ကိုလေး ☆ အင်းတဲ

ကိုလေး ☆ အင်းတဲ
Than Tun Lay .INDE

Saturday, February 15, 2025

စူပါတထုပ်နဲ့လှုပ်ခတ်ခဲ့တဲ့ညတွေ


 စူပါတထုပ်နဲ့လှုပ်ခတ်ခဲ့တဲ့ညများ

.

စူပါတထုပ် ၅၀၀ တဲ့ ဘုရားဘုရား 

               ဒီလိုနဲ့ဝေးလာလိုက်တာ....


ရှောင်မရတဲ့လမ်းမှာတွေ့ဆုံကြတဲ့ချစ်ဖူးသူတွေလို

ဇိဝှာအထက် တစက်တပေါက်ဖြတ်လျှောက်သွားစဥ်ကတည်းက

အတိတ်အာရုံကြောကိုနှိုးဆွ


ဦးနှောက်ရဲ့ချောင်တချောင်က ပုံရိပ်တခုကို စိတ်မှာတွေရှိ

နှလုံးသားနဲ့ထုတ်ကြည့်တော့ 

ဟောင်းပေသည့် ကြည်ကြည်လင်လင် ပြတ်ပြတ်သားသား


ဒီပုံရိပ်တွေအတိတ်တချိန်က ကိုယ်ဖျက်ခဲ့ပြီးပါပကောလို့ယုံကြည်ခဲ့ရင်း

နည်းပညာမြင့်ဖုန်းတွေလို့ အမှိုက်ပုံးအတွင်းမှာရက်လအချို့ကြာ ထိမ်းသိမ်းပေးထားသလို


ခံစားရာဌာနကဖျက်လိုက် 

သိုလှောင်ရာဌာနမှာသိမ်းစည်းပေးထားလိုက်


သိုလှောင်ရာကဖျက်ပြစ်ရာအတည်ပြုဖို့တောင်းခံလိုက်

မှုံဝါးဝါးပုံရိပ်တွေက ခံစားသက်ဝင်လှုပ်ခတ်လာလိုက်နဲ့ လပေါင်းရာချီကြာခဲ့ပါပကော


အလွမ်းတွေလူမမိရအောင် M' တလုံးတိုးလို့

ကဗျာ..ကဗျာလို့ညဥ်းဆို


ရွာပြန်တုန်းက ကိုယ့်ဆရာကဗျာသမားတယောက်ရွတ်သလို့

သက်မဲ့ပစ္စည်းတွေပဲအဖော်ပြုနေရတာကိုးကွတဲ့


စူပါတထုပ်နဲ့လှုပ်ခတ်ခဲ့တဲ့ညတွေအကြောင်းပေါ့

.

.

.

သန်းထွန်းလေး ☆ အင်းတဲရွာ

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

AnnMariya Kalippilaanu (2016) Pilla Rakshasi (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း)

  AnnMariya Kalippilaanu (2016)  Pilla Rakshasi (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း)  . လေးတန်းကျောင်းသူလေးက သူတို့ကာယဆရာကိုရိုက်ဖို့ လူမိုက်ငှား...

အထူး