်စစ်သည်တယောက်ရဲ့ဘဝနဲ့တန်ဖိုးကို

Director: မေဂျာ ရာဗီး ( Major Ravi) ကရိုက်ကူးပြီး



ပရီသဗီရာဂျ် ဆူကူမာရန် (Prithviraj Sukumaran)

ဂျာဗစ် ဂျာဖရီ (Jaaved Jaaffrey) တို့က သရုပ်ဆောင်ထားတာပါ


ဒီဇာတ်ကားလေးနဲ့ ယခုကာလ 

စခန်းအတွက် ရပ်ရွာအတွက် မြို့ပြအတွက် စောင့်လျှောက်ကာကွယ်ပေးခဲ့ကြတဲ့ ပေးနေကြတဲ့ 

လုံခြုံရေးကင်းညီကိုတွေကို ဂုဏ်ပြုဦးညွှတ်ပါရစေ...

.

ဇာတ်ကားကြည့်ရန်

https://t.me/koloneypoei/2345

.

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

.

သန်းထွန်းလေး ☆ အင်းတဲရွာ

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

AnnMariya Kalippilaanu (2016) Pilla Rakshasi (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း)

  AnnMariya Kalippilaanu (2016)  Pilla Rakshasi (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း)  . လေးတန်းကျောင်းသူလေးက သူတို့ကာယဆရာကိုရိုက်ဖို့ လူမိုက်ငှား...

အထူး