သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Saturday, February 15, 2025

Minmini (2024) (ဇာတ်ကား🖊 တွေး၊ညွှန်း)


 Minmini (2024)

.

ဒီကားလေးက ဟိမဝန္တာတောင်တန်းတွေဆီ ဆိုင်ကယ်လေးစီးလို့

တကိုယ်တည်း လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးခရီးထွက်ရတဲ့ခံစားချက်မျိုးပေးနိုင်ပါတယ်


ဇာတ်ကားအစ အစောပိုင်းမှာကတည်းက ကောင်လေးတယောက်သေသွားတယ်

ဒါပေမယ့် သူ့နှလုံးသား သူ့စိတ်ကူးတွေ ရည်ရွယ်ချက်တွေ ဟန်ပန်တွေက 

ရှင်သန်နေတုန်း လှုပ်ရှားနေတုန်း


ဇာတ်လမ်းလေးက မိဘမဲ့ဂေဟာမှာကောင်လေးတယောက်ရှိတယ်

ဉာဏ်ကောင်းပေမယ့် ကျောင်းစာထက် အားကစားမှာပိုပျော်မွေ့လို့

အထူးသဖြင့် ဘောလုံးမှာပေါ့


သူကပေါ့ပါးတယ် လွတ်လပ်တယ် ဘဝရည်မှန်းချက်ကအစပေါ့

ဆရာဝန် အင်ဂျင်နီယာ ရုပ်ရှင်မင်းသားမင်းသမီးဖြစ်လိုသူတွေကြား

သူကတော့ရှင်းရှင်း #ဟိမဝန္တာတောင်တန်းတွေဆီဆိုင်ကယ်နဲ့သွားလိုတယ် တဲ့


နောက်မှရောက်လာတဲ့ကောင်လေးက ရွံ့တွန့်တွန့်သိမ်သိမ်ငယ်ငယ်နဲ့

တလောကလုံးကဝန်မှန်သမျှထမ်းထားရသလိုလို လွပ်လပ်ခြင်းကိုမသိသလိုလို

ပေါ့ပါးခြင်းကိုမသိသလိုလိုမို့ သူ့လိုပျော်စေချင်တယ် 

ဘဝကိုစိတ်လက်ပေါ့ပါးစွာဖြတ်သန်းစေလိုတယ်


ဒီတော့မိတ်ဖွဲ့တယ် အဆင်မပြေ

မတုန်မလှုပ်ခံစားမှုကင်းမဲ့သူလို့ လွန်ကဲတဲ့အဆိုးမြင်မှုတွေနဲ့မပျော်ရွှင်နိုင်သူလို

လူငယ်တယောက်ရဲ့ဟန်ပန်မျိုးမရှိတာမို့ 

စိတ်ထွက်ပေါက်အလို့ငှာပွင့်အံကျလာစေဖို့ ဖွင့်ထုတ်ဖောက်ခွဲပြစ်နိုင်ဖို့ စ'တယ်


တရားလွန် စ'တယ် 

အနိုင်ကျင့်တယ်

တမင်နှောက်ယှက်တယ် သို့တိုင်သူကမတုန်လှုပ်ကြောက်ရုပ်လို သည်းခံလို့မတုန့်ပြန်


ဒီလိုနဲ့ သူ့တို့ကျောင်းကလေ့လာရေးခရီးအထွက်မှာကားမှောက်လို့

အဲ့ကောင်လေးကိုကယ်တင်ရင်းက ဆုံးပါးအသက်စတေးသွားခဲ့ရတယ်


ဒီတော့ သူ့ရဲ့ဖြည့်စည်းခွင့်မရလိုက်တဲ့ဆန္ဒကို ဖြည့်စည်းပေးလိုဆန္ဒနဲ့

ငူငူငိုင်ငိုင်ကောင်လေးက သူ့နည်းအတိုင်းသူစတိုင်လိုနေထိုင်ရင်း

သူ့ရည်ရွယ်ရာအောင်မြင်အောင် ကိုယ်စားလုပ်ဆောင်ရင်းက


ပြန်ပြောပါရစေ.. ကောင်လေးတယောက်သေသွားတယ်

ဒါပေမယ့် သူ့နှလုံးသား သူ့စိတ်ကူးတွေ ရည်ရွယ်ချက်တွေ ဟန်ပန်တွေက 

ရှင်သန်နေတုန်း လှုပ်ရှားနေတုန်း


Director: ဟာလီသ ရှမီ (Halitha Shameem)

.

 ဇာတ်ကားကြည့်ရန်

https://t.me/koloneypoei/2675

.

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

.

သန်းထွန်းလေး ☆ အင်းတဲရွာ


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဝိညာဉ်မဲ့

  ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့်  မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့်  ညစ်ပတ်သူတို့ရဲ့ စုဝေ...

အထူး