သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Thursday, October 19, 2023

ဒေါက်တာမောင်ဖြူး (ခ) တန်ဂွမ်လျောင် (၁၉၀၅-၁၉၇၀)

 


မင်္ဂလာပါ လို့ စတင်နှုတ်ခွန်းဆက်စေခဲ့သူ
♥♥♥♥♥♥♥♥♥♥♥





ဟုတ်ကဲ့ မင်္ဂလာပါဗျာ
ဒီစကားရဲ့အဓိပ္ပါယ်ကတော့



ကောင်းခြင်းအဖြာဖြာပြည့်စုံပါစေ
ကောင်းသောအခြင်းအရာများ ဖြစ်ပွားပါစေ 
ကောင်းသောဘဝပိုင်ဆိုင်နိုင်ပါစေကြောင်း နှုတ်ခွန်းဆက်တဲ့ စကားဖြစ်ပါတယ်



ဒီဝေါဟာရလေး အသုံးတွင်အောင် တိုက်တွန်းလှုံ့ဆော်ခဲ့သူက
ဆရာကြီး ဒေါက်တာမောင်ဖြူးပါ



တယောက်နဲ့တယောက် တွေ့ဆုံချိန် နှုတ်ခွန်းဆက်စကားဆိုရာမှာ 
တချိန်က မြန်မာဟာ ကိုယ်ပိုင်စကားမရှိသေးပဲ 


အင်္ဂလိပ်တို့ရဲ့ good morning ကိုယူပြီး 
ကောင်းသောနံနက်ခင်းပါ ဆိုပြီး သုံးနှုံးခဲ့ကြတယ်လို့ ဆိုပါတယ်



ကိုယ့်အနီးအနားတိုင်းပြည်တွေမှာလည်း နှုတ်ခွန်းဆက်စကားအသီးသီးရှိနေကြတယ်လေ



ထိုင်းဆိုရင် ဆဝတီခပ်

အိန္ဒိယဆိုရင် နာမစတေး

ကိုရီးယားဆိုရင် အညာဆေယော

ဂျပန်ဆိုရင် အရီဂတ်​တိုဂိုဇိုင်းမတ် စသည် စသည်ဖြင့်ပေါ့



ဒီတော့ မြန်မာကိုယ်စားပြုအနေနဲ့ 

ကိုယ်ပိုင်စကားတခုသုံးစွဲဖို့ ကြံဆခဲ့တယ်



ဒီလိုနဲ့ မင်္ဂလာပါဆိုတဲ့ နှုတ်ခွန်းဆက်စကား ဖြစ်ပေါ်လာရတာပါ 


♥♥♥♥♥♥♥♥♥♥♥♥♥♥♥





ဆရာကြီး၏ အတ္ထုပ္ပတ္တိအကျဥ်း
...................................

ဆရာကြီးကို ပဲခူးတိုင်း ပဲနွယ်ကုန်းမြို့အဘဦးအောင်ညွန့် အမိဒေါ်ချောတို့မှ



၁၉၀၅ခုနှစ်တွင်ဖွားမြင်သည်
ငယ်အမည်မှာ ''ဂွမ်လျောင်"ဖြစ်ပါတယ်




တရုတ်နွယ်ဖွားဖြစ်ပြီး မျိုးရိုးက တန် ဖြစ်ပါတယ်



ဒါကြောင့် "တန်ဂွမ်လျောင်" လို့ခေါ်ပါတယ်



မိဘများပြောင်းရွေ့အခြေချသည့် ငယ်ဘဝဖြတ်သန်းရာ 



ဖြူးမြို့ကိုအစွဲပြုပြီး ကလောင်အမည်ကို  



ဒေါက်တာမောင်ဖြူး လို့ မှည့်တွင်ခဲ့ပါတယ်



ငယ်စဥ်မှာပဲ ဖခင်ဆုံးပါးခဲ့သည်




ဦးပဲနွယ် အမည်ဖြင့်ကလောင်ယူလိုသော်လည်း အခေါ်ခက်မည်စိုး၍


ဦးပန်းနွယ် ဆိုသော ကလောင်အမည်ဖြင့်လည်း စာပေရေးသားခဲ့ပါတယ်






ကျွန်တော်တို့ငယ်ငယ်က အငယ်တန်းဖတ်စာမှာပါတဲ့


မောင်ရေခဲတို့ မရွှေဖဲတို့ ကဗျာတွေက ဆရာကြီးရေထားတာတွေပါ

၁၉၄၇ ခုနှစ်မှာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား တက္ကသိုလ်မှာ


ပါရဂူဘွဲ့ရတဲ့ ပထမဦးဆုံးသော မြန်မာနိုင်ငံသားဖြစ်ပါတယ်
----------------------------------------------


မူကွဲများ


....


အချို့ကလည်း မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သတဲ့ဓလေ့က 


ရှေးယခင်ကတည်းက ရှိနေပြီးသားဖြစ်ပြီး 


အသုံးမတွင်သေးတာ မကျယ်ပြန့်သေးတာပါလို့ ဆိုပါတယ်



အချို့ကလည်း ၁၉၄၇-၅၀ခုနှစ်တွင် ဆရာကြီးဟာ 



ရန်ကုန်ဆရာဖြစ်သင်တန်းကျောင်းမှာ မြန်မာစာကထိကအဖြစ်ဆောင်ရွက်စဉ် 



ဆရာနှင့်တပည့်များ မင်္ဂလာပါ ဟုနှုတ်ခွန်းဆက်ရန် တိုက်တွန်းခဲ့သူသာဖြစ်ပြီး 



အသစ်တီထွင်ဖန်တီးသူမဟုတ်ကြောင်းလည်း ဆိုပါတယ်


#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဝိညာဉ်မဲ့

  ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့်  မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့်  ညစ်ပတ်သူတို့ရဲ့ စုဝေ...

အထူး