Sing Geetham (2026) (ဇာတ်ကား🖊 တွေး၊ညွှန်း)
ဂီတကျိန်စာ သင့်တဲ့ရွာ
.
ဒီကားလေးက ဇာတ်သွားက အတော်ထူးထူးခြားခြားနဲ့ ဆန်းသစ်တယ်လို့ဆိုရမယ်
Musical movie လို့ဆိုနိုင်ပေမယ့် အကြောင်းမဲ့ သီချင်းသီဆိုနေတာမျိုးတော့မဟုတ်ဘူး
သဘာဝရဲ့သယံဇာတတွေကို ဇွတ်အတင်းထုတ်ယူသုံးဆွဲဖို့ကြိုးစားရင်းက သဘာဝရဲ့ ဒါဏ်ခတ်ခြင်းကြောင့် ပြောစကားတွေက သံစဉ်ပါနေတာ
ထိုမှတဆင့် လိမ်ညာမရဘဲ နှုတ်က အမှန်အတိုင်းသာထွက်ကျလာတဲ့စကားလုံးတွေ
ဒီလိုသဘာဝရဲ့ သတိပေးဆုံးမတာတွေကိုတောင်မှသတိသံဝေဂမရဘဲ လောဘနောက်ကိုသာတရှိုက်မတ်မတ်လိုက်ပါနေကြတဲ့ရွာသားတစု
ရွှေကြောရှာရင်း ထိသည့်အရာတိုင်းက ရွှေရုပ်ထုဘဝပြောင်းပြောင်းသွားလို့ အလိုေလာဘပြည့်သည့်တိုင် ကျိန်စာအလားမို့ ရင်သွေးကိုတောင် မထိရဲမတို့ရဲနဲ့
အနာဂါတ်ကို ခြောက်ခြောက်ခြားခြား စိုးတထိတ်ထိတ်နဲ့ ရုပ်ဝတ္ထုကလွဲလို့ နွေးထွေးမှုတွေမမျှဝေနိုင်တဲ့ရွာ
သဘာဝကိုချစ်ဖို့ပြသွားတာများသိပ်လှတယ်
ဂီသာဂိုဘင်ဒရာဇာတ်ကားထဲက ရပ်ရှ်မီကာ မန်ဒါးနားရဲ့လင် ဗီဂျေး ဒေဗရာကွန်ဒါ လည်း ဧည့်သည်အဖြစ်ပါဝင်ကူညီထားပါကြောင်း
။
Directed by
Singeetham Srinivasa Rao
Starring
Ayaan Khan
Shalini Kondepudi
Ahilya Bamroo
။
။
https://t.me/kolay0001/2047
။
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
ကိုလေး

No comments:
Post a Comment