Running Man ep 131 အား ခွဲခြမ်းစိတ်ဖြာကြည့်ခြင်း
.
ပထမဆုံးအနေနဲ့ RM'သမိုင်းမှာ အစောဆုံးစတင်မှုဖြစ်တယ်ရယ်လို့
အဖွဲ့သားတို့ရေရွတ်ကြတဲ့အထိ
စချိန်က မနက် ၄'နာရီ
ဂိတ်တံခါးဝမှာပဲ အဖွဲ့သားတွေကိုရပ်တန့်စေလို့ တယောက်ချင်းစီဝင်စေတယ်
ဒီလိုဆိုလိုက်ရင်အားလုံးလဲ သဘောပေါက်မှာပါ တယောက်ချင်းပြိုင်ပွဲဆိုတာ
နံရံတနေရာမှာတော့ ဆုကြေးနဲ့အတူဖမ်းဝရမ်းထုတ်ထားတာတွေ့ရတယ်
ထို့နောက် ဧည့်သည်တွေကိုကြေညာတော့ အားလုံးမင်သက်ထိတ်လန့်မိသည်အထိ
လက်ဝှေ့အကျော်ဒေးယျတွေ "ချူဆန်ဟွမ် နဲ့ လီဆီယောင်း "
ဒီလိုဧည့်သည်တွေကို ပထမဆုံးပွဲစဥ်မှာပဲ ပွဲထုတ်ခဲ့ပါတယ်
ဒုတိယပွဲ
.
ဒုတိယပွဲကတော့ ဉာဏ်ရည်စမ်းသပ်တာ
ဒီမှာအထူးဖြစ်သွားတာက ဂယ်ရီနဲ့ဂွမ်ဆူ
အက္ခရာတွေကို စာလုံးပေါင်းလို့ ကလေးများလို ကျကျနနရွတ်ဆိုပြတော့ ပွဲကျပေါ့
ဂွမ်ဆူကတော့ အရှုံးပေးပါတယ်လို့ Pd အဖွဲ့ကိုတောင်းဆိုရတဲ့အထိ
ဆင်ကျီစားရာဆိတ်မခံသာဖြစ်နေတာရယ်
သူ့ရဲ့အကျွမ်းကျင်ဆုံးပညာဖြစ်တဲ့ အသက်ပါပါရှုံးနိမ့်တတ်မှုကို
ရယ်ရင်းမောရင်း ကရုဏာသက်စေရင်း ရသနှစ်ခုကိုပိုင်နိုင်စွာ
မျက်နှာ သာမက အမူအရာ စကားလုံးတွေနဲ့ လှလှပပပြသနိုင်ခဲ့တယ်
ဒီလောက်ခံခဲ့ရတာတောင်
နိုင်သွားပြန်တော့တဖက်သားကို ဆွတတလှောင်လှောင်တောင်ပြုလို့ သွားစ'နေသေးတာရယ် 😁
ယူဂျယ်ဆော့'ကတောင် ဒီတပတ်မင်းနိုင်တာ ဆေးဖိုးနဲ့လောက်ပမလားကွလို့ ပြောတဲ့အထိ
တတိယပွဲ
တတိယပွဲကတော့ အားကစားသမားတို့အကြိုက်ပေါ့
ရွှံ့ကွင်းကနဘမ်းပွဲ ဒီမှာတော့ ပွဲကျသွားစေတာက ဟားဟားနဲ့ယူဂျယ်ဆော့
သိတဲ့အတိုင်း နှစ်ယောက်စလုံးက ရသစုံရှိုးဘုရင်တွေ
အရှုံးအပေါ်မှာ စောတကတက်တာ ပွဲဆူစေတာနဲ့
စခရင်ကပ်ကိုရအောင်ယူသွားကြတာ တကယ့်ပညာ
စတုတ္ထပွဲ
.
RM ရဲ့ အမှတ်အသားလိုဖြစ်နေတဲ့ ဒေါ့ဂျီလို့ ကိုရီးယားလိုအသံထွက်တဲ့
မြန်မာလို စက္ကူဒိုးရိုက်တာပေါ့
ရှေ့ပြိုင်ပွဲတွေကအဆင့်ဆင့်ရရှိလာတဲ့ငွေတွေနဲ့
နှစ်သက်ရာစက္ကူဒိုးကိုဝယ်စေလို့ယှဥ်ပြိုင်စေပါတယ်
ဒီပြိုင်ပွဲမှာ ပေါ်ပြူလာဖြစ်သွားတာက ဟားဟား ပြီးတော့
ကင်ဂျုံကု နဲ့အဖွဲ့ ဂျီဆော့ဂျင်း လီဆီယောင်း
တန်ဖိုးနဲဒိုးကလေးနဲ့ ပွဲစဥ်အတော်များများကိုကျော်ဖြတ်ပြလာနိုင်တဲ့ ဟားဟားရဲ့စွမ်းရည်
အနိုင်ရတဲ့အခါပြုမူတဲ့ အောင်ပွဲခံမှုတွေက မှတ်မှတ်ထင်ထင်
နောက်ဆုံးမှာ လက်ဝှေ့ကျော်ကြီးနဲ့ မစ္စတာMC ကို ဆက်တိုက်ကျော်ဖြတ်အနိုင်ယူသွားတဲ့
ကင်ဂျုံကုကတော့ ရှေ့နှစ်ပွဲမှာရှုံးခဲ့သမျှအတိုးချလို့ အားမာန်ပါပါကိုအောင်ပွဲခံခဲ့ပြီး
သူ့ဘယ်လောက်တောင် နိုင်ချင်ခဲ့လဲဆိုတာ မြင်ခဲ့ရတယ်
ပြီးတော့သူ့အဖွဲ့
သာမန်ဖျော်ဖြေတင်ဆက်နေမှုလိုမျိုး အပေါ်ယံမျှ အားပေးတာမျိုးမဟုတ်ဘဲ
တကယ့်ကိုအားမန်ပါပါ နိုင်လိုစိတ်ပြင်းပြင်းထန်ထန်နဲ့ကို ပြိုင်ပွဲဝင်ကိုယ့်အဖွဲ့သားကို
အားနဲ့မာန်နဲ့ကိုတသားတည်းရှိနေပေးခဲ့တာ
ဘောလုံးပရိတ်သတ်တွေပြောသလို ဆယ့်နှစ်ယောက်မြောက်ကစားသမားတွေအလား
မေ့နေတယ်လိုများထင်နေမလား တခုခုကျန်နေတယ်လို့များသံသယရှိလေမလား
သူမကသိတဲ့အတိုင်း ဧည့်သည်မိန်ကလေးတွေလာရင် အလိုက်သိစွာပဲ
သာမန်ထက်မပိုတဲ့ လှုပ်ရှားမှုသာပြုပေးတယ်
ဘာ့ကြောင့်လဲဆိုတော့ ကျင်လည်နေကျမဟုတ်တဲ့ရပ်ဝန်းမှာ
သူမကြောင့် အပြိုင်လိုက်ရုန်းကန်နေရရင်
ပြိုင်ပွဲဖက်အားစိုက်ရမလို ဖျော်ဖြေမှုဖက်အလေးပေးရမလိုမဖြစ်စေဖို့
အပိုဖိအားမသက်ရောက်စေလိုလို့လိုယူဆမိတယ်
ဧည့်သည့်အမျိုးသမီးစောစောရှုံးသွားတာ
ဒါမှမဟုတ် အားကစားဖက်လည်း အပင်းပမ်းခံနိုင်
ဖျော်ဖြေရေးမှာလည်း ထူးခြားတဲ့အခိုက်အတန့်တွေမဖန်တီးတတ် မလိုက်နိုင်နဲ့
မနိုင်မနင်းဖြစ်နေတာမျိုးဆိုရင်တော့ ရှေ့ထွက်လာလို့
ကာကွယ်ပေးတာ ဦးဆောင်ပေးတာ နည်းပေးလမ်းပြလို့
ကူညီညာလုပ်ဆောင်ပေးတတ်တာမျိုးရှိတယ်
ဒီလိုမှမဟုတ်ရင်တော့ ဇာတ်ပို့တယောက်လိုသာဝန်းရံပေးတာပါ
ဒီအပိုင်းမှမဟုတ်ဘူးနော် မိန်းကလေးဧည့်သည်တွေလာတိုင်း ဒီအတိုင်းပဲ
ဒါကိုက သူမရဲ့ပညာပါပဲ
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
.
#နှာခေါင်းနှံကောင်ဗလရုပ်ဆိုးဂျပုလပ်ကီးလောရှည်
.
.
သန်းထွန်းလေး ☆ အင်းတဲရွာ
No comments:
Post a Comment