သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Wednesday, October 15, 2025

အမိတကြရတော့မယ့် အန္တတွေ (ငတိုလှိုင်ရဲ့အဆုံးသတ် / ၂၈)


 အမိတကြရတော့မယ့် အန္တတွေ (ငတိုလှိုင်ရဲ့အဆုံးသတ် / ၂၈)

Https://www.youtube.com/@thantunlayinde 

.

.

တနေ့သောအခါ အာဠဝီပြည့်ရှင်မင်းကြီးဟာ တောလည်ရင်း ညောင်ပင်ကြီးတပင်အောက်မှာ ခေတ္တနားနေတယ်


အဲ့ဒီအပင်ကြီးဟာ အမတန်မှ ရက်စက်ကြမ်းကြုပ်တဲ့ ဘီလူးကြီးပိုင်စိုးရာပေါ့


သူ့ညောင်ပင်အောက်က ဖြတ်သန်းသွားလာသူ 

နားနေတည်းခိုသူတို့ကိုလည်း စားသောက်ပိုင်ခွင့်ရှိတယ်


ဒီတော့ ဘုရင်ကြီးကို ဘီလူးက စားမယ်လုပ်တော့ 

ဘုရင်ကြီးက ကျွန်ုပ်ကို မစားရင် သင့်ကို တနေ့တယောက်ကျ လူသားများဆက်သပါ့မယ်ဆိုပြီး သဘောတူခဲ့ကြတယ်


ဆိုးတာက ဘယ်နှစ်ယောက် ဘယ်နှစ်ရက်ရယ်လို့ 

ဘယ်၍ဘယ်မျှမသတ်မှတ်ခဲ့ဘူး


ဒီလိုနဲ့ ဆက်သလာရာ 

ပထမ အကျဥ်းသား 

နောက် တမင် အပြစ်ကျူးလွန်အောင်ဖန်တီးထားတဲ့ အပြစ်သား 

နောက် ညနက်သန်းခေါင်လမ်းထွက်သူတွေ (ပေါ်တာဆွဲလို့)

နောက်အခြေခံလူတန်းစားတွေ (ပေါ်တင်အိမ်ထဲအထိဝင်ဆွဲလို့)

နောက် မင်းစေအပါး အနိမ့်စားအမှုထမ်းတွေရဲ့ ဆွေမျိုးတွေ သားသမီးတွေ


သူတပါးသားသမီးမိဖမောင်ဖွားတွေအဓမ္မဖမ်းခဲ့တုန်းက အလိုတူအလိုပါ 

တံစိုးလာဘ်ခခယယလာပေးကြတာမို့ ကျေကျေနပ်နပ် အားတက်သရောရှိခဲ့ကြတဲ့ 

မင်းမြှောင်ကပ်ဖားတွေလည်း ကိုယ့်ထိလာတော့ မရှူနိုင်မကယ်နိုင်


စနစ်တခုအတွင်းမှာရှင်သန်နေသူချင်းအတူတူ

အာဏာရှိတယ် ပါဝါရှိတယ်ရယ်လို့မာန်ကြွ အများနဲ့မသက်ဆိုင်သူရယ်လို့ဝင့်ကြွား

ထာဝရတည်‌နေလိမ့်မယ်လို့ထင်မှတ်ခဲ့လေသမျှ


မကောင်းမှုကိုအတူတူပြုလာရာက 

ခုကိုယ့်အိမ်ပေါက်တံခါးလာခေါက်နေမင့်ကို


-------

ပြည်သားတွေကို အဓမ္မဖမ်းစီးချိန်ကလုပ်ရိုးလုပ်စဉ်လို

လုပ်မှဖြစ်မယ့်ဝတ္တရားတခုလို မတက်ကြွသည့်တိုင် ဝမ်းနည်းသည်မဆိုနိုင်ဘဲ

တိုင်းပြည်အတွက်စတေးရတာပေပဲယူမှတ်လို့ စွမ်းစွမ်းတမံကြံစီခဲ့လေသမျှ


ခုတော့....ခုတော့

သားကလေးကိုပါ ဆက်သရဖို့ဖြစ်လာတဲ့ ဘုရင်ကြီးလို 


ခုခေတ်လိုဆိုရင် မအလဆိုတဲ့ စစ်ဘီလူးကို တလဘယ်နှစ်ယောက်ကျရယ်လို့ ဆက်သဖို့ အားကျိုးမာန်တက်လုပ်နေဆောင်နေကြတဲ့ ရပ်ကွက်အရှင် အုပ်ကြီးတွေ ရာမှူးတွေလည်း မျက်ရည်လေးစမ်းတန်းစမ်းတန်း ငိုခြင်းရှည်ကြီးချရမယ့်အချိန်တွေနီးလာပြီ


သူတပါးအပေါ်ပြုမှုတုန်းက တိုင်းပြည်အတွက်မို့ ခံစားချက်တို့မရောထွေးဖို့ 

တာဝန်ကျေပြွန်စွာထမ်းဆောင်ဖို့ ဖနောင့်ကြောတင်း မေးရိုးကိုတင်းတင်းစေ့လို့ 

ပီဘိတိုင်းချစ်ပြည်ချစ်ကြီးအဖြစ် ဩဝါဒခြွေခဲ့လေသမျှ ကိုယ့်ထိမှဘယ်ဆီတရမည်မသိ

 

အန္တတွေ အန္တတွေ ...

အမိတကြရတော့မယ့် အန္တတွေ....

.


____________


နောက်ဆုံးတော့

မင်းချင်းတွေကို သူ့ရဲ့သားလေးကို ပွေ့ယူစေပြီး သွား‌ရောက်ဆက်သစေတယ်


ဒါပေမယ့် အဲ့ဒီနေ့မတိုင်ခင်ညကပဲ 

ထိုဘီလူးကြီးဟာ မြတ်ဗုဒ္ဓရဲ့ ဆုံမမှုကြောင့် မှန်ကန်တဲ့အသိတရား ရပြီးသွားပြီ

ဒီလိုနဲ့ မင်းချင်းက ဘီလူးကြီးကိုစားသောက်ရန် မင်းသားလေးအားဆက်သတယ် 


အမြင်မှန်ရပြီး ဘီလူးက 

မင်းသားလေးကို မစားလိုတော့ပဲ ဘုရားအားလှူလိုက်တယ် 

ဘုရားက သူ့အားပေးလှူလာတဲ့ မင်းသားငယ်အား မင်းချင်းကို ပြန်ပေးလိုက်တယ်


ဒီလိုနဲ့ မင်းချင်းလက်မှ ဘီလူးလက်သို့

ဘီလူးရဲ့လက်မှ ဘုရားရဲ့လက်တော်သို့

ဘုရားလက်မှမင်းချင်းလက်သို့ ပြောင်းခြင်းကို အစွဲပြုပြီး


အဲ့ဒီမင်းသားလေးကို လက်ဆင့်ကမ်းပြောင်းသူ 

ပါဠိလို 'ဟတ္ထက' ရယ်လို့အမည်တွင်တယ်


နေရာဒေသကိုအစွဲပြုလို့ 'ဟတ္ထကအာဠာဝက' ပေါ့



နောင်အခါ မြတ်ဗုဒ္ဓသာသနာတော်မှာ 

ညီညွတ်သော နောက်လိုက်တို့ကို စည်းရုံးနိုင်မှုမှာ မြတ်စွာဘုရားရဲ့ ဧတဒဂ်ပေးခြင်းကို ခံရသူပါ


ဘုရားရဲ့မွေးစားသားဆိုရင်လည်း မမှားနိုင်ဘူးပေါ့


.

.

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

.

.

သန်းထွန်းလေး ☆ အင်းတဲရွာ


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဝိညာဉ်မဲ့

  ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့်  မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့်  ညစ်ပတ်သူတို့ရဲ့ စုဝေ...

အထူး