ကိုလေး ☆ အင်းတဲ

ကိုလေး ☆ အင်းတဲ
Than Tun Lay .INDE

Tuesday, April 25, 2017

မြန်မာ့ အသုံးအနှုန်းများ


••••••••••••••••••••••••••••

ဆွေ ခုနှစ်ဆက် မျိုးခုနှစ်ဆက် ပြောမယ်သာ ပြောတယ် ကျွန်တော်က အသေအချာ မသိခဲ့ဘူး
 
ဘ ဘိုး ဘေး ဘီ ဘင် ဘောင် ဘော

ဆိုတာကို ဆွေခုနှစ်ဆက်လို့ ခေါ်ပါတယ် ကိုယ့်ကို ဖြစ်တည်လာစေတဲ့ ဆွေစဉ်မျိုးဆက်ပေါ့

မျိုးခုနှစ်ဆက်ဆိုတာက ကိုယ်မှဖြစ်တည်ပေါက်ဖွားလာတဲ့ နှောင်လာမည့် မျိုးဆက်ပါ

သား မြေး မြစ် တီ တွတ် ကျွတ် ဆက်

တစ်ချို့ဒေသတွေမျာတော့ အဖေကို အဘ အမေကို အမ လို့ခေါ်တတ်ကြတယ်ဗျ ဒါပေမယ့် ဒါဟာ ဒေသဆိုင်ရာ ကွဲလွဲတာလောက်ပါပဲ တွင်တွင်ကျယ်ကျယ် သုံးကြတာမျိုးတော့ မဟုတ်ပါဘူး

ဗမာ့ အသုံးအနှုန်းမှာ ဒါက ဘယ်သူပါလို့ မိတ်ဆက်ပေးလိုက်တာနဲ့ အမေဘက်က အမျိုးလား အဖေဘက်က အမျိုးလား ကိုယ့်ထက် အကြီးလား အငယ်လား သိနိုင်ထဲ့အထိ ဝေါဟာရကြွယ်ပါတယ်

အဖေ့ရဲ့ အစ်ကို ညီတွေကို
ဘကြီး ဘထွေး

အမေ့ရဲ့ မောင်ကြီး မောင်လေး တွေကို
ဦးကြီး ဦးလေး

အဖေ့ရဲ့ အစ်မ နှမ တွေကို
အရီး ဒွေးလေး

အမေ့ရဲ့ အစ်မ ညီမ တွေကို
ဒေါ်ကြီး ဒေါ်လေး

လို့ ခေါ်ရပါတယ် မြန်မာ့ အသုံးအနှုန်း အမှန်အတိုင်းဆိုရင်ပေါ့

♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥

ညီအစ်ကိုမောင်နှမ
★ ★ ★ ★ ★ ★

ဒီစကားဟာ အများစုသုံးကြပြီး ရောနှော ရှုတ်ထွေးနေတယ်ဗျ မရှင်းတာကြောင့်လည်း ဖြစ်နိုင်သလို အလွယ်သုံးလိုက်တယ်လည်း ဖြစ်နိုင်ပါတယ်

တစ်မိတည်းဖွား အမျိုးသားနှစ်ယောက်ကို ညီအစ်ကို လို့ခေါ်တယ် အမျိုးသမီးနှစ်ယောက်ကို ညီအစ်မပေါ့

အမျိုးသမီးက သူ့ထက်အကြီး အမျိုးသားကို မိတ်ဆက်ပေးရာမှာ ဒါက ကျွန်မအစ်ကိုလေလို့ မပြောရဘူး အစ်ကိုဆိုတာ ယောက်ကျားလေးချင်းမှ သုံးရတာ ကျွန်မမောင်ကြီးလို့ ပြောရတယ် အငယ်ကိုတော့ မောင်လေးပေါ့

အမျိုးသား က သူ့ထက် အငယ် မိန်းကလေး ကို ညွှန်းဆိုတဲ့အခါ ကျွန်တော့် နှမ လေ လို့ပြောရပါတယ် ကျွန်တော့် ညီမလေလို့ မပြောရပါဘူး အမျိုးသမီး အချင်းချင်းမှ ညီမလို့ သုံးရတာပါ

မှတ်ချက်
★ ★ ★

ဒီနေရာမှာ ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ ညီမလေးရယ်စိုးရိမ်မိတယ် စာအုပ်မှာ အသုံးအနှုန်းမှားပြီးရေးခဲ့တယ်လို့ ဝေဖန်မှုတစ်ချို့ဖတ်ခဲ့ဖူးတယ်
တစ်ကယ်ဖြစ်သင့်တာက နှမလေးရယ်စိုးရိမ်မိတယ်   လို့ရေးရမှာပါ

ဟိုးတချိန်က အောင်မြင်ခဲ့တဲ့ တွံတေးသိန်းတန်ရဲ့ နှမလက်လျှော့နေလေတော့ ဆိုတဲ့ သီချင်းဟာ တကယ့် အရေးအသားအမှန် အသုံးအနှုန်းအမှန်ပါ

မြန်မာ့ ကျေးလက်ဒေသမှာတော့ ကျေးတောသားတွေဟာ စကားပြောရင် စကိုက်နာနာ စပေါင်ပဲ့ပဲ့ အာပေါင်အာရင်းသန်သန် ပြောတတ်ကျတာဆိုတော့ အချို့အတွက်ဒါဟာ နားစိမ်းနေမှာပါ

ဒါပေမယ့်  ရိုးသားခြင်း ပွင့်လင်းခြင်း ရဲ့ အထိမ်းအမှတ် ပုံရိပ်မဟုတ်ပါလား
 
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏

ကျွန်တော် ဖတ်ဖူး မှတ်ဖူး ကြားဖူးသမျှကို မျှဝေတဲ့သဘောပါ တစ်ခုခု ချွတ်ချော်မှုရှိခဲ့ပါက ကျွန်တော့်အမှားသာဖြစ်ပါတယ် အလင်းပြခဲ့ဖို့လည်း တောင်းပန်ပါတယ်

           သန်းထွန်းလေး အောင်ညီကိုရွှေထည်စက်ဖြတ်လုပ်ငန်း
           အင်းတဲရွာ
Koloneypoe@gmail.com


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

AnnMariya Kalippilaanu (2016) Pilla Rakshasi (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း)

  AnnMariya Kalippilaanu (2016)  Pilla Rakshasi (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း)  . လေးတန်းကျောင်းသူလေးက သူတို့ကာယဆရာကိုရိုက်ဖို့ လူမိုက်ငှား...

အထူး