Thaanara (2024) (ဇာတ်ကား🖊 တွေး၊ညွှန်း)
ဒီနိုင်ငံမှာတော့ သူခိုးကအရိုးသားဆုံး 😂
။
ဆိုခဲ့သလို ဒီကားက ဝိသမလောဘသားတွေလို့ဆိုရမယ့် သူတပါးပိုင်ဆိုင်မှုကို မတရားရယူလိုသူတွေအကြောင်းပေါ့
ဇာတ်လမ်းကို အမျိုးသမီးတွေကိုလေးစားတန်ဖိုးထားတတ်တဲ့ လွှတ်တော်အမတ်တယောက် သူ့ရဲ့အိမ်ကို သူခိုးဝင်တာကစတယ်
ဒါပေမယ့်ဗျာ လောကကြီးက ရယ်စရာတော့အကောင်းသား
တကယ့်တရားက ဘယ်မှာတည်လဲမပြောတတ်ဘူး
အရက်ဆိုင်မှာဖိနပ်ကျန်ခဲ့လည်း နောက်နေ့သွားပြန်ယူလို့ရပေမယ့် အလှူအိမ်မှာ ဘုရားမှာတော့ပြောက်တတ်တဲ့အမျိုးကို
ဒီကားမှာလည်း
သူခိုးတယောက်ပါတယ်
တိုင်းပြည်ရဲ့ အနာဂါတ်ရေးရာ တိုးတက်ကောင်းမွန်ဖို့ ထုတ်ဖော်ဆွေးနွေးပြုပြင်စေတဲ့ လွှတ်တက်အမတ်တယောက်ပါတယ်
ထိုနည်းဥပဒေတွေ ရှင်သန်အသက်ဝင်စေအောင် ဆောင်ရွက်ရတဲ့အဖွဲ့အစည်းဝင် ရဲတယောက်ပါတယ်
ဒါပေမယ့် ဒီကားမှာတော့ အရိုးသားဆုံးက သူခိုးဖြစ်နေတယ်
ပြောခဲ့ပါပကော ဘုရားမှာပဲ ဖိနပ်ပြောက်တတ်တာပါလို့
။
Director: Haridas
။
Lead Cast: Vishnu Unnikrishnan, Aju Varghese, Shine Tom Chacko, Deepti Sati, and Chinnu Chandni Nair
။
https://t.me/kolay0001/1667
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
ကိုလေး

No comments:
Post a Comment