သွက်ချာပါဒ
____________
လောင်းကျွမ်းတိုင်း
အလင်းမဆောင်နိုင်ကြတော့။
ပခြုပ်ဆိုင်ထဲမှာတော့
အလှတရားဆိုတာ တံဆိပ်ကပ်မထားတဲ့ရောင်းကုန်. . . .
မယုံရင်၀င်ကြည့်ဗျာ။
လောကကြီးက မနူးညံ့ဘူးလို့
ညည်းငြူကြလိမ့်မယ်။
စနက်တံဖြုတ်ထားတဲ့ ဗုံး
ကိုယ်ဟန်ပြမယ်တွေနဲ့ ရင်ဘောင်တန်းကြမယ့်
ခေတ်တခေတ်ကို
လက်ခုပ်တီး လေချွန်ခေါ်ခဲ့ကြတာ။
ပြန်မလွှတ်နဲ့ . . .
ပြန်မလွှတ်နဲ့ . . . . .
ရင်ဘတ်နှစ်ခြမ်း ဗြန်းဗြန်းကွဲပါစေ
ပေါက်ကွဲစမ်းတဲ့ဗျာ။
ဟား ဟား . . . . .
အဲ့ဒီအမျိုးကောင်းသားတွေရဲ့
မျက်ကွင်းမှာ နံဟောင်နေတဲ့
ကီလေသာအညှီအဟောက်တွေ
ယင်မည်းရိုင်းတွေ တဝီ၀ီနဲ့တောင်
မျက်တောင်မခတ်ရက်လို့ပါတဲ့။
နှစ်ပြားမတ်တင်း ယဉ်ကျေးမူကို
န၀ရတ်ကိုးသွယ် အလိုက်ပေး အလဲအထပ်လုပ်ရတာကို
ဂလိုဘယ်လို့ ထမင်းရည်ပူ လျှာလွှဲချင်ကြတယ်။
သြော် . . . .
မြို့မငြိမ်း မြို့မငြိမ်း
အခုတော့
ခင်းများကို တန်ဖိုးထားတာ
လမ်းပေါ်ကထီသည်လေးပဲ ရှိတော့တယ်။
ဇော်တင် (အင်းတဲ)

No comments:
Post a Comment