၂၃၁ (စပိုင်နှစ်ယောက်နှင့်ခန္ဓာပျောက်ဝိညာဥ်များ)
(ယူ့ဘွန်းပြန်လာပြီ)
ပဌမဆုံးအနေနဲ့ပြောလိုတာက ဒါကကြည်လား
မြန်မာစာတန်းထိုးလားဆိုရင် ဟုတ်ပါတယ်
ဒါပေမဲ့ ဘာသာပြန်လားဆိုရင်တော့မဟုတ်ပါဘူး
နည်းနည်းရှုပ်သွားမယ်ထင်တယ်
ဘာကြောင့် စာတန်းထိုးပေမယ့် ဘာသာပြန်မဟုတ်ပါဘူးလို့ဆိုရလဲဆိုရင်
ဘာသာပြန်ဆိုတာ ပြောဆိုတာ ရေရွတ်တာ
ပြသချက်အားလုံးကို ၏သည်မရွေး သေသေချာချာတလုံးချင်းစီကအစ
ပြန်တာမျိုးကို မှဆိုလိုတယ်လို့ ယူဆတာကြောင့်ပါ
ဥပမာအားဖြင့် တောကြီးတခုထဲဝင်လိုက်ရင် မြင်တွေ့ရတဲ့သစ်ပင်ပန်းမန်ကစလို့
လှုပ်ရှားပြေးလွှားနေတဲ့ တိရိစ္ဆာန်လေးတွေကအစ
စိမ့်စမ်းလျှိုမြောင် ရေစီးသံလေးတွေအဆုံး
အားလုံးကို အသေးစိတ်ကအစ မြင်တွေခံစားနိုင်အောင် ပြန်ဆိုတာမျိုးပေါ့
သျှိုင်းဘိုဘိုလတ်တို့ ဒိုးကလေးတို့လိုပေါ့
ဒါကအဲ့သလိုပြန်ထားတာမျိုးမဟုတ်ပါဘူး
မော်ဒန် ကဗျာတပုဒ်လို ပန်ချီကားတချပ်လို
သူတို့ပြောသမျှကို လိုက်ပြန်ဆိုထားတာမျိုးမဟုတ်ပဲ
သူတို့ပြောစကားထဲက မူလသဘောအနှစ်ကိုထုတ်ယူလို
သီးခြားဝါကျတခုတည်ဆောက်ပြီး ပြန်ဆိုထားတာမို့ပါ
ဒါကြောင့် တခါတလေသူတို့ကအရှည်ကြီးပြောနေပေမယ့်
ဝါကျတိုလေးတခုဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်
သူတို့ပြောလိုရင်းနဲ့ မခြားနားတဲ့
သီးခြားစကားလုံးတွေလည်းပါပါလိမ့်မယ်ဆိုတာ ကြိုတင်အသိပေးပါရစေ...
#နှာခေါင်းနှံကောင်ဗလရုပ်ဆိုးဂျပုလပ်ကီးလောရှည်
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

No comments:
Post a Comment