ဂေါတမဗုဒ္ဓသာသနာအတွင်းက အမျိုးသမီးတရားသူကြီး
ဝိနယဧတဒဂ် ပဋာစာရာထေရီ
.
Https://www.youtube.com/@thantunlayinde
.
.
ဝိနည်းဆိုတာက စည်းကမ်း တနည်း ဥပဒေပါ
ဘယ်သူတွေအတွက်လဲဆိုရင်
လုပ်ငန်းဆိုရင် အလုပ်သမားတွေအတွက်
အဖွဲ့အစည်းဆိုရင် အဖွဲ့သားတို့အတွက်
ရပ်ရွာဆိုရင် ရွာသားတို့အတွက်
နိုင်ငံဆိုရင် နိုင်ငံသားတိုင်းအတွက်
ဘာသာဆိုရင် သက်ဝင်ယုံကြည်သူတို့အတွက်
ကာလဒေသအရ လိုအပ်ချက်အရ ချမှတ်ထားတဲ့စည်းကမ်းတွေပေါ့
ဒါကြောင့်ခေတ်ကာလအရ မလိုအပ်တော့ဘူးလို့
သံဃာ့အဖွဲ့အစည်းကတညီတည်းယူဆရင် ဖယ်ရှားခွင့်ပြုတယ်လို့
ပရိနိဗ္ဗာန်စံခါနီးမှာ မြတ်ဘုရား မြွက်ကြားခဲ့တာပါ
----------------
အတိတ်
.
ဂေါတမဗုဒ္ဓသာသနာအတွင်း ထင်ရှားတဲ့အခြားအဂ္ဂသာဝက သာဝိကာတွေနည်းတူ
သူမရဲ့ပါရမီအစက ပဒုမုတ္တရမြတ်ဘုရားလက်ထက်
ဝိနည်းအရာ ဧတဒဂ်ထားရာ ထေရီတပါးကိုအားကျရင်းပေါ့
လျှောက်ခဲ့ရာလမ်းမှာ သိပ်ထူးထူးခြားခြားမရှိပါဘူး
ကဿပဘုရားရှင်လက်ထက်မှာတော့ ယခုသာသနာတော်အတွင်း
ဓမ္မနဲ့ဆက်စပ် ညီအမတော်ခဲ့ကြတဲ့ သာဝိကာတွေနဲ့ တအူတုံဆင်းသွေးသားအရင်းအခြာ
ကိကီမင်းကြီးရဲ့ သမီးတော်ခုနှစ်ပါးအနက် ဘိက္ခုနီ" အမည်တွင်တဲ့သမီးတော်တပါး
တသက်တာပတ်လုံး ကုမာရီဗြဟ္မစရိယာအကျင့်နဲ့နေထိုင်လာခဲ့ရင်း
ပစ္စုပ္ပန်
.
သိကြတဲ့အတိုင်း ယခုဘဝမှာတော့ သာဝတ္ထိပြည်က သူဌေးသမီး 'ပဋာစာရာ'
အိမ်တွင်းအစေခံတယောက်နဲ့ချစ်ကြိုက်လို့ခိုးပြေးရာက သားလေးတယောက်ရ
ဖိဖရပ်ထံပြန်ဖို့တွင်တွင်တောင်းဆိုမှုကို မသိကျိုးကျွံပြုသူလင်သားကြောင့်
နောက်တယောက်ဖွားခါနီးကာလမှာ တိတ်တခိုးပြန်ခဲ့ရင်း
ဒီနေရာမှာ အိမ်ပြန်ပို့ပေးဖို့ သူမဆန္ဒကိုမျက်ကွယ်ပြုခဲ့တဲ့လင်သားကို
ဒီလူ့နယ်အကြောက်လွန်ရန်ကော
မြေးလေးမျက်နှာမြင်ရင် သွေးသားမျက်နှာမြင်ရင် ပြေလည်သွားနိုင်ကောင်းတာ
မပြေလည်လို့ရန်တွေ့လွှတ်လည်း ဇနီးဆန္ဒဖြည့်စီးပေးပြီးဖြစ်တာမို့
သတ္တိနည်းရန်ကောလို့ထင်မှတ်စရာ
သူတို့က ဓနဥစ္စာအရာတင်ခြားနားတာမဟုတ်ဘူး အမျိုးဇာတ်အရပါကွာခြားတာ
အန္ဒိယမှာက အမျိုးဇာတ်နဲ့ပတ်သက်ရင် သိပ်အကဲဆတ်တာရယ်
လက်မခံရုံမက သတ်ပါပြစ်တာမျိုးကို ဒုစရိုက်မှုတခုအဖြစ်မယူဆဘဲ
ထိုက်တန်တဲ့ပြစ်ဒါဏ်ရယ်လို့ကို လူမှုအသိုင်းအဝိုင်းကလက်ခံထားတဲ့သဘော
ခုထိလည်းကြိုကြားကြိုကြား ကြားနေရတုံး
-----------
ဂျန်ဗီကပူးရ်ရဲ့ Dhadak (2018) https://t.me/koloneypoei/218
ဆိုတဲ့ကားမှာဆိုရင် အမျိုးဇာတ်မတူတဲ့ ချစ်သူနှစ်ယောက်ကို
ရေအဆုံးမိုးအဆုံးလိုက်လံရှာဖွေလို့ မျိုးဆက်ကိုပါ တပါတည်းကိစ္စတုန်းပြစ်တာရယ်
ဇာတ်ကားအဆုံးမှာတောင်
ဒါမျိုးဖြစ်ရပ် မည်၍မည်မျှရှိသွားပြီဆိုတာ စာတန်းထိုးထားသေးတာ
-----------
ထားပါတော့
နောက်တယောက်ဖွားစဲမတ္တ မိဖအိမ်ပြန်ရာလမ်းမှာ လင်တော်မောင် မြွေကိုခံရ
နောက်သားကြီးရေမှာမျော သားငယ်လေးစွန့်ချီလို့
အပူတွေတပွေ့တပိုက်နဲ့ မိဖမောင်ဖွားတို့ရိပ်မှာခိုမယ်လို့ အားကိုးတကြီးလှမ်းလာခဲ့ပေမယ့်
သူတို့ကာ မရဏလမ်းလှမ်းသွားပြီတဲ့
တဘဝတာမျှခံရမယ့်ဒုက္ခကို ခဏတာသောနေ့ရက်အတွင်းမှာပဲ
ရင်ဆိုင်နိုင်လောက်အောင်အထိ သူမကိုသန်မာသည်ဟုများ မရဏမင်းအထင်ရှိလေသလား
ချစ်ခင်ရာ
အားကိုးရာ
မျှော်လင့်ရာ
အတိတ် အနာဂါတ် ပစ္စုပ္ပန် အရာအားလုံးကို သူမဘဝထဲကရုတ်ချည်းဖဲ့ထုတ်ပစ်လိုက်သည်အထိ
အငြိုးကြီးရလေသလား
------
ကြောက်ပါပြီ လန့်ပါပြီ အရှုံးပေးပါပြီလို့တွင်တွင်ဟစ်အော်
ပြန်ပေးပါ
ပြန်ပေးပါ
ပြန်ပေးပါလို့ တိုလျှိုးတောင်းပန်ရင်း
ဘယ်ဆီဘယ်နေရာမှာများ ဖွက်ထားလေသလားရယ်လို့
လိုက်ရင်း.. ရှာရင်း..
ကြည်ကြည်လင်လင်အေးအေးမြမြအသံတခုကြားလိုက်တယ်
"ကိုယ့်ကိုယ်ကိုပြန်ရှာဖို့ကောမေ့နေသလား" တဲ့
ဒီစကား ဒီအနက်ကြားဆဲ သိဆဲ ဆင်ခြင်ခိုက်မှာ ဟုတ်ပါပကော
လင်ပြောက် သားပြောက် မိဖပြောက် မောင်ဖွားပြောက် ရှာခဲ့ရတဲ့ဘဝအလီလီ
ကိုယ့်ကိုယ်ကိုရှာဖို့ သတိမရနိုင်သည်အထိ
ကိုယ့်ရဲ့ဖြစ်ခြင်းပျက်ခြင်းကိစ္စအဝဝ သတိကပ်လိုမဖြေမရှာနိုင်သမျှကာလပတ်လုံး
နောင်အနာဂါတ်မှာလည်း ယခုလိုပြောက်သောလမ်းမှာစမ်းတဝါးဝါးရှာနေရမယ့်ဖြစ်အင်
တွေးမြင်လို့သတိကပ်
ခန္ဓာအပေါ်ဉာဏ်ဆိုက်လို့အဖြေရှာ ...
တွေ့ပြီ
တွေ့ပြီ
ကျွန်မ ကိုယ့်ကိုယ်ကိုတွေ့ပါပြီဘုရား....
ကျွန်တော်မျိုးမက အရှင့်ရဲ့ဓမ္မကမွေးထုတ်တဲ့
သမီးရတနာ 'ပဋာစာရာထေရီ' ပါဘုရား
----
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
.
.
.
သန်းထွန်းလေး ☆ အင်းတဲရွာ
No comments:
Post a Comment