Welcome to the Jungle (2026)
ဒွေး ၊ ကျော်ရဲအောင် ၊ ခိုင်သင်းကြည် တို့ရဲ့
လှည်းစား ဆိုတဲ့ ဇာတ်ကားလောက်မစွံတဲ့
အက်ရှေကူးမားရ် ရဲ့ဇာတ်ကားသစ်
Https://www.youtube.com/@ကိုလေး.0008
။
ဒီကားကြည့်ရင်း လွန်ခဲ့တဲ့အနှစ် ၂၀ လောက် ကိုယ်ငယ်ငယ်ကကြည့်ခဲ့ဖူးတဲ့ ဇာတ်ကားလေးသွားသတိရမိတယ်
ဒွေးရယ် ကျော်ရဲအောင်ရယ် ခိုင်သင်းကြည်ရယ် အဓိကပါဝင်ထားတဲ့ လှည့်စား ဆိုတဲ့ဇာတ်ကားပါ
ဒါရိုက်တာက မိုက်တီး ထင်ရဲ့
ဇာတ်လမ်းအခြေပြုတာရယ် သရုပ်ဖော်တာရယ်မှာ ဒီဇာတ်ကားထက် အဲ့ဒီလှည့်စားဆိုတဲ့ဇာတ်ကားက အဆများစွာသာလွန်ကောင်းမွန်တယ်လို့လဲခံစားရတယ်
အခြောက်တိုက်ဂလိထိုးတာ အရယ်တိုက်တာမျိုးမဟုတ်ဘဲ သဘာဝကျကျကိုရယ်နေရတာရယ် ဘတ်ဂျက်အကန့်အသတ်ကြောင့်ရယ် ခေတ်ကွာတာရယ်ကြောင့်သာ အပြင်အဆင်မှာ ဒီ ကားကသာပေမယ့်
အနုပညာအရည်အသွေးအရ လှည့်စား ကို ဘယ်အပိုင်းမှာမှမမီဘူးလို့ထင်တယ်
ယူကျုမှာရှာပြီး ယှဉ်ကြည့်ကြဗျာ ဇွတ်တန်းညှိတာမဟုတ်ကြောင်း သင်တို့လည်းမှတ်ချက်ပြုလိမ့်မယ်ဆိုတာ ပြောရဲပါတယ်
.
Directed by
Ahmed Khan
Starring
Akshay Kumar
Suniel Shetty
Paresh Rawal
။
https://t.me/kolay0001/2291
။
လှည့်စား
https://t.me/kolay0001/2315
။
အရေးတော်ပုံအောင်တော့မည်
စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

No comments:
Post a Comment