ကိုလေး ☆ အင်းတဲ

ကိုလေး ☆ အင်းတဲ
Than Tun Lay .INDE

Saturday, February 15, 2025

 Munjya (2024) (ဇာတ်ကား🖊 တွေး၊ညွှန်း)


 Munjya (2024)

.

သရဲကားဆိုပေမယ့် တွေ့နေကြအိန္ဒိယသရဲကားတွေနဲ့ သိသိသာသာကွဲထွက်နေပါတယ်

အကြမ်းပတမ်း ရည်ရွယ်ချက်မဲ့လျှောက်ခြောက်နေတာမျိုးမဟုတ်ဘဲ

ဆန္ဒတခုအပေါ်အခြေခံလို့


ဇာတ်လမ်းလေးက အတိတ်ကစတယ်

၁၂ နှစ်အရွယ်ကောင်လေတယောက်က သူ့ထက်ကြီးတဲ့အမျိုးသမီးကိုစွဲလမ်းမိရင်း

သူမ မင်္ဂလာဆောင်တော့မယ်လို့ သိလိုက်ချိန်မှာ

အစီအရင်တွေပြုလို့ အောက်လမ်းပညာနဲ့ စိုးပိုင်ဖို့ကြိုးစားရာက

စည်းပေါက်လို့ သေပွဲဝင်သွားရပါတယ်


ဒါပေမယ့် စွဲလမ်းစိတ်နဲ့ အမှောင်ဖုံးချိန် ခန္ဓာစဲခဲ့ရသမို့

မကျွတ်မလွတ်နိုင်ဘဲ အစီအရင်ပြုရာနေရာမှာပဲ မိစ္ဆာတကောင်အလား

သူ့ဆန္ဒပြည့်စုံဖို့ တတောင်းတတနဲ့ မွတ်သိပ်မှုက 


တတိယမျိုးဆက်တယောက် သူ့နေရာရောက်လာချိန်မှာ

စီးဝင်ပူးကပ်လို့ လိုက်ပါခဲ့ရင်း သူ့ရဲဆန္ဒတွေပြည့်အောင် ဖြည့်စည်းခိုင်းရာက


အတိတ်ကချစ်ဦးသူက အိုမင်းရွတ်တွနေပြီမို့ မြေးမလေးမြင်ခိုက် 

ရမက်ဇောကြွလို့ ဘဝင်လှိုက်အောင်ချစ်ခင်စုံမက်သွားတဲ့ ပီဘိကလေးနှာဘူးသရဲ


ဒီလိုနဲ့ တဏှာရင့်သန်လွန်းတဲ့ အနှီးသကောင့်သားလေးကို ချေဖျက်ဖို့ရာကြံစည်ကြရင်း

ဝိဉာဥ်ပြောင်းထားတဲ့ဆိတ်မကိုသတ်လို့ ဇိဝိန်ချုပ်ဖို့အလုပ် လွတ်ထွက်သွားရာက


အခြားသောခန္ဓာတွေကို လှည့်လည်ပူးကပ် ချုပ်နှောင်ရာသစ်ပင်ဆီပြန်အရောက် 

အခြားသူတွေကို ပူးဝင်နှောက်ယှက် ရက်စက်စွာမနှိပ်ဆက်နိုင်ဖို့ ကျိုးစားကြရင်း..


ဒီကားကို 

Director: အာဒိသရ ဆာပေါ့ဒါ ( Aditya Sarpotdar)

ဗစ်တူ : အာဘဟေး ဗာရ်မာ (Abhay Verma)

လိုင်လာ : ရှာဗာရီ ဝပ်ဂျ် (Sharvari Wagh)

.

ဇာတ်ကားကြည့်ရန်

https://t.me/koloneypoei/2498

.

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

.

သန်းထွန်းလေး ☆ အင်းတဲရွာ

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

AnnMariya Kalippilaanu (2016) Pilla Rakshasi (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း)

  AnnMariya Kalippilaanu (2016)  Pilla Rakshasi (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း)  . လေးတန်းကျောင်းသူလေးက သူတို့ကာယဆရာကိုရိုက်ဖို့ လူမိုက်ငှား...

အထူး