ကိုလေး ☆ အင်းတဲ

ကိုလေး ☆ အင်းတဲ
Than Tun Lay .INDE

Tuesday, February 7, 2017

ပြည်ထောင်စုနေ့

ပြည်ထောင်စုနေ့
®®®®®®®®

        တောင်တန်းနဲ့ မြေပြန့် ခွဲရေးတွဲရေးဆိုပြီး ကိုလိုနီနယ်ချဲ့တို့ရဲ့ သွေးဆောင်ဖျားယောင်းမှု စကားကြောင့် မြန်မာ့နိုင်ငံသမိုင်းမှာ အတော့်ကို ရှုတ်ရှက်ခတ်ခဲ့ရပါတယ်

ခွဲရေးဖက်က ဦးစောတို့အဖွဲ့ရဲ့ မှားယွင်းခဲ့မှုတွေကလည်း နှောင်းကာလ နိုင်​ငံ​ရေးသမားတို့အတွက် သင်ခန်းစာယူဖွယ်ရာ တွေ့ရပါတယ်

စေတနာပါခဲ့သည်ဆိုအုံးတော့ ပညာနဲ့မယှဉ်တဲ့ ပုဂ္ဂလခံစားချက်အပေါ် မူတည်ပြီး ဆုံးဖြတ်တတ်တဲ့ အလေ့အကျင့်ဟာ အမှောင်ဆုံးကာလအထိ ပို့ဆောင်သွားတာက ဂဠုန်ဆရာစောရဲ့ အတ္ထုပ္ပတ္တိက အထင်အရှား ရှိနေပါတယ်

        အင်္ဂလန် နိုင်ငံမှာ မြေပြန့်နဲ့တောင်တန်း တစ်ပေါင်းတစ်စည်းထဲ လွတ်​လပ်​​ရေးရယူမည်ဟု အချက်ပါဝင်သော အောင်ဆန်း အက်တလီ စာချုပ်ကို ချုပ်ဆိုအပြီး

  ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဗိုလ်ချုပ်နှင့်အဖွဲ့တို့ မြန်မာပြည်သို့ပြန်လည်ရောက်ရှိလာခဲ့သည်

ဖေဖေါ်ဝါရီလ ၈ ရက်နေ့တွင် ပင်လုံညီလာခံသို့တက်ရောက်၍ ပြည်နယ်နှင့်တောင်တန်းဒေသများ ပူးပေါင်းရေးကို ဆွေးနွေးခဲ့ကြသည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ညတွင် တိုင်းရင်းသားပေါင်းစုံတို့ ညီညွတ်မှုရရှိခဲ့ကြသည်။

ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်းဒေသ ကိုယ်စားလှယ် (၂၁) ဦးတို့သည် မြေပြန့်နဲ့တောင်တန်း တစ်ပေါင်းတစ်စည်းထဲ  လွတ်လပ်ရေးရယူရန်  သဘောတူသည့် အချက်ပါ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

ထို့ကြောင့် ပြည်ထောင်စု တိုင်းရင်းသား အားလုံး၏ တောင်းတန်း မြေပြန့် မခွဲခြားပဲ တစ်ပေါင်းတစ်စည်းထဲ စုစည်းညီညွတ်စေခဲ့သော

..... ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို ပြည်ထောင်စုနေ့ ဟု သတ်မှတ်ပါသည်  ......

✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏

မှီ . FB

သန်းထွန်းလေး
အင်းတဲရွာ
Koloneypoe@gmail.com


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

AnnMariya Kalippilaanu (2016) Pilla Rakshasi (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း)

  AnnMariya Kalippilaanu (2016)  Pilla Rakshasi (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း)  . လေးတန်းကျောင်းသူလေးက သူတို့ကာယဆရာကိုရိုက်ဖို့ လူမိုက်ငှား...

အထူး