ကိုလေး ☆ အင်းတဲ

ကိုလေး ☆ အင်းတဲ
Than Tun Lay .INDE

Saturday, February 15, 2025

ပတ္တမြားမှန်က နွံမှာနစ်သော်လည်း မညစ်


 ပတ္တမြားမှန်က နွံမှာနစ်သော်လည်း မညစ်

.

ဒီစကားပုံလေးကို အားလုံးကြားဖူးတွေ့ဖူးကြပါလိမ့်မယ်

အပြည့်အစုံမဟုတ်ဘဲ တပိုင်းတစသိထားသူပိုများလိမ့်မယ်ထင်တယ်


"ပတ္တမြားမှန် နွံမနစ်" ရယ်လို့လေ

နစ်သော်လည်း"ဆိုတဲ့ ဝေါဟာရလေးပြုတ်လို့ပေါ့


လက်တွေ့သုံးသပ်ကြည့်ပြန်တော့လည်း ပတ္တမြားကိုနွံမှာနှစ်ကြည့်ပေါ့ မနစ်ဘဲဘယ်နေပါ့မလဲ

ဒါပေမယ့် ပိတ်စတွေလို သူ့ရဲ့မူလအရောင်ကိုဖုံးလွှမ်းသွားအောင် လျှော့ပါးသွားအောင် 

အဲ့နွံတွေက မစွမ်းဆောင်နိုင်ပါဘူး စကားပုံကဒီသဘောပါ


ဘာကွာသွားလည်းဆိုတော့ "ပတ္တမြားမှန် နွံမနစ်" ဆိုတာက 

ကိုယ်မှန်တယ် သင့်တော်တယ် ကောင်းတယ်ထင်ရင် ဘယ်သူဘာပြောပြော ဂရုစိုက်စရာမလို 

လုပ်မြဲအတိုင်းသာလုပ် ကိုယ်မှန်ရင်ပြီးရော တချိန်သူတို့သိသွားကြလိမ့်မယ် ဒီသဘောပေါ့


နစ်သော်လည်း"ဆိုတဲ့ ဝေါဟာရလေးပါတာက 

ဒီလိုဘေးတီးတာ လှော်တာ တွန်းချတာ အပုတ်ချတာ ဝိုင်းနှစ်ကြတာတွေကြောင့် တဒင်္ဂမျှတော့

သင့်စွမ်းရည် သင့်အရည်ချင်း သင့်ကျိုးစားမှုတို့ 

အရာမထင်အသိမှတ်ပြုမခံရတာမျိုးရှိနိုင်သော်လည်း


သူတို့ပြောတာတွေကို ဆင်ခြင်သုံးသပ်လို့

မှားယွင်းတဲ့စွပ်စွဲမှုတွေဆိုဖြေရှင်း (လက္ခံတာမခံတာတော့ သူ့အပိုင်းပေါ့)


မှန်ကန်တယ်ဆိုရင် ပြုပြင်လို့ ကိုယ့်အရည်အချင်းတိုးတက်အောင် ကျိုးစားဖြည့်စည်းရင်

သင့်မှာလုံလောက်တဲ့ပညာနဲ့ အားထုတ်မှုမလျော့ပါးရင် 

ထိုနွံတွင်းက တဒင်္ဂမျှနစ်သည့်တိုင် ညစ်သွားအောင်မစွမ်းနိုင်ပါဘူး


ဒါမျိုးကိုပြောတာပါ 

ပတ္တမြားမှန်က နွံမှာနစ်သော်လည်း မညစ်" ဆိုတာ

.

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

.

သန်းထွန်းလေး ☆ အင်းတဲရွာ

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

AnnMariya Kalippilaanu (2016) Pilla Rakshasi (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း)

  AnnMariya Kalippilaanu (2016)  Pilla Rakshasi (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း)  . လေးတန်းကျောင်းသူလေးက သူတို့ကာယဆရာကိုရိုက်ဖို့ လူမိုက်ငှား...

အထူး