သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Saturday, February 15, 2025

I Am Kathalan (2024) (ဇာတ်ကား🖊 တွေး၊ညွှန်း)


 I Am Kathalan (2024) 

Https://www.youtube.com/@thantunlayinde 

.

ဇာတ်ကားအမည်တွေ့ပြီး မင်းသားအမည်က ကာသာလန်' လို့မထင်လိုက်ပါနဲ့

သူ့အမည်က 'ဗီရှ်နူး 

ကောင်မလေးက 'သျှီပါ


နည်းပညာကျောင်း တက်စဥ်ကတည်းက ချစ်သူတွေပေါ့


---


ဘာသာလည်းမတူ ဓနဥစ္စာလည်းခြားနား

ကောင်မလေးကကျောင်းပြီးတာနဲ့ ဖခင်ရဲ့လုပ်ငန်းခွင်မှာ အသင့်ဝင်လို့

ခုထက်ထိအလုပ်မရှာနိုင်သေးတဲ့သူကို သွေးအေးချင်လာတယ်

ငြိငြင်လာတယ် ....

ခွာချင်လာတယ် ...


----


🙎‍♂️ နင်ငါ့ကိုလက်ထပ်နိုင်မလား

🙎‍♀️ နင့်မှာမလုပ်တောင်မရှိဘဲ ဘယ်လိုတာဝန်ယူနိုင်မှာလဲ


🙎‍♂️ ဟုတ်ပါတယ် ငါလည်းအခုပြောတာမဟုတ်ပါဘူး အခြေကျရင်ပေါ့

🙎‍♀️ ငါတို့ကဘာသာခြားနားတယ်လေ အဖေကသဘောတူမယ်မထင်ဘူး


🙎‍♂️ ငါကြိုးစားပါ့မယ်

🙎‍♀️ မဖြစ်နိုင်ပါဘူးဟာ သူတို့သဘောတူမှာမဟုတ်ဘူး


🙎‍♂️ ဟုတ်ပါပြီလူကြီးတွေရဲ့သဘောကိုထားပါ  

     နင်ကောငါ့နောက်လိုက်ရဲလား လိုက်ချင်လားသိချင်တာပါ

🙎‍♀️ ငါ.. အချစ်အတွက်လောက်နဲ့သူတို့ကို မပုန်ကန်ချင်ဘူး ကလန်ကဆန်မလုပ်လိုဘူး


--


ဒီစကားအသွားအလာအရ 

အမှားတခုကြောင့် ချစ်သူတို့ဘာသာဘာဝစိတ်ကောက်တယ်ထင်မှတ်လို့ ဖြေရှင်းပြဖို

လုပ်ငန်းခွင်ဆီလိုက်လာခါမှ ခါချင်နေတာဆိုတာသဘောပေါက်သွားတယ်


ဒီကြားထဲ

ဘိုးတော်ကပါးထချလို့တင်းသွားရာက အမောက်ကလေးထောင်ပြချင်တဲ့နည်းပညာသမား


----


ကိုယ့်လူတို့လည်း ဒီစကားမျိုးအပြောခံရပြီဆိုရင် 

လူမမြင်ရလေအောင် ကြိတ်ငိုစရာချောင်တချောင်သာပြေးရှာထားပေတော့

ဒါမှမဟုတ် ကြက်သွန်ထိုင်လှီးနေပေါ့


-----


ကောင်လေးကတော့သဘောပေါက်သွားတယ်

အချစ်နဲ့ပတ်သက်လို့ ဒဿနတခုကိုလည်းသိရှိသွားတယ်


တယောက်ယောက်ကိုချစ်မိသွားရင် 

ပထမဆုံးသိထားရမှာက သူကိုယ့်ဆီကဘာတွေမျှော်လင့်ထားလဲဆိုတာပဲ

ဒီလိုမှမဟုတ်ရင်အဆုံးသတ်မှာ ချန်ခဲ့ခံရမယ်ဆိုတာမမေ့နဲ့ 

ငိုရမယ်ဆိုတာမမေ့နဲ့


-------

Director  :  ဂရိရှ် (Girish A.D.)

Starring :  နာဆလန် ကေ.ဂဖိုးရ် (Naslen K. Gafoor)

                   အန်နီရှမာ အန်နီကူမာ (Anishma Anilkumar)


----

ဇာတ်ကားကြည့်ရန်

https://t.me/koloneypoei/3049

.

.

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

.

.

.

သန်းထွန်းလေး ☆ အင်းတဲရွာ

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဝိညာဉ်မဲ့

  ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့်  မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့်  ညစ်ပတ်သူတို့ရဲ့ စုဝေ...

အထူး