ကိုလေး ☆ အင်းတဲ

ကိုလေး ☆ အင်းတဲ
Than Tun Lay .INDE

Monday, May 1, 2017

မင်းတုန်းမင်းတရားကြီး


****************

မြန်မာ့ သမိုင်းမှာ အနှစ်သက်ဆုံး အလေးစားဆုံး အမြတ်နိုးဆုံး ပုဂ္ဂိုလ် တစ်ယောက်ပြပါဆိုရင် ကျွန်တော့်အတွက်တော့ မင်းတုန်းမင်း ပါပဲ

သူဟာ နာခံလွယ်တယ် မာနနည်းတယ် ဆုံးမခံတယ် မှားမှန်းသိရင် ပြင်တယ် ပညာရှိကို မြတ်နိုးတယ် ဦးညွှတ်တယ် နေရာပေးတယ် ပညာကို တန်ဖိုးထားတယ် ဘာသာကို ချီးမြှောက်တယ် တစ်ခြားဘာသာတွေကို လေးစားတယ် စသည်ဖြင့်ပေါ့ မင်းတရားကြီးရဲ့ ဂုဏ်တွေကို ထုတ်ဖော်ပြောရင် ကုန်မယ်မထင်ပါဘူး

သာမန် လူသားတစ်ယောက်ဖြစ်တဲ့ မင်းကြီးမှာ အမှားတွေ အယူအဆအလွဲတွေ အများအပြားပေါ့

ဒါပေမယ့် ဆရာကြီး ဦးရန်ဝေးတို့လို ကင်းဝန်မင်းကြီးတို့လို တိုင်းပြည်ရေးရာ လူမှုရေးရာ ကျွမ်းကျင်းလိမ္မာတဲ့ ပညာရှိ တွေက ထောက်ပြုဝေဖန်ရင် ပြင်တယ် ပြင်နိုင်တဲ့ သတ္တိရှိတယ် ခုလက်ရှိ မှားမှန်းသိရဲ့နဲ့ မပြင်နိုင်ကြတဲ့ ပုဂ္ဂိုလ် တွေကိုမြင်တိုင်း မင်းတရားကြီးကို ပိုပိုပြီး ဦးညွှတ်မိပါတယ်

ကျွန်တော်တို့ကိုယ်တိုင်လည်း မှားမှန်းသိရက်နဲ့ မပြင်နိုင်တဲ့ မပြင်ရဲတဲ့ ဝန်မခံရဲတဲ့ အခိုက် အတန့် တွေ ဖြစ်ခဲ့ဖူးမှာပါ

သူ့ခေတ်က ပုံလေးတစ်ပုံ ကြားဖူးတယ် အမျိုးသမီးတွေ လင်သားပြိုင်ရာမှာ ငါ့လင်က မထမကျော် မထမကြီး ဓမ္မာစရိယ စသည်ဖြင့် ပြိုင်ကြတယ်တဲ့ ဗုဒ္ဓစာပေ ဘယ်လောက်ထွန်းကားခဲ့သလည်းဗျာ ခုခေတ် ဘုရားရှိခိုးတောင် မရတာတဲ့သူတွေ မြင်တိုင်း မင်းတရားကြီးရဲ့ ဘာသာရေး အတွေးအခေါ် နိုင်ငံနဲ့အမျှ ဘာသာပါ ဖွံ့ဖြိုးစေဖို့ လုပ်ဆောင်ခဲ့မှုတွေကို ရည်မှန်းဦးညွှတ်မိတာ ခဏခဏပါပဲ

သံဃာယနာတင် မင်းတရားကြီး မြန်မာ့စာပေ အထွန်းကားဆုံးခေတ်ရဲ့ ဥသျှောင်တစ်ပါး မြန်ပြည်တစ်ပိုင်း သူ့ကျွန်ဘဝ ရောက်ချိန်မှာတောင် ရွှေတိဂုံစေတီရဲ့ ထီးတော် ဒါယိကာ အဖြစ်ခံယူနိုင်ခဲ့တဲ့ မင်းတရားကြီးကို အကြိမ်းကြိမ်အခါခါ ဦးညွှတ်ရင်း

⛅⛅⛅⛅⛅⛅⛅⛅⛅⛅⛅⛅⛅⛅⛅⛅⛅⛅⛅⛅⛅

Koloneypoe@gmail.com
Koloneypoe.blogspot.com


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

AnnMariya Kalippilaanu (2016) Pilla Rakshasi (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း)

  AnnMariya Kalippilaanu (2016)  Pilla Rakshasi (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း)  . လေးတန်းကျောင်းသူလေးက သူတို့ကာယဆရာကိုရိုက်ဖို့ လူမိုက်ငှား...

အထူး